Tekkatho Moe War (9)
အာအိုင်တီ၏ နာမည်ကျော် ပန်းချီဆရာ မြတ်မျိုးမြင့် ၏ လက်ရာအား အသုံးပြု ထားကြောင်း ဝန်ခံပါသည်။ ” လွမ်းစရာ့ဆောင်း “ အတိတ်အကြောင်းတွေကြောင့် စိတ်မကောင်းဖြစ်မိတယ်။ မေ့ပြီအထင်နဲ့… အထင်အမြင် ကောက်ချက်လွဲခဲ့ရ အကဲပို နွှဲလိုစိတ်ကပြင်းတာမို့ ငြင်းဖို့ မလွယ်။ တပည့်တို့ရယ်… အမျှင်တွယ်မိ အထောင်အသောင်း။ ဆောင်းအနှောင်း… ပြောင်းကောင်းတိုင်း မပြောင်းပါစေချင် သည်းရင်ပြင် ရွက်ကြွေတောတွေလို အခက်မပွေ အမောပြေယောင်မဆောင်ချင်ဘု အသက်ရှည် တပည့်တွေနဲ့ ဖွဲ့နှောင်နေချင်တဲ့ (တပည့်တို့ရေ…) အထင်ကရ လွမ်းစရာ့ဆောင်း။ ။ တက္ကသိုလ် မိုးဝါ ၂၀ -၁ -၂၀၁၆ (နံနက်ခင်း – ၁၀း၃၀ နာရီ)