Tekkatho Moe War
ဘဝဖြစ်တည်မှု စက္ကန့်ပေါင်းကုဋေကုဋာတစ်လျှောက်လုံး ခက်ခဲစွာရပ်တည်လာရသည်။စီးပွားရေး ရော လူနေမှုအဆင့်အတန်းပါနိမ့်ကျ ပြီးအိမ်ထောင်မှု တည်ဆောက်ရန်ပင် အခက်အခဲတွေ့၊ အိမ်ထောင်မှုတည်ပြီးသူတွေလည်း ရုန်းကန်ခဲ့ရသော၊ ဖြတ်သန်းရ ဖြတ်သန်းဆဲ ခေတ်ကာလတစ်လျှောက် ဒုက္ခ နှင့် ကြုံဆုံခဲ့ရပုံကို –မောင်စိန်ဝင်း ရေးခဲ့သော “လှေပေါ်မှာ” ကဗျာ နှင့်စာရေးသူ ၁၉၈၈ က ရေးခဲ့သော “ကဗျာလက်ဆောင်” ကဗျာ တို့ကို…. စာဖတ်သူ ကဗျာမြတ်နိုးသူ အများ ခံစားနိုင်ရန် အောက်တွင် ယှဉ်တွဲဖော်ပြပေးလိုက်ပါသည်။
” လှေပေါ်မှာ ”
တစ်သက်မဝေးအောင်လို့ ငှက်ကလေးတွေ အစာကျွေး ယတြာပေးသမျှကိုလည်း ချေဖူးတယ်။
မွေးနေ့ဆို ဘုရားတက်… ရေသက်စေ့ ဘုရားလှူ မီးပူဇော် ပန်းတွေကပ်…. လွမ်းမနေတတ်ရအောင်ပေါ့ အချစ်ရယ်…။
တကယ်ပေါင်းဖို့ကျတော့ တပေါင်းမှာလည်း မထူး တန်ခူးမှာလည်း မဖြစ် တစ်နှစ်က တစ်နှစ်ကမ်း ချစ်သက်တမ်း ရှည်သမျှ တစ်ဦးက တစ်ဦးကိုစိုးရိမ်မယ် တစ်အိုးတစ်အိမ်ရယ်လို့တော့ မထူထောင်ဖြစ်။
တစ်ယောက်လုပ်ခ… နှစ်ယောက်လုပ်ခ… ဘယ်လောက်ဒုက္ခတွေကို ငြိမ်းအေး စားဝတ်နေရေးကို ဘယ်လောက်ကူ လူနေမှုအပူကို ဘယ်လောက်ဖျောက်နိုင်မတုံး ကုန်စျေးနှုန်း အဲဒီပင်လယ်မှာ ခင်ရယ်ကိုယ်ရယ် ဘယ်လိုဖြတ် သတ္တိကြောင် သောကအတွေးတွေနဲ့ ဝေးကြတဲ့နှစ်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
(ချစ်သူရဲ့ နှင်းဆီပြာ ကဗျာများ)
” ကဗျာ လက်ဆောင် ”
သံယောဇဉ် ကြိုး၊ လွန့်စ ပျိုးသော လှုပ်နှိုးထိယှက်၊ သူ့ မွေးရက်တွင် ‘လျှို့ဝှက်သဲဖို’ မဂ္ဂဇင်း ရင်တွင်း သိမ့်အေး၊ ပိုးကြေး ပန်းကြေး လက်ဆောင်ပေးဆက် ဖူးပါသည်။
မေတ္တာမျှပြီး သမီိးရည်းစား ဘဝ၊ ယုယကြည်မွေ့ ခင့် မွေးနေ့တွက်၊ ရွှေလက်စွပ် တစ်ကွင်း လက်ဆောင်နှင်းဆက် ဖူးပါသည်။
တွဲညှာ ရွှေလက် မင်္ဂလာဦး ရက်လွန်၊ ရွေ့ ကျွံ လျင်မြန် ရောက်ပြန် အောက်မေ့၊ ခင့်မွေးနေ့မှာ ဂိုယာ ရေမွှေး လက်ဆောင်ပေးဆက် ဖူးပါသည်။
တို့ ခရီးသည် သိပ်သည်း ထူထပ်၊ ရင်လှပ် မောလျ အမှောင်ည တည့် ဝေးစွ ပန်းတိုင်၊ ယိုင်သည်လည်း ရှိ ကြည့်လည်း မမြင်၊ ဆင်ခြင် ထောက်ရှု ကျွေးမှု ဆင်မှု၊ အဖု အထုံး လွန့်ရုန်း မရ၊ ပစ္စက္ခ အလယ် မျက်နှာငယ်ကြား၊ မမေ့အား သင့် ခင့် ရည်စူးချက်၊ မွေးနေ့ရက်မှာ ရတနာ ပစ္စည်း၊ ကျပ်တည်း လဲယိုင် မပေးနိုင်ပါသည် ကဗျာနုပ်၊ လက်ဆောင်ထုပ်ကြောင့် ဂုဏ်ပုဒ် ညှိုးနွမ်း သွားမည်လား။ ။
(ချစ်ဇနီး….သို့ )
တက္က သို လ် မိုး ဝါ ( ကလျာ – ၁၉၈၈ခု )
(ငါ့ရင်ထဲက ပုလဲ နှင့်အခြား ရတနာကဗျာများ စာအုပ်မှ ….)
Myint Thaung wrote :
RIT’s two beautiful flowers meet.