Category: Mi Aung

Memories of Mi Aung (74)

စိတ် မင်္ဂလာဆောင်ဖိတ်စာလေးက “အမျိုးသားအောင်ပွဲနေ့” တဲ့။ “အစ်မရေ နင်သွားလိုက်ပါ”ဆိုတော့လည်း၊ အမေ မရှိတော့ လူမှုရေးကိစ္စက ကိုယ့်တာဝန်ပေါ့လေ။ ပြီးခဲ့တဲ့နှစ်ကစလို့ နှစ်နှစ်အတွင်းမှာ ဘယ်မှလဲမသွားဖြစ်၊ လူမှုရေးကိစ္စတွေအားလုံးကိုလဲ လစ်လျူရှုထားရတဲ့ကာလပါ။ အမေက (၅-၂-၂၀၂၁)မှာကွယ်လွန်သွားခဲ့တော့၊ဘယ်ကိုမှမသွားချင်၊ အလှအပလဲပြင်ချင်စိတ်မရှိ၊ အဝတ်သစ်အစားအသစ်ဆိုတာလဲ မလိုချင်နဲ့၊ စိတ်ပျက်နေတာကြာပေါ့။ ခုတော့ သူ့အကြောင်း၊ ကိုယ့်အကြောင်း မသွားမဖြစ်တဲ့အခြေအနေဆိုတော့လဲ၊ လူ့ကျင့်ဝတ်အရ ဝတ်ရစားရပြင်ရဆင်ရပေါ့။ ကိုယ်လဲအသက်က(၇၀)တန်းရောက်နေပြီဆိုတော့လဲ၊ တော်သင့်ရုံပေါ့လေ။ ဒါပေမဲ့လို့၊ သွားဖို့ ပြင်ဆင်ရတော့မယ်ဆိုတော့ ပထမဆုံး မင်္ဂလာဆောင်တဲ့သူရဲ့ဂုဏ်ကို ချီးမြှင့်ရမှာမို့ အိမ်နေရင်းအဝတ်အစားနဲ့သွားလို့မှမဖြစ်တာ။ မဝတ်ဖြစ်တာကြာပြီဖြစ်တဲ့အဝတ်အစားတွေကိုမွှေရတော့တာပေါ့။တော်တာရော၊မတော်တော့တာရောပါဘဲ။ သွားမည့်နေ့ နံနက်စောစောစာ ချက်ပြုတ်ပြီး၊ ဆွမ်းတော်ကပ်၊စားသောက်ပြီးတာနဲ့၊ သွားရေးလာရေးအတွက် “စလုံးရေစ”ရပါပြီ။ ခြေသည်းလေးကအစပေါ့လေ၊ညစ်ပတ်နေမှာစိုးလို့၊ ​လက်သည်းညှပ်လေးကိုင်ပြီးခါမှ၊ တစ်သက်လုံး အလှကြိုက်တဲ့ “အငုံစိတ်”လေးထလာပြီးခြေသည်းဆိုးပစ်မိသွားတာပါ။ […]

Memories of Mi Aung (75)

အချိန် အခါ သိတတ်တဲ့အရွယ်ကစလို့ အလုပ်တွေလုပ်လာလိုက်ရတာ၊ တကယ်ကိုမနားရတာပါဘဲ။ ဒါကြောင့်ကလေးတွေကို နားရတုန်း လေးနားကြပါလို့ပြောရတာ။ သူတို့လေးတွေကလဲ ပညာဆုံးခန်းတိုင်တာနဲ့ အလုပ်ရှာကြတာ၊ ပြန်တွေးကြည့်တော့ အတော် ကိုသနားဖို့ကောင်းတာပါ။ ခုကာလကြီးက ကျမတို့ ဘွဲ့ရခဲ့တဲ့ကာလနဲ့ နဲနဲလေးမှကိုမတူတာပါ။ ခုခေတ်မှာ ဘွဲ့တစ်ခုရယုံနဲ့တော့ အလုပ်အကိုင် အခွင့် အလမ်းကဘယ်လိုမှရဖို့လမ်းမရှိတာပါ။ (အော်၊ ဒါကြောင့်လဲ သူသူငါငါအပြိုင် ကြိုးစားကြရတာကို။) လူ့လောကကို “အူဝဲ”ဆိုပြီးရောက်လာတဲ့အချိန်ကနေ အခုဆိုရင်တော့ အသက်(၃)နှစ်လောက်ကစပြီး မိဘတွေက မူကြို ကျောင်းကိုပို့ကြပြီး၊ (၅)နှစ်လဲပြည့်ရော ကျောင်းစပြီးထားကြတော့တာပါဘဲ။ကလေးတွေခမျာမှာ မိဘရင်ခွင်မှာ နားရတဲ့ အချိန်မရှိသလောက်ကိုရှားပါးကြရှာတာ။ မိဘတိုင်းက သားသ္မီးကို ကိုယ့်ထက်ပိုပြီးတတ်စေချင် တော်စေချင်ကြတာကတော့ အပြစ်မဆိုသာပေမဲ့၊ တချို့သောမိဘတွေကြတော့လဲ အင်မတန်ကို လောဘကြီးကြတာကလား။ ကိုယ့်သားသ္မီးရဲ့ […]

Memories of Mi Aung (76)

အမေ့စကား 5-2-2021 (Sunday.) ဒီနေ့မနက်အစောအိပ်ယာကထပြီး၊ ဘုန်းကြီးကျောင်းကိုဆွမ်းဟင်းပို့ဖို့ချက်ပြုတ်ပြင်ဆင်နေရတာလေ၊ အမေ့ကိုသတိရနေတာလေးကလွဲလို့၊ လှူဖို့တန်းဖို့အမျှဝေဖို့လေးကိုကြည်နူးနေရတာ။(နေ့စဥ်တော့ မနက်၆နာရီခွဲလောက်မှအိပ်ယာကထတတ်လို့ပါ။) အမေခွဲသွားတာ(၁၀)လတင်းတင်းပြည့်သွားပါပြီ။ အချိန်တွေအကုန်မြန်လိုက်တာမှ၊ ဘယ်လိုဘဲအချိန်တွေကုန်သွားပေမဲ့ လွမ်းစိတ်ကတစ်ရက်မှမပြေနိုင်ပါဘူး။ ဒါပေမဲ့ အမေ့အတွက် ကုသိုလ်ပြုပြီးအမျှအတန်းပေးဝေချင်တဲ့စိတ်ဇောကြောင့် ကြည်ကြည်လင်လင်ပါဘဲ။ ချက်ပြုတ်ပြီးလို့ဘုရားဆွမ်းတော်ကပ်၊ ဆွမ်းဂျိုင့်အတွက်ပြင်ဆင်ပြီး၊ ညီအစ်မနှစ်ယောက် နံနက်အဆာပြေစာလေးကိုစားလို့။ ခနနေတော့ “ရင်ဖိ”ရတဲ့အကြောင်းအရာလေးကိုကြားလိုက်မိရတာလေ၊ ဘုရားတပြီး မဆီမဆိုင်မျက်ရည်ကျခဲ့ရပါတော့တယ်။ #”အော်၊ တို့အမေအသက်(၉၀)ကျော်၊ “ကံကုန်နေ့စေ့”လို့ လူ့လောကကြီးထဲကထွက်သွားတာကိုတောင်၊ ဖြေလို့မပြေနိုင်ဖြစ်နေကြရသေးတာဆိုရင် – – – -” ခုနှစ်စဥ်အမျှင်တန်းလို့ ငယ်စဥ်ကထဲက ကိုယ့်မိဘရဲ့သွန်သင်ဆုံးမတာလေးတွေကိုပြန်လည်ကြားယောင်လာမိတာပါဘဲ။ “သ္မီးရေ လူတစ်ဖက်သားကိုစကားပြောတာလေးကစလို့ ဂရုစိုက်ပါ။ ကိုယ့်ရဲ့နားထဲမှာခံသာတဲ့စကားမျိုးကိုသာပြောပါ။ ကိုယ်ခံနိုင်မှ သူများခံနိုင်မှာဆိုတာ မြဲမြဲမှတ်ထားပါ” တဲ့လေ။ မှန်လိုက်တာ။ ကိုယ်လဲမခံစားနိုင်ရင်တော့ ခံရသူများမှာလဲ ခံစားနိုင်ကြမယ် […]

Memories of Mi Aung (77)

ကောင်းဆိုးနှစ်တန် အကောင်းလောကဓံကိုပျော်ပျော်ကြီးလက္ခံနိုင်ရင်၊အဆိုးလောကဓံနဲ့ကြုံရရင်လဲ မတုန်မလှုပ်ရင်ဆိုင်နိုင်ကြရမှာပါ။ အကောင်းကံ၊အဆိုးဒဏ်မခံနိုင်ကြရင်တော့ ပြိုလဲသွားရတော့မှာပါဘဲ။ လူရယ်လို့ဖြစ်လာပြန်တော့ ငိုတခါရယ်တလှည့်ပေါ့လေ။ လူတစ်ဦးစီမှာ တော့ ကံတွေကတစ်မျိုးစီပါလာတတ်ကြတာပါ။ မွေးစမှသေသည့်တိုင်အောင်ပြည့်စုံတဲ့သူနဲ့ဘဝတစ်လျှောက်လုံး အမျိုးမျိုးသော ဒုက္ခကိုရင်ဆိုင်ရသူနဲ့ဆိုတာကတော့၊ တရားသဘောအရ ပြုခဲ့ဘူးသောကံ အတိုင်းမို့၊”အကြောင်းအကျိုး”တွေပါဘဲ။ ကိုယ့်တွေရဲ့ ကံအကြောင်းတစ်ခုထဲမှာဘဲ၊ နိမ့်လိုက်၊မြင့်လိုက်နဲ့အမျိုးမျိုးအဖုံဖုံကြုံခဲ့ဘူးတာမို့၊ယ္ခုအသက်အရွယ်အရသာ “အော်၊ဒါတွေဟာဖြစ်တတ်တဲ့သဘာဝတွေပါလား၊ကံအကြောင်းတရားတွေပါလား” လို့ဆင်ခြင်နိုင်တာပါ။ ကျမတို့မိသားစုမှာ အမေ့ရဲ့အမွေဆိုင်အိမ်လေးကလွဲလို့ ကိုယ်ပိုင်အိမ်မရှိခဲ့ပါဘူး။ အမေ့အနေနဲ့ သူစီးပွါးရှာတတ်ပုံမျိုးနဲ့ဆိုရင် အိမ်တွေအများကြီးဝယ်နိုင်တာပေါ့။ ဒါပေမဲ့အမေက အိမ်ဆိုတာငွေအိပ်တယ်။လုပ်ငန်းမှာဘဲထည့်သုံးမယ်ဆိုတဲ့လူမျိုးပါ။ ထုံးစံအတိုင်း အမွေလဲခွဲကြရော၊ ကျမတို့ညီအစ်မမှာ နေစရာအတွက် အမိအရရှာကြရတော့တာပါဘဲ။ ရှိတဲ့ပိုက်ဆံလေးနဲ့ အိမ်လေးတစ်လုံးဖြစ်အောင်ဝယ်ကြရတာ။ အိမ်ဝယ်ဖြစ်အောင်တိုက်တွန်းတဲ့ ဦးလှိုင်ကိုကျေးဇူးတင်မဆုံးပါဘူး။ အိမ်ရဲ့အောက်ထပ်က မြေကြီးနဲ့ အုတ်လေးပတ်ထားပြီး၊ပြူတင်းတံခါးပေါက်ဖိုးမတတ်နိုင်လို့ ဝါးကပ်နဲ့အသေပိတ်ထားပြီးနေခဲ့ကြရတာ။သားအမိသုံးယောက်ထဲပါ။ ငယ်တုန်းကတော့ “အလုပ်ဟူသမျှဂုဏ်ရှိစွ”ဆိုသလိုဘဲ အားကြိုးမာန်တက်ရုန်းခဲ့ရလို့၊ လူလူသူသူအိမ်တစ်လုံးဖြစ်လာခဲ့တာပါ။ အမေကအမြဲပြောတတ်တယ်။ “ငါ့သ္မီးတွေကိုကျေးဇူးတင်ပါတယ်” […]

Memories of Mi Aung (78)

အမြင်မှန်၊အတွေးမှန် ဒဂုံရောက်ခါစက မြို့ထဲကိုသွားချင်ရင်၊ ကျမတို့ရပ်ကွက်ရဲ့တဖက်ရပ်ကွက်မှာနံပါတ်(၆၁)ဗိုက်ပူဘတ်(စ)ကားကြီးကိုသွားစီးရတာ။သွက်သွက်လေးလျှောက်ရင်မိနစ်( ၂၀ )လောက်လျှောက်ရပါတယ်။ (မိုးတွင်းများဆို ရွှံ့အလူးလူးနဲ့၊တဗိုင်းဗိုင်းနဲ့ချော်လဲတာကရှိသေး။ တကယ်တော့လယ်မြေတွေကိုမြေကွက်ဖေါ်ထားတာကို။တချို့လမ်းတွေဆို ဂဝံကျောက်တုံးကြီးတွေ အဖုအထစ်တွေနဲ့မို့၊ ခရောင်းလမ်းကိုလဲလျှောက်ခဲ့ရပါတယ်။) ဗိုက်ပူကားကြီးတစ်စီးမှာတော့ ဒရိုင်ဘာရဲ့နောက်ကအခန်းအကန့်လေးမှာ ” ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ” လို့ရေးထားတာလေးကို သိပ်သဘောကျမိတာပါ။~ဒီစာတန်းလေးဖတ်မိပြီး၊ ဘယ်သူ့ကိုမှ မမြင်ဘဲ ကိုယ့်ကိုကိုယ်သာ မြင်မိခဲ့တော့တာပါဘဲ။ အော်၊ ငါတို့က သွားရေး၊လာရေး၊စားသောက်ရေးကစလို့ ပိုက်ဆံသာရှိရင် အိမ်ပေါ်ကဆင်းပြီး၊ လမ်းထိပ်ကိုထွက်လိုက်တာနဲ့ အဆင်သင့်၊ လွယ်လင့်တကူ အားလုံးရနိုင်တဲ့နေရာကနေ ဒီလိုဝေးသီခေါင်ဖျား ဘာလိုချင်ချင်ခက်ခဲလှတဲ့နေရာကိုရောက်လာရတာ ၊ ကိုယ့်ရဲ့စိတ်စေတနာအကျိုးပေးလေလားလို့။ စနေ၊တနင်္ဂနွေလိုနေ့ရောက်ခါမှ တစ်ပါတ်စာဟင်းစားဝယ်ချင်ရင်သင်္ကန်းကျွန်းက၊ဘုရားလမ်းစျေးကိုညီအစ်မနှစ်ယောက်သားသွားဝယ်ရတာ။ဆန်တို့မီးသွေးတို့ပါ ဝယ်ရတဲ့အခါများ၊ တခါဘူးလေးမှလုပ်ဖို့ဝေးလို့၊မတွေးဘူးခဲ့တဲ့၊ “ခေါင်းပေါ်ရွက်ပြီးသယ်လာရ” တာမျိုးတွေလဲလုပ်ခဲ့ရပါသေးတယ်။ တကယ်ပါဘဲ၊ ဒီလိုမျိုးတွေလုပ်ရတဲ့အကြိမ်တိုင်းမှာ ဗိုက်ပူကားကြီးပေါ်ကစာတန်းလေးကို မြင်မိပြီး၊ ကိုယ့်ကို သတိပေးနေသလိုခံစားမိပါတယ်။ […]

Memories of Mi Aung (79)

အေးမြမေတ္တာ “မေတ္တာသံဝေ” ဆိုတဲ့သီချင်းသံလေးကို နားထောင်မိပြီးတော့၊ စိတ်ထဲမှာကြည်နူးမိတာမို့ fb မှာတင်ပေးလိုက်တဲ့ “မို့မို့ဟန်”ကိုကျေးဇူးတင်မိပါတယ်။ ငယ်စဥ်တုန်းကတော့ နံနက်စောစောရေဒီယိုလေးဖွင့်လိုက်တာနဲ့ ဒီလိုမင်္ဂလာရှိလှတဲ့သီချင်းသံလေးတွေကိုအမြဲကြားနေရတာဆိုတော့ လူတွေရဲ့စိတ်ထဲမှာမေတ္တာတွေပွါးလို့ ယဥ်ကျေးသိမ်မွေ့ကြတာလားလို့လဲ အတွေးရောက်မိပြန်ရော။ ခုများတော့ နံနက်ပိုင်းမှာကြားရတာတွေက ဆူညံသံတွေချည်းပါဘဲ။တချို့အိမ်တွေကတော့ ပရိတ်၊ပဌာန်း၊မဟာသမယသုတ်စတာတွေကိုခုနှစ်အိမ်လောက်ကြားရအောင်ဖွင့်ထားတတ်ကြပါတယ်။ ကိုယ်တိုင်မရွတ်မဖတ်ဘဲ၊ဆရာတော်ကြီးတွေကို ရွတ်ခိုင်းနေကြသလားမှတ်ရတာ။ သိပ်ပြီးကျယ်ကျယ်လောင်လောင်ဖွင့်ထားတတ်ကြတာမို့ ကုသိုလ်စိတ်လေးနဲ့နားထောင်ရတာမဟုတ်ဘဲ၊ ဆူသံညံသံသက်သက်ဖြစ်နေသလိုမို့၊တခါတလေများဒေါသစိတ်တောင်ဖြစ်မိပါရဲ့။နေရင်းထိုင်ရင်းအကုသိုလ်ဖြစ်တာလေ။ တကယ်တော့ “ကြားပြီးရင်ပျက်ရ”မှာကို။ (ပြောမိတဲ့ လူအဖို့မှာတော့ ဘာသာရေး မကိုင်းရှိုင်းတတ်သူလိုလိုဖြစ်တတ်ကြတာမို့၊ နားထဲကလျှံထွက်သွားတဲ့တရားသံပေါ့။) ကျယ်လောင်လှတဲ့အသံစုံကိုဥပက္ခာပြုပြီး ၊မျက်စိနှစ်လုံးပွင့်လို့ အိပ်ယာကနိုးလာကထဲက၊ ဘုရားဆွမ်းတော်ကပ်ဖို့၊ ဘုန်းကြီးကို ဆွမ်းလောင်းဖို့ဆိုတဲ့စိတ်က ထိပ်ဆုံးမှာနေရာယူပြီးသားပါ။ အဲ့ဒီတော့ အင်မတန်အေးချမ်းပြီးသာယာနာပျော်တဲ့တေးသံလေးတွေကြားရတာဟာရင်ထဲမှာကြည်နူးစိတ်အပြည့်နဲ့၊ မမောနိုင်မပမ်းနိုင် ချက်ပြုတ်ရတော့ ကုသိုလ်တွေကအပြည့်အဝ ရနေတော့တာပါဘဲ။ ချက်ပြုတ်လို့ပြီးပြန်တော့ ဆွမ်းတော်ပွဲပြင်ရ၊ ဆွမ်းလောင်းဖို့စီစဥ်ရဆိုတာတွေကတော့ နေ့တဓူဝလုပ်ငန်းဆောင်တာတွေပါ။ ပြုပြုသမျှ […]

Memories of Mi Aung (80)

အများစာမို့ မီးဖိုချောင်ကိုရှင်းလင်းလိုက်တာတကယ်ကိုအမြတ်ရသွားတာပါဘဲ။ ပလပ်စတစ်ဗူးတစ်ခု ထဲမှာကောက်ညှင်းဆန် လေးနို့ဆီဗူးသုံးလုံးကို တွေ့တော့သိပ်ကိုဝမ်းသာသွားတာ။ ကိုယ်ကစျေးသွားတဲ့သူမဟုတ်တော့၊ လိုချင်တာမှာပါဆိုပေမဲ့ ကျန်းမာရေးနဲ့မကိုက်ညီတာဆိုရင်တော့၊မေ့ချင်ယောင်ဆောင်ပြီး ဝယ်မပေးတတ်တာမို့။ (ဝက်ပေါလေးက အစ်မကိုစားစရာတော့စုံနေအောင်ဝယ်ပေးထားပါတယ်။) ကျမလေ အခုမှ အမေ့ကိုပြောမိတဲ့ဝဍ်တွေလည်တော့တာပါဘဲ။ ထမင်းစားပြီးလဲ ဟိုစပ်စပ်၊ဒီစပ်စပ်စားတတ်တာလေ။ သူများအိမ်မှာသာ နေရရင် ဒုက္ခပါဘဲ။ ညအိပ်ယာက တရေးနိုးရင်လဲ” ကလောက်ကလက်” နဲ့မုန့်ဗူးတွေဖွင့်ပြီး စားတတ်သေးတာပါ။ အမေ့ထက်ကိုပိုဆိုးနေတော့တာပါဘဲ။ (ညီမဝမ်းကွဲတွေသိအောင်ပြောထားတာနော်။) ကောက်ညှင်းဆန်လေးတွေ့တဲ့အတွက်၊စျေးကိုအုန်းသီးရယ်၊နှမ်းရယ်မှာတော့၊”ဘာလုပ်မလို့လဲ”လို့အစစ်ခံရသေး။ ထမနဲထိုးချင်လို့လေ။ “ထမနဲရာသီမဟုတ်ဘူးလေ” ဆိုတော့ “အေးဟေ့၊အခုက စမ်းပြီးထိုးမလို့၊ တပို့တွဲလကြရင် ( ၄ ) ပြီလောက်ထိုးမလားလို့” လို့ပြောလိုက်တော့ ၊ “နောက်မှ လက်ကိုက်တယ်လို့မပြောနဲ့နော်”တဲ့လေ။ ဟီးဟီး၊မလုပ်နဲ့လို့မပြောဘူး။ ထမနဲကြိုက်တာမို့။ မနက်ကထဲက ကောက်ညှင်းဆန်စိမ်ထားပြီး၊ဂျင်းလှီး၊ အုန်းသီးကိုခွဲပြီး အုန်းသီးဆန်ကိုပါးပါးလှီး […]

Memories of Mi Aung (81)

မေ့ထားလိုက်တော့မယ် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကိုသာအမှတ်ရချင်တတ်ကြတာ၊သဘာဝပါ။ တောင်တွေးမြောက်တွေး၊တွေးနေမိရင်းနဲ့ အတိတ်မေ့သွားတဲ့သူတွေအကြောင်းကိုစဥ်းစားမိတာလေး။ စိတ်ဆရာဝန်မဟုတ်လို့ အဲ့ဒီအတွေးက မှားချင်လဲမှားမှာပါ။ သိခဲ့ဘူးတဲ့မိတ်ဆွေတချို့ထဲက ဘာကိုမှမမှတ်မိတော့ဘူးဆိုတဲ့လူမျိုးကိုတွေ့ဘူးခဲ့တာမို့၊ သူ့ရဲ့ခါးသီးလှတဲ့ဘဝပေးအခြေအနေကိုပြန်ပြီးမြင်ယောင်ကြည့်တော့၊ ကိုယ်သာဆိုရင်လဲခံစားနိုင်မှာမဟုတ်ပါဘူးလို့။ မိဘမရှိ၊အဒေါ်တစ်ယောက်ရဲ့ကျွေးမွေးစောင့်ရှောက်မှုနဲ့ စတုတ္ထတန်းလောက်အထိသာကျောင်းနေခဲ့ရရှာပြီး၊ နောက်ပိုင်းစျေးရောင်းနေရရှာတာပါ။ ကျမက ဒုတိယတန်းနှစ်မှာ ကျောင်းပြောင်းသွားတာမို့ တချို့သူငယ်ချင်းတွေကိုမမှတ်မိပါဘူး။ ကျမ(၁၀)တန်းလောက်ရောက်မှာစျေးဝယ်ရင်းနဲ့ ပြန်ဆုံတော့ သူကစပြီးနှုတ်ဆက်တော့မှ မှတ်မိတာပါ။ ငယ်စဥ်တုန်းက သူငယ်ချင်းကမှတ်မိတယ်ဆိုတော့ ဝမ်းသာလိုက်တာ။ မိုးကလဲရွာနေတာမို့ ၊ သူ့ကို”ဘယ်မှာနေလဲ” လို့မမေးမိပေမဲ့၊ သူ”ဒီမှာအမြဲစျေးရောင်းတာလား”လို့တော့မေးမိပါတယ်။ စျေးသွားတိုင်းလဲ အမြဲနှုတ်ဆက်နေကြပါ။ပြုံးချိုချိုနဲ့ တကယ်ကိုချစ်စရာကောင်းတာပါ။ ကိုယ်ကိုယ်တိုင်ကလဲ ကျောင်းသူအရွယ်မို့၊ အခြေအနေကိုမခန့်မှန်းတတ်ပါဘူး။ သူ့ကို ကိုယ်ကဘာမှ အကူအညီ လဲမပေးနိုင် ခဲ့တာလဲအမှန်ပါ။ ဒါပေမဲ့၊အလိုက်ကန်းဆိုးမသိတတ်လိုက်တာများ “သူငယ်ချင်းရေ ဘုရားပန်းလေးကပ်ဖို့” ဆိုပြီး ကိုယ့်ကိုအတင်းပေးခဲ့ရင်တောင်ယူလာခဲ့မိသေးတာ။~ကိုယ်လဲအလုပ်အကိုင်တွေရလို့သိတတ်တဲ့အချိန်ရောက်မှ ” ငါ […]

Memories of Mi Aung (82)

ငါ့ – အတ္တ ငယ်စဥ်တုန်းကတော့ အမေက အတော်ကို”အပြစ်”မြင်တတ်တာဘဲလို့အမြဲတွေးမိတာ။ ဒါတောင်လက်လှုပ်တိုင်းခြေလှုပ်တိုင်းပြောတတ်သူမျိုးတော့မဟုတ်ပါဘူး။ သူအမြဲဂရုစိုက်ပြီးကြည့်တတ်တာကတော့ မောင်နှမတွေချစ်ခင်ဖို့၊ ရန်မဖြစ်ဖို့နဲ့၊ ငယ်တဲ့ကလေးကို ဂရုစိုက်ဖို့ဆိုတာမျိုးကိုသာ “အဓိက”ထားတာပါ။ ညနေစောင်းလို့ ဆိုင်ကပြန်လာရင် မောင်နှမတွေအိမ်မှာလူစုံရှိနေရတဲ့အပြင် အငယ်တွေမျက်နှာမှာသနပ်ခါးမရှိ၊ ပေကျံနေရင်တော့ နားမခံနိုင်လောက်အောင်မြည်တွန်တောက်တီးတတ်တော့တာပါဘဲ။ “အမေရှိတုန်းတောင် ကလေးတွေကိုဂရုတစိုက်မထားရင်၊အမေမရှိတော့ရင်ဘယ်လိုနေကြမလဲ” လို့ပြောတတ်သေးတာ။ နဂိုကမှ အဖေမရှိတော့လို့ ဝမ်းနည်းရတဲ့ကြားထဲ ဒီစကားမျိုးပြောတော့ မျက်ရည်တောက်တောက်ကျရပါတယ်။ ဒါလဲအမေ့ရဲ့ကျမတို့ကို”ပညာရှိဆုံးမနည်းတစ်မျိုး”ပါလားဆိုတာ ခုမှနားလည်မိတာပါလေ။ နောက်ပြီးအမေက ဧည့်သည်နဲ့စကားပြောနေလို့ ကိုယ်တွေကတစ်ခုခုများအမှားလေးလုပ်မိလို့ကတော့ ဧည့်သည်ပြန်ရင်သေဖို့သာပြင်တော့ဆိုတာမျိုး။ အစကထဲကပြောထားတယ်လေ။ “အမေကြည့်လိုက်ရင်၊ သိနော်” တဲ့။ မရိုက်ပါဘူး။ အံကြိတ်ပြီးတော့ကိုလိမ်ဆွဲတတ်တာ။ မချိအောင်နာပါတယ်။ *(ခင်စန်းနုရဲ့”ဂျီးတော်” ပီသပါပေတယ်။)* နောက်ထပ်”အဆစ်”လေးကတော့ ရင်ထဲထိအောင်ကိုပြောတတ်သေးတာ။ တကယ်တော့ ဖခင်မဲ့ခဲ့တဲ့သားသ္မီးတွေကို သူများထက် “တော်စေ၊တတ်စေ၊လိမ္မာစေ”ချင်တဲ့ […]

Memories of Mi Aung (83)

မေတ္တာနဲ့ပျော်ချင်မိလို့ တစ်မိုးအောက်ထဲမှာ တစ်ဦးနဲ့တစ်ဦး “အေးအတူ ပူအမျှ” ခံစားတတ်ကြသူတွေကိုမှ “မိသားစု” စစ်စစ်ပါလို့တွေးမိတယ်ဆိုတာတော့မှန်ကောင်းပါရဲ့။ တချို့မိသားစုတွေကို ကိုယ့်မျက်စိရှေ့မှာတွေ့မြင်ရတာ ဘဝင်မကျမိလို့ပါ။ အားလုံးဟာကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတာတော့ဟုတ်တာပေါ့လေ။ ကိုယ့်မှာတော့ “ကိုယ်ပိုင်မိသားစု”မရှိပါဘူး။ “အဖေတို့၊အမေတို့ရဲ့ မိသားစုအစိတ်အပိုင်းသာပါ။” ဒါပေမဲ့လို့ မိဘတွေမျက်ကွယ်ပြုသွားပြီဆိုပြန်တော့လဲ၊ ကျန်ရှိနေတဲ့ညီအစ်ကိုမောင်နှမ၊တူမတွေဟာ ကိုယ့်ရဲ့မိသားစုလို့ဘဲပြောရတော့မှာ။ မိသားစုတစ်စုမှာ အလိုအပ်ဆုံးဟာ”မေတ္တာ”ပါဘဲ။ မေတ္တာချည်းသက်သက်အပြင် အရေးအကြီးဆုံးကတော့ “ပိုက်ဆံ”လို့ပြောရမှာပေါ့လေ။ “ထ္မင်းစားဖို့က ပိုက်ဆံရှိမှဖြစ်မှာကို။ ဒါပေမဲ့ စုစုရုံးရုံးနဲ့ တစ်ဦးကိုတစ်ဦး ညှာတာထောက်ထားတတ်ကြမယ်ဆိုရင်တော့ ဘယ်လိုလေးဘဲ၊ စားရသောက်ရသည်ဖြစ်စေမြိန်ရာဟင်းကောင်းပါဘဲ။” *တစ်ကိုယ်ကောင်းမဆန်ဖို့တော့လိုပါလိမ့်မယ်။* *တချို့အိမ်ထောင်စုတွေမှာ “ငါတို့ကတော့ ကိုယ်ရတာကိုယ်သုံးတယ်။ အိမ်စရိတ်ကိုတော့ဘယ်လောက်ဘဲထည့်ပြီးသုံးတယ် ဆိုတာမျိုးတွေမြင်တွေ့ရတော့ စိတ်ထဲမှာ မကြည်မသာဖြစ်မိပါတယ်။ ** အိမ်စရိတ်လေးထည့်ပေးလိုက်တာနဲ့ တာဝန်ကျေပြီလို့မထင်လိုက်ပါနဲ့။ အဲ့ဒီအိမ်စရိတ်လေးတွေကိုကိုင်ပြီး၊တစ်မိသားစုလုံး စားဖို့အတွက်လောက်ငှအောင် စီမံခန့်ခွဲရတာ၊ သိပ်ကိုခက်ခဲတာပါ။ […]