Blog

  • Mathematics

    *** သင်္ချာ Mathematics

    (ရှေး)

    သင်္ချာ ဌာန ဟာ RU ရန်ကုန်တက္ကသိုလ် Faculty of Arts အောက် မှာ

    ပါမောက္ခ ဦးအောင်လှ ဟာ Dean of Arts

    ဝါရင့်ကထိက နှစ်ယောက်

    ဦးကာ

    ဦးဘတုတ်

    (နောင်)

    RU Faculty of Science အောက်ပြောင်း

    —

    ** သင်္ချာ ဘာသာရပ် တချို့

    Arithmetic ဂဏန်းသင်္ချာ

    Algebra အက္ခရာသင်္ချာ

    Geometry ဂဲဩ

    Trigonometry တြီဂို

    Set Theory အစု သီအိုရီ

    Calculus ကာကုလ

    …

    ** တက္ကသိုလ်

    Pure Mathematics

    Applied Mathematics

    Statistics / Mathematical Statistics

    Engineering Mathematics

    Concrete Mathematics

    Continuous Mathematics

    Discrete Mathematics

    Computational Mathematics

    …

    —-

    ** 1970 ခန့်

    သင်္ချာ သင်ရိုး curriculum ပြောင်း

    * သင်ရိုး အဖွဲ့ — အချိန်ပြည့်

    ဦးဘရှမ်း (ပုဂံဦးဘဂျမ်း ရဲ့ ညီ)

    ဦးမြင့်သန်း

    ဦးမြင့်သိန်း (လူရည်ချွန်၊ နောင် Dr.)

    …

    * အကြံပေး အဖွဲ့

    ဒေါက်တာချစ်ဆွေ (Chair)

    US, UK, Germany, France, Japan, USSR က Mathematics Curricula တွေကို လေ့လာ သုံးသပ်

    * အချိန်ပိုင်း ပညာရှင် တချို့

    BERB

    ပညာရေးသုတေသန (နောင် MERB)

    ဆရာအတတ်သင်သိပ္ပံ

    ဆရာမွမ်းမံသင်တန်း အတွက် ပြင်ဆင်

    High School ဆရာ တချို့

    …

    —-

    ** ဆက်နွယ်

    Discipline အစုံ မှာ Mathematics အသုံးချ

    သင်္ချာ ပညာရှင် Nash — Nobel Prize in Economics

    သင်္ချာချွန် SS

    ဆရာဦးဘတုတ်

    သင်္ချာ ဆရာ ဆရာမ တချို့

    New Mathematics

    Double Maths : Pure & Applied

    Triple Maths : Pure, Applied & Stats

  • U Moe Aung (2023)

    ၂၀ မတ် ၂၀၂၃။

    သည်နေ့ ၂၀ -၃ -၂၀၂၃ ထုတ် Weekly Eleven.

    တွင် စာရေးသူ၏ ဆောင်းပါး….

    စာရေးသူ၏ လက်တွေ့ဘဝဖြစ်စဥ်အမှန်။ အ

    မှန်အတိုင်း ရေးသားမှတ်တမ်းတင်ခြင်းဖြစ်၍ အပို ဖြည့်စွက်ရေးသားခြင်းလုံးဝမရှိပါ။ ရေးချင် သော အချက်အလက်အချို့ပင်ကျန်နေပါသေးသည်။

    လိပ်ခုံးအကြောင်း၊ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာ မဟာဌာန၊ အ- က -သ နှစ်လည်မဂ္ဂဇင်း ၁၉၆၀-၆၁ ။ လောပိတ ရေအားလျှပ်စစ်

    နှင့် မတ်စောက်သည့် တောင်စောင်း၏အသည်း

    ထိတ်စရာ ဂငယ်ကွေ့ ကိုးကွေ့…..

    “ပွင့်သွားလေသော အနုသုခုမ အလွမ်းတံခါး (၄)”

    (၁)

    အနုသုခုမ အလွမ်းတံခါးသည် ဆက်လက်ပွင့်မြဲ

    ပွင့်လျက် ရှိနေသည်။

    ဤ စာစုအားရေးတော့မည်ကြံလိုက်သည့်အခါ

    လက်ထဲသို့ လိုချင်ဆန္ဒကြီးစွာဖြစ်နေခဲ့သော

    “ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားများသမဂ္ဂ နှစ်လည်မဂ္ဂဇင်း” စာအုပ် တိုက်ဆိုင်စွာပင် ရောက်လာသည်လေ။ ထိုမဂ္ဂဇင်းကို မိမိက အထွေထွေစာတည်း အဖြစ်ဆောင်ရွက်ကာ ၁၉၆၁ ခုနှစ်တွင်ထုတ်ခဲ့ခြင်းဖြစ်၏။

    ပြောမည်ဆိုလျှင် မိမိသည် စာရေးခြင်းအလုပ်ကို

    စွဲလမ်းသံယောဇဥ်ကြီးစွာ၊ ဝါသနာအထုံပါစွာ နေ့

    နေ့ညည မပြတ်လုပ်ဆောင်နေရမှ စားဝင်အိပ်

    ပျော်၊ နေသာထိုင်သာရှိသည်ဟု ဆိုရမည်မှာ မုချ

    အမှန်။ ပြီးတော့လည်း အနည်းငယ်မျှသော မိမိသိထားသည့် အကြောင်းခြင်းရာများအား အများကို ဝေမျှလိုသည့်စေတနာလည်း ပါနေသော

    ကြောင့် ဖြစ်သည်။

    ထားပါတော့။ ရန်ကုန်တက္ကသိုလ် အ ​-က- သ နှစ်

    လည် မဂ္ဂဇင်း ကိုအသေအချာဆန်းစစ်ကြည့်သော် ပါဝင်သည့်စာမူများထဲမှ အချို့အဝက်မှာ

    ရန်ကုန်တက္ကသိုလ်တွင်တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းသား/သူ ကလောင်ရှင်များ

    ထံမှ တောင်းခံရရှိထားသည့်စာမူဖြစ်သည်ကို တွေ့ရပေသည်။ ကျန်စာမူတို့မှာ အင်ဂျင်နီယာပညာဆိုင်ရာသင်တန်းမှ ကလောင်ရှင်များထံမှ

    ဖြစ်သည်။ စာမူများအားလုံလောက်စွာမရရှိခဲ့စေ

    ကာမူ မဂ္ဂဇင်းကိုမျှော်မှန်းချက်အတိုင်းထုတ်ဝေနိုင်ခဲ့သည်။

    (၂)

    အ -က-သ နှစ်လည်မဂ္ဂဇင်းတွင် သိပ္ပံကျော်ဦး ၏

    ” သစ်သားအင်ဂျင်နီယာ ” ဆောင်းပါးသည် ထိုအ

    ချိန်ကာလက အင်ဂျင်နီယာကောလိပ် (Enginee-ring College) ဟု လည်းခေါ်ဆို

    သည့် အင်ဂျင်နီယာမဟာဌာန (Faculty of Engineering) ဝင်းအတွင်း၏ ဝဲဘက်နေရာ၌ ဆောက်လုပ်ထားသော လိပ်ခုံး (Dome) ကြီးအကြောင်းအား တ​စေ့တစောင်း လေ့လာထား

    သည့် ဆောင်းပါးဖြစ်သည်။.Dome ဟူသောစကားလုံး၏အနက်မှာ ဝိုင်းဝိုင်းခုံးခုံး အရာဝတ္ထုတစ်ခုဖြစ်သည်နှင့်အညီ မြန်မာ

    တို့ကလည်း လိပ်၏ကျောပြင်သဏ္ဌာန်နှင့်ဆင်

    နေသဖြင့် ယင်းအဆောက်အအုံကြီးကို “လိပ်ခုံး”

    ဟု နာမည်တပ်လိုက်ကြခြင်းဖြစ်သည်။ သို့ဖြစ်

    ရကား လိပ်ခုံး ဟုဆိုလိုက်သည်နှင့် အင်ဂျင်နီယာ

    ကျောင်းသားတို့ ပညာသင် ကျောင်းတက်ခဲ့သည့်

    နယ်မြေဟုသိကြပြီး လက်ရှိအခြေအနေတွင်မူ ဆေးတက္ကသိုလ် က ဆက်လက်အသုံးပြုနေ

    လျက်ရှိသည်။

    သိပ္ပံကျော်ဦးက သူ၏ “သစ်သားအင်ဂျင်နီယာ”

    ဆောင်းပါးတွင် အဆောက်အအုံတစ်ခု တည်

    ဆောက်ရန်အတွက် အင်ဂျင်နီယာလက်သုံး ‘ရိုက်

    သံ’ များအလုံအလောက်ရရှိရန် မဆိုထားဘိ၊ သံ

    ကိုပင်လျှင် မတွေ့ရ ဟု ရေးသားထားသည်။

    အဆိုပါဆောင်းပါးရှင်၏ အာဘော်အရ ဤ နိုင်ငံ

    သည် သစ်မာ သစ်ပျော့များ ပေါကြွယ်ဝသော

    နိုင်ငံ ဖြစ်သဖြင့် သစ်သားသည် မြန်မာအင်ဂျင်နီ

    ယာများအတွက်အသုံးပြုရမည့် လက်သုံးပင်ဖြစ်

    ကြောင်း၊ အသုံးပြုရမည် ဖြစ်ကြောင်း ဆိုပါ

    သည်။

    (မှတ်ချက်။ ၁၉၆၀ပြည့်နှစ် ရေးခဲ့သော စာစုဖြစ်

    ခြင်း၊ ပါဝင်သည့် ကိစ္စကြီးငယ် အ​​ကြောင်းအရာ

    အမှားအမှန် အားလုံးကို ထိုဆောင်းပါးရေးသား

    သူကိုယ်တိုင်ကသာ တာဝန်ယူ တာဝန်ရှိခြင်း၊

    စာတည်းဖြစ်သူက ဆောင်းပါးပါ မည်သည့်အချက်အလက်အပေါ်မျှ တာဝန်မခံခြင်း စသည်

    တို့ကို စာရှုသူများအား ရိုးရှင်းစွာအသိပေးရင်း

    ဆောင်းပါးရှင် ၏ ဟိုးတစ်ခေတ်ကအာဘော်နှင့်

    မျက်မှောက်အခြေအနေကို ချိန်ထိုးကြည့်နိုင်ရန်

    ဆောင်းပါးတစ်စိတ်တစ်​ဒေသအား ပြန်လည်

    တင်ပြခြင်း ရည်ရွယ်လိုရင်း ဖြစ်ပါသည်)။

    ဆောင်းပါးရှင်က ဆက်လက်၍ သစ်သားများ

    အား တစ်ခုနှင့်တစ်ခု တွဲစပ်ရာ၌ သံမူလီ (Bolts)

    ကို အများဆုံးအသုံးပြုကြသောကြောင့် သစ်သား၏ အသုံးချစွမ်းရည်သည် ၄၀ ရာနှုန်းသို့ကျသွားသဖြင့် အကျိုးမဖြစ်ဘဲ များစွာဆုံးရှုံးရသည်ဟု ဆိုသည်။ သို့ဖြစ်၍ အင်ဂျင်နီယာ သုတေသီတစ်ဦး၏အဆိုအရ သစ်သားတစ်ခုနှင့်တစ်ခုဆက်ရာတွင် ကော်ကောင်းကောင်းဖြင့် ထပ်ဆက် ဆက်ခြင်းသည် ပို၍အကျိုးထူးကြောင်း သိရသည်ဟု ဆိုသည်။

    နောက်တစ်မျိုးရှိသေးသည်။ သစ်သားများအား

    ရိုက်သံသုံး၍ တွဲစပ်ခြင်း၊ တူဖြင့်ထုရိုက်သွင်းခြင်း စသဖြင့် ပြုလုပ်ခြင်းမှာ မမှန်ကန်သောနည်းဖြစ်သည်ဟု ဆောင်းပါးရှင်က ဆိုသည်။ ယင်း

    နည်းသုံးခြင်းကြောင့် သစ်သား၏ ဒဏ်ခံအားကို

    လျော့သွားစေသည်။ စူးသွားဖြင့်ဖောက်ပြီးမှ သံ

    ကိုရိုက်သွင်းခြင်းကပို၍ မှန်ကန်သောနည်း ဖြစ်

    သည်ဆိုသည်။

    ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာမဟာဌာန (အင်

    ဂျင်နီယာကောလိပ်) ဝင်းရှိ ထည်ဝါခန့်ညား မြင့်

    မားလှသည့် လိပ်ခုံးကြီး (Dome) သည် သစ်သားကို ပိုင်ပိုင်နိုင်နိုင် အသုံးချ၍ အမွှန်းတင် တည်ဆောက်ထားသော အဆောက်အအုံကြီးပင်ဖြစ်သည်။ ဆောင်းပါးရှင် သိပ္ပံကျော်ဦးက ဆက်

    လက်၍ အဆိုပါ လိပ်ခုံးပုံသဏ္ဌာန်မျိုးအဆောက်

    အအုံမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့်ပထမဦးဆုံး ပေါ်ထွက်လာသည့် အဆောက်အအုံဖြစ်သော

    ကြောင့် မြန်မာအင်ဂျင်နီယာတို့အဖို့ ဂုဏ်ယူဝင့်

    ကြွားစရာ ဖြစ်လာခဲ့သည်ဟု ရေးသားထားသည်။

    (စာရေးသူ၏မှတ်ချက်။ လိပ်ခုံးအရွယ်အစား၊

    အလျားအနံ၊ အမြင့်အနိမ့်၊ အသုံးပြုသည့် သစ်

    သား၊ ကော်အမျိုးအစား အစရှိသည့် အသေး

    မစိတ်တစိတ် အကြောင်းအရာများကို ဤနေရာ

    တွင် မဖော်ပြတော့ပါ။ သိလိုပါကလည်း သီးခြား

    ​မေးမြန်းနိုင်ပါသည်)။

    (၃)

    သို့ဖြစ်ရကား ဤ လိပ်ခုံးပုံသဏ္ဌာန်အား ဘယ်

    သူဘယ်ဝါ ပုံဖော်ရေးဆွဲခဲ့ပါသနည်း။

    မှတ်တမ်းမှတ်ရာများအရ နှင့် စာရေးသူသိရှိခဲ့ဖူး

    သလောက်ဆိုရပါလျှင် ရာဂလန် စကွိုင်းယား

    (Raglan Squire) ဟူသော ဗြိတိသျှ ဗိသုကာ ​ပညာရှင်က ၎င်းအား သက်ဆိုင်ရာမှ တရားဝင်စေလွှတ်ချက်အရ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်တွင် အင်ဂျင်နီယာကောလိပ် အဆောက်အအုံတစ်ခုအတွက် ဒီဇိုင်းပုံစံရေးဆွဲသည့် ပင်လယ်

    ရပ်ခြား စီမံကိန်းကြီးကို အကောင်အထည်ဖော်ရန် ရန်ကုန်မြို့သို့ ၁၉၅၂ ခုနှစ်တွင်ရောက်ရှိလာခြင်းဖြစ်၏။

    အဆိုပါ စီမံကိန်းကြီးမှာ စကွိုင်းယား၏ ဘဝ တိုး

    တက်ရာတိုးတက်ကြောင်းအတွက် အလွန်ပင်အ

    ရေးပါသည့်ခြေလှမ်းတစ်လှမ်းဖြစ်သည်ဆိုသည်။

    ရန်ကုန်တက္ကသိုလ်၏ အင်ဂျင်နီယာကောလိပ်၊

    သို့မဟုတ်အင်ဂျင်နီယာ မဟာဌာနအတွက် လိပ်

    ခုံးဟု နှစ်သက်ခုံမင်စွာ ခေါ်ဝေါ်နေကြသော ဤ

    ရွေ့ဤမျှကြီးကျယ်ခမ်းနားသည့် စုဝေးခန်းမကြီး

    (Assembly Hall) တစ်ခုအား ဒီဇိုင်းရေးဆွဲ တည်ဆောက်ခွင့်ရသည့်အတွက် စကွိုင်းယား

    သည် အလွန်တရာမှပင်ဂုဏ်ယူမိကြောင်း မြွက်ဟခဲ့သေးသည် ဆိုသည်။

    အထင်ကရဖြစ်ကျန်ခဲ့သည်ဟု လူအချို့အတွက်

    တန်ဖိုးဖြတ်မရနိုင်သော၊ သမိုင်းအထောက်

    အထားတစ်”ခုအဖြစ် ပြောဆိုသတ်မှတ်မည်ဆိုက သတ်မှတ်နိုင်သော်လည်း အနုသုခုမတန်ဖိုးနှင့်တကွ လိပ်ခုံး၏ အလှဗေဒ(Aesthetics) ကို မျက်ကန်းတစ္ဆေအလား မြင်သိမှု ကင်းမဲ့သူ အချို့အတွက်မူ ဒြပ်ပစ္စည်း ရုပ်အကြမ်းထည်တစ်ခုသာ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လိပ်ခုံးသည်ကား ဖြစ်တည်ခြင်း၏ပြင်ပကမ္ဘာသို့ ရွေ့မျောလေပြီ။ ပရောဂကို ရှာမရ၊ မရှာတတ်ဟုပြောလျှင် ပို၍များမှန်မည်လားမသိ။ ကိုယ်ကျိုးရှာ သမားများလက်ထဲရောက်များရောက်သွားသည်လား၊ မတွေးဝံ့…။ သက်တမ်းစေ့၍ သူ့အလိုလို ပြိုကျခြင်းတော့မဖြစ်တန်ရာ..။

    လိပ်ခုံးကြီး၏အမိုး အရိပ်အာဝါသအောက် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များစွာ စာမေးပွဲ

    အား ခဲရာခဲဆစ် ဖြေဆိုခဲ့ဖူးပြီ။ စုဝေးခန်းမကြီး၌

    ပြပွဲမျိုးစုံတို့ကိုလည်း ခင်းကျင်းလျက် အလွမ်း

    ပြေစိတ်ဆာလောင်မှုတို့ကိုလည်းလျော့စေခဲ့ပြီးပြီ။ သူ့ကိုလွမ်းသည်။ သည်တစ်ကြိမ်တော့ မခံစားနိုင်သောအလွမ်း၊ ဖြေသိမ့်ခြင်းငှာ မစွမ်းသော အလွမ်းမျိုး…။

    (၄)

    များမကြာမီ အတန်းတူသူငယ်ချင်း ၆ ယောက်

    စုကာ အင်ဂျင်နီယာကျောင်းသားများမဖြစ်မနေ

    လုပ်ဆောင်ဖြည့်ဆည်းရမည့် လိုအပ်ချက်တစ်ခု

    အဖြစ် “နွေရာသီလက်တွေ့တစ်လသင်တန်း”

    အတွက် ကယားပြည်နယ်ရှိ လောပိတ ရေအား

    လျှပ်စစ်ဓာတ်အားစက်ရုံသို့ ခရီးထွက်ခွာသွား

    ကြသည်။ အမှတ်သညာထဲတွင် မည်သည့်အခါ

    မျှပြယ်ပျက်သွားလိမ့်မည်မဟုတ်သော ၁၉၆၀

    ပြည့်နှစ် ဧပြီလ ၁ရက်နေ့။ ယင်း ရေအား လျှပ်စစ်

    ဓာတ်အားပေး စက်ရုံသစ်ကြီး ဖွင့်ပွဲနေ့ ဖြစ်သည်။

    မြန်မာနှင့်ဂျပန် နှစ်နိုင်ငံသဘောတူစာချုပ်အရ

    ဂျပန်က တည်ဆောက်ပေးခြင်းဖြစ်သည်။ စက်ရုံ

    အတွင်းအပြင်တစ်ခွင်လုံးကိုကြည့်သော် စက်

    ပစ္စည်းကိရိယာမှအစ ရှုခင်းတစ်ခုလုံးမှာ လန်း

    ဆန်းသစ်လွင်လှပ၍နေသည်။ (သဘောတူစာချုပ် ထဲတွင် ပစ္စည်းအပေးအယူအပါအဝင်

    အခြားအချက်အလက်များလည်းပါဝင်သဖြင့်

    ဤနေရာ၌ မဖော်ပြတော့ပါ- စာရေးသူ)။

    စာရေးသူတို့ လျှပ်စစ်သင်တန်းသား ၆ ယောက်

    ကို သင်တန်းကာလတစ်လျှောက်လုံး အသစ်

    ဆောက်ထားသည့် တောင်ပေါ်ရှိ သစ်သားပျဥ်

    အိမ်တစ်လုံးတွင်နေရာချထားသည်။ မနက်တိုင်း

    စက်ရုံသို့သွားရန် အီဆူဇူးကားကြီးဖြင့်လာခေါ်

    သည်။ မကြာပါ၊ တောင်ပေါ်မှ မတ်စောက်သည့်

    တောင်အောက်သို့ ကားကဆင်းနေပြီ။ လမ်းသည်

    ဂငယ်ကွေ့ စုစုပေါင်း ကိုးကွေ့ရှိသည်။ ကားသ

    မား၏ကျွမ်းကျင်မှုကြောင့်ဘာမှမဖြစ်၊ တစ်ခါ

    တလေများ အကွေ့အချိုးတွင် ကားရှေ့ဘီးသည်

    လမ်းအစွန်အဖျားထက်အနည်းအကျဥ်း ကျွံထွက်

    သွားမည်ဆိုပါက သေချာပေါက်တောင်ခြေနှင့်

    မဆိုင်းမတွ မိတ်ဆွေဖြစ်သွားမည်။ နောက်တစ်ခု

    က တောင်အောက်ပင်ရောက်မည်မကြံသေး၊ နား

    နှစ်ဖက်စလုံး အူ၍ ကိုက်ခဲနာကျင်လာသည်။ လေ

    ထုဖိသိပ်အား ပြောင်းသွားခြင်းကြောင့်ဖြစ်မည်။

    ခံစားတတ်သူတစ်ယောက်အဖို့ တောင်ပေါ်အစွန်တစ်နေရာရာမှ တောင်အောက်ခြေမြေပြန့်ပေါ်ရှိ

    ဆောက်လုပ်ထားသော ဓာတ်အားပေးစက်ရုံကြီး

    အား ငုံ့မျှော်ကြည်ံ့လိုက်မည်ဆိုပါက စက်ရုံ၏ ခန့်ညားထယ်ဝါ ရပ်နေနေပုံကို ရင်သိမ့်တုန်စွာ မြင်

    တွေ့ခံစား​နေရပေလိမ့်မည်။ တကယ်တော့ ရရှိလိုက်သောခံစားချက်တို့မှာ ကျေနပ်အားရမှု၊ ဝမ်း

    သာနှစ်သိမ့်မှု စသည်တို့နှင့်အတူ အဓိပ္ပာယ်မဖော်

    ပြတတ်သော လှုပ်ခတ်မှုများ ပါဝင်နေသည်လေ.. .။

    ဪ… ရုတ်တရက်သတိရလိုက်သည်က ရန်ကုန်မှမခွာမီလေး နှုတ်ဆက်စကားပြောရန်သွားခဲ့သည့် မဂ္ဂဇင်းတိုက်။ သွေးသောက်မဂ္ဂဇင်း။ ယင်း

    မဂ္ဂဇင်းကိုတည်ထောင်သူနှင့်စာတည်းဖြစ်သူ စာ

    ရေးဆရာကြီး ပြည့်စုံ,…။ ၁၉၆၀ ပြည့်နှစ်နှင့်ယင်း

    အလွန်ကာလ သွေးသောက်တိုက်သို့ မကြာမကြာ

    ရောက်တတ်သည်၊ ရန်ကုန်အနောက်ပိုင်း ၄၈လမ်း

    အထက်ဘလောက်။

    ‘သွေးသောက်’ ကို သိရှိမှတ်မိသူရှိမည်ဟုဆိုနိုင်

    သည့်တိုင် အများအားဖြင့်မူ ထိုအမည်အား ဝိုးတိုး

    ဝါးတားနှင့် တွေးယူမရဖြစ်နေပေလိမ့်မည်။ သွေး

    သောက်မဂ္ဂဇင်းအား ပွဲဦးထွက် စတင်တည်ထောင်

    ထုတ်ဝေသည့်ခုနှစ်ကို မှတ်တမ်းမှတ်ရာများ၌

    တိတိကျကျ မတွေ့ရှိသော်လည်း အချို့မှတ်စုများ

    တွင် ရှုမဝ ဦးကျော်တည်ထောင်သည့် ၁၉၄၇ ခု

    နှစ် ရှုမဝရုပ်စုံမဂ္ဂဇင်း နှင့် နီးနီးစပ်စပ်ကာလ တစ်

    ခုဖြစ်မည်ဟု နားလည်သဘောပေါက်ထားသည်။

    မည်သို့ပင်ဖြစ်စေ သွေးသောက်ဖန်တီးရှင် ဆရာ

    (ဦး) ပြည့်စုံ သည် သွေးသောက်မဂ္ဂဇင်းတွင် စာတည်းအဖြစ်ဆောင်ရွက်ရုံသာမက၊ ယခင်က

    ရုပ်ရှင်လောက၌ ထဲထဲဝင်ဝင် တာရှည် ကျင်လည်ကာ ဇာတ်ညွှန်းလည်းရေး၊ရုပ်ရှင်ဒါရိုက်တာလည်း

    လုပ်၊ သရုပ်ဆောင်လည်းလုပ်၊ ပါဝင်ဆောင်ရွက်ခဲ့သည် ဆိုပါသည်။

    စာရေးသူသိမ်းဆည်းထားသောစာအုပ်အဟောင်း

    အမြင်းများ၊ ယခင့်ယခင်၏ လစဥ်ထုတ် ရှုမဝ၊ ဒဂုန်၊ ပေဖူးလွှာ၊ သွေးသောက် အစရှိသည့်မဂ္ဂဇင်း

    များအား တစ်နေ့က စိတ်ကူးရသဖြင့်ကြည့်ရှုနေ

    မိချိန်နှင့် တိုက်ဆိုင်စွာပင် မိတ်ဆွေစာရေးဆရာ

    ကျော်မျိုးခိုင်က မက်ဆင်ဂျာမှတစ်ဆင့် ၁၉၆၀

    ပြည့်နှစ်၊ ဇွန်လထုတ် သွေးသောက်မဂ္ဂဇင်းတွင်ပုံ

    နှိပ်ဖေါ်ပြထားသော စာရေးသူ၏ ‘လောပိတ ရေ

    တံခွန်မှ’ ကဗျာကို ဓာတ်ပုံရိုက်၍ ပို့ပေးလှာသည်။

    မိမိမေ့ပင်မေ့နေသလောက်ဖြစ်သောကဗျာကို

    တွေ့ရှိပြီး ပို့ပေးသည့်စေတနာသည်ကြီးမားလှ

    ပေစွ။ ကျေးဇူးအထူးပါ ဆရာကျော်မျိုးခိုင်။

    (၅)

    တကယ်တမ်းတော့ လောပိတရေအားလျှပ်စစ်

    ဓာတ်အားပေး စက်ရုံဟုသာ ပိုမိုခေါ်တွင်သိရှိကြစေကာမူ ယင်းတည်ဆောက်ရေးစီမံကိန်းအား ဘီလူးချောင်းလျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းဟု တရားဝင်ခေါ်တွင်ခဲ့သည်။

    ရှမ်းပြည်နယ် အင်းလေးကန်မှစတင်မြစ်ဖျားခံ

    သော ဘီလူးချောင်းဟူသည့် မြစ်ငယ်လေးသည်

    တောင်ဘက် မိုင် ၆၀ခန့်စီးဆင်းရာ လွိုင်ကော်သို့

    ရောက်သည်။ ဆက်လက်၍စီးဆင်းရာ ပို၍မြေနိမ့်

    လာသဖြင့် ရေစီးပိုသန်လာကာ ရံဖန်ရံခါရေတံခွန်

    ငယ်လေးများဖြစ်ပေါ်စေသည်။ အတိုချုပ်အား

    ဖြင့်ပြောရလျှင် ပေ ၁၄၅၀ နိမ့်သော လောပိတ

    အရပ်တွင်ဖြစ်ပေါ်လာသည့် ရေတံခွန်သည်

    လောပိတရေတံခွန်ပင် ဖြစ်ပေသည်။ ယင်းသို့

    သဘာဝက ဖန်တီးပေးထားသောရေတံခွန်၊ ရေစီး

    ကြောင်းများ၏ အားကို အသုံးချနိုင်ခြင်းသည်အံ့ဖွယ်တစ်ပါးပင် မဟုတ်ပါလား။ သို့ဖြစ်၍…

    “လောပိတ ရေတံခွန်မှ ” တစ်ပိုင်းတစ်စ ကဗျာ…

    မြေကျစ်ကျစ်မှာ..

    သွေးညစ်သန္တာ၊ ခဲမှုန့်လွှာနှင့်

    ညီညာ ပြန့်ကျဲ၊ မိုးပုလဲသည်

    စိမ့်မြဲ စိမ့်စီး၊ အနီးအဝေး

    ကိုယ်လျှင်တွေးမိ၊

    လိပ်ကွေးတစ်ခက်၊ မြသစ်ရွက်၏

    ကျောက်စက်ထိလျှိုး

    တီးတိုးအသံ၊ ချင့်တွေးပြန်လျှင်

    မြိုင်ယံ နန်းသာ၊ သည်အခါဝယ်

    လျှံဖြာ ငွေသွယ်

    ” စံပယ်ပန်းတွေ ဝေပြီထင့် “။

    (‘လောပိတ ရေတံခွန်မှ’… ကဗျာမှ…)

    တက္ကသိုလ် မိုးဝါ

    ၅ ဧပြီ ၁၉၆၀။

    သွေးသောက်မဂ္ဂဇင်း- ၁၉၆၀ဇွန်လ။

    လောပိတရေတံခွန်သည် ဘီလူးချောင်းရေမှ

    မြစ်ဖျားခံလာသည်။

    စာရေးသူသည် မည်သည့်နေရာဒေသမှ မြစ်ဖျား

    ခံ၍စီးမျောလာသည်ကို မမှန်းဆနိုင်ပါ။ သို့ရာ

    တွင် ခံစားသိရှိမိသည်က တစ်ခုတော့ရှိသည်။ စာ

    ရေးသူသည် ဖြန့်ကြက်လွှမ်းအုပ်ထားသော အနုသုခုမအလွမ်းမျှင်ပိုက်ကွန်ထဲ၌ တွယ်ငြိ အမိခံ

    လိုက်ရပြန်ပါလေပြီ….။

    ရေးသူ — တက္ကသိုလ် မိုးဝါ

  • Institute of Foreign Languages

    *** နိုင်ငံခြား ဘာသာ သင်ကျောင်း

    (ရှေး)

    သံရုံး and/or ဆက်နွယ်အဖွဲ့ တွေ က သင်

    ဥပမာ Goethe Institute

    RU မှာ Foreign Languages တချို့ မိတ်ဆက် သင်

    —-

    ** 1954 – 1972

    Foreign Language Institution

    * ကျောင်းအုပ်ကြီးများ

    ဦးဘမြင့်

    ဦးယုခင် — အငြိမ်းစား RU Registrar

    ဦးဝင်းမောင်

    * ဘာသာရပ်များ

    French, German, Japanese, Russian

    —

    ** 1972 – 1996

    IFL / Institute of Foreign Languages

    * ကျောင်းအုပ်ကြီး တချို့

    စိုင်းအောင်ထွန်း

    ဦးမျိုးညွန့်

    ဒေါက်တာစိုးဝင်း

    * သင်တန်းတချို့

    Diploma (Full-time)

    Diploma (Part-time)

    English for selected Govt Employees

    Burmese (for International Students)

    * တိုးချဲ့ ဘာသာရပ်တချို့

    Italian, Korean, Spanish, Thai

    —

    ** 1996 to present

    YUFL / Yangon University of Foreign Languages

    Bachelor

    Master

    * ပါချုပ် တချို့

    ဒေါက်တာစိုးဝင်း

    —

    ** ဆက်နွယ်

    MUFL / Mandalay University of Foreign Languages

    Language Proficiency Tests

  • Australia

    After retirement, several UCC advisers and employees moved to Australia.

    They include

    • Sayagyi Dr. Chit Swe (Founder-Director of UCC, Rector of RASU)
    • Sayagyi Dr. Freddie Ba Hli (National Planning Adviser and UCC Board Member, DG of UBARI, GBNF)
    • Saya U Aung Zaw (wrote several lecture guides for use at UCC with Saya U Soe Paing and me; published two books)
    • U Sein Myint Maung and Daw Khin Aye Mu
    • U Htay Aung and Daw Tin Tin Hlaing
    • U Tha Hlaing
    • U Hlaing Myint
    • U Sein Tin
    • U Aung Ngwe Tun
    • Daw Thandar Htwe
    • Several M.Sc., DAC and CPC students

    Gathering in 2006

    In 2006, I visited Sydney and attended several gatherings:

    • Two UCC gatherings (organized by Saya U Aung Zaw and U Sein Tin)
    • RIT Alumni Dinner (invitation ticket provided by U Htay Aung)
    • Old Paulian Lunch Gathering at the Olympic Part (organized by Dr. Than Naing @ Bonnie Kywe, SPHS66)

    Gathering in Sydney in 2016

    The picture also shows Daw Tin Moe We (UN retiree), who was visiting her sister, and children of UCC alumni.

  • RU Centennial Magazine

    Title of Burmese Article
    Adipati Lann
    RU Centennial Magazine
    RU Centennial Magazine

    ၇ စက်တင်ဘာ ၂၀၂၂။

    အမှောင်ဆုံး ည မှသည်….

    ရန်ကုန်စက်မှုတက္ကသိုလ်မှသည်

    ရန်ကုန်တက္ကသိုလ်သို့ ရင်ထဲက အလွမ်း…

    ပြီးခဲ့သည့် ၂ နှစ်၏ အမှတ်ရခြင်း သညာ…

    ” ချစ်သူ မလာသောည နှင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်း “

    (၁)

    လူအများစု စိတ်ညစ်ညူး၍ မအီမသာ ဖြစ်နေသောအချိန်မျိုးတွင် စိတ်လက်ကြည်သာ ချမ်းမြေ့ စေမည့်၊ ရွှင်လန်းတက်ကြွစေမည့် စာတစ်ပုဒ်တော့ဖြင့် ရေးလျှင် သင့်တင့် လျောက်ပတ်မည်ဟု မေတ္တာစေတနာရှေ့ထားကာ မှန်းဆ ထင်မြင်မိသည်။ ကိုဗစ်၊ ကိုညစ် တို့၏ ဖိစီးမှု အောက်တွင် လူးလဲခံစား နေကြရစဉ်ကာလ က စာပေရောင်းရင်း သူငယ်ချင်းမိတ်ဆွေ များအား သတိရနေမိသည်။ စာများများမဖတ်နိုင်သော်လည်း လူမှုကွန်ရက် ပေါ်သို့ အနည်းအကျဉ်းတော့ တင်ပြရေသားဖြစ်သည်။

    ရောဂါကူးစက်မှု သံသရာစက်ကွင်း၌ သူလည်းအမိခံ ကိုယ်လည်းအမိခံ၊ အချင်းချင်း အားပေး သတင်းပေးရင်း ဆက်သွယ်သမှု ပြုကြသည်။ ငယ်သူငယ်ချင်း ရွှေကူမေနှင်း ကလည်း စာရေးသူရေးမည့် ” နောက်ဆုံးကဗျာ ” အား ဘဝင်မကျလှ၊ တိုက်ပွဲအောင်နိုင်လာသူ တစ်ယောက်အဖို့ ထိုကဗျာကို ရေးရန် အကြောင်းမရှိ၊ “နောက်ဆုံးကဗျာ ” ဆိုသည်မှာ တိုက်ပွဲတွင် ကျရှုံးသူရေးလေ့ရှိသော ကဗျာ။ စာရေးသူတို့ နှစ်ယောက်စလုံးသည်ပင် တိုက်ပွဲကို အောင်နိုင်ခဲ့သူများ မဟုတ်ပါလား…။

    မေနှင်း နှင့်က ၁၉၅၈ ခုနှစ်ဆီကတည်းက ရန်ကုန်တက္ကသိုလ် ကလောင်အသင်း၌ အတူလှုပ်ရှားခဲ့သူများ ဖြစ်သည်။ ပြောမနာ ဆိုမနာ ငယ်ပေါင်းများလည်းဖြစ်သည်။ သူ တာဝန်ခံ စီစဉ်ထုတ်ဝေခဲ့သည့်၂၀၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်း ကို ဖျတ်ခနဲသတိရလိုက်သည်။ ထိုမှ တစ်နွယ်ငင် တစ်စင်ပါ နာကျင်ဝေဒနာ တစ်ရပ်ကို ခံစားလိုက်ရပြန်သည်။ တစ်နှစ်တာကာလပတ်လုံး ဆင်နွှဲရန်ရှိသည့် ၂၀၂၀ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပွဲတော်ကြီး၊ ယင်းသည် အခုတော့ လေထဲ၌ အငွေ့ပျံသွားပြီကော။ အငွေ့ပျံသွားပြီဟု ဆိုရလင့်ကစား ထိုအငွေ့အသက်တို့က ဝန်းကျင်တစ်ခုလုံး၌ လွှမ်းခြုံဝေ့ဝဲလျက် ရနံ့သင်းကြည် တည်တံ့နေဆဲ….။ ယနေ့တိုင် နှလုံးသားအား ဆုပ်ခြေကာ စူးနစ်စေလျက်နာကျင်နေစေဆဲ….။

    (၂)

    ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီး၏ မိခင်ကြီးသဖွယ်ဖြစ်သည်။ နှစ်များစွာအတွင်း ပေါ်ပေါက်လာခဲ့သော လက်ရှိတက္ကသိုလ် အသီးသီးသည် ရန်ကုန်တက္ကသိုလ်မှတစ်ဆင့် ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှ၌ အကောင်းဆုံးတက္ကသိုလ်များထဲတွင် ရန်ကုန်တက္ကသိုလ်သည် အကောင်းဆုံးတစ်ခုအဖြစ် ရပ်တည်ခဲ့သည်မှာ ငြင်းဖွယ်မရှိ။ ရန်ကုန်တက္ကသိုလ်၏ ဥပဓိရုပ်ကို ကြည့်မည်ဆိုလျှင် အင်းလျားကန် နောက်ခံ၊ ဘွဲ့နှင်းသဘင်အဆောက်အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ တက္ကသိုလ်နယ်မြေ၏ တစ်နံတစ်လျား အကျယ်အဝန်း၊ ယင်း၏အလှအပမြင်ကွင်းမှာ ရှုမဆုံးဖြစ်ခဲ့သည်။ ယင်း လွမ်းမောဖွယ် မြင်ကွင်းကြောင့်လည်း အနုပညာသမား၊ စာသမား၊ ကဗျာသမားများသည် ထိုစွဲမှတ်ဖွယ်အလှအပအား ရင်အနက်အရှိုင်းထဲအထိ ခံစားရင်း အစဉ်ထာဝရတမ်းတ သတိရနေခဲ့သည်။ စာရေးသူတို့ တက္ကသိုလ်ကလောင်အသင်း အမှုဆောင်ဟောင်းများ ဖြစ်ကြသော သင်းအောင်၊ တက္ကသိုလ် မိုးဝါ၊ တက္ကသိုလ် ကြူကြူသင်း၊ ရွှေကူမေနှင်း၊ ထီလာစိုးမြင့်ထယ် စသူတို့မှာ အသက်အရွယ်အားဖြင့် အတန်ငယ်ထောက်လာပြီ ဖြစ်သည့်တိုင် မိမိတို့၏ အလွမ်းမျှင်တန်းများသည် ယူဇနာကုဋေကုဋာမက ရှည်လျားစွာ ဆန့်တန်းကာလွန်ခဲ့သည့် နှစ်၆၀ ကာလအပိုင်းအခြားထိအောင် အမျှင်မပြတ် တွယ်ကပ်လျက်ပင်ရှိနေဆဲ။

    ယူဇနာကုဋေကုဋာမည်မျှပင် ရှည်လျားပါစေ အလွမ်းမျှင်တန်းတို့ ပြတ်တောက်သွားသည်မရှိ၊ ဆက်၍ အခိုင်အမာတည်ရှိနေဆဲ။ သို့စေကာမူ မိမိကမပြတ်သည်သာရှိမည်၊ မကောင်းဆိုးဝါးတစ်ကောင်က ညမှောင်မှောင် လမှောင်မှောင် အမိုက်မှောင် ကျရောက်လာစေခဲ့သည်။ ကြယ်ရောင် ထွန်းလင်းတောက်ပဖို့နေနေသာသာ လမ်းခရီးတစ်လျှောက် ခလုတ်ကန်သင်းများဖြင့် ဆူးပြွမ်းလျက် ဖြစ်စေခဲ့သည်။

    ချိန်းဆိုကြမည်၊ တွေ့ကြမည်၊ ဆုံကြမည်၊ ရင်ဖွင့်ကြမည်၊ အလွမ်းပန်းချင်း ဖလှယ်ကြမည် ဟူသောရည်စူးချက်များအကောင်အထည်ပေါ်မလာ၊ မီးအိမ်ကိုဆွဲ ညအမှောင်ထဲ ချစ်သူပျောက်ရှာသည့်နှယ်….။

    (၃)

    ချစ်သူမလာသောညကား ကာလရှည်လျားလှပါဘိ။

    ချစ်သူမလာသော ခုည… ငွေလဘယ်ဆီရောက်နေသလဲကွယ်…. လမင်းဘယ်ကိုရောက်နေသလဲကွယ်… ချစ်သူမုန်းလို့.. လမင်းရယ်ပုန်းနေတာလားကွယ်……

    ကွယ်လွန်ခဲ့ပြီးသူ အဆိုကျော် တွံတေးသိန်းတန်၏ ကြည်လင်ပီသ ဆွေးမြည့်ဖွယ်ပြည့်ဝသောအသံသည် အမှောင်ထုကို ခွင်းဖောက်လာသည်။

    တကယ်တမ်းတော့ တွံတေးသိန်းတန်၏ ဤ ” မေတ္တာမီးအိမ် ” တေးသီချင်းရှိ စာသားအချို့သည် စာရေးဆရာကြီး သိန်းသန်းထွန်း ၏ ” အချစ်ရူးလေးရဲ့ အချစ်ဦး “ဝတ္ထုမှ ရယူသုံးစွဲ ထားခြင်းဖြစ်ကြောင်း ဝတ္ထုရေးဆရာအား နောင်တွင် တောင်းပန်ထားသည်ကိုတွေ့ရသည်။ သို့သော်ဆရာ သိန်းသန်းထွန်းက သူ၏ဝတ္ထုပါ လမင်းအကြောင်း၊ ပိုးစုန်းကြူးအကြောင်း ကို သီချင်းရေးသားသီဆိုလိုက်သောအခါ အလွန်ကျော်ကြားသော သီချင်းတစ်ပုဒ်ဖြစ်သွားသဖြင့် သူ့အား တောင်းပန်စရာမလိုဟု ဆရာသိန်းသန်းထွန်းကရယ်မောမောပြန်ပြောလိုက်သည် ဆိုသည်။

    ဘွဲ့နှင်းသဘင်ခန်းမသည် ပျပျရေးရေး၊ သစ်ပုပ်ပင်နှင့် အဓိပတိလမ်းမတို့သည်လည်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေမှန်း ခံစားရသော်လည်း ပီပီပြင်ပြင်မမြင်ရ၊ ယင်းအဖြစ်ကို

    “ချစ်သူမလာသော ခုလိုညမျိုးမှာ…..

    ချစ်စကားအလှတွေ

    ဘယ်သူ့ထံပါး ပြောကြားရမလဲကွယ်…..

    ရေပြင်ကိုပြောရမလား…

    ကောင်းကင်ကိုပြောရမလား…

    မြေလွှာကိုပဲ ပြောရမလားလေကွယ်…..

    တစ်ယောက်တည်း အတွေးက ငယ်….” …ဟူသောအဆိုကျော်၏ အဆွဲအငင်နောက်သို့ စီးမျောလိုက်ပါသွားနေမိသည်။ လူတိုင်းနီးနီး တစ်သက်မှ တစ်ကြိမ်သာ ဆုံကြုံခွင့်ရမည်ံ့ ဤ ရာပြည့်ပွဲ ကို ညမှောင်မှောင် လမှောင်မှောင်အောက် တိတ်ဆိတ်ခြောက်သွေ့ ၊ ချိန်းတွေ့မလာ၊ ဗလာရင်ထဲ၊ ကြေကွဲဆို့နှင့်စွာ ထီးတည်းရပ်လျက်ရှိနေခြင်း အဖြစ်အား လိုလားမည် တော့မထင်…။

    (၄)

    ရန်ကုန်တက္ကသိုလ် ကလောင်အသင်း အနေဖြင့် ရာပြည့် အထိမ်းအမှတ်အတွက် ” အလွမ်းရိပ်လည်ပြန် ” ကဗျာစာအုပ်ကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၂ရက်နေ့တွင် တောင်ငူဆောင် မြန်မာစာဌာန အစည်းအဝေးခန်းမ၌ မိတ်ဆက်ပွဲကျင်းပခဲ့ပြီးဖြစ်သည်။ အနည်းငယ် နောက်ကျ ပြီးမှ ထွက်ရှိလာသည့် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်းအတွက်မူ မိတ်ဆက်ပွဲ မကျင်းပနိုင်ခဲ့သေးဘဲ ညမှောင်မှောင် လမှောင်မှောင် အခြေသို့ မျှော်လင့်မထားဘဲ ဆိုက်ရောက်သွားခဲ့သည်။

    မည်သို့ပင်ဆိုစေ၊ ညမှောင်မှောင် လမှောင်မှောင်ကြိုက်သလို လွှမ်းအုပ်နေစေ၊ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ စာရေးဆရာ ဆရာမောင်ခင်မင် (ဓနုဖြူ) ၏ “အမိတက္ကသိုလ်၏ ဟိုတစ်ကွက် သည်တစ်ကွက်ပုံရိပ်ကလေးများ” စာစုအားဖတ်ရှုခံစားကြည့်ပါက အဓိပတိလမ်းနှင့်တကွ နယ်မြေတစ်ခုလုံး လင်းလက်ထွန်းပ၍ ကြည်နူးစရာအတိပြီးလာသည်ကို လှမ်းမြင်ရမည်ဖြစ်သည်။ ဆရာ့စာများထဲမှ အချို့အား ကောက်နုတ်ဖော်ပြပါမည်။

    ရန်ကုန်တက္ကသိုလ် ပရိဝုဏ်တွင် ၁၉၆၁ခုနှစ်မှစတင် ခြေချခဲ့၊ ခြေချနေဆဲဖြစ်သည်ဟု ဆရာကဆိုပါသည်။ ယခု အသက် ၈၀ တန်းသို့ ရောက်နေပြီဖြစ်၍ နှစ်၆၀လောက် အသက် ပြန်ငယ်သွားသည်ဟု ခံစားလိုက်ရသည်ဆိုပါသည်။

    ” ပိုက်ဆံ ခြောက်ကျပ် ရှိရင် တက္ကသိုလ်တက်လို့ရတယ်။ တို့တက္ကသိုလ်တက်တုန်းက မှတ်ပုံတင်ကြေး ငါးကျပ်နဲ့ ကျောင်းသားမှတ်ပုံတင်ကတ်ပြားအတွက် တစ်ကျပ်။ ဒါပဲ ကုန်တာ “

    ” ဥပစာ(က)တန်း (ယခု ပထမနှစ်) ကျောင်းသားများမှာ ဝိဇ္ဇာဘာသာတွဲယူလျှင် ထီးတန်းကောလိပ် (ယခု အထက-၂ ကြည့်မြင်တိုင်အဆောက်အအုံ) မှာတက်ရသည်။ တစ်နှစ်တက်ပြီး ဥပစာ (ခ)တန်း (ယခု ဒုတိယနှစ်) ရောက်မှ အမိတက္ကသိုလ် ပရိဝုဏ်မှာ ခြေချရသည်။ သို့သော် စစချင်းလျှောက်လွှာတင်တာတို့၊ ငွေသွင်းတာတို့ကို ပင်မတက္ကသိုလ်ကြီးမှာပင်လုပ်ရသည်” ဟု ဆရာက အောက်မေ့သတိရစွာ ပြန်လည် စမြုံ့ပြန်သည်။

    ဆရာသည် ဇူလိုင် ၇ ကိုရင်ဆိုင်တွေ့ထိခဲ့ပုံရသည်။ အဓိပတိလမ်းထိပ် လက်ယာဘက်မှာ ကျောင်းသားသမဂ္ဂ နှစ်ထပ် အဆောက်အအုံ ရှိသည်။ လက်ဝဲဘက်တွင်မူ မန္တလေး၊ တောင်ငူ၊ ရာမည၊ အမရ အဆောင်လေးဆောင်၌ ကျောင်းသားများ နေထိုင်သောအ ဆောင်များဖြစ်သည်။ ၁၉၆၄ ခုနှစ် ကျမှ ဌာနများ၊ စာသင်ခန်းများ အဖြစ် ပြောင်းလိုက်ခြင်းဖြစ်သည်။ ထိုစဥ်က ကျောင်းသား၊ ကျောင်းသူများမှာ လွယ်အိတ် လွယ်လေ့မရှိကြပါ။ လက်ထဲပွေ့ပိုက်ပြီး သွားကြသည်။ ကျောင်းသူများမှာ စာအုပ်များ လက်တစ်ဖက်မှာ ပိုက်ထားပြီး အပြေးအလွှား အတန်းကူးပြောင်းရင်း ကျောင်းသားနှင့် ကျောင်းသူဝင်တိုက်မိရာက စာအုပ်တွေ ပြုတ်ကျသည်ကို ကောက်ပေးရင်း ဇာတ်လမ်းစသည့် ဝတ္ထုများ ရေးသားလေ့ရှိသည်။

    ” ဆဲဗင်းဂျူလှိုင် ” အပြီးမှာ ခံစားချက်ကိုရင်ဖွင့်ကြသော ကဗျာစာအုပ်အများအပြား ပေါ်ထွက်လာသည်ဟု ဆရာက အမှတ်ရနေကြောင်း ဆိုပါသည်။ ” ရင်ပြင်နီ ” တို့၊ ” ဥဒါန်းမကျေ ” တို့ နာမည်တွေ မှတ်မိနေသည် ဆိုသည်။ စာရေးသူသည် မိမိကိုယ်တိုင်ရေးခဲ့သည့် ” နေခြည်ပွင့် အကြွေမှာ ” ဟူသောကဗျာ တစ်ပုဒ် “ဥဒါန်းမကျေ “စာအုပ်ထဲတွင် ပါလာသည်ကို မှတ်မိနေပါသေးသည်။

    (၅)

    မကြာသေးမီ ဤနှစ် ဩဂုတ်လ ၈ရက်နေ့တွင်မှ ဘဝတစ်ပါးသို့ပြောင်းသွားသော စာရေးဆရာမကြီး ခင်စောတင့်သည်လည်း ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်မဂ္ဂဇင်းသို့ လှပသော စာတစ်ပုဒ် ချီးမြှင့်ခဲ့သေးသည်။

    ပြောရမည်ဆိုလျှင် ဆရာမသည် ရန်ကုန်တက္ကသိုလ်နယ်မြေတစ်ခုလုံးကို လုံးစေ့ပတ်စေ့ခြုံငုံကြည့်ပြီး ရန်ကုန်တက္ကသိုလ်ဟုဆိုလိုက်သည်နှင့် သစ်ပင်တွေစီတန်းနေသည့် အဓိပတိလမ်းမကြီးနှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးကိုပဲမြင်ယောင်လိမ့်မည်ဟု ဆရာမက အတိအလင်းဆိုပါသည်။ နယ်မြေတစ်ခုလုံးရှိ ဘယ်နေရာမှာ ဘာရှိ၊ ဘယ်နေရာမှာ ဘယ်အဆောက်အုံ ဘယ်လမ်း စသဖြင့်ဆရာမက မျက်စိထဲ၌ ဓာတ်ပုံဖြင့်မှတ်တမ်းတင်ထားသကဲ့သို့ အစီအရီ ချပြပြောဆိုနိုင်သည်။

    ဆရာမ ခင်စောတင့်၏ ဤမျက်စိအမြင်အရ တက္ကသိုလ်ဝန်းထဲ၌ ပုဂံလမ်းသည် အလှဆုံးဟု ဆိုပါသည်။ သစ်ရိပ် ဝါးရိပ်တွေနှင့် တိတ်ဆိတိအေးချမ်းလှသဖြင့် ပုဂံလမ်းကို တေးသီချင်းများ ဖွဲဆိုခဲ့သည်ဟု ထင်ကြောင်း ဆိုပါသည်။ ဤနေရာတွင် ဆရာမနှင့်စာရေးသူတို့ အမြင် သဘောထားချင်း တိုက်ဆိုင်သည်ဟုပြောရပေမည်။ ပုဂံလမ်းကို စာရေးသူကိုယ်တိုင်ကပင် ပုဂံလမ်းဟုမခေါ်ဘဲ” နွေမှုန်လမ်း ” ဟူ၍ စွဲစွဲလမ်းလမ်း အမည်တပ်ခဲ့သည်။ နွေဦး ပေါက်စအခါတွင် ပုဂံလမ်း၏ မြင်ကွင်းမှာ မှိုင်းမှိုင်းပျပျဖြင့် သစ်ရွက်ဝါ ကြွေတို့ နွေလေနှင့်အတူ လွင့်ချင်တိုင်းလွင့်နေပုံကို ရှုမြင်ရသူအဖို့ ရင်ကိုလှုပ်ခတ်စေသည်။ ပုဂံလမ်းသည်အလှဆုံးမဟုတ်ဟု မည်သူငြင်းပယ်ဝံ့ပါမည်နည်း။

    စနှစ်သစ်ပညာရေးစတင်သော ၁၉၆၄ နှစ်ခုတွင် ဆရာမ ဒေါ်ခင်စောတင့်သည် ရန်ကုန်စက်မှုတက္ကသိုလ် အင်္ဂလိပ်စာဌာနသို့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရသည်။ တက္ကသိုလ်ပရိဝုဏ် နှင့်ပတ်သက်၍ ကံကောင်းလှသည်ဟု ဆိုရမည်ဖြစ်သော ဆရာမသည် ငယ်ရွယ်စဥ်ကပင် တက္ကသိုလ်နယ်မြေထဲ၌ ခြေချခွင့်ရခဲ့သည်။ ဘွဲ့ရပြီးနောက်ပိုင်းတွင်လည်း ပြန်လည် ကျင်လည်ခွင့်ရခဲ့သည်မှာ အငြိမ်းစားယူသည်အထိဖြစ်ခဲ့သည်။ အမြဲ တစေ ကံကောင်းသည်ဟုဆိုရမည့် ဆရာမသည် အသက်(၈၀) ကျော်အရွယ်မှာပင် ဆုံးပါးသွားပြီဖြစ်သည်။ ကံမကောင်းဟုပဲ ပြောရမည်လားမသိ။

    (၆)

    ဤရွေ့ဤမျှ လှပစွဲမက် ဆွတ်ပျံ့ဖွယ်ကောင်းသည့် တက္ကသိုလ်နယ်မြေနှင့်ဝန်းကျင်တစ်ဝိုက် မြင်ကွင်းကျယ်အား

    စာဖြင့်ဖွဲ့ခြင်း၊ ကဗျာဖြင့်နွဲ့ခြင်း၊ တေးဖြင့်သွဲ့ခြင်းစသည်တို့ကို စဥ်ဆက်မပြတ် ဂုဏ်ပြုလျက် ကြိုဆိုနေပါသော်လည်း အဘယ့်အတွက် မာယာထောင်ချောက်ထဲသို့ သွတ်သွင်းကာ သက်ဆင်းစေသနည်း။ ညမှောင်မှောင် လမှောင်မှောင်၊ ကြယ်ရောင်သော်မလင်း၊ လမင်းဘယ်ဆီ ပျောက်နေသလဲကွယ်။

    ချစ်သူမလာသော ညတစ်ညဝယ်… ချစ်သူမုန်းလို့

    ငွေလရယ် ပုန်းနေတာလား… ဟူ၍…။

    ရေးသူ — တက္ကသိုလ် မိုးဝါ

  • U Myat Htoo (C68)

    On May 20, 2018, the BOD (Board of Directors) and EC (Executive Committee) members of NorCal RITAA (Northern California Rangoon Institute of Technology Alumni Association) threw a surprise party to celebrate the Golden Jubilee of Saya U Myat Htoo (C68, Chair of BOD) and Daw Hnin Maung Maung (Ma Ku, “Nyima Lay”).

    According to Saya U Myat Htoo, he was the youngest in his family and wanted a younger sibling (preferably a sister).

    Saya found an innocent 9 year old neighbor (and family friend).

    Ten years later, they tied the knot.

  • U Ba Toke’s Life Journey

    This image has an empty alt attribute; its file name is u-ba-toke-1.jpg
    • Sayagyi U Ba Toke is a Phwa Bet Taw of
      (a) Rangoon University (established by the 1920 Rangoon University Act
      (b) First Strike of Rangoon University students (later celebrated as Ah Myo Thar Aung Pwe Nay).
      All three events occurred in December 1920.
    • Saya Dr. Khin Maung Swe (Tekkatho Maung Thin Char) interviewed Sayagyi.
    • The interview covered six audio tapes.
      They were transcribed by Sayama Daw Myint Myint Khaing (daughter of Arzani Mahn Ba Khaing).
    • With the support of the Rangoon University Mathematics Association, they compiled and published the book as an 80+ Birthday present for Sayagyi.
    • During my visits to Yangon, I visited and paid respect to Sayagyi.
    • Sayagyi gave Ko Ohn Khine (M70) and me autographed copies of the book.
    • Sadly both Sayas are GBNF.
    • Sayagyi passed away on December 2, 2020 (the day after the Rangoon University Centennial Celebrations).
      It was a few days ahead of his 100th Birthday.
  • Pay Respect to U Ba Toke

    Garawa

    • During my visits to Yangon, I paid homage to Sayagyi U Ba Toke with
      (a) Ko Ohn Khine (provided the ride)
      (b) Sayagyi U Ba Than (would pay respect to his Saya at least once every year)
      (c) Saya U Tin Htut
      (d) “Oo Lay” U Aung Soe (GBNF, was Sayagyi’s dhamma friend and a member of the group who would walk every weekend from Yankin to Shwe Dagon Pagoda)

    Book

    • Sayagyi gave an autographed copy of the book about him.
    • Saya Dr. Khin Maung Swe (Tekkatho Maung Thin Char) interviewed Sayagyi resulting in six audo cassettes.
    • Sayama Daw Myint Myint Khaing (Saya KMS’s spouse, daughter of Arzani Mahn Ba Khaing) helped with the transcription.
    • The book not only covers Sayagyi’s life journey, but also describes some events at the University of Rangoon, and a list of the early Thin Char Sayas (e.g. U Aung Hla, U Kar, U Net)
    Book about Sayagyi U Ba Toke

    Phwa Bet Taw

    • Sayagyi was born in December 1920.
    • His Phwa Bet Taws include the University of Rangoon and the first RU Students’ Strike.
    • The main events of the RU Centennial will be held in November and December 2020.
    • The kick off for the RU Centennial took place on December 1, 2019.
  • U Tin Htoon

    Parents

    • U Chan Sein
    • Daw Cheng Kim

    Siblings

    • Saya U Tin U (C)
    • Saya U Ba Than (M)
    • Dr. Daw Win Hlaing
    • Daw Myint Thwe
    • Dr. Myo Tint
    • Saya U Myo Min (UCC)
    • U Thaung Lwin (EC66)
    • Daw Cho Cho Hlaing

    Studies

    • Attended TTC Practicing School.
    • Matriculated from St. Paul’s High School in 1954.
    • From the third batch of Architects produced by the Faculty of Engineering, Rangoon University.
    • Graduated in 1960 with U Aung Kyee Myint and U Khin Maung Yin.

    Architect / Work Experience / Volunteer Work

    • U Bo Gyi (A59), U Tin Htoon (A60) and U Aung Kyee Myint (A60) founded “Architects Incorporated”.
    • They later joined PWD.
      U Bo Gyi designed the Mausoleum for Daw Khin Kyi. After retirement, U Bo Gyi became a monk.
      U Tin Htoon was architect for the Bagan Thiripyitsaya Project.
      U Aung Kyee Myint retired as Chief Architect.
    • Moved to Singapore.
      Helped with the Burmese Buddhist Temple Project.
    • Settled in Southern California.
      Co-founder, Goenka Vipassana Center
      Board member, Pariyatti Society
      Co-founder, Triple Gems Publication

    Rowing and Sailing

    • Some photos were provided by U Myo Myint (EC67, RUBC Gold) and U Linn Tun (Houston, son of U Tun Shein (RUBC Gold)).
    This image has an empty alt attribute; its file name is rubc-captains-in-63-64.jpg
    RUBC Captains
    This image has an empty alt attribute; its file name is tin-htoon-4.jpg
    This image has an empty alt attribute; its file name is tin-htoon-1.jpg
    This image has an empty alt attribute; its file name is tin-htoon-2.jpg
    This image has an empty alt attribute; its file name is tin-htoon-7.jpg
    This image has an empty alt attribute; its file name is tin-htoon-3.jpg
    This image has an empty alt attribute; its file name is tin-htoon-5.jpg
    This image has an empty alt attribute; its file name is tin-htoon-6.jpg
    This image has an empty alt attribute; its file name is tin-htoon-8.jpg
    • Captain of RUBC for the 1959-60 term.
    • RUBC Gold
    • Represented RUBC in Burma, India, Ceylon, and Hong Kong.
    • In the early days, he often rowed as No. (2) in the Coxed Fours and No. (4) in the Coxed Eights with U Tun Shein (Willie Saing) or James/Jimmy Saw Lwin as Timing Stroke.
    • Later, he rowed mostly as Timing Stroke.
    • Won the Venables Bowl for Coxless Pairs with Dr. Harry Saing (Bow, GBNF) at the ARAE Regatta in Calcutta in 1958.
    • Won the Willingdon Trophy for Coxed Fours with Dr. Harry Saing (Bow, GBNF), Victor Htun Shein (No.(2), GBNF), Sunny Teng (No.(3)) and U Sein Htoon (Cox, M63) at the ARAE Regatta in Colombo in 1960.
    • Won the Silver Medal in Yachting at a SEAP Games with U Hla Khin (Navy).
    • In 1963, Sithu U Tin, U Po Zon and U Tin Htoon compiled the souvenir magazine for the 40th Anniversary of the founding of RUBC.
    • In 2013, U Tin Htoon, U Myo Myint, U Htaik San (Henry Kao), U Hla Min and team compiled the souvenir magazine for the 90th Anniversary of the founding of RUBC.
    This image has an empty alt attribute; its file name is sein-htoon-2.jpg

    Sasana work

    • Co-founded Triple Gem Publications with U Harry Than Htut (Canada), Dr. Maung Maung Lwin (UK), Sayama Daw Tin Tin Myint (Emma, ChE70, Singapore) and U Htay Aung (Victor, EC80, Australia).
    • Volunteered for several Saya S N Goenka’s projects (in India and USA)
    • Helped several monasteries with the publications (e.g. Centennial)

    Dr. Richard Yu Khin (Economist, SEAP Gold Medalist in Yachting) wrote

    Background information on Ko Tin Htoon. His elder sister Ruby [Dr. Daw Win Hlaing] was a close friend of my aunt. My mother [Dr. Daw Phay] was personal physician to his mother. Their family mansion was located on 17 acres in prestigious Windermere Road. Former RUBC Captains Ko Tin Htoon, Ko Tin Htut & Ko Tin Wa later joined Rangoon Sailing Club. All three of them presently reside in California.

    Compiler of Magazines and Photo books

    Magazines

    • Anniversary Magazines for selected organizations and monasteries
    • RUBC 40th Anniversary Issue with Sithu U Tin (GBNF) and U Po Zon (GBNF)
    • Chair, RUBC 90th Anniversary Issue
      U Myo Myint Vice-Chair
      Henry Kao (Htaik San) Secretary

    Photo Books

    • One for his parents
    • One for his eldest brother (U Tin U’s 90th Birthday on August 3, 2019)
    • In Preparation : One for his second eldest brother (U Ba Than’s 90th Birthday on October 2, 2020)
    • Some for his immediate family
      Photos from Burma, Singapore, US and Trips
    • Major helper :
      Henry Kao (U Htaik San, Past Captain and Gold of RUBC) for the design and layout
    Image may contain: 1 person, closeup
    U Ba Than
    This image has an empty alt attribute; its file name is rubc-magazine-committee.jpg
    RUBC 90th Anniversary