Category: Poem

  • ဝိုင်းကြီးပတ်…

    တက္ကသိုလ် မိုးဝါ Tekkatho Moe War

    အောင်ပြည့်….. Aung Pyie

    စာရေးဆရာ၊ ချယ်ရီမဂ္ဂဇင်းအယ်ဒီတာ၊ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့် နှင့် အစောပိုင်း ရင်းနှီးသမှုသိပ်မရှိခဲ့၊ နောက်ပိုင်း တော့အတော် ခင်မင်ရင်းနှီးပြီး တစ်ဦးပေါ်တစ်ဦးလေးစားစွာ ဆက်ဆံခဲ့သည်။ ခု ရက်ပိုင်းတွင်သူ့ကိုမကြာခဏ သတိတရ ဖြစ်နေရာက သူ (အောင်ပြည့်) တာဝန်ခံအယ်ဒီတာလုပ်သည့်ကာလ၊ ၁၉၈၆ တစ်ဝိုက်ထုတ်သည့် ချယ်ရီမဂ္ဂဇင်းများ ပြန်ကြည့် မိတော့ မိမိကြိုက်နှစ်သက်ခဲ့သော ကိုယ်တိုင်​​ရေး က​ဗျာတစ်ပုဒ် ပုံနှင့် တကွ စာမျက်​နှာအ​ပြည့် ။ အင်း…..။ သတိရစရာ မမေ့နိုင်စရာ မှတ်တိုင်တွေကိုး….။ အောင်ပြည့် ကွယ်လွန်ခဲ့သည်မှာ နှစ်? ?? မမှတ်မိတော့… ”

    ဝိုင်းကြီးပတ်…

    ” အဝတ်ဟောင်းနွမ်း ပုံပန်းမပေါ်၊
    ကြေး အညှော်နဲ့ ထော်လော် ကန့်လန့်၊
    ခြေဆန့် လက်ပစ် လှေကားထစ်အဆင်း၊ ​​စင်္ကြံပေါ်မှာ…။

    ဘုရားလမ်းဘူတာ၊ လူစည်ပါပေ့
    တစ်ရွေ့ရွေ့လှုပ်ရှား၊ ဘယ်ကိုသွားမလဲ
    သွားတော့သွား၏
    မျက်စိမျက်နှာ၊ လူးလာ ဆန်ခတ်
    ခါးပတ်မှာ တွယ်၊ နွယ်လိမ် သီတုပ်
    ခွက်စုတ် ပလုံးစုတ်၊ ချိုးရုပ် မြင်းရုပ်
    ဖိုးတုတ် အိုးပုတ်၊ ‘ရတနာ’ ထုပ်ကို
    ဥစ္စာသူရူး၊ ဝမ်းတွင်း မြူးဖောက်
    ပျောက်မှာစိုးသလေ့၊ ကျစ်ကျစ်ပွေ့လို့
    တစ်ရွေ့ရွေ့လှုပ်ရှား၊ ဘယ်ကိုသွားမလဲ
    သွားတော့သွား၏….။

    အရူးမှာက…
    အထမြောက်မြောက်၊ ခရီးပေါက်လျက်
    ရည်ရွယ်ချက်ရှိသလား။

    အရူးမှာက…
    ဒိဋ္ဌ မကွာ၊ ရင်မှာ တွယ်ဖက်
    ခံယူချက်ရှိသလား…။

    ရှိ၏ မရှိ၏၊ ငါ မသိ….
    ကြည့်လိုက်ပြန်တော့၊ တစ်ကျော့ ညနစ်
    နေ့ အသစ်မှာ၊ ခြေပစ် လက်ပစ်
    လှေကားထစ်အဆင်း၊ စင်္ကြံ ပေါ်မှာ
    သူ ရောက်လာပြန်
    ဗလာဆိုင်းတီး၊ လှိုင်းမစီးနဲ့
    ဝိုင်းကြီးပတ်ပတ် ဒူ​ဝေဝေ…။ ။

    တက္က သို လ် မိုး ဝါ
    ၃၀ – ၁၁ – ၁၉၈၅
    ချယ်ရီမဂ္ဂဇင်း ၁၉၈၆ ဇူလိုင်လ။

  • လောကခုံရုံးမှာ

    ” လောကခုံရုံးမှာ ”

    တက္ကသိုလ် မိုးဝါ Tekkatho Moe War

    ဘယ်လောက်ပဲ အရေခွံလဲလဲ
    ညှို့ဆွဲ ထောင်ချောက် မြွေဟောက်ဟာ
    မြွေဟောက် အသေပေါက်မှာပဲ…။

    ဘယ်လောက်ပဲ အရောင်ပြောင်းပြောင်း
    ချောင်းမြောင်း အဟုတ်ထင်
    ပုတ်သင်ဟာ ပုတ်သင်ပါပဲ…။

    အသားမျိုဆို့ နွားနို့သောက်စား၊
    ဆိုဖာကျားပေါ် ဖားလျား ဘယ်လောက်ပဲအိပ်အိပ်
    တိတ်တိတ် အမြီးခါ…
    ခွေးဟာခွေးပါပဲ။

    ပခုံးနှစ်ဖက်ကြား ခေါင်းကား တစ်လုံး၊
    ဆံခြည်ဖုံးလွှမ်း မတ်တတ်လမ်းသွား၊
    သွေးသားနဲ့သူ
    လူဟာ လူပါပဲလို့ ပြောဖို့ ခက်ခဲ….။

    မြွေဟောက်ဟာ မြွေဟောက်
    ပုတ်သင်ဟာ ပုတ်သင်
    ခွေးဟာခွေးပေမဲ့….။

    လူဟာလူဟုတ်မဟုတ်
    သူ့ရဲ့လုပ်ရပ်
    ဆုံးဖြတ်ကြိုးကိုင်သွားလိမ့်မယ်။ ။

    တက္က သို လ် မိုး ဝါ
    ၁၅ – ၉ – ၁၉၈၇

  • တစ်ခါတလေ

    “ တစ်ခါတလေ ”

    တက္ကသိုလ် မိုးဝါ Tekkatho Moe War

    လူဆိုတာလေ…..
    မျှဝေတတ်တဲ့ သတ္တဝါ။

    ရင်ထဲသိုထား၊ ခံစားရချက်
    ထွက်သက် ဝင်သက်၊ ဒက်ခနဲဖမ်း
    ဝမ်းသာဝမ်းနည်း၊ ဆီးပြီး ဖွင့်ဟ
    ဝေမျှပေးတတ်တယ်…။

    တစ်ခါတလေ….
    နွေလို ပူပြင်း၊ ပြင်တလင်းမှာ
    ခြေနင်းမပါ၊ ဝေပြာမျက်စိ
    နုံးခွေချည့်လို့၊ နတ္ထိ ဗလာ
    ခြေရာ ဦးပဲ့၊ ပန်းတိုင်မဲ့တဲ့
    ယဲ့ယဲ့ သနစ်၊ သည်အဖြစ်ကို
    လှစ်ဆို လွှင့်ကြဲ၊ မျှဝေခွဲရင်
    ရင်ထဲပေါ့သွား သလိုလို။

    တစ်ခါတလေ….
    သစ်ရွက်ခြွေလောင်း၊ ချမ်းခိုက်ဆောင်းမှာ
    အောင်းကွေး စောင်ခြုံ၊ ခိုလှုံပျော်ရ
    ဘဝ မွေ့ရာ၊ ဆူးမပါတဲ့
    ရွှေကြာပင် တင့်၊ ငွါးစွင့်အခြေ
    ခွင့်လမ်းတွေနဲ့
    စံနေ မြက်မြက်၊ ခံစားချက်ကို
    မျှလျက် ကြည်နူးတတ်ပြန်တယ်။

    သြော်…..
    လူမှန်ရင်လေ…..
    မျှဝေတတ်တဲ့ သတ္တဝါ….။ ။

    တက္ကသိုလ် မိုးဝါ
    ၂၁-၁၁-၁၉၈၃

  • အရှည်လျားဆုံး ခေါင်းစဉ်နဲ့ အတိုဆုံးစာကိုယ်ပါတဲ့ ကဗျာ

    Short Poem with Lengthy Heading

    အရှည်လျားဆုံး ခေါင်းစဉ်နဲ့ အတိုဆုံးစာကိုယ်ပါတဲ့ ကဗျာ

    တက္ကသ်ုလ် မိုးဝါ Tekkatho Moe War

    “ ဆို့နစ်ကြေကွဲ မျက်ရည်ဝဲကာ ကိုက်ခဲနာကျင်၊

    ရင်မှာနုံးချည့်၊

    ပြည့်သိပ်ညှိုးချုံး

    အော့နှလုံးနာလို့၊

    ဒဏ်ရာဖူးရောင်ပြီး

    အမှောင်တွင်းကျသွားတဲ့ ဖြစ်ရပ်ကဗျာ….”

    ပုရစ် မဖူးတဲ့ …..

    နွေဦး တပေါင်း

    ခညောင်း ရွက်ကြွေ ကျဲပြန့်နေ….။ ။

    (သူရဲကောင်းအားလုံး … သို့)

    တက္ကသိုလ် မိုးဝါ

    ၂၅-၃-၂ဝ၂၁ (နံနက် – ၁ဝ နာရီခွဲ )

  • To The Shwe Duo

    Poem by Tekkatho Moe War (Saya U Moe Aung)

    In memory of Saya U Tin Shwe and Saya U Hla Shwe

    U Tin Shwe (EP66, GBNF)

    U Tin Shwe

    U Hla Shwe (T69, GBNF)

    U Hla Shwe

    ရွှေ နှစ် ရွှေ သို့

    ရွှေနှစ်ရွှေ…..

    ဝေတော့လည်း တူ

    ကြွေတော့လည်း အတူတူ

    ငြူစူခြင်း ကင်း

    မျှဉ်းမျှဉ်း အသက်ရှူ

    စိုက်ထူမှတ်တိုင်

    မယိမ်းယိုင်ခဲ့…..

    မနိုင်ဝန် ပိ

    အလှည့်သင့်လာ

    သောအခါ မှာ

    ခန္ဓာအမွေ

    ကြွေသာ ကြွေလည်း

    မသေ ဝိညာဉ် ဝဲပျံနေသေးတကား ….။ ။

    ( ကိုတင်ရွှေ- လျှပ်စစ်စွမ်းအား နှင့် ကိုလှရွှေ- ချည်မျှင် သို့)

    တက္ကသိုလ် မိုးဝါ

    (၂၆ ဇန္နဝါရီ ၂ဝ၁၅ – ည ၉:၅၅ နာရီ)

    To the Shwe Duo

    Poem by Tekkatho Moe War

    Translated by Hla Min

    SHWE duo

    Blossom in unison

    Disappear together

    Free from complaint

    Even with thin breath

    Showed mark [of courage and wisdom]

    Never ever wavered …

    Pressed by burden

    At the awaited turn [of journey’s end]

    Body — inheritance [from previous lives]

    Succumbs [to failing health]

    Yet, “Wei-nyin” is fresh, alive and hovering.

  • Tin Moe

    Name

    • တင်မိုး Tin Moe (Pen name)
    • ငယ်မည် — ဘဂျမ်း Ba Gyan (Given name)

    စာပေ Literature

    • အမျိုးသားစာပေဆုရှင် National Literary Award Winner
    • စာအုပ် 20 ကျော် (အများစု — ကဗျာ) Published 20+ books (mostly poems)

    Studies

    • တက္ကသိုလ်ဝင်စာမေးပွဲ Matriculation exam
    • မြန်မာစာ — ဂုဏ်ထူး Distinction in Burmese
    • စာစီစာကုံး — အမှတ်ပြည့် Full marks for Essay
    • မန္တလေးတက္ကသိုလ် က ဘွဲ့ ရ Graduated from Mandalay University

    Experience

    • ရန်ကုန်တက္ကသိုလ် Worked at Rangoon University
    • ဘာသာပြန် ပင်မ Translation
    • မြန်မာစာသင်ရိုး (အကြံပေး) Member for development of Burmese Curriculum

    In Memoriam

    • Guest book at Memorial Service
    • Memories, Poems & Articles by Friends, Colleagues & Literary Lovers
    Tin Moe 1
    Tin Moe 2
    • ခြောက်လ ပြည့် Publication on the 6 month Anniversary of his demise

    Three Amigos

    • တင်မိုး Tin Moe
    Tin Moe 3
    • မောင်စွမ်းရည် Maung Swan Yi
    Maung Swan Yi
    • ဒါရိုက်တာဝင်းဖေ Director Win Pe
    Director Win Pe
  • လှေပေါ်မှာ & ကဗျာ လက်ဆောင်

    Tekkatho Moe War

    ဘဝ​ဖြစ်တည်မှု စက္ကန့်ပေါင်းကုဋေကုဋာတစ်လျှောက်လုံး ခက်ခဲစွာရပ်တည်လာရသည်။စီးပွားရေး ရော လူနေမှုအဆင့်အတန်းပါနိမ့်ကျ ပြီးအိမ်ထောင်မှု တည်ဆောက်ရန်ပင် အခက်အခဲတွေ့၊ အိမ်ထောင်မှုတည်ပြီးသူတွေလည်း ရုန်းကန်ခဲ့ရသော၊ ဖြတ်သန်းရ ဖြတ်သန်းဆဲ ခေတ်ကာလတစ်လျှောက် ဒုက္ခ နှင့် ကြုံဆုံခဲ့ရပုံကို –မောင်စိန်ဝင်း ရေးခဲ့သော “လှေပေါ်မှာ” ကဗျာ နှင့်စာရေးသူ ၁၉၈၈ က ရေးခဲ့သော “ကဗျာလက်ဆောင်” ကဗျာ တို့ကို…. စာဖတ်သူ ကဗျာမြတ်နိုးသူ အများ ခံစားနိုင်ရန် အောက်တွင် ယှဉ်တွဲဖော်ပြပေးလိုက်ပါသည်။

    ” လှေပေါ်မှာ ”

    တစ်သက်မဝေးအောင်လို့
    ငှက်ကလေးတွေ အစာကျွေး
    ယတြာပေးသမျှကိုလည်း ချေဖူးတယ်။

    မွေးနေ့ဆို ဘုရားတက်…
    ရေသက်စေ့ ဘုရားလှူ
    မီးပူဇော် ပန်းတွေကပ်….
    လွမ်းမနေတတ်ရအောင်ပေါ့ အချစ်ရယ်…။

    တကယ်ပေါင်းဖို့ကျတော့
    တပေါင်းမှာလည်း မထူး
    တန်ခူးမှာလည်း မဖြစ်
    တစ်နှစ်က တစ်နှစ်ကမ်း
    ချစ်သက်တမ်း ရှည်သမျှ
    တစ်ဦးက တစ်ဦးကိုစိုးရိမ်မယ်
    တစ်အိုးတစ်အိမ်ရယ်လို့တော့ မထူထောင်ဖြစ်။

    တစ်ယောက်လုပ်ခ…
    နှစ်ယောက်လုပ်ခ…
    ဘယ်လောက်ဒုက္ခတွေကို ငြိမ်းအေး
    စားဝတ်နေရေးကို ဘယ်လောက်ကူ
    လူနေမှုအပူကို ဘယ်လောက်ဖျောက်နိုင်မတုံး
    ကုန်စျေးနှုန်း အဲဒီပင်လယ်မှာ
    ခင်ရယ်ကိုယ်ရယ် ဘယ်လိုဖြတ်
    သတ္တိကြောင် သောကအတွေးတွေနဲ့
    ဝေးကြတဲ့နှစ်။ ။

    မောင်စိန်ဝင်း (ပုတီးကုန်း)

    (ချစ်သူရဲ့ နှင်းဆီပြာ ကဗျာများ)

    ” ကဗျာ လက်ဆောင် ”

    သံယောဇဉ် ကြိုး၊ လွန့်စ ပျိုးသော
    လှုပ်နှိုးထိယှက်၊ သူ့ မွေးရက်တွင်
    ‘လျှို့ဝှက်သဲဖို’ မဂ္ဂဇင်း
    ရင်တွင်း သိမ့်အေး၊ ပိုးကြေး ပန်းကြေး
    လက်ဆောင်ပေးဆက် ဖူးပါသည်။

    မေတ္တာမျှပြီး
    သမီိးရည်းစား ဘဝ၊ ယုယကြည်မွေ့
    ခင့် မွေးနေ့တွက်၊ ရွှေလက်စွပ် တစ်ကွင်း
    လက်ဆောင်နှင်းဆက် ဖူးပါသည်။

    တွဲညှာ ရွှေလက်
    မင်္ဂလာဦး ရက်လွန်၊
    ရွေ့ ကျွံ လျင်မြန်
    ရောက်ပြန် အောက်မေ့၊ ခင့်မွေးနေ့မှာ
    ဂိုယာ ရေမွှေး
    လက်ဆောင်ပေးဆက် ဖူးပါသည်။

    တို့ ခရီးသည်
    သိပ်သည်း ထူထပ်၊ ရင်လှပ် မောလျ
    အမှောင်ည တည့်
    ဝေးစွ ပန်းတိုင်၊ ယိုင်သည်လည်း ရှိ
    ကြည့်လည်း မမြင်၊ ဆင်ခြင် ထောက်ရှု
    ကျွေးမှု ဆင်မှု၊ အဖု အထုံး
    လွန့်ရုန်း မရ၊ ပစ္စက္ခ အလယ်
    မျက်နှာငယ်ကြား၊ မမေ့အား သင့်
    ခင့် ရည်စူးချက်၊ မွေးနေ့ရက်မှာ
    ရတနာ ပစ္စည်း၊ ကျပ်တည်း လဲယိုင်
    မပေးနိုင်ပါသည်
    ကဗျာနုပ်၊ လက်ဆောင်ထုပ်ကြောင့်
    ဂုဏ်ပုဒ် ညှိုးနွမ်း သွားမည်လား။ ။

    (ချစ်ဇနီး….သို့ )

    တက္က သို လ် မိုး ဝါ
    ( ကလျာ – ၁၉၈၈ခု )

    (ငါ့ရင်ထဲက ပုလဲ နှင့်အခြား ရတနာကဗျာများ စာအုပ်မှ ….)

    Comment

    Myint Thaung wrote :

    RIT’s two beautiful flowers meet.

  • Collection of RIT Poems

    Collection of poems
    • Five RIT poets headed by Saya U Moe Aung (Tekkatho Moe War) contributed their selections.
    Tekkatho Moe War
    • Maung Nyunt Htay (Ah Htet Min Hla)
      Saya U Nyunt Htay (Met73) gave me a copy.
    Maung Nyunt Htay
    • Okpo Maung Yin Maung
      Saya U Aung Myaing (ChE72)
    Okpo Maung Yin Maung
    • Ko Toee (Myit Che)
      U Toee Maung (C73)
    Ko Toee (Myit Che)
    • Win Myint (M72)
      Nickname : Ka Byaung
    Win Myint (M72)
    • Illustrations
      U Myo Myint (M73)
      Bagyee Myat Myo Myint
    Bagyee Myat Myo Myint
  • ပုရွက်ဆိတ်၏ ခြေရာ

    ” ပုရွက်ဆိတ်၏ ခြေရာ “

    ပုရွက်ဆိတ်တန်း

    ကွေ့ကောက် လမ်းရှည်၊ ဦးတည်ရာကား

    မာန်အား တက်ကြွ၊ ဌာန မခွဲ

    စားပွဲပေါ်ရောက်၊ စားသောက် သယ်ယူ

    တူရူ ရွေ့ရှား…။

    အို…. ရှုပ်ပါဘိ

    ရွစိ သေးကွေး၊ မှုန်အလှေးတွေ

    သေကြရော့ဟယ်…

    လက်ဆယ်ချောင်းနဲ့၊ ငြိုးဖွဲ့ သပ်ချ

    လုံးဝရှင်းသွား…။

    ခဏအကြာ

    ပေါ်လာကြပြန်၊ အားမာန်ပြည့်လျှမ်း

    သူတို့လမ်းကား

    ကြမ်းကြမ်း တိဖြတ် မပြတ်နိုင်။

    သူတို့လမ်းကား၊ ဖြတ်သန်း တစ်ခေါက်

    တောင်အောက် တောင်ပေါ်

    လွှားကျော်တတ်စေ၊ ခြေထောက် မယိုင်

    အခိုင်အမာ

    ခြေရာ ခတ်နှိပ်ထားကြရဲ့။

    ပုရွက်ဆိတ်တွေရဲ့

    လွှမ်းသိပ် ထူထပ်၊ နှိပ်ခတ် စွဲကြာ

    ခြေရာ ထောင်သောင်း၊ မပြောင်းလဲပေ

    ဖျက်ခြွေမရနိုင်ပြီကော။ ။

    တက္ကသိုလ် မိုးဝါ

    ၂၆- ၂- ၁၉၈၈

    (မည်သည့်မဂ္ဂဇင်းတွင်မှ မသုံးရသေးသော

    လတ်ဆတ်နေသေးသည့် ကဗျာ…)

  • Men on the Moon

    Space Race

    • In 1957, USSR launched the Sputnik.
    • Soon, Yuri Gagarin became the first cosmonaut to orbit the earth.
    • USA was left behind in the Space race.

    NASA

    • NASA (National Aeronautics and Space Administration) was formed.
    • President Kennedy’s historic speech :
      “Before the decade is out, we will send men on the moon and bring them safely to earth”
      gave momentum to the NASA projects.
    • Mercury Project and Gemini Project were followed by Apollo project.
    • The Apollo 1 fire (causing the death of three astronauts) caused a set back.
    • In December 1968, Apollo 8 orbited the Moon.
    • Apollo 9 and Apollo 10 tested the Lunar Module and the critical systems.
    • In July 1969, Apollo 11 made President Kennedy’s dream a reality.

    My Poem

    • My poem was submitted by my mentor Ashin Ananda to USIS/USIA
      (which forwarded my poem to NASA)
    • The poem was published in the Guardian Dailly.
    • The Eagle is the code name for the Lunar Module.
    • The three men are
      Neil Armstrong [Mission Commander],
      Michael Collins [Command Module Pilot], and
      Buzz Aldrin [Lunar Module Pilot]

    MEN ON THE MOON

    The Eagle made a soft descent
    And perfect rendezvous
    Does not the module represent
    A fantasy come true

    To travel through that cold void space
    To have that faith in science
    To face death squarely in the face
    Yes, man acted with defiance

    Man set foot on an alien world
    In July Sixty Nine
    That small step from the bravest man
    Was a giant leap for mankind

    The walk in one sixth gravity
    Rock samples from the moon
    Three men who spoke with brevity
    For science what a boon

    No event can ever equal
    That sublime unique mission
    The Apollo’s triumph will make the people
    Extend their own vision

    Are we not brothers here on earth?
    So let us all unite
    There will be heaven here on earth
    If we all cease to fight

    Poem