Category: Mi Aung

Memories of Mi Aung (43)

အားနာတတ်ရင် မနက်အစောစာ ချက်ပြုတ်နေရင်းအတွေးတွေက စုံစိနဖါ။ တရားသဘောနဲ့ကြည့်ရင်တော့ “သတိ” လက်လွတ်တွေးနေ လိုပါဘဲ။ တွေးနေမိပါလားဆိုတာသိနေရင် “သတိမလွတ်ပါဘူးလို့ဆိုရမှာပေါ့လေ။ ကိုယ့်ကိုကိုယ် “ဖေါ့”တွေးတာမဟုတ်ပါဘူး။ ချက်ပြုတ်နေတာကြာနေလို့ သူတို့များဆာနေကြပြီလား။ တခါတလေများ ကမန်းကတမ်းလုပ်လို့ ဆီပူတောင်လောင် တတ် သေး။ ကိုယ်က သူများကိုအားနာတတ်တာကို။ မနက်ဘုရားရှိခိုးရင်လဲ ကိုယ်ဘုရားရှိခိုးနေတာကြာသွားလို့ သူတို့ စိတ်ထဲ “မြက်” သွားရင်၊ သူတို့ ငရဲကြီးသွားမလား။ ကျမကို သူငယ်ချင်း ခင်ချောလေးက “တစ်နာရီလောက်ရအောင်တရားထိုင်ပါ “တဲ့။ အိမ်မှာတော့ အိမ်စိတ်မို့ မနက်ပိုင်းတော့ တစ်နာရီ မထိုင်ဖြစ်ပါဘူး။ အကြံပေးတာကိုတော့ တကယ်ကိုကျေးဇူးတင်ပါတယ်။ အားနာတတ်တာ ဆိုလို့ – – – ကျမတို့ ရပ်ကွက်က […]

Memories of Mi Aung (42)

တမ်းတမိ မနေ့က နေအတော်ပူတာဘဲ။ နေပူလိုက် မိုးစပ်စပ်လေးရွာလိုက်ဆိုရင်တော့ မင်းသားလေးတွေထွက်လာ တာတွေ့ရ တတ် တယ်။ အိမ်ရဲ့ဘေးတံခါးပေါက်ကြီးဖွင့်ထားတော့ အိမ်ကကြောင်တွေလဲအိုက်ရှာတာမို့ အပေါက်ဝမှာထိုင်နေရင်း၊ ဇတ်ခနဲ ဆိုကြောင်ကငုတ်တုတ် ထထိုင်လိုက်တာ။ ကြောင်တွေတနေရာရာကို အသေအချာစိုက်ကြည့်နေပြီဆိုရင် သတိထား ရတော့ တယ်။ တစ်ခုခုတွေ့လို့ဆိုတာ သိသာတာမို့ ကြည့်လိုက်တော့၊ ဘုရားဘုရား – – နဲတဲ့အကောင်ကြီးမဟုတ်ပါလား။ ( တော်ရုံ အကောင်သေးသေးလေးဆိုရင်တော့ ကြောင်တွေက အလွတ်မပေးဘဲ ခုတ်တတ်ပါတယ်။ ဒါဆိုရင်လဲ အိမ်ထဲကို ချီလာမှာစိုးလို့ လိုက်ကြည့်ပြီး၊မောင်းထုတ်နေရတာ။) သရက်ကိုင်းကျိုးအောက်ကထွက်သွားတာ။ ​ တံခါးမကြီးကို ကမန်းက မ်းပိတ်ပြီး ကြောင်တွေကိုလဲ အိမ်ထဲမောင်းသွင်းရတော့တာပေါ့။ ကြောင်လေးတွေကိုလဲကျေးဇူးတင်နေရပါသေးတယ်။ ကျမတို့တော့ အဲ့ဒီလိုသာတွေ့ပြီးရင် အိမ်ထဲမှာနေရင်းတောင် […]

Memories of Mi Aung (41)

ငယ်သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများခြင်းသည်လဲ မင်္ဂလာတစ်ပါးပါလား။ ငယ်ကပေါင်းခဲ့တဲ့ငယ်ပေါင်းတွေဆိုတော့လဲ၊ ပြောမနာ ဆိုမနာနဲ့၊ ခုချိန်ထိတစ်ဦးနဲ့တစ်ဦးလဲ တွေ့ကြရင်ဖြင့် ထုထောင်းရိုက်ပုတ်ပြီးနေတတ်ကြတာပါဘဲ။ ဟန်ဆောင်မှုကင်းကင်းနဲ့မို့ ပိုပြီးအဆင်ပြေသလို။ ငယ်စဥ်တုန်းကတော့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့တာ၊ အတင်းပြောတာ မျိုးစုံ ကြုံခဲ့ရတာပေါ့လေ။ သူငယ်ချင်းတစ်ယောက်ရဲ့သားမင်္ဂလာဆောင်မှာ ဆုံမိကြလို့ ခရီးထွက်ကြမည့်အစီအစဥ်လေး၊ ရုတ်တရက်ပေါ်လာတာ။ ချက်ချင်းထစီစဥ်လိုက်လို့သာ၊နို့မို့ဆိုပျက်ဦးမှာ။ အလောင်းတော်ကဿဖ သွားကြမလို့။မုံရွာမှာ သစ်တောကသူငယ်ချင်းဝင်းနိုင်ရှိတယ်။ အိုကေပေါ့။ သူကလဲ “ငါပင်စင်မယူခင် လာခဲ့” တဲ့လေ။ ဒီက “မယ်မငြင်း “တို့ညီအစ်မတွေက အမြဲခရီးသွားဖို့ ချောင်းနေတာ။ ကျမရယ်၊ဝက်ပေါရယ်၊ တူမသုံးယောက်ရယ်။ မြင့်ခင်နဲ့ရွှေပေါရယ်၊ သ္မီးလေးမေသူခိုင်ရယ်။ စိုးမြင့်ရယ်သူ့ဇနီး ဆွေရယ်။ လူစုလို့ရသွားပြီပေါ့။ ခင်စန်းနု အိမ်မှာဖုံးဆက်ပြီး လူစုတော့ ခင်စန်းနုပါ လိုက်ချင်လာပြန်ရော။ကိုတင်ထွန်းကသူ့မိန်းမကိုကြည်ကြည်သာသာထည့်လိုက်ရှာပါတယ်။ ဒီလိုနဲ့ […]

Memories of Mi Aung (40)

ထူးတဲ့မေပျို မကြုံစဘူး ထူးခြားဖြစ်စဥ်လေးတွေတော့ လူတိုင်းမှာရှိကြမယ်ထင်ပါတယ်။ တရားတော်အရ”ကောင်းတာလုပ်တဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုးခံစားကြရမယ်”ဆိုတာလဲ၊ ငယ်ကထဲက မိုးကုတ် တရားတွေ နာခဲ့ရဘူးတော့ “အသိ”လေးလဲရှိပါတယ်။ မိုးကုတ်တရားတွေ နာခဲ့ရတာလဲ ဌာနာလမ်းက သူငယ် ချင်းကြည် ကြည်ခင်တို့ရဲ့အဖေ အဘဦးသန်းးနဲ့အမေဒေါ်ခင်တုတ်တို့ရဲ့ကျေးဇူးကြောင့်ပါ။ ငယ်စဥ်ကတော့ သူတို့အိမ်မှာ ညတရားပွဲ ကျင်းပရင် သူငယ်ချင်းတွေ စားကြသောက်ကြ ပျော်ကြဖို့သာ အဓိကပါ။ ဒါပေမဲ့ အဘက “တရားစကား”တစ်လုံးဘဲ ရရ၊ တရားတော့ နာရမယ်ဆိုတာကြောင့် ကျမတို့ မိုးကုတ်တရားဟောတဲ့ ဆရာကြီးဦးလှဖေရဲ့တရားကို နာခဲ့ကြရတာပါ။ ဒီလိုနဲ့ဘဲ ဘွဲ့တွေရကြပြန်တော့ အရင်လို မဆုံကြရတော့ဘဲ၊ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြရပြန်ပါရော။ ဘဝတစ် သက်တာ အတွက်ရုန်းကန်ကြရပြီလေ။ လူတိုင်းဟာ အခြေတကျနဲ့ နေနိုင်ဖို့၊ပြည့်စုံဖို့ဆိုတဲ့ အတွေးတွေနဲ့ပါ။ဒါပေမဲ့လို့ […]

Memories of Mi Aung (39)

သတိရမိတာလေးများ – – -( ၂ ) အမေ့ဇာတိဆားမလောက်ရွာကို သွားကြည့်ချင်တဲ့ အာရုံလေးကိုတော့ သတိလေးနဲ့ ဆင်ခြင်ထားလိုက် ပါတယ်။ အဖေတို့ ရွာကို နဲနဲပိုပြီး သိတတ်တဲ့အရွယ်မှာတော့ နောက်တစ်ခေါက်ပေါ့။ထန်းတပင်ကို ရောက်တဲ့အခေါက်ရေကို လက်ချိုးရေလို့ရပါရဲ့။ ဒီအခေါက်ကတော့ ရွာမှာ ဘုန်းကြီးပျံပွဲရှိလို့သွားကြတာ။ ရန်ကုန်မှာရောက်နေတဲ့ ထန်းတပင်သားတွေ သင်္ဘောဆိပ်မှာ တိုးမပေါက်ဘူး။ ကျမတို့ရဲ့ဝမ်းကွဲညီမ ကြည်ကြည်ညွန့်နဲ့ သူ့အမေအန်တီမအေးခင်ဖက်က ညီမတွေရောပါဘဲ။ အဲ့ဒီအရွယ်ကထဲက မိန်းကလေးတွေရဲ့ဇာတိများ ပြိုင်ချင်ဆိုင်ချင်တတ်တာ မွေးရာပါဗီဇလေလားလို့ထင်မိပါတယ်။ အဲ့ဒီမှာအဖေ့ငယ်သူငယ်ချင်း ဦးအုန်းခင်ရဲ့ဇနီးဒေါ်အေးမြိုင်နဲ့ သ္မီးချောလေးတွေက လေးယောက်။ ကျမတို့ညီအစ်မတွေက တစ်လှေကြီး။ အဖေတို့သူငယ်ချင်းတွေက ငယ်စဥ်က ကိုယ့်အိမ်တက်စား၊သူ့အိမ်တက်စားနေလာကြသူတွေမို့ ဧရာဝတီသင်္ဘောကြီးကိုစောင့်ရင်း ငယ်ကအကြောင်းတွေ ပြောလို့ရယ်ပွဲဖွဲ့မကုန်ပေါ့လေ။ နောက်တော့မှ ကလေးတွေအကြောင်းမေးတော့၊ […]

Memories of Mi Aung (38)

သတိရမိတာလေးများ တချိန်တုန်းက ရန်ကုန်တိုင်း၊ထန်းတပင်ဆိုတာ မြို့ပိုင်ရုံးစိုက်ရာမြို့လို့၊လူကြီးတွေပြောသံ ကြားခဲ့ဘူးပါတယ်။ ကျမငယ်ငယ်ကတော့ အသွားအလာခက်ခဲတယ်ထင်လို့သိပ်မကြိုက်လှပါဘူး။ ဒါပေမဲ့ ကလေးသဘာဝမို့ ကြည့်မြင်တိုင်၊ ကျောက်တံတားဆိပ်ကမ်းကနေညောင်တုန်းသင်္ဘော၊ဘောလယ်သင်္ဘောကြီးစသဖြင့် စီးပြီးသွားရတာမို့သိပ်သွားချင်တာပါ။ လှေကလေးတွေကပ်လာပြီး၊ ခံတောင်းလေးနဲ့ထည့်လာတဲ့ အစားအသောက်တွေကို သိပ်မက်တာ။ ဒါပေမဲ့ ကျွန်းငူမှာ သင်္ဘောဆိုက်လို့ ဆိပ်ကမ်းကိုတက်ရတာတော့ ခက်လှပါတယ်။ ကြောက်တာလဲပါတာပေါ့။ အဖေနဲ့မြေးတွေလာရင် အမေကြီး (အဖေ့ရဲ့အမေ) က သိပ်သဘောကြတာ။ ထန်းတပင်အိမ်မှာရှိတဲ့မြေးတွေက နဲနဲကြီးနေကြပြီမို့။ ရန်ကုန်အိမ်ကနေပြောင်းသွားတော့ အမေကြီးက ကျမတို့ရဲ့ဘကြီး ဦးမောင်မောင်ကြီးရဲ့မိသားစု၊ဘကြီးဦးအောင်ခင်ရဲ့မိသားစု၊ အဖေချစ်လှိုင် (အဖေ့အထက်ကဘကြီး) တို့နဲ့အတူနေကြတာ။ သားတွေနဲ့မခွဲဘဲ သေသည်အထိအတူနေကြတာ။ ကျမရဲ့အမေတစ်ယောက်ဘဲ အိမ်ခွဲနေခဲ့တာဆိုတော့ အမေကြီးက သူ့သားအငယ်ဆုံးလေးရောက်လာရင်၊ အိမ်ရှေ့က ကုလားထိုင်ကြီးပေါ်မှာထိုင်ပြီး လာသမျှစျေးသည်ခေါ်တော့တာဘဲ။ ပြီးရင် ကြီးကြီးမလှမြိုင်ကို “လှမြိုင်ရေ […]

Memories of Mi Aung (37)

ကြုံရ ဘုံဘဝ အမြဲစူးစမ်းလေ့လာနေတတ်တာကတော့ ကျမတို့အမေဒေါ်ခင်မေပါ။ စီးပွါးရေးအကွက်ကိုအမြဲချောင်းနေတတ်သူပါ။ ဒါလဲ သူချမ်းသာချင်လို့မဟုတ်ပါဘူး။ သားသ္မီးတွေ မျက်နှာမငယ်ရ၊လူတန်းစေ့နေနိုင်အောင်ထားချင်တဲ့ စေတနာသက်သက်ဘဲ ရှိတယ် ဆိုတာကိုတော့ ကိုယ့်အမေမို့ သိတာပေါ့။ ကျမတို့အလုပ်သွားနေတာ အိမ်ပြန်ရောက်တော့အမေ့ကိုရှာမတွေ့လို့။ လိုက်မေးရတာပေါ့။ ရှာရှာကြံကြံ ငါးခြောက်တို့ ဘဲဥတို့ရောင်းတဲ့အဒေါ်ကြီးနဲ့လိုက်သွားတယ်။ ဘဲဥတွေ ငါးခြောက်တွေရောင်းဖို့လိုက်ဝယ်တာတဲ့လေ။ဘယ်ကိုလဲမေးပါဦး၊ ပင်လယ်ဝနားက ရွာကိုပါတဲ့။ ပြန်မရောက်မချင်း စိတ်ပူလိုက်ရတာလေ။ ပြန်လဲရောက်ရော ဘဲဥတွေ၊ငါးခြောက်တွေပါ လာပါရဲ့။ အမေကမှလမ်းဘေးမှာ ထိုင်ပြီးစျေးမရောင်းရဲရှာတာ။ အဲ့ဒီအဒေါ်ကြီးကကြည့်မြင်တိုင်၊ ဥယျာဥ်လမ်းထိပ်က ကုက္ကိုလ်ပင်ကြီးအောက်မှာထိုင်ရောင်းတာ။ သူ့ကိုဘဲ ပစ္စည်းတွေပေးပြီးရောင်းခိုင်းရတာဆိုတော့ သူပြန်ပေးမှကိုယ် ပြန်ရ မှာလေ။ ဝက်ပေါက တကယ်သတ္တိကောင်းတာ။ မနက်ဆို အဲ့ဒီမိန်းမကြီးနားမှာ စျေးကွဲတဲ့အထိထိုင်စောင့်ပြီး ရသမျှပိုက်ဆံ လေးကို ပြန်တောင်းယူရရှာတယ်။ အချို့သောသူများကလဲ […]

Memories of Mi Aung (36)

အမှတ်ရမိတယ် – ( ၂ ) ညဖက်နဲနဲစောပြီးအိပ်လိုက်မိလို့၊နံနက်၃နာရီလောက်နိုးပြီး၊ အတွေးတွေ တောင်ရောက် မြောက်ရောက်နဲ့ပါ။ ပျော်စရာ၊ ဝမ်းနဲစရာ၊ ကြေကွဲစရာတွေမို့ ကုသိုလ်စိတ်ထက် အကုသိုလ်စိတ်ကပိုနေမလားဘဲ။ ကုသိုလ်စိတ်ကလေး ကိုတွေးမိ တော့ကြည်နူးရပါတယ်။ ဒဂုံကိုပြောင်းလာကထဲက အမေ့ခမြာမှာ တခါလောက်ဘဲ “ဇနိတာရာမ”မှာ တရား စခန်းဝင်ရရှာတာ။ အိမ်နဲ့လဲအလှမ်းကဝေး (အဲ့ဒီအချိန်ကသွားရေးလာရေးခက်ပါတယ်။) နေတော့မပို့နိုင်ပါဘူး။ တစ်ခေါက် လေးပို့ဖြစ်တယ်၊ အမေက တအားမူးတာနဲ့ ဆရာတော်ကကားစီစဥ်ပေးပြီး အိမ်ကိုပြန်ပို့ခိုင်းပေးလို့တော်ပါသေးရဲ့။ ညနေဖက်ဆို ဒဂုံကို ကားငှားရတာအဆင်မပြေလှလို့ပါ။ မောင်လေးတို့ဆုံးတော့ အမေ့ကို တရားစခန်းသွားစေချင်လွန်းလို့ သုဝဏ္ဏ မှာသင်္ကြန် ရက်စခန်းဝင်ခိုင်းပါသေးတယ်။ နောက်တစ်နှစ်တော့ ကျမတို့ရုံးကပြန်လာရင် အမြဲတမ်းတွေ့နေရတဲ့၊ မြေကြီးတွေကို သံဃာတွေကိုယ်တိုင်သယ်ပြီး မြေဖို့ နေတဲ့ဘုန်းကြီးကျောင်းလေးမှာ […]

Memories of Mi Aung (35)

အမှတ်ရမိတယ် ထူးခြားတဲ့စွမ်းရည်ရှိတယ်ဆိုတာ သူ့ရဲ့ပင်ကိုယ်ဗီဇမို့ လုပ်ယူလို့မရပါဘူး။ အားကျလို့ကြိုးစားရင်တော့ ရနိုင်ပေမဲ့ သူ့လောက်တော့အစွမ်းထက်မှာမဟုတ်ပါ။ အော်၊ ဒီမနက်ပုဇွန်ဆီလေးကို ကြက်သွန်ဖြူလေးဆီသတ်ရင်းနဲ့ အမေကြိုက်တတ်တာလေးမို့သတိတွေရပြီးလွမ်းမိသွားတာ။ ကျမတို့ဒဂုံကိုပြောင်းလာပြီး မကြာခင်မှာဘဲ ကျမတို့အိမ်ရှေ့အိမ်ကမီးစပြီးလောင်ပါရော။ နေ့လည်ဆို အမေတစ်ယောက် ထဲအိမ်မှာကျန်ခဲ့တာမို့၊ အိမ်ရှေ့တံခါးမကြီးကပိတ်ထားရပါတယ်။ အဲ့ဒီအချိန်မှာ အမေက နေ့လည်စာခေါက်ဆွဲပြုတ် လေးထိုင် သောက်နေတုန်း ခေါင်ရင်းပြူတင်းပေါက်လေးကို ကြည့်နေတာ၊ အိမ်ရှေ့အိမ်က မမြင့်က သူ့ရဲ့”ချိ”နေတဲ့သ္မီးလေးကို မနိုင်မနင်းနဲ့ဆွဲပြေးတာတွေ့လို့ထွက်ကြည့်မှမီးလောင်နေမှန်းသိရတာ။ အမေက နားလေးတော့ အော်သံမကြားရရှာဘူးလေ။ အမေလဲအိမ်ပေါ်ထပ်ကသေတ္တာကိုတက်ဆွဲသေးတာတဲ့။ မနိုင်တော့ ဒီအတိုင်းထားခဲ့ပြီး၊ဘေးပေါက်ကထွက်လို့ သော့ခတ်၊ အိမ်ရှေ့က ခြံစည်းရိိုးခတ်ထားတဲ့ ဝါးကပ်တွေကိုတွန်းလှဲပစ်တာ၊ ပြီးတော့မှနောက်ဖေးခြံစည်းရိုးက်ိုပါတွန်းလှဲပြီး၊ နောက်ဖေးခပ်လှမ်းလှမ်းကနေ အိမ်ကိုစောင့်ကြည့်နေရတယ်တဲ့။ မီးလောင်တယ်ဆိုလို့ ပြေးလာကြတဲ့ ဦးအေးသိန်းနဲ့ ဦးလှရွှေတို့က “အမေကြီးမကြောက်နဲ့” ဆိုပြီး၊လက်ကိုဆွဲထားကြတာ၊အိမ်ကိုဆွမ်းခံကြွတဲ့ဘုန်းကြီးနဲ့ကိုရင်လေးတွေကလဲ […]

Memories of Mi Aung (34)

လမ်းကြိုက်တဲ့ အမေ “သွားပါများခရီးရောက် – – – – မအိပ်မနေ အသက်ရှည် – – – -“ဆိုလို့ အမေကတော့ခရီးသွားတာ ဝါသနာပါလွန်းလို့၊အသက်၉၀ကျော်တဲ့အထိကိုအသက်ရှည်အနာမဲ့စွာဖြင့် ခရီးတွေ ထွက်ခဲ့ကြတာပါဘဲ။ ယ္ခုအထိ စိတ်မကောင်းဖြစ်နေမိတာကတော့ ဆရာတော်က ဗုဒ္ဓဂါယာထည့်လိုက်ဖို့ခေါ်စဥ်ကမထည့်လိုက်ရတာပါဘဲ။ အဲ့ဒီအချိန်က အမေ့ကိုထည့်လိုက်နိုင်ဖို့ ငွေပြည့်စုံပေမဲ့၊ သူ့အတွက်အဖေါ်တစ်ယောက်လိုက်ဖို့က မနိုင်ဝန်ဖြစ်နေခဲ့လို့ပါ။ တရားစခန်းကယောဂီတွေကလဲ သူတို့ဘယ်သွားသွား ဒေါ်ခင်မေကိုအရခေါ်ကြတာ။ ပထမဆုံး ရွှေခြံဆရာတော် ဘဒ္ဒန္တရ ဇာဂရိယကရွာကို လိုက်ခဲ့ဖို့ မယ်တော်ကြီးတွေကိုခေါ်တော့လဲ အမေရှေ့ဆုံးကပါတာပါဘဲ။ နတ်ကြိုတောရွာက မြင်းခြံမှာ ရှိတာပါ။ အမေ့ကိုထည့်လိုက်ဖို့ ပြောကြတဲ့ မမဒေါ်သန်းမြင့်၊ ဒေါ်ရွှေ၊ ဒေါ်မြင့်မြင့်သန်း တို့ကိုကျေးဇူးတင်ပါတယ်။ အန်တီဒေါ်ခင်မြင့်ကတော့ အမေ့ကိုကူချင်ပေမဲ့ အမေ့လောက်တောင် […]