Hla Min (Lifelong Learner)
Life Long Learner, Expert in Computer Science and Technology, Educator, Distinguished Toastmaster, Writer, Editor
အမြင်မှန်၊အတွေးမှန် ဒဂုံရောက်ခါစက မြို့ထဲကိုသွားချင်ရင်၊ ကျမတို့ရပ်ကွက်ရဲ့တဖက်ရပ်ကွက်မှာနံပါတ်(၆၁)ဗိုက်ပူဘတ်(စ)ကားကြီးကိုသွားစီးရတာ။သွက်သွက်လေးလျှောက်ရင်မိနစ်( ၂၀ )လောက်လျှောက်ရပါတယ်။ (မိုးတွင်းများဆို ရွှံ့အလူးလူးနဲ့၊တဗိုင်းဗိုင်းနဲ့ချော်လဲတာကရှိသေး။ တကယ်တော့လယ်မြေတွေကိုမြေကွက်ဖေါ်ထားတာကို။တချို့လမ်းတွေဆို ဂဝံကျောက်တုံးကြီးတွေ အဖုအထစ်တွေနဲ့မို့၊ ခရောင်းလမ်းကိုလဲလျှောက်ခဲ့ရပါတယ်။) ဗိုက်ပူကားကြီးတစ်စီးမှာတော့ ဒရိုင်ဘာရဲ့နောက်ကအခန်းအကန့်လေးမှာ ” ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ” လို့ရေးထားတာလေးကို သိပ်သဘောကျမိတာပါ။~ဒီစာတန်းလေးဖတ်မိပြီး၊ ဘယ်သူ့ကိုမှ မမြင်ဘဲ ကိုယ့်ကိုကိုယ်သာ မြင်မိခဲ့တော့တာပါဘဲ။ အော်၊ ငါတို့က သွားရေး၊လာရေး၊စားသောက်ရေးကစလို့ ပိုက်ဆံသာရှိရင် အိမ်ပေါ်ကဆင်းပြီး၊ လမ်းထိပ်ကိုထွက်လိုက်တာနဲ့ အဆင်သင့်၊ လွယ်လင့်တကူ အားလုံးရနိုင်တဲ့နေရာကနေ ဒီလိုဝေးသီခေါင်ဖျား ဘာလိုချင်ချင်ခက်ခဲလှတဲ့နေရာကိုရောက်လာရတာ ၊ ကိုယ့်ရဲ့စိတ်စေတနာအကျိုးပေးလေလားလို့။ စနေ၊တနင်္ဂနွေလိုနေ့ရောက်ခါမှ တစ်ပါတ်စာဟင်းစားဝယ်ချင်ရင်သင်္ကန်းကျွန်းက၊ဘုရားလမ်းစျေးကိုညီအစ်မနှစ်ယောက်သားသွားဝယ်ရတာ။ဆန်တို့မီးသွေးတို့ပါ ဝယ်ရတဲ့အခါများ၊ တခါဘူးလေးမှလုပ်ဖို့ဝေးလို့၊မတွေးဘူးခဲ့တဲ့၊ “ခေါင်းပေါ်ရွက်ပြီးသယ်လာရ” တာမျိုးတွေလဲလုပ်ခဲ့ရပါသေးတယ်။ တကယ်ပါဘဲ၊ ဒီလိုမျိုးတွေလုပ်ရတဲ့အကြိမ်တိုင်းမှာ ဗိုက်ပူကားကြီးပေါ်ကစာတန်းလေးကို မြင်မိပြီး၊ ကိုယ့်ကို သတိပေးနေသလိုခံစားမိပါတယ်။ […]
အေးမြမေတ္တာ “မေတ္တာသံဝေ” ဆိုတဲ့သီချင်းသံလေးကို နားထောင်မိပြီးတော့၊ စိတ်ထဲမှာကြည်နူးမိတာမို့ fb မှာတင်ပေးလိုက်တဲ့ “မို့မို့ဟန်”ကိုကျေးဇူးတင်မိပါတယ်။ ငယ်စဥ်တုန်းကတော့ နံနက်စောစောရေဒီယိုလေးဖွင့်လိုက်တာနဲ့ ဒီလိုမင်္ဂလာရှိလှတဲ့သီချင်းသံလေးတွေကိုအမြဲကြားနေရတာဆိုတော့ လူတွေရဲ့စိတ်ထဲမှာမေတ္တာတွေပွါးလို့ ယဥ်ကျေးသိမ်မွေ့ကြတာလားလို့လဲ အတွေးရောက်မိပြန်ရော။ ခုများတော့ နံနက်ပိုင်းမှာကြားရတာတွေက ဆူညံသံတွေချည်းပါဘဲ။တချို့အိမ်တွေကတော့ ပရိတ်၊ပဌာန်း၊မဟာသမယသုတ်စတာတွေကိုခုနှစ်အိမ်လောက်ကြားရအောင်ဖွင့်ထားတတ်ကြပါတယ်။ ကိုယ်တိုင်မရွတ်မဖတ်ဘဲ၊ဆရာတော်ကြီးတွေကို ရွတ်ခိုင်းနေကြသလားမှတ်ရတာ။ သိပ်ပြီးကျယ်ကျယ်လောင်လောင်ဖွင့်ထားတတ်ကြတာမို့ ကုသိုလ်စိတ်လေးနဲ့နားထောင်ရတာမဟုတ်ဘဲ၊ ဆူသံညံသံသက်သက်ဖြစ်နေသလိုမို့၊တခါတလေများဒေါသစိတ်တောင်ဖြစ်မိပါရဲ့။နေရင်းထိုင်ရင်းအကုသိုလ်ဖြစ်တာလေ။ တကယ်တော့ “ကြားပြီးရင်ပျက်ရ”မှာကို။ (ပြောမိတဲ့ လူအဖို့မှာတော့ ဘာသာရေး မကိုင်းရှိုင်းတတ်သူလိုလိုဖြစ်တတ်ကြတာမို့၊ နားထဲကလျှံထွက်သွားတဲ့တရားသံပေါ့။) ကျယ်လောင်လှတဲ့အသံစုံကိုဥပက္ခာပြုပြီး ၊မျက်စိနှစ်လုံးပွင့်လို့ အိပ်ယာကနိုးလာကထဲက၊ ဘုရားဆွမ်းတော်ကပ်ဖို့၊ ဘုန်းကြီးကို ဆွမ်းလောင်းဖို့ဆိုတဲ့စိတ်က ထိပ်ဆုံးမှာနေရာယူပြီးသားပါ။ အဲ့ဒီတော့ အင်မတန်အေးချမ်းပြီးသာယာနာပျော်တဲ့တေးသံလေးတွေကြားရတာဟာရင်ထဲမှာကြည်နူးစိတ်အပြည့်နဲ့၊ မမောနိုင်မပမ်းနိုင် ချက်ပြုတ်ရတော့ ကုသိုလ်တွေကအပြည့်အဝ ရနေတော့တာပါဘဲ။ ချက်ပြုတ်လို့ပြီးပြန်တော့ ဆွမ်းတော်ပွဲပြင်ရ၊ ဆွမ်းလောင်းဖို့စီစဥ်ရဆိုတာတွေကတော့ နေ့တဓူဝလုပ်ငန်းဆောင်တာတွေပါ။ ပြုပြုသမျှ […]
အများစာမို့ မီးဖိုချောင်ကိုရှင်းလင်းလိုက်တာတကယ်ကိုအမြတ်ရသွားတာပါဘဲ။ ပလပ်စတစ်ဗူးတစ်ခု ထဲမှာကောက်ညှင်းဆန် လေးနို့ဆီဗူးသုံးလုံးကို တွေ့တော့သိပ်ကိုဝမ်းသာသွားတာ။ ကိုယ်ကစျေးသွားတဲ့သူမဟုတ်တော့၊ လိုချင်တာမှာပါဆိုပေမဲ့ ကျန်းမာရေးနဲ့မကိုက်ညီတာဆိုရင်တော့၊မေ့ချင်ယောင်ဆောင်ပြီး ဝယ်မပေးတတ်တာမို့။ (ဝက်ပေါလေးက အစ်မကိုစားစရာတော့စုံနေအောင်ဝယ်ပေးထားပါတယ်။) ကျမလေ အခုမှ အမေ့ကိုပြောမိတဲ့ဝဍ်တွေလည်တော့တာပါဘဲ။ ထမင်းစားပြီးလဲ ဟိုစပ်စပ်၊ဒီစပ်စပ်စားတတ်တာလေ။ သူများအိမ်မှာသာ နေရရင် ဒုက္ခပါဘဲ။ ညအိပ်ယာက တရေးနိုးရင်လဲ” ကလောက်ကလက်” နဲ့မုန့်ဗူးတွေဖွင့်ပြီး စားတတ်သေးတာပါ။ အမေ့ထက်ကိုပိုဆိုးနေတော့တာပါဘဲ။ (ညီမဝမ်းကွဲတွေသိအောင်ပြောထားတာနော်။) ကောက်ညှင်းဆန်လေးတွေ့တဲ့အတွက်၊စျေးကိုအုန်းသီးရယ်၊နှမ်းရယ်မှာတော့၊”ဘာလုပ်မလို့လဲ”လို့အစစ်ခံရသေး။ ထမနဲထိုးချင်လို့လေ။ “ထမနဲရာသီမဟုတ်ဘူးလေ” ဆိုတော့ “အေးဟေ့၊အခုက စမ်းပြီးထိုးမလို့၊ တပို့တွဲလကြရင် ( ၄ ) ပြီလောက်ထိုးမလားလို့” လို့ပြောလိုက်တော့ ၊ “နောက်မှ လက်ကိုက်တယ်လို့မပြောနဲ့နော်”တဲ့လေ။ ဟီးဟီး၊မလုပ်နဲ့လို့မပြောဘူး။ ထမနဲကြိုက်တာမို့။ မနက်ကထဲက ကောက်ညှင်းဆန်စိမ်ထားပြီး၊ဂျင်းလှီး၊ အုန်းသီးကိုခွဲပြီး အုန်းသီးဆန်ကိုပါးပါးလှီး […]
မေ့ထားလိုက်တော့မယ် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကိုသာအမှတ်ရချင်တတ်ကြတာ၊သဘာဝပါ။ တောင်တွေးမြောက်တွေး၊တွေးနေမိရင်းနဲ့ အတိတ်မေ့သွားတဲ့သူတွေအကြောင်းကိုစဥ်းစားမိတာလေး။ စိတ်ဆရာဝန်မဟုတ်လို့ အဲ့ဒီအတွေးက မှားချင်လဲမှားမှာပါ။ သိခဲ့ဘူးတဲ့မိတ်ဆွေတချို့ထဲက ဘာကိုမှမမှတ်မိတော့ဘူးဆိုတဲ့လူမျိုးကိုတွေ့ဘူးခဲ့တာမို့၊ သူ့ရဲ့ခါးသီးလှတဲ့ဘဝပေးအခြေအနေကိုပြန်ပြီးမြင်ယောင်ကြည့်တော့၊ ကိုယ်သာဆိုရင်လဲခံစားနိုင်မှာမဟုတ်ပါဘူးလို့။ မိဘမရှိ၊အဒေါ်တစ်ယောက်ရဲ့ကျွေးမွေးစောင့်ရှောက်မှုနဲ့ စတုတ္ထတန်းလောက်အထိသာကျောင်းနေခဲ့ရရှာပြီး၊ နောက်ပိုင်းစျေးရောင်းနေရရှာတာပါ။ ကျမက ဒုတိယတန်းနှစ်မှာ ကျောင်းပြောင်းသွားတာမို့ တချို့သူငယ်ချင်းတွေကိုမမှတ်မိပါဘူး။ ကျမ(၁၀)တန်းလောက်ရောက်မှာစျေးဝယ်ရင်းနဲ့ ပြန်ဆုံတော့ သူကစပြီးနှုတ်ဆက်တော့မှ မှတ်မိတာပါ။ ငယ်စဥ်တုန်းက သူငယ်ချင်းကမှတ်မိတယ်ဆိုတော့ ဝမ်းသာလိုက်တာ။ မိုးကလဲရွာနေတာမို့ ၊ သူ့ကို”ဘယ်မှာနေလဲ” လို့မမေးမိပေမဲ့၊ သူ”ဒီမှာအမြဲစျေးရောင်းတာလား”လို့တော့မေးမိပါတယ်။ စျေးသွားတိုင်းလဲ အမြဲနှုတ်ဆက်နေကြပါ။ပြုံးချိုချိုနဲ့ တကယ်ကိုချစ်စရာကောင်းတာပါ။ ကိုယ်ကိုယ်တိုင်ကလဲ ကျောင်းသူအရွယ်မို့၊ အခြေအနေကိုမခန့်မှန်းတတ်ပါဘူး။ သူ့ကို ကိုယ်ကဘာမှ အကူအညီ လဲမပေးနိုင် ခဲ့တာလဲအမှန်ပါ။ ဒါပေမဲ့၊အလိုက်ကန်းဆိုးမသိတတ်လိုက်တာများ “သူငယ်ချင်းရေ ဘုရားပန်းလေးကပ်ဖို့” ဆိုပြီး ကိုယ့်ကိုအတင်းပေးခဲ့ရင်တောင်ယူလာခဲ့မိသေးတာ။~ကိုယ်လဲအလုပ်အကိုင်တွေရလို့သိတတ်တဲ့အချိန်ရောက်မှ ” ငါ […]
ငါ့ – အတ္တ ငယ်စဥ်တုန်းကတော့ အမေက အတော်ကို”အပြစ်”မြင်တတ်တာဘဲလို့အမြဲတွေးမိတာ။ ဒါတောင်လက်လှုပ်တိုင်းခြေလှုပ်တိုင်းပြောတတ်သူမျိုးတော့မဟုတ်ပါဘူး။ သူအမြဲဂရုစိုက်ပြီးကြည့်တတ်တာကတော့ မောင်နှမတွေချစ်ခင်ဖို့၊ ရန်မဖြစ်ဖို့နဲ့၊ ငယ်တဲ့ကလေးကို ဂရုစိုက်ဖို့ဆိုတာမျိုးကိုသာ “အဓိက”ထားတာပါ။ ညနေစောင်းလို့ ဆိုင်ကပြန်လာရင် မောင်နှမတွေအိမ်မှာလူစုံရှိနေရတဲ့အပြင် အငယ်တွေမျက်နှာမှာသနပ်ခါးမရှိ၊ ပေကျံနေရင်တော့ နားမခံနိုင်လောက်အောင်မြည်တွန်တောက်တီးတတ်တော့တာပါဘဲ။ “အမေရှိတုန်းတောင် ကလေးတွေကိုဂရုတစိုက်မထားရင်၊အမေမရှိတော့ရင်ဘယ်လိုနေကြမလဲ” လို့ပြောတတ်သေးတာ။ နဂိုကမှ အဖေမရှိတော့လို့ ဝမ်းနည်းရတဲ့ကြားထဲ ဒီစကားမျိုးပြောတော့ မျက်ရည်တောက်တောက်ကျရပါတယ်။ ဒါလဲအမေ့ရဲ့ကျမတို့ကို”ပညာရှိဆုံးမနည်းတစ်မျိုး”ပါလားဆိုတာ ခုမှနားလည်မိတာပါလေ။ နောက်ပြီးအမေက ဧည့်သည်နဲ့စကားပြောနေလို့ ကိုယ်တွေကတစ်ခုခုများအမှားလေးလုပ်မိလို့ကတော့ ဧည့်သည်ပြန်ရင်သေဖို့သာပြင်တော့ဆိုတာမျိုး။ အစကထဲကပြောထားတယ်လေ။ “အမေကြည့်လိုက်ရင်၊ သိနော်” တဲ့။ မရိုက်ပါဘူး။ အံကြိတ်ပြီးတော့ကိုလိမ်ဆွဲတတ်တာ။ မချိအောင်နာပါတယ်။ *(ခင်စန်းနုရဲ့”ဂျီးတော်” ပီသပါပေတယ်။)* နောက်ထပ်”အဆစ်”လေးကတော့ ရင်ထဲထိအောင်ကိုပြောတတ်သေးတာ။ တကယ်တော့ ဖခင်မဲ့ခဲ့တဲ့သားသ္မီးတွေကို သူများထက် “တော်စေ၊တတ်စေ၊လိမ္မာစေ”ချင်တဲ့ […]
မေတ္တာနဲ့ပျော်ချင်မိလို့ တစ်မိုးအောက်ထဲမှာ တစ်ဦးနဲ့တစ်ဦး “အေးအတူ ပူအမျှ” ခံစားတတ်ကြသူတွေကိုမှ “မိသားစု” စစ်စစ်ပါလို့တွေးမိတယ်ဆိုတာတော့မှန်ကောင်းပါရဲ့။ တချို့မိသားစုတွေကို ကိုယ့်မျက်စိရှေ့မှာတွေ့မြင်ရတာ ဘဝင်မကျမိလို့ပါ။ အားလုံးဟာကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတာတော့ဟုတ်တာပေါ့လေ။ ကိုယ့်မှာတော့ “ကိုယ်ပိုင်မိသားစု”မရှိပါဘူး။ “အဖေတို့၊အမေတို့ရဲ့ မိသားစုအစိတ်အပိုင်းသာပါ။” ဒါပေမဲ့လို့ မိဘတွေမျက်ကွယ်ပြုသွားပြီဆိုပြန်တော့လဲ၊ ကျန်ရှိနေတဲ့ညီအစ်ကိုမောင်နှမ၊တူမတွေဟာ ကိုယ့်ရဲ့မိသားစုလို့ဘဲပြောရတော့မှာ။ မိသားစုတစ်စုမှာ အလိုအပ်ဆုံးဟာ”မေတ္တာ”ပါဘဲ။ မေတ္တာချည်းသက်သက်အပြင် အရေးအကြီးဆုံးကတော့ “ပိုက်ဆံ”လို့ပြောရမှာပေါ့လေ။ “ထ္မင်းစားဖို့က ပိုက်ဆံရှိမှဖြစ်မှာကို။ ဒါပေမဲ့ စုစုရုံးရုံးနဲ့ တစ်ဦးကိုတစ်ဦး ညှာတာထောက်ထားတတ်ကြမယ်ဆိုရင်တော့ ဘယ်လိုလေးဘဲ၊ စားရသောက်ရသည်ဖြစ်စေမြိန်ရာဟင်းကောင်းပါဘဲ။” *တစ်ကိုယ်ကောင်းမဆန်ဖို့တော့လိုပါလိမ့်မယ်။* *တချို့အိမ်ထောင်စုတွေမှာ “ငါတို့ကတော့ ကိုယ်ရတာကိုယ်သုံးတယ်။ အိမ်စရိတ်ကိုတော့ဘယ်လောက်ဘဲထည့်ပြီးသုံးတယ် ဆိုတာမျိုးတွေမြင်တွေ့ရတော့ စိတ်ထဲမှာ မကြည်မသာဖြစ်မိပါတယ်။ ** အိမ်စရိတ်လေးထည့်ပေးလိုက်တာနဲ့ တာဝန်ကျေပြီလို့မထင်လိုက်ပါနဲ့။ အဲ့ဒီအိမ်စရိတ်လေးတွေကိုကိုင်ပြီး၊တစ်မိသားစုလုံး စားဖို့အတွက်လောက်ငှအောင် စီမံခန့်ခွဲရတာ၊ သိပ်ကိုခက်ခဲတာပါ။ […]
Memories of UCC (0) Prolog In the early days, there were no computers in Burma. IBM (International Business Machines) based in the USA and ICL (International Computers Limited, formerly ICT) based in the UK had presence in Burma, but both companies were not ready to introduce computers to […]
Memories of UCC (9) U Thein Oo (Ah Thay Lay) He was an entrepreneur in his school days. He supposedly paid his school fees from his winnings from “Ta Chut Hmout” (SHOW or FIVE CARD POKER) and similar games. With great control and having excellent strategies, he was […]
Memories of UCC (16) Dr. San Tint (External Examiner, GBNF) Graduated in 1961 Joined the EE (Electrical Engineering) Department as Assistant Lecturer. When EE Department formally split into EC and EP Departments, he became Professor of EC (Electrical Communications AKA Electronics Engineering). Staunch supporter of the UCC Project. […]
Memories of UCC (34) Childbirth For some people, childbirth is not so difficult. The Teoh family raised 15 children named alphabetically from “A” (Albert Teoh) to “O” (Oscar Teoh”). For some, childbirth is not so easy. We read about Saya Dr. Pike Tin’s mother. Now, we will read […]