Category: Mi Aung

Memories of Mi Aung (65)

ရသစုံတဲ့အိမ် ကိုယ့်ရဲ့ချက်မြှုပ်နေရာလေးဖြစ်တဲ့ ကြည့်မြင်တိုင်၊စကားဝါပင်လမ်းအိမ်လေးကတော့ ပျော်လဲပျော်ခဲ့၊ သောကတွေလဲများခဲ့ရတဲ့ နေရာလေးပါ။ မေ့သလားမေးရင်တော့မမေ့ပါဘူး။ လွမ်းနေသလားမေးရင်တော့လဲ မလွမ်းပါဘူး။ ဘာဖြစ်လို့တခုတ်တရရေးနေသလဲလို့မေးရင်တော့၊ မေ့လောက်စရာ တစ်ကွက်မှမရှိတဲ့ နေရာလေးမို့ပါ။ ကျမတို့မောင်နှမတွေက ဒီအိမ်ကြီးပေါ်မှာဘဲ ကြီးပြင်းခဲ့ကြရသလို၊ ကျမတို့အဖေကတော့ ဒီအိမ်မှာနေရင်း ခေါင်းချခဲ့တဲ့နေရာပါ။ အဖေဆုံးပြီးတဲ့နောက်ပိုင်း၊ အမေ့မှာပိုက်ဆံတွေအများကြီးနဲ့ပြည့်ပြည့်စုံစုံနေခဲ့ကြရသလို၊ ဆင်းဆင်းရဲရဲလဲနေခဲ့ကြရဘူးတာမို့ “ရသစုံသောအိမ်ဂေဟာကြီး” လို့ပြောရမလိုပါဘဲ။ အမေ့ရဲ့အဖေဦးဖိုးဆန်းဆုံးပြီးနောက် ကျန်ခဲ့တဲ့ တစ်အိမ်ထဲသော အမွေဆိုင် အိမ်ပါ။ အမေကတော့ သူ့မိဘများခေါင်းချခဲ့တဲ့အိမ်မို့ သိပ်ကိုမြတ်နိုးတန်ဖိုးထားခဲ့တာပါ။ ဒါပေမဲ့လဲ အချိန်တန်တော့ မောင်နှမတွေ ရောင်းချပြီး၊ ခွဲခြမ်းစိပ်ဖြာခဲ့ကြတာဆိုတော့ ဘယ်လောက်ဘဲ ခင်တွယ်ပါစေ၊ အချိန်တန်တော့ခွဲခဲ့ကြရတာပါဘဲ။ အဲ့ဒီအချိန် ကထဲက ဘာကိုမှ တွယ်တာစရာမကောင်းပါလားဆိုတဲ့ သင်ခန်းစာတစ်ခုရလိုက်တာပါဘဲ။ ပေ (၂၅ ×၅၀)ကို […]

Memories of Mi Aung (64)

မိမိကိုယ်ကိုမြင်မိခြင်း ဒီနေ့တော့ စောစောစီးစီး အိမ်အလုပ်လေးတွေလုပ်ပြီးသွားလို့၊ ရေမိုးချိုးပြီးမှန်ရှေ့အကျအနထိုင်မိတော့မှဘဲ၊ ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်မိတာပါ။ အမေ (19-9- 2020)နေ့၊ စပြီးနေမကောင်းဖြစ်ကထဲက မှန်နဲ့ လူနဲ့ မတွဲဖြစ်တော့တာ။ အမေ့ကိုပြုစုရင်းနဲ့တော့ “အော်၊ငါတို့အမေရဲ့ခန္ဓာကြီးက တဖြည်းဖြည်း “ပျက်” လာလိုက်တာလို့ “သံဝေဂ” လေးရခဲ့မိပါရဲ့။ “အားဖြစ်အောင် စားပါအမေရယ်”လို့ ချော့မော့ပြောရင်တော့ “ဝမ်းထဲကကိုလက်မခံတာပါသ္မီးရယ်”လို့ ပြန်ပြောတတ်တာ။ ကိုယ်တွေကလဲ အစား စားနိုင်ရင် အားပြည့်ပြီးပြန်ကောင်းမယ်လို့ဘဲ မျှော်လင့်ခဲ့တာကို။ အဲ့ဒီအချိန်မှာတကယ့်ကို သိလိုက်ရတာကတော့ *”သားသ္မီးတွေ မိဘကို စားနိုင်တုန်းကျွေးကြရမယ်” * ဆိုတာလေးပါဘဲ။ ကျမတို့ ညီအစ်မတွေအဖို့ ဒီအတွက်တော့ နောင်တရစရာ တစ်ကွက်မှ မရှိလို့ဖြေသာပါသေးတယ်။ လိုအပ်တာတော့ မလစ်ဟင်းရအောင် အားလုံးဖြည့်ပေးနိုင်ခဲ့တာကိုတော့ “သစ္စာ”ဆိုဝံ့တာမို့၊ […]

Memories of Mi Aung (63)

ရုန်းကြဦးစို့ တစ်နေ့တစ်နေ့ အချိန်တွေကုန်တာမြန်လွန်းလို့။ ထိုင်နေရင်တော့လဲ ကြာသလိုထင်ရပေမဲ့၊ အလုပ်တွေလုပ်နေရင်တော့ အချိန် ကိုမလောက်နိုင်ပါဘူး။ မျက်စေ့နှစ်လုံးစပွင့်ကထဲက အလုပ်တွေကတန်းစီပြီးစောင့်နေကြတာ။ တမင်ထိုင်လိုက်မှ အလုပ်ကအားသွားရတာမို့။ ဒါပေမဲ့လဲလေ၊ အမေပြောသလို “ကိုယ့်အိမ်အလုပ်ကိုမှ ကိုယ်မလုပ်ရင် ဘယ်သူလုပ်မှာလဲ” ဆိုတာ၊ ခုမှမှန်မှန်းသိပါတော့တယ်။ “အမေရယ်မလုပ်ပါနဲ့” လို့ကျမတို့ကပြောနေကြစကားကိုအမြဲတုံ့ပြန်တတ်တာမို့၊ ခုတော့ အမေ့စကားတွေက ကိုယ်ပြောတဲ့ အလှည့်ဖြစ်နေပြီ။ အမေကတော့ ဒီနေ့ဆို ဝဍ်ကျွတ်သွားတာ ( ၉ )လပြည့်သွားပါပြီ။ ရွှေခြံကျောင်းကသံဃာ တွေအတွက် ကြက် သားဟင်း၊ ကကတစ်ကြော်နှပ်နဲ့ပဲလိပ်ပြာလေးလဲနှပ်ပြီး၊ ဆွမ်းဟင်းပို့လိုက်ပါတယ်။ “ဝဍ်” ဆိုတာချက်ချင်း ကိုလည်တတ်တာ။ နောင်ဘဝမကူးဘူးဆိုတာ အသေအချာပါဘဲ။ ကိုယ်တွေရဲ့အသက်အရွယ်အရ အလုပ်တွေချည်းတော့ ဇောကပ်နေလို့ မဖြစ်သေးပါဘူး။”သေမင်း”က အလုပ်အားမှခေါ် မှာမှမဟုတ်တာဘဲ။ […]

Memories of Mi Aung (62)

သတိရမိတာ တစ်နေ့ကမိုးတွေသိပ်ရွာလို့၊ ငယ်တုန်းက အဖေနဲ့ တံစက်မြိတ်အောက်မှာ အိုးတွေချပြီးတိုက်ကြတာလေးကို အမှတ် ရနေ မိတယ်။ မိုးရေနဲ့တိုက်ချွတ်ဆေးကြောလိုက်တဲ့ ဒန်အိုးလေးတွေများပြောင်လက်သွားတာပါဘဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျမ တို့လဲအိမ်တွေရှင်းရင်း၊ ရှိတာတွေ အကုန်ချပြီး ဝက်ပေါကဆေး၊ ကျမကသိမ်းနေရတာ။ လွှင့်ပစ်ရတာတွေကတစ်ပုံပေါ့။ မိုးရွာထဲတော့မဟုတ်တော့ပါ။ အခုအသက်အရွယ်နဲ့အခြေအနေကတော့ မိုးရွာထဲကို ဘယ်လိုများဆင်းဝံ့ပါလိမ့်မလဲ။ ခုချိန်မှာ ဖျားနာလို့ကတော့ တခါထဲ နောင်ဘဝ ရောက်သွားလေမလားဘဲ။ ခပ်ငယ်ငယ် ပျော်ခဲ့ရတဲ့အချိန်လေးတွေကိုလဲမမေ့ပါဘူး။သူငယ်ချင်းတွေကိုလဲ သတိရနေစဲပါဘဲ။ ကျောင်းနေစဥ်ကထဲက ခင်မင်ခဲ့ကြသူတွေမဟုတ်ပေမဲ့၊ ညီရင်းအစ်ကိုမောင်ရင်းတမျှပမာချစ်ခင်ကြတာပါ။ အဲ့ဒီအချိန်က သူ့ကိုယ်မသိ၊ ကိုယ့်သူ မသိနဲ့ဘဲ တစ်ယောက်စကား တစ်ယောက်နားနဲ့ “ရုက္ခဗေဒဘွဲ့ရအသင်း” ကိုတည်ထောင်ခဲ့ကြရပါတယ်။ ဝန်ထမ်းတွေ၊ ကုန်သည်၊စျေးသည်၊ ဘွဲ့ရခါစလူငယ်လေးတွေစုံလို့ပါဘဲ။ ဘာအကျိုးအမြတ်ကိုမှမမြှော်ကိုးဘဲ၊ အသင်းအတွက် ရံပုံ […]

Memories of Mi Aung (61)

အားမာန်တင်း၊ ကျားကန်ရင်း “အိမ်အိုတော့ကျားကန်၊ လူအိုတော့ပန်းပန်” လို့ဆိုကြတာလေး။ ဟုတ်မှန်သောစကားမို့ အဆိုရှိကြတာနေမှာ။ ခုတလော မှာတော့ လူအိုပေမဲ့ ပန်းမပန်နိုင်ပါဘူး။ ပန်းပန်ရင်နန်းဆန်မှန်းတော့သိပါရဲ့။ ဒါပေမဲ့ အသက်(၂၈ )နှစ်ရှိပြီဖြစ်တဲ့ အိမ်အိုကြီး ကိုတော့ ကန်လိုက်ရတဲ့”ကျား”။ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပါဘဲ။ တခါတလေ အိမ်သန့်ရှင်းရေးတောင်မလုပ်ချင်တော့ဘူး။ ကိုယ်က တစ်နေရာလေးသွားထိလိုက်၊ သူက ငါ့ကိုဒီနေ ရာလေး ပြင်ပေးပါဦးပြောလိုက်နဲ့။ ဟုတ်ပါပြီ၊ တို့တော့ ဒီနေရာလေးတစ်ကွက်တော့ ပြင်လိုက်မှပါလဲ ဆိုရော၊ နောက်တစ်ဒေါင့်က တစ် မျိုး ထကြွပြန်ပါရော။ ဒီကာလမှာထမင်းစားဖို့က အရေးကြီးနေတာလေ။” ခဏထားလိုက်ဦးမယ်ဟဲ့” လို့ မသိချင် ယောင် ဆောင်၊ မမြင်ချင်ယောင်ဆောင်နေရတာ။ အမယ်လေး၊ ဒီနေ့တော့ ကျွန်းသေတ္တာထဲကပစ္စည်းလေးတွေထုတ်ပြီး၊ […]

Memories of Mi Aung (60)

ကြီးလာတဲ့ “အိမ်” ဒီနေ့ ( 26-10- 2021 ) ကျမတို့အိမ် အကြီးကြီးဖြစ်သွားပါပြီ။ ဒဂုံကိုပြောင်းလာခါစတုန်းကတော့ အမေရယ်၊ ဝက်ပေါရယ်၊ မောင်လေးဝင်းမောင်ရယ်၊ ကျမရယ် ( ၄ )ယောက်ပေါ့။ အဲဒီတုန်းကတော့ ကြည့်မြင်တိုင်အိမ်ကိုရောင်းပြီး၊ အမေရလိုက်တဲ့အမွေဝေစုနဲ့ ကျမနဲ့ဝက်ပေါ ရဲ့လက်ဝတ်လက်စားလေးတွေထုခွဲပြီး၊ “ကျောချစရာ”နေရာလေးရအောင် စီစဥ်ခဲ့ရတာမို့၊ အောက်ထပ်ကသံမံ သလင်း မခင်းနိုင်သေးဘဲ၊ မြေကြီးနဲ့ နေခဲ့ရတာ။ ကြည့်မြင်တိုင်အိမ်ကို ငွေအကျေ ချေပြီးတာနဲ့ ပြောင်းနိုင်ဖို့ကို မောင်နှမ သုံးယောက် ကြိုးစားခဲ့ရတာ။ အောက်ထပ်ကို မြေကြီးသိပ်နေအောင်လို့ ​ သစ်သားဒင်နဲ့ တစ်ယောက်တလဲ “ထု”ကြရတာများ လက်တွေကို အသားမာ တက်ရောပါဘဲ။ ကိုယ့်မိသားစု ကိုယ်ပိုင်အိမ်လေးဖြစ်တော့မှာမို့ ပင်ပမ်းတယ်လို့မထင်ဘဲ၊ […]

Memories of Mi Aung (59)

အေးချမ်းသာယာစေချင် ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုက ကံအကျိုးပေးနဲ့ ဘဝပေးကုသိုလ်တွေပါ။ ချမ်းသာတယ်ဆိုပြီးမာန်မတက်လေနဲ့။ ဆင်းရဲ တယ်ဆိုပြီးလဲ ဝမ်းမနဲပါနဲ့။ တချို့လူတွေက ချမ်းသာတဲ့ဒဏ်မခံနိုင်ကြဘဲပျက်ဆီးတတ်ကြသလို၊ တချို့သူတွေက ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်ဘဲ ပျက်ဆီး တတ်ကြတာကို တွေ့မြင်ခဲ့ရဘူးလို့ပါ။ ဒါမျိုးကတော့ ” ကံ” နဲ့မဆိုင်တော့ပါဘူးလို့ ထင်မိတာပါဘဲ။ သွန်သင်ဆုံးမတတ်တဲ့သူနဲ့အတူနေရတာရယ်၊ နာခံသူရဲ့ နာခံတတ်တဲ့ ခံယူမှုရယ်က ပိုအရေးကြီးလေသလားလို့ပါ။ ချွင်းချက် အနေနဲ့ကတော့ ပင်ကိုယ်ဗီဇလဲကောင်းဖို့လိုပါတယ်။ အမေကအမြဲပြောတတ်တာလေးအမှတ်ရမိလို့ပါ။ “အိုးသည်ဆိုတာ အိုးကောင်းကောင်းသုံးချင်ရင် နာနာရိုက်ရတယ်၊ သားသ္မီး လဲ တတ်သိလိမ္မာစေချင်ရင် ကြုံလာသမျှကို သတိပေးဆုံးမရတယ်” တဲ့။ ဟုတ်မှာပါ။ ဒါပေမဲ့၊ ဆပ်ပြာကောင်းလို့ခေါင်းပေါင်းဖြူတာမှန်ငြားသော်လည်း၊ ခေါင်းပေါင်းသားက မကောင်းရင်တော့လည်း၊ ဖွပ် သလောက်တော့ မဖြူနိုင်တာအမှန်ပါ။ ခေတ်မှီတိုးတက်လာပြီဖြစ်တဲ့ […]

Memories of Mi Aung (58)

ပျော် မော လေး လူတွေကပြောတတ်ကြတယ်။ ” စုန်ရေ” ဘဲရှိတယ်။ “ဆန်ရေ” ဆိုတာမရှိဘူးတဲ့။ ကျမ အမုန်းဆုံးစကားပါဘဲ။ ကျမတို့မိ ဘတွေက ကျမတို့ကို ကျွေးမွေးပြုစုခဲ့တာ၊ ဘာတွေမှ ပြန်ရဖို့ကို မမျှော်ကိုးခဲ့ဘူးဆိုတာ သိနေလို့ပါဘဲ။ သားသ္မီးဆိုတာကတော့ မိဘက ပေးတာယူ၊ ကျွေးတာစား ဆိုတာကတော့ သဘာဝတရားပါ။ အချိန်တန် အရွယ်ရောက်၊အတောင်အလက်စုံလို့ လူလားမြောက်လာကြရင်တော့လဲ သူတို့လဲ သူတို့လမ်းကိုသူ တို့လျှောက် ကြမှာပေါ့လေ။ ကျမတို့မိဘတွေလဲ ဒီလမ်းကိုဘဲလျှောက်ခဲ့ကြတာမို့၊ ပိုလို့မထူးဆန်းလောက်ပါဘူးနော်။ ဒီခေတ်ကြီးထဲမှာ တချို့လဲ အိမ်ထောင်ပြုကြလို့ ကိုယ့်မိသားစုအတွက်ရုန်းကန်ကြရင်းနဲ့ မိဘဆီကို ခြေဦးမလှည့်နိုင်တာလဲ ရှိကောင်းရှိပါလိမ့်မယ်။ သူ့မိသားစုမှာမှ မနဲကိုဘဲ၊မလောက်ငှလို့ ကြိုးစားရှာဖွေနေကြရရင်၊ ဘယ်လိုလုပ်ပြီး မိဘညီ အစ်ကို […]

Memories of Mi Aung (57)

ပြန်ဆုံခွင့် မနေ့က ပေါ်ဆန်းမွှေးလမ်း၊သုဝဏ္ဏ ကိုရောက်တော့ ညီအစ်မလိုနေခဲ့ကြတဲ့ သူငယ်ချင်း အေးအေးဝင်း (Shirley Win) ကို သတိရမိပါတယ်။သူနဲ့ကျမက တန်းခွဲမတူပါဘူး။ သူနဲ့ ၆တန်းနှစ်မှာ စပြီးခင်ခဲ့ကြတာပါ။ (သူက တီချယ် Rosie Tint ရဲ့ ( အေ) ခန်းနဲ့ ကျမက တီချယ် Betty Tintရဲ့ (ဘီ) ခန်းပါ။) ကျမက မိတ်ဆွေအပေါင်းအသင်းကိုများတာပါ။ (အမေကဆို “လူတွေသာ ပြောင်းသွားတယ်၊ ငါ့သ္မီးကတော့ ‘မလဲ’ဘူးနော်” လို့ပြောတတ်သေးတာပါ။) သူက ဝင်းနွဲ့ဆွေနဲ့ တွဲတာမို့၊ ကျမတို့သူငယ်ချင်းအေးအေးချစ်ကြောင့်ခင်မင်မိသွားကြတာပါ။ များသောအားဖြင့်မိန်းကလေး ကျောင်းတွေက “အချစ်တော်”ရောဂါ ထကြတာလေ။ ညနေဖက်ကျောင်းကားစောင့်ကြရင်းနဲ့လဲ စကားပြောဖေါ်ဖြစ်ကြတာပေါ့။ သူက […]

Memories of Mi Aung (56)

အတွေး – ၂ လူ့ဘဝ တိုတိုလေးကို ရလာကထဲကရုန်းကန်လိုက်ကြရတာ၊ နားရတဲ့အချိန်ကိုမရှိသလောက်ပါဘဲ။ ရုပ်ခန္ဓာကြီးက နားနေကြ ရင်လဲ၊ စိတ်ကမှမနားရပါဘဲလား။ စိတ်ကမနားရတာများ၊ ထိုင်ရင်း အိပ်ရင်းနဲ့ကို “အတွေး” တစ်ခုဝင်လာလိုက်ရင်လေ၊ အိပ်လို့ကိုမပျော်တော့တဲ့ အခြေအနေပါ။ အတော်ဆိုးတာပါလား။ ပိုက်ဆံတွေရှိတဲ့သူ၊ကျိကျိတက်ချမ်းသာတဲ့သူတွေက ရှိတာလေးပျောက်ပျက်သွားမှာစိုးရိမ်တဲ့ “သော က”၊ မရှိတဲ့သူတွေက တို့ရဲ့နက်ဖန်ကို ဘယ်လိုရှာဖွေစားသောက်ကြရမလဲဆိုတဲ့ “သောက’။ ဘာများကောင်းတာရှိလို့လဲ။ “သောက’ဆိုတဲ့အပူတွေရင်ထဲမှာ ပိုက်ထားကြရတာ။ ကျမ ခပ်ငယ်ငယ်က နေစရာ၊ စားစရာ ထိုက်သင့်သလိုရှိတဲ့ လူတစ်ယောက်ကပြောဘူးပါတယ်။ “ခုချိန်မှာတော့ လက်ထဲမှာ ရှိတဲ့ပိုက်ဆံ၊ ရင်းနှီးမြှုပ်နှံထားတဲ့ဆီကရလာမည့် ငွေတိုးလေးနဲ့ စားဝတ်နေရေးအဆင်ပြေနေပေမဲ့၊ နောက်လာမည့် ဆယ်နှစ် တန်သည်၊ ဆယ့်ငါးနှစ်တန်သည် အချိန်တစ်ခုရောက်လို့ တက်လာမည့်ကုန်စျေးနှုန်း၊ […]