Category: Mi Aung

Memories of Mi Aung (55)

Update : October 19, 2021 ပန်းပျိုးသူ ဆိတ်ဖလူးပန်းပင်လေးလိုချင်လွန်းလို့ စျေးကနေ အပင်ပေါက်လေးကို ၇၀၀ကျပ်ပေးပြီးဝယ်လာခဲ့တာ။ အပင်ကတစ်တောင် လောက်ဘဲရှိတာလေ။ စိုက်ဖို့နေရာရွေးရင်းနဲ့ အိမ်ရှေ့မှာချထားမိတာ၊ ကြက်က လာပြီးဆိတ်လို့ ၊ စိတ်တိုပြီးတွေ့တာနဲ့ ကောက် ပေါက်ပစ်လိုက်တာပေါ့။ တဒင်္ဂစိတ်မထိန်းနိုင်တာလေ။ ကြက်ဆိုတဲ့အမျိုးကလဲ မျက်စိလျင်ပါ့။ ပြေးလိုက်တာ တန်းနေ ရောဘဲ။ ခုတော့ သူ့ကိုနေရာတကျစိုက်ထားတာ ၇ပေလောက်တောင်ရှိနေပြီး၊ အခက်အလက်တွေဝေဝေဆာဆာနဲ့။ သူများတွေဆီမှာ ဆိတ်ဖလူးပန်းတွေ ပွင့်ပြီး ကြွေကျနေတာများ ကောက်လို့တောင်မနိုင်ဘူးဆိုတော့၊ မနက်တိုင်း သွားကြည့်ရတာအမောပါဘဲ။ တကယ့်ကို “မျှော်တော်ယောင်”ပါ။ အမေ့ရဲ့သရက်ပင်တွေကြီးလာတော့လဲ၊ဒီလိုပါဘဲ။ အမေက သရက်ပင်အတော်ကြီးလာတဲ့အထိ ရေလောင်းစိုက်ခဲ့ရရှာတာ။ အမေကစိုက်ထားတယ်ဆိုတော့လဲ၊ ကျမကလမ်းသွားရင်းနဲ့ သရက်ပင်မြင်တိုင်း မော့ကြည့်မိပြန်ရော။ သူများအပင်တွေမှာ […]

Memories of Mi Aung (54)

လူဆိုး P I C မှာ၁၉၇၈ ခုနှစ်၊ မေလ( ၂ )ရက်နေ့မှာစပြီးအလုပ်ဝင်ခဲ့ပါတယ်။ ရပ်ဆွေရပ်မျိုးဖြစ်တဲ့ ဦးလေး ဦးသိမ်းဖေရဲ့ ထောက်ခံချက် နဲ့ အလုပ်ရခဲ့ရတာပါ။ (ရေနံဓါတုဗေဒလုပ်ငန်း ကော်ပိုရေးရှင်း၊ Petrochemical Industry Corporation.) ရေနံရုံးတို့ အခွန် ရုံးတို့ဆိုတာ လူခံမရှိရင် အလုပ်ဝင်လို့မရတာမို့ ဦးလေးကိုကျေးဇူးတင်လို့မဆုံးပါဘူး။ ပထမဦးဆုံး ရေနံဓါတု-စီမံရေးဌာနရဲ့ ပြည်တွင်းဝယ်ယူရေးဌာနမှာပါ။ ကနဦးဆရာကတော့ ဌာနမှူး ဦးအောင်မြင့်ပါဘဲ။ အလွန်သဘောကောင်းတာမို့ သူ့ဌာနကလူတွေက သိပ်မကြောက်ကြပါဘူး။ အလုပ်စတက်တဲ့နေ့ကတော့ သိတဲ့သူမရှိလို့ ယောင်ချာချာနဲ့ ဒီနေရာမှာထိုင်ဆိုလို့သာ စားပွဲကုလားထိုင်နဲ့ထိုင်နေလိုက်ရတယ်၊ အတော်ကိုအူကြောင်ကြောင်နိုင်တာပါဘဲ။ ၁၀ နာရီလောက်ရောက်တော့ ကျမစားပွဲရှေ့ကခုံကိုအစ်မတစ်ယောက် ရောက်လာလို့ ကြည့်လိုက်တဲ့အခါ၊ “ထခုန်မိမ တတ်” […]

Memories of Mi Aung (53)

ကြုံလေ ဘုံပွေ ၁၉၉၀ခုနှစ်အလွန်နှစ်ဆီတုန်းက – – -သတင်းစာကြော်ငြာလေးတွေကြည့် ကိုယ်နဲ့ကိုက်ညီမည်ထင်တဲ့ အလုပ်ကလေး တွေ တွေ့ရင် ခဲတံအနီလေးနဲ့ခြစ်ပြီးမှတ်ထား။ အဲ့ဒီအချိန်တုန်းက ယ္ခုခေတ်လို လွယ်လွယ်ကူကူ ဆက်သွယ်မေးမြန်းနိုင်တဲ့ တယ်လီ ဖုန်းကလဲမရှိဆိုတော့၊ ကိုယ်တိုင်ဘဲအပင်ပမ်းခံပြီး လိုက်စုံစမ်းရတာပါ။ “ထီးဖြူ၊ ဖိနပ်ပါး” ရတာများပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတဲ့ကြော်ငြာလေးကတော့ ခနောင်(အရှေ့)ကျေးရွာက တွဲဖက်အထက်တန်းကျောင်းအတွက် ဆရာမတွေခေါ်တာပါ။ ဘယ်နေ့၊ဘယ်အချိန် လူကိုယ်တိုင် လာရောက်လျှောက်ထားပြီး၊ အင်တာဗျူးပါ​ တခါထဲဖြေရမယ် ဆိုတော့ အပြေးအလွှားသွားရတာပေါ့။ သာကေတက ဆရာကြီးဦးအောင်ချိန်ရဲ့အိမ်မှာ ရွာကဘုန်းဘုန်းကိုယ်တိုင် မေးမြန်းပြီး၊ တခါထဲ ခန့်မှာပါ။ (ဆရာကြီးဦးအောင်ချိန်က စည်းကမ်းအလွန်ကြီးပြီး၊ အလွန်သမာသမတ်ရှိပါတယ်။) အလုပ်သွားလျှောက်တယ်ဆိုကထဲက ကိုယ့်အားကိုယ်ကိုးပြီးသွားရမှာမို့၊ သာကေတကိုမေးမြန်းပြီးသွားရတော့တာပေါ့လေ။ လိပ်စာလေးကိုင်ပြီး စုံစမ်းနေတုန်းမှာဘဲ ကိုယ့်ထက်နဲနဲလေးငယ်မယ်ထင်ရတဲ့ […]

Memories of Mi Aung (52)

ငယ်တုန်းကသူငယ်ချင်း ငယ်သူငယ်ချင်းဆိုတာ သိတတ်ခါစအရွယ်ကထဲက စိတ်တူကိုယ်တူပေါင်းသင်းခဲ့တဲသူတွေကိုခေါ်တာလား။ ဟိုး ကျောင်းနေစအရွယ်တုန်းက သူငယ်ချင်းတချို့ကိုတော့ ကောင်းကောင်းမှတ်မိတဲ့သူကနဲနဲဘဲရှိပါတယ်။ကျန်တဲ့သူတွေကို မမှတ်မိဘူးဆိုတာကတော့ ကျမက St.Philomena’s Convent ကိုကျောင်းပြောင်းတက်ခဲ့ရလို့သာပါ။ Convent ကျောင်းရောက်စမှာ ကျမကို ပျူငှာစွာခေါ်ပြောခဲ့တဲ့ သူငယ်ချင်း Pansy Nyi (မိမိအေးအေး) ကတော့ ခုချိန်ထိကို ချစ်ခင်မပျက်ရှိနေစဲပါဘဲ။ Middle KG ကနေ ၅တန်း ၆တန်းလောက်အထိကတော့ အတွဲမပျက်ခဲ့ကြပေမဲ့၊ ကျမကဘဲ ပွေပွေ လီလီ အပေါင်းအသင်းများလို့လားမသိပါဘူး၊အခြားသူငယ်ချင်းတွေနဲ့တွဲဖြစ်သွားတာပါ။ Pansy, Sheila, Daisyနဲ့ ကျမတို့က လေးတန်းလောက်ရောက်တော့ အသီးသီး အခြား သူငယ်ချင်းတွေနဲ့ တွဲဖြစ်သွားကြသလို ကျမကတော့ ထူးထူးငွေ၊ အေးအေး ချစ်တို့နဲ့အဖွဲ့ကျသွားပြန်ပါရော။ Pansyနဲ့ […]

Memories of Mi Aung (51)

သံသရာ နေ့မနက် ညီမလေးရဲ့အလုပ်ကိစ္စလေးရှိလို့ သူ့ရုံးကိုတက္ကဆီနဲ့သွားကြတာ၊ မီးပွိုင့်တွေကပျက်နေတော့၊ လမ်းဆုံလမ်းခွမှာ ရှေ့တိုးမရ၊နောက်ဆုတ်မရနဲ့ ။တော်သေးတာက ခန္တီပါရမီလေးအတော်အသင့် ရထားပေလို့သာပါဘဲ။ ကျမကြည့်နေမိတာတော့ လူတွေဟာကိုယ့်အတွက်ဘဲ ကိုယ်ကြည့်ပြီး၊ သူ့ထက်ငါ အလုအယက် တိုးဝင်နေကြတော့ ဒီလမ်းကြီးပိတ်နေတာ ဘယ်ဆန်းတော့မှာလဲ။ အလျှော့ပေးချင်စိတ်ကိုမရှိကြတာပါလား။ တကယ်တော့ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ကိုယ် အရေးကြီးကြတာချည်းပါဘဲ။ဒါပေမဲ့ လျှော့သင့်တာလျှော့လို့၊ တိုးသင့်တာလေးကိုဘဲ တိုးမယ်ဆိုရင် တော့ အားလုံးအဆင်ပြေသွားကြမှာပါ။ ကားမောင်းတဲ့ကလေးက စိတ်ရှည်ရှည်လေးနဲ့ တောင်ဥက္ကလာပက လမ်းခြားလေးတွေထဲ ဟိုဝင်ဒီထွက်နဲ့ မောင်းပေးရှာလို့သာ လိုရာခရီးကို အချိန်မှီလေးရောက်ရတော့တာ။ သွားရင်းနဲ့ မိုးတွေကလဲသဲသဲမဲမဲကိုရွာလိုက်တာမှ၊ ကျမတို့ ဒဂုံကနေ စထွက် တော့ နေပူတာမှ ကျဲကျဲတောက်ပါဘဲ။ အော် မိုးကလဲ ကွက်ကြားရွာတာတောင်သဲကြီးမဲကြီးပါလား။ ဒီလိုနဲ့ […]

Memories of Mi Aung (50)

သတိ စွဲလန်းတယ်ဆိုတာ ဘာကိုစွဲလန်းတတ်တာမှ မကောင်းပါဘူး။ မသိဘူးလားဆိုတော့သိကြပါတယ်။ ဒါပေမဲ့လို့ အတ္တလို့ဘဲ ခေါ်လေမလား။ စိတ်အလိုလိုက်နေမိကြတယ်လို့ဘဲခေါ်လေမလား။ ကိုယ်ကြိုက်တဲ့ပစ္စည်းသေးသေးမွှားမွှားလေးကအစ ဟောင်းနွမ်းလို့၊ သုံးမရတော့ဘူးဆိုရင်တောင်မှ လွှင့်မပစ်ရက်ဘဲ၊ ဒီ ပစ္စည်းလေးက ဘယ်ကရတာ၊ ဘယ်သူပေးထားတာ ဆိုတာမျိုးလေးကိုတသသ ပြန်တွေးရင်းနဲ့အနှစ်နှစ် အလလစွဲစွဲ လန်းလန်း သိမ်းထားတတ်ကြတာ။ ” စွဲလန်းမှု ” တဏှာ တွေပါလား။ ကျမကို သူများတွေကပြောကြတယ်။ “မှတ်ဥာဏ်ကောင်းလှချည်လား ” တဲ့။ ပြန်တွေးကြည့်ရင် ရှက်မိသလိုပါဘဲ။ နောက် ကြောင်းကို ပြန်တွေးပြီး “ဖြစ်ကြောများရှည်” နေလေရော့သလားလို့ပါ။ သူတော်ကောင်းတွေ ကြောက်တဲ့ အလုပ်တွေပါ။ ငယ်ငယ်တုန်းက ဆရာမကကျောင်းခန်းထဲမှာ စကားမပြောရဘူးဆိုရင် တယ်ပြောချင်ကြတာကိုး။ (ကျမတို့ရဲ့ အတန်းခေါင်း […]

Memories of Mi Aung (49)

အတွေး မိဘကို လုပ်ကျွေးပြုစုပါ။ ဂရုစိုက်ပါ။ မိဘကိုအလုပ်အကျွေးပြုတဲ့သူဟာ ဘယ်တော့မှမဆင်းရဲဘူး၊ ဒုက္ခမရောက်ဘူး။ လူမှုကွန်ယက်မှာ ဒီလိုမျိုးတွေ အမြဲတန်းလိုတွေ့နေရ၊ ဖတ်နေရတော့ ကျမခေါင်းထဲမှာ အတွေးလေးတစ်ခုပေါ်လာမိလို့ပါ။ မိဘမစုံတဲ့ဘဝမှာ ကျင်လည်ခဲ့ရဘူးသူမို့ မိဘရဲ့တန်ဖိုးကြီးလှပုံကို ငယ်ကထဲကသိခဲ့ရပါတယ်။ အဖေက လွန်ခဲ့တဲ့ (၅၃)နှစ် ကထဲက ကျမတို့မိသားစုကို ခွဲသွားခဲ့တာမို့ အဖေ့ကို အလုပ်အကျွေးမပြုခဲ့ရပါဘူး။ အမေကတော့ အသက်(၉၆)နှစ်အထိ ကျန်းကျန်းမာမာနဲ့နေခဲ့ရပြီး၊ လွန်ခဲ့တဲ့( ၈ )လကမှကွယ်လွန်သွားခဲ့ရှာတာပါ။ သားသ္မီး( ၅ ) ယောက်ကိုလူတန်းစေ့ထားနိုင်အောင် ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးတွေဟာ တကယ်တော့ ဆပ်လို့မကုန် နိုင်အောင် ပါဘဲ။ အမေကသိပ်ကိုကျန်းမာတာမို့ သူ့အတွက်ကိုဘာမှ”ကရိကထ”မများခဲ့ပါဘူး။ ကျမတို့ညီအစ်မ အစိုးရအလုပ် စလုပ်ပြီး၊ ၂နှစ်လောက်မှာတော့ အမေ့ပေါင်မှာအနာပေါက်တာ […]

Memories of Mi Aung (48)

အားနာ၊သနားမိ နုနယ်လှတဲ့ကလေးတွေဟာ ငယ်စဥ်အခါက ကြား သိ ကြုံတွေ့ခဲ့ဘူးတာလေးတွေကိုစွဲစွဲမြဲမြဲမှတ်မိနေတတ်ကြလေသလားလို့။ အမေနဲ့အဖေ စိတ်ဆိုးလို့ အဖေတို့ရဲ့အိမ်ကနေ အမေကသေတ္တာဆွဲပြီးဆင်းသွားတာ၊ ဝမ်းကွဲအစ်မ မတင်ဦးက ကျမကိုခါးထစ် ခွင်ချီပြီးချော့ခဲ့တာတွေကို ရုပ်ရှင်ကြည့်သလို ပြန်ပြီးမြင်ယောင်မိတာ စသဖြင့်ပေါ့။ (၃နှစ်သ္မီးသာသာလောက်ကပေါ့။) အဖေက လွန်ခဲ့တဲ့( ၅၃ )နှစ်ကထဲက ကွယ်လွန်သွားခဲ့တာမို့( ၁၀)နှစ်စာသာသာလောက်ကိုသာ အဖေ့စရိုက်၊ အဖေ့အကြောင်း တွေကို မှတ်မိနေရတာပါ။ ရှေ့ သုံးနှစ်သ္မီးလောက်ကတော့သိတာမရေရာလှပေမဲ့၊( ၄ ) နှစ်သ္မီးလောက်ကျတော့ အတော်လေး မှတ်မိလာခဲ့ပါပြီ။ အဖေ ဆုံးတော့လေ စိတ်ထဲမှာ ငါတို့အဖေမှ သေရတယ်လို့ ရှက်နေမိတာ။ လူတောထဲတောင် မသွားရဲသလိုကိုခံစားရတာပါ။ သူများတွေကတော့ အဖေရှိကြတာပါလားရယ်လို့လဲ မနာလိုဖြစ်ခဲ့ဘူးတာပါ။ တကယ်တော့ အားကိုးစရာအဖေမရှိတော့တာကို […]

Memories of Mi Aung (47)

ဖြေတတ်ပါစေ ကြားဘူးတာလေးကတော့၊”လွမ်းစရာရှိရင် နာစရာနဲ့ဖြေ”။”နာစရာရှိရင် လွမ်းစရာနဲ့ဖြေ” ။ လို့ ဆိုတတ်ကြတာ။ ကျမကတော့ ဘာမဆို လွမ်းစရာနဲ့ဘဲဖြေ တတ်တာပါ။ ကိုယ်ရည်သွေးခြင်းမဟုတ်တာတော့အမှန်ပါလို့ သစ္စာဆိုဝံ့ပါတယ်။ ဆွေမျိုး၊ညီအစ်ကိုမောင်နှမ၊မိတ်သင်္ဂဟ အားလုံးကို အမြဲတန်းမေတ္တာမပျက် ပေါင်းချင်ခဲ့တာမို့၊ ကိုယ်ကဘဲ စိတ်လျော့ပြီးပေါင်းတတ်တာပါ။ အဲ့ဒီလိုပေါင်းတတ်ပြန်တော့ လူ့သဘာဝက”နိုင်နင်းချင်”တတ်ကြပြန်ပါရော။ မခက်ပါလား။ အသက်ငယ်တုန်းကတောင် ဘာမဆို သည်းခံပေါင်းနိုင်ရင်၊ အသက်၇၀တန်းရောက်ကြပြီလေ။သေခါနီးမှ ဘာမာန်တွေတက်နေစရာလိုသေးလို့လဲ။ တကယ်တော့ “လက်ဗလာ” နဲ့ပြန်ကြရမည့်သူတွေချည်းပါနော်။ ကျမရဲ့ နားထဲကို တချို့သော ဆွေမျိုး၊မိတ်သင်္ဂဟ ဆိုသူတွေရဲ့ပြောစကား၊တိုက်ခိုက်မှုတွေ သိရကြားရပြန်တော့လဲ၊ ဗြုန်းကနဲဆို ဒေါသကငယ်ထိပ်ရောက်တတ်ပြန်ပါသေးတယ်။ အရင့်အမာ တရားပြည့်နေတဲ့သူလဲမဟုတ်ဘူးလေ။ ဒါပေမဲ့လဲ သူ ကိုယ့်ကို ဘယ်တုန်းက ဘာလေးလုပ်ပေးဘူးပါလား ဆိုတာမျိုးလေးကို ပြန်တွေးလိုက်ရင်တော့လဲ “အော်၊သူအထင်လွဲတာပါ” […]

Memories of Mi Aung (46)

ဝဍ် မနက်ပိုင်းနေသာတာနဲ့ခြံရှင်းဖို့၊ အိမ်ပေါ်ကျနေတဲ့သစ်ကိုင်းတွေခုတ်ဖို့၊အလုပ်သမားခေါ်ထားတာ အဆင်ပြေသွားပါပြီ။ လွန်ခဲတဲ့သုံးပါတ်လောက်က မိုးတွေ လေတွေ တိုက်လို့ အိမ်ခေါင်မိုးပေါ်ကို “အုံးကနဲ” ဘာကျမှန်းမသိ၊ လန့်လိုက်တာ။ မိုးစဲမှ အပြင်ထွက်ကြည့်တော့မှ ကွမ်းသီးပင်ကြီးထက်ခြမ်းကွဲပြီး အိမ်ဘေးဖက်မှာ အဖီထုတ်ပြီးထားတဲ့ ရေကန်ရဲ့အမိုးပေါ်မှာ ကွမ်းသီးပင်ကြီးက ကန့်လန့်ကြီးကျနေတာကို။ တော်သေးတာက အမိုးပြိုမကျလို့သာပေါ့။ နို့မို့သာဆို အမိုးသာပြန်မိုးရလို့ကတော့ ၊ ခုလို ငွေကြေးကြပ်တည်းနေတဲ့ ကာလကြီးမှာ အတော်ကိုစိတ်သောကများရမှာ။ မိုးကလဲ မပြတ်နိုင်တော့ အပင်ခုတ်တဲ့သူလဲခေါ်မရ။ ကိုယ်တိုင်သာ ခေါင်မိုးပေါ်တက်ပြီး၊ ဆွဲချချင်တော့တာပါဘဲ။ ခုမှ အမေ့ကို ကိုယ်ချင်းစာမိပါတော့တယ်။ တခါ မနေ့တနေ့က သရက်ကိုင်းကြီးကျိုးကျပြန်တော့လဲ၊ မိုးမစဲလို့သရက်ကိုင်းကြီးကိုမဆွဲနိုင်။ သစ်ပင်မရှိရင် နွေအခါ အပူဒဏ်မခံစားနိုင်လို့သာပါဘဲ။ အကုန်ခုတ်ပစ်ချင်စိတ်ကိုပေါက်ရော။ သရက်ကိုင်းအောက်က အကောင်ရှည်တွေ့ပြန်တော့ […]