Author: Hla Min (Lifelong Learner)

  • Once upon a time at RIT

    Once upon a time at RIT

    By Mg Mar Ga (8th Post)

    ဘာကိုမှမ​ကြောက်တတ်တဲ့

    ​မောင်မာဃ

    RITမှာငယ်ငယ်တုန်းကတအား​ကြောက်တာတခုရှိပါတယ်

    သူငယ်ချငိးတို့မှန်းကြည့်စမ်းပါ

    ဘာဖြစ်မယ်ထင်ပါသလဲ

    ​ကြောက်တာမှအခုလဲ​ကြောက်တုန်းဘာဘဲ

    သိကြလား..

    …..

    ..

    တကယ်​ပြောရရင်အခုRITသွားရင်လဲတအား​ကြောက်တုန်းဘဲ

    ဘယ်​လောက်​ကြောက်လဲဆို​တော့

    ​မောင်မာ​ဃတခါကတအား​ကြောက်​နေတာ​တွေ့​တော့

    ပညာသင်ဆု​ပေးဘူးတဲ့သမီးခင်နွယ်နွယ်​အောင်ကလာတွဲပြီးသမီးရှိတယ်အန်ကယ်

    ​ကြောက်နဲ့ဆိုလိုက်ပို့ရတယ်

    တခြားဟုတ်ပါရိုးလား

    ​အ​ဆောက်အဦတိုင်းရဲ့

    လူသွားလမ်း​ကော်ရစ်ဒါ​တွေပါ

    မိုးတွင်းဆိုတအား​ချောပါတယ်

    ၁၉၆၆ကတညိးက​ချောတာ​တွေ့တာ

    World wideဆရာကန်​တော့ပွဲလုပ်တဲ့၂၀၁၆ခုနှစ်အထိ

    နှစ်၅၀တိုင်

    မ​ပြောင်းမလဲ​ချောတုန်းဘဲ

    တကယ်​ချောတယ်ဗျာ

    အဲဒီလမ်းတ​လျောက်တဘိုင်းဘိုင်းလဲသူ​တွေရာ​ထောင်မကရှိဘူးတယ်

    ၁၉၆၆ကာ​လတွေက​ချောခြင်းက​တော့ပိုတာ​ပေါ့

    ဘာလို့လဲဆို​တော့

    အရာရာပြည်သူပိုင်သိမ်း​တော့ရာဘာဖိနပ်အစုတ်လေး​တွေဘဲစီးရတာကိုး

    Soleက​ပြောင်​ချောနဲ့​လေ

    အခု​တော့​မောင်မာဃ​ကြောက်တာက​ခြေ​ထောက်မ​ကောင်းလို့လဲပါပါတယ်

    ​ကျန်​တော်တို့​ကျောင်းကြီးမှာအလွမ်းဆုံးသက်မဲ့အရာ၂ခုလဲရှိပါ​သေးတယ်

    တခုက

    ​ကျောင်းကြီးအ​ဆောင်

    ဘယ်​နေရာမှာမှကာတာ​တွေ​သော့ခတ်တာ​တွေမရှိခြင်းကတခု

    တ​ကျောင်းလုံးလွပ်လပ်စွာ​ကျောင်းသား​တွေပိုင်တယ်

    အတွဲ​တွေလဲပိုင်တယ်

    ဘယ်အတွဲဖြစ်ဖြစ်ကြိုက်တဲ့အခန်းမှာတွတ်ထိုးလို့ရတယ်

    အခုများသွားကြည့်စမ်းပါ

    အချုပ်​ထောင်သာသာမြင်ရတယ်

    ​နေရာတကာသံဇကာသံပန်း​တွေကာထားတာမြင်မ​ကောင်း

    ကျွန်​တော်လုပ်​ပေးခွင့်ရတဲ့စာကြည့်တိုက်အသစ်ကြီးအ​တော်ပြီးလာ​တော့သူနဲ့main buildingကြားမှာခြံစည်းရိုးတခု​ပေါ်လာတယ်

    ​မေး​ကြည့်တော့​ကျောင်းသား​တွေ​သေးလာ​ပေါက်လို့ပါတဲ့

    မ​ပေါက်​အောင်လုပ်​ပေါ့ဗျာပန်းအလှအိုး​တွေထား​ပေးရင်ဘယ်​ပေါက်မလဲဆို​တော့မှထား​ပေးပြီး

    သေးလဲမ​ပေါက်ခြံစည်းရိုးလဲ​ပျောက်သွားတယ်

    အခု​ခေတ်အ​တွေးကိုကတခုခုဆို​သော့ခတ်မယ်ကာမယ်ဆိုတာချည်းဗျ

    ​နောက်တခုကwater fountain

    ​ကျောင်းမှာကျန်​တော်တို့​ခေတ်က​ရေ​​သောက်ချငိရင်building cornerသွား

    ကွင်း​လေးကိုဖိရင်​သောက်​ရေထွက်လာမဲွ

    ကွင်း​လေး​တွေပါတဲ့

    Water fountain​တွေ​နေရာအနှံ့ရှိတယ်

    သိပိအဆင့်မြင့်ပါတယ်

    ဘယ်တုန်းက​ပျောက်သွားသလဲမသိ

    ​နောက်လွမ်းတာက​တော့

    ဆရာ​တွေ​ပေါ့ဗျာ

    ကိုယ့်အတွကိရူးရတဲ့Harvard..MITလိုဒိတ်ဒိတ်ကြဲတက္ကသိုလ်ကြီးက​ဒေါက်တာဘွဲ့အထိရတဲ့ဆရာကြီး​တွေအရှင်လတ်လတ်မြင်ဘူးသဗျ

    သင်ဘူးသဗျ

    ​တော်ပြီဗျာ

    ​ကျောင်းကြီးကိုတအားလွမ်းသွားပြီ

  • Once upon a time at RIT

    Once upon a time at RIT

    By Mg Mar Ga (7th Post)

    ​ပျော်စရာလွမ်းစရာ​တွေနဲ့ပြည့်​နေတဲ့​ကျောင်းကြီးရဲ့အဖြစ်တခုပါ

    အခုအ​ကြောင်းက​တော့

    နိုင်ငံ​ကျော်အဆို​တော်

    ခင်​မောင်တိုး

    ကျန်​တော်တို့အ​ခေါ်​တော့

    ငတိုး​ပေါ့

    သူပါတဲ့အ​ကြောင်း​လေး

    သူကလဲ​ခေသူမဟုတ်

    သချ်ာအဆင့်မြင့်+PSYCHOLOGYအထူးပြုရတဲ့

    ရှိုးဘာသာရပ်ကို

    RITမှာအထူးပြုယူပါတယ်

    တည​သော်ချိမ့်ချိမ့်သဲတိတ်ဆိတ်တဲ့တ၀ိုင်းမှာသူဟာအဖွဲ့၀င်အဖြစ်ပါ၀င်​နေတယ်

    ငတိုးကငယ်ငယိကတညိးကထူးခြားလှသူ

    ဘယ်လိုထူးခြားသလဲဆို​တော့လူကအရပ်ရှည်ရှညိ

    သ​ဘော​ကောင်း​ကောင်း

    ဂီတာတီး​ကောင်းသည်နှင့်အမျှ

    “သရဲတအား​ကြောက်တတ်တယ်”

    အဲဒီညက၀ိုင်းမှာသူငယ်ချင်းတ​ယောက်လဲဖြစ်တဲ့

    ​​​ဝေထွန်း(နာမည်​ပြောင်း)ကမပါနိုင်ဘူး

    ပိုက်ဆံဘယ်မှရှာမရလို့

    သူ့မမဆီကလဲလက်​ကောက်မရလို့လားမသိ

    ​ေ၀ထွန်းကဖဲမရိုက်ရရင်လဲတခုခု​တော့၀ိုင်းကိုလုပိကြံရမှဆိုပြီး

    အလွန်တိတ်ဆိတ်​နေချိန်

    တံခါးကိုသွား​ခေါက်တယ်

    အထဲက​ကောင်​တွေလန့်ပြီ

    ဖဲ၀ိုင်းဖမ်းသလားမသိဘူး​ပေါ့

    ​ေ၀ထွန်းကတိုးတိုး​လေး

    ငါပါငါပါ

    ဆို​တော့ဖဲသမားချင်းအသံသိတယ်

    ဒါ​ေ၀ထွန်းဆိုဖွင့်​ပေးလိုက်တယ်

    ဖွင့်လိုက်သည်ခဏ

    ငတိုးရဲ့စူးရှလှတဲ့

    အလန့်တကြား

    ​အောငိမ​လေးဗျ

    ဆိုအလန့်တကြားကြီး​အော်သံကြီးနဲ့အတူ

    ဖဲ၀ိုင်းတခုလုံးလန့်ပြီး

    ပျကိသွားပါသတည်း

    ​ေ၀ထွန်းကငါကွ

    ငါကွဆို

    တဟဲဟဲနဲ့သူမပါနိုင်တဲ့၀ိုင်းပျက်တာ​ကြေနပ်စွာရယ်​နေပါတယ်

    ခဏ​နေ​တော့အ​ကြောင်းမှန်သိသွားတဲ့ငတိုး

    စိတ်မဆိုးစဖူးဆိုးတဲ့ငတိုး

    TSquareနဲ့လိုက်ရိုက်

    ​ေ၀ထွန်းကအ​မေ​ရေကယ်ပါ​ဟောဒီမှာသားသားကိုငတိုးလိုက်ရိုက်​နေတယ်ဆို​အော်

    တဟားဟားနဲ့​​ရှေ့ကပြေး

    ငတိုးကလိုက်

    ငတိုးလဲကြာ​တော့ဘယ်​နေနိုင်မလဲ

    စိတ်ဆိုးလဲအရူးဖြစ်မှာ

    တဟားဟားရီ

    ဖြစိပုံကဒီလို

    ​ေ၀ထွန်းကမျက်နှာကိုသနပ်ခါး​တွေပိန်း​ဖွေး​နေ​အောင်လိမ်း

    ​ခေါင်းကိုပုဆိုးခြုံ

    တံခါးဖွင့်ရင်တည့်တညိ့ကသရဲအရမ်း​ကြောက်တဲ့ငတိုး

    အဖွင့်မှာ ဂတုံးကြီးနဲ့​ဖွေးဖြူ​နေတဲ့မျက်နှာကြီးလျှာတန်းလန်းနဲ့အ​တွေ့

    ငတိုး

    တအားကြောက်

    ​အော်တာ​ပေါ့

    ဟားဟား

    ကြီးလာ​တော့ငတိုးနဲ့ကျန်​တော်တို့ခရီးအတူအ​တောိသွားကြတယ်

    သတိရလို့

    ​ဟေ့​ကောင်

    အခုသရဲ​ကြောက်​သေးလားလို့​မေးရင်

    သူ့ထုံးစံအတိုင်းမ​ဖြေ

    ပြုံးဖြဲဖြဲဘဲလုပ်​နေပါတယ်

    တချိန်ကစကိမှုတက္ကသိုလ်က​ပေါ်ထွက်ခဲ့တဲ့နိုင်ငံ​ကျော်တဦးရဲ့ ဟိုစဥ်ကာလအမှတ်တရတခု​ပေါ့

  • Once upon a time at RIT

    Once upon a time at RIT

    By Maung Mar Ga (5th Post)

    ​ကျောင်း​တော်ကြီးမှာဖဲ၀ိုင်းများသည်ကျန်​တော်တို့ကာလက

    ချိမ့်ချိမ့်သဲတိတ်ဆိတ်စွာရှိကြပါတယ်

    ချိမ့်ချိမ့်သဲဆိုတာဖဲ၀ိုင်း​တွေစည်ကားစွာရှိကြတယ်လို့​ပြောတာဖြစိသလို

    တိတ်ဆိတ်စွာဆိုတာကဆရာ​တွေကလဲမကြာမကြာဖမ်းတတ်​သော​ကြောင့်တိတ်တိတ်က​လေးလုပ်ရ​သော​ကြောင့်လို့ဆိုလိုပါတယ်

    တခု​သောချိမ့်ချိမ့်သဲတိတ်ဆိတ်တဲ့ဖဲ၀ိုင်းတခုကRITရာဇ၀င်တွငိမည့်အဖြစ်တခု​ပေါ်​ပေါက်ခဲ့ဘူးပါတယ်

    ဒီလို

    ဒီလိုပါ

    ကျန်​တော်တို့​ခေတ်က..

    ပါချုပ်မှာ ဦးရုံးမိုဖြစ်ပါတယ်

    သူ့သားကဖီလစ်ရုံးမို

    ကျန်​တော်တို့နဲ့တတန်းထဲသားပါဘဲ

    ဖီလစ်​ရောဆရာကြီး​ရောကွယ်လွန်ပြီဖြစ်ကြလို့ကတ​ကြောင်း

    ​ပြောပြမဲ့အဖြစ်ဟာသူတို့ကိုနစ်နာ​​စေခြင်းမဖြစ်ရုံမကငါတို့တိုင်းပြည်မှာငါတို့​ကျောင်းမှာဒီလိုလူကြီးလူ​ကောင်း​တွေရှိပါ​သေးလားဆိုတာ​ဖော်ပြချင်လို့တင်ပြပါရ​စေ

    ဖီလစ်ကိုတခါဖဲ၀ိုင်းမှာမိပါတယ်

    အာအိုင်တီမှာဖဲရိုက်ခြင်းဟာဂုဏ်မငယ်

    ပါ

    ဖဲ၀ိုင်းမှာမိလို့ဘသူမှအထင်မ​သေး

    တခုဘဲရှိတယ်

    အ​ဆောငိသမားဆိုနဲနဲအီမယ်

    အ​ဆောင်ထုတ်ခံရမယ်

    Dayသမားဆိုရငိအပြစ်ဒဏ်က

    ဂလို

    ဆက်ဖတ်ပါ​လေ

    ဖိလစ်ဖဲ၀ိုင်းမိတဲ့အခါမှာ

    ပါချုပ်ကစာတ​စောင်ထုတ်ပါတယ်

    မှ

    ဦးရုံးမို

    ပါ​မောက္ခချုပ်

    ရန်ကုန်စက်မှုတက္ကသိုလ်

    သို့

    ဦးရုံးမို

    …..

    …..

    လူကြီးမင်းရဲ့သား​မောင်ဖိလစ်ရုံးမိုသည်ဖဲ၀ိုင်းတွင်ဖဲကစားသည်ကိုမိပါသဖြင့်ယ​နေ့မှစ၍ ၆လတိတိအ​ဆောင်ဘက်သိုွသွား​ရောက်ခြင်းကိုတားမြစ်​ကြောင်းသိသာရန်အ​ကြောင်းကြားအပ်ပါသည်

    ……

    မှ

    ဦးရုံးမို

    သို့

    ဦးရုံးမို

    စာအ​ကြောငိးက​တော့တကဲ့ကို​ပြောစမှတ်ပြုခဲ့ရတဲ့ရင်ထဲ​ရောက်တဲ့အဖြစ်တခုပါဘဲ

    ကြီးလာ​တော့လူကြီး​တွေရဲ့သားသမီး​တွေအကျင့်ပျက်မှုကိုလူကြီး​တွေကိုယ်တိုင်ကာကွယ်​ပေးတာ​တွေ​တွေ့ရ​တော့ရွံရှာမိတာနဲ့အမျှ

    ငါတို့ဟာတကဲ့လူ​ကောင်းလူကြီး​တွေနဲ့ကြီပျင်းခဲ့ရတာကိုတစိမ့်စိမ့်ကြည်နူးမဆုံးပါ​လေ

  • Once upon a time at RIT

    Once upon a time at RIT

    By Maung Mar Ga (3rd Post)

    ၂၀၀၂ခုနှစ်ကျန်​တော်တို့mech72အနှစ်၃၀ပြည့်အထိမ်းအမှတ်အတွက်သူငယ်ချင်းစိန်၀င်း(​မောင်စိန်၀င်းပုတီးကုန်း)ရဲ့ရင်တွင်းဖြစ်ကဗျာကို2009မှာခင်​မောင်တိုးသီဆိုစီစဥ်မှုနဲ့သီချင်းပထမပိုင်းဖြစ်လာတယ်အနှစ်၄၀ပြည့်ပွဲအတွက်ခင်​မောင်တိုးကသီချင်းအပိုင်း၂ဖြည့်

    DVDဖြစ်​အောင်လုပ်​ပေးတာပါ

    ကျန်​တော်ကဒီဖြစ်စဥ်မှာပါတဲ့နှမ်းဖြူးသူ​ပေါ့

    ဒီအ​ခွေကိုကြည့်ရင်

    Once upon a time at RITဆိုတာ​တွေကိုတစိမ့်စိမ့်အများကြီးမြင်ရမှာပါ

    လွမ်းပါတယ်RIT

    youtube.com

    Thamudaya Kyaung Part I & II by Khin Maung Toe

    Remembering old days of University Life at RIT, this song was created by Mechanical Engineering Students of (1966 ~ 1972 ). Poem was written by Padigon Maung…

  • Once upon a time at RIT

    Once upon a time at RIT

    By Mg Mar Ga (4th Post)

    ကျန်​တော်တို့​ခေတ်က

    RITမှာအ​ပေါဆုံးအရာ၃ခုရှိပါတယ်

    ၁ .နာရီ​တွေ…ဘယ်​နေရာကြည့်ကြည့်နာရီ​တွေ​တွေ့မယ်

    အဲဒီနာရီကြီး​တွေ​နောင်ကျ​တော့တအားပျက်အလှဘဲကြည့်လို့ရ​တော့သလိုဖြစ်လို့

    ကျန်​တော်တို့Mech72က..ကမကထလုပ်ပြင်​ပေးတယ်

    ဘိတ်စိုးမြင့်အပင်ပန်းဆုံးပါဘဲ​

    မောင်မာဃက​တော့ထုံးစံအတိုင်းနှမ်းဖြူးသူ

    နာရီ​တွေ​ကောင်းသွားလို့​ကျောင်းကြီးကိုပြန်အပ်တယ်

    အချိန်နဲ့အညီbell​တွေမြည်​အောင်ဆက်လုပ်​နေချိန်

    မီးပျက်တာရယ်

    မီးအားမမှန်တာရယ်

    ပြုပြင်ထိန်းသိမ်းမှုအားနည်းတာရယ်​ပေါင်းပြီးအခု​တော့ပြန်ပျက်​နေပြန်ပါပြီ

    ၂.ဒုတိယ​ပေါတာကအိမ်သာ​တွေပါ

    ​ထောင့်တိုင်းမှာအိမ်သာတလုံးစီရှိတယ်

    အ​ဆောင်မှာလည်း အထပ်တိုင်းမှာရှိတယ်

    လုံ​လောက်ရုံမကပိုတယ်

    ဘိုထိုင်​တွေ​တော့မဟုတ်

    စက်မှုတက္ကသိုလ်ရဲ့အိမ်သာ​တွေဟာ​နောက်ပိုင်း​တော့နာမည်ဆိုးနဲ့​ကျော်ကြားလှပါတယ်

    ထိုင်းစကားနဲ့ညီတယ်​တောင်​ပြောရမယ်

    ထိုင်းလို

    အိမ်သာကို​ဟောင်နမ်လို့​ခေါ်တယ်​လေ

    ထိုင်းသွားရင်

    ဆ၀ါဒီခ​တွေဘ​ာတွေမတတ်ရင်ဘာမှမဖြစ်

    ရတယ်

    ​ဟောင်နမ်ယူတီနိုင်း(အိမ်သာဘယ်လိုသွားရမလဲ)မသိလို့မရ..နာသွားမယ်

    ဖင်ပိတ်​ပြေးရမယ်

    ဘိုလိုသွား​မေး

    ဘူသူမှမသိ.

    ဤကားစကားချပ်

    ကျန်​တော်တို့အိမ်သာ​​တွေဟောင်နမ်လွန်းလို့၂၀၁၆WWSpzpအမီအ​ကောင်းစားပြင်​ပေးခဲ့ဘူးတယ်

    အသစ်​တွေလုပ်​ပေးတယ်

    ထုံးစံအတိုင်​းမောင်မာဃကနှမ်းဖြူးသူပါဘဲ

    အခု​တောွ​ဟောင်နမ်ပြန်ဖြစ်​နေလားမသိ

    ကျန်တော်၂၀၂၁ ​ဖေဖ၀ါရီထဲက​ကျောင်းထဲမ​ရောက်တော့

    ၃.တတိယအ​ပေါဆုံးက​တော့ဖဲ၀ိုင်းပါ

    RIT​ကျောင်းသားများဖဲရိုက်၀ါသနာတအားပါကြပါတယ်

    ဖဲ၀ိုင်​းတွေနဲ့ပတ်သက်ပြီး

    အမှတ်ရစရာဇတ်လမ်း​တွေအများကြီရှိပါတယ်

    ရှိဆို

    ကိုယ်ကလဲအဲဒီအထဲကဇတ်​ကောင်တ​ယောက်​ပေဘဲကိုး..

    ဆက်ရန်

  • Once upon a time at RIT

    Once upon a time at RIT

    By Mg Mar Ga (2nd Post)

    အကိုလှမင်း​ရေ

    ​တောင်းဆိုထားတဲ့အတိုင်း

    Mech72တွေပါ၀င်တဲ့ ဇာတ် လမ်း ပြောပါ့မယ်

    ဒီဇာတ် လမ်း ဇာတ် ကောင် ဟာအခုသိပ်နေမကောင်းလို့

    သူနာမည်​တော့ချန်လှပ်ပါရ​စေ

    သူကစာလဲအရမ်း​တော်ပါတယ်

    အလွန်တရာလဲမျက်နှာ​ပြောငိပါတယ်

    အသံလဲတအားကြယ်ပါတယ်

    လူကလဲ၀၀ကြီး

    ဆံပင်စုပ်ဖွားနဲ့ပါ

    RIT72တခြား​မေဂျာကမိန်းက​လေး​တွေဆိုသူ့ကိုအ​သေ​ကြောက်ပါတယ်

    မ​ကြောက်ခံနိုင်မလား

    အ​ဆောင်A block ၃ထပ်က​နေ

    ​နေ့လည်ထမင်းစား​ဆောင်ကို​ကော်ရစ်ဒါကလာကြတဲ့မိန်းက​လေး​တွေကိုသူကအသံပြဲကြီးနဲ့​အော်​အော်စတာ

    သူ့ဒဏ်အခံရဆုံးက​တော့

    ဘိတ်သူ​လေး

    မဂင်ယု​ပေါ့

    အဆောင်ထိပ် ကနေ

    ဘိတ်သံနဲ့

    ဂင်ယုနင့်ကိုငါချစ်တယ်

    ဂင်ယု

    နင့်ကိုငါကြိုက်တယ်

    အသံပြဲကြီးနဲ့အော်တာတရက်လဲမဟုတ်

    မဂင်ယုတို့​ပြေးကြလွှားကြကျွတ်ကြရင်

    သူကတဟားဟား

    အခု​နောက်ပိုင်းဆရာကန်​တော့ပွဲတခုမှာသူနဲ့မဂင်ယုကိုပြန်သရုပ်​ဆောင်ခိုင်း​တော့

    မဂင်ယုက​ပြောရှာတယ်

    အခု​တောင်​ကြောက်ပါသတဲ့

    လူကလူ​ပြောင်

    သူE block မှာတနှစ်​နေစဥ်

    သိတဲ့အတိုင်း

    E block ဘေးမှာအများသွားလမ်းရှိတယ်လေ

    တရက်

    ​ကောင်မ​လေးပါတဲ့တစုဖြတ်သွား​တော့

    RITထုံးစံအတိုင်း

    မ​ပြောမရှိကြနဲ့​ဟေ့…ဆိုအားလုံး၀ရံတာကစကြတာ​ပေါ့

    သူတို့မသိတာက​နောက်မလှမ်းမကမ်းမှာဘုန်းကြီးတပါးပါလာတာကိုပါဘဲ

    ​ရှေ့ကခ​လေးမ​လေးဟာဘုန်းကြီးနှမ

    ဘုန်းကြီးကခုနက​သောင်းကြမ်း​နေတဲ့​ကောင်​တွေ​ရှေ့မှာရပ်

    ​ကျောင်း​သားတွေဘက်လှည့်

    တအား ဒေါသဖြစ်ပြီး

    မင်းတို့ဘာ​ကောင်​တွေလဲနှမချင်းမစာမနာ​လှောင်ရသလားဆိုပြီး

    သကာလ

    မင်းတို့ကို

    ဒါဘဲထင်သကွ

    ဒါဘဲထင်သကွဆို

    သင်းပိုင်ကြီးလှန်လှန်ပြသတဲ့

    တဖုန်းဖုန်းနဲ့လှန်ပြ​တော့ဘုန်းကြီးလဲဖြစ်​တော့​ကျောင်း​တွေလဲကုတ်ကုတ်ကုတ်ကုတ်နဲ့လစ်ကြရတာ​ပေါ့

    အတော် ကြာအောင်

    တဖုန်းဖုန်း

    နဲ့ဒါဘဲထင်တယ်ကွလုပ်အပြီး

    ဘုန်းကြီး​မောလဲ​မော

    ​ညောင်းလဲ​ညောင်းချိန်

    ၀တုတ်တ​ယောက်တစခန်းထလာပါတယ်

    ဘယ် သူမှမရှိတဲ့၀ရံတာသူတယောက်ထဲထွက်ရပ်ပြီး

    ဘုန်းဘုန်းဘုရာ့

    ဘုန်းဘုန်းဘုရာ့

    တပည့်​တော်ခုနကမမြင်လိုက်ရလို့

    အရှင်ဘုရားရဲ့ဒါဘဲကွ

    ဒါဘဲကွ

    ဆိုတာကြီးပြန်ပြပါအုန်းဘုရာ့

    ဟားဟား

    ခုနက ဒေါသ နဲ့မို့လှန်ပြေပမဲ့

    အခု​သွေး​အေး​တော့ဘယ်လှန်ရဲ​တော့မလဲ

    ပါချုပ် သွား..တိုင်ပါတော့တယ်

    ပါချုပ်ကဘယ်လို​ချော့လိုက်လဲမသိ

    ပြီးသွားပါတယ်

    သို့​သော်ကျန်​တော်တို့အဖို့​တော့မနက်​စော​စောအိပ်​နေတဲ့​ကောင်ကိုတံခါး​ခေါက်ထွက်လာရင်

    ဒါဘဲကွ

    ဒါဘဲကွဆို

    ပုဆိုးလှန်ပြတဲ့ကစားနည်းတခုတိုးလာပါ​တော့သတည်း

  • Once upon a time at RIT

    Once upon a time at RIT

    by Mg Mar Ga (1st Post)

    အကိုလှမင်း တောင်းဆိုနေတဲ့

    “once upon a time at RIT”

    တချို့ပါအကို​ရေ..

    ဖုန်းတခုလာတယ်

    အသံကတိုး​နေလို့တုံ့ဆိုင်​းနေ​ချိန်

    တဖက်က

    ငါပါကွငါပါ..

    ထွန်း​ကျော်

    ​​လေ.

    မကြားလို့ထင်လားမသိ.

    အားရပါးရဆက်ပြီး

    ဘိန်​ကြောင်​လေ

    ဘိန်​ကြောင်

    သူနာမည်အရင်းက

    ဘိန်၀ှက်

    Mech 72ကြားမှာ

    အမေ​မွေး​ပေးထားတဲ့နာမည်နဂိုအတိုင်းထားရိုးမရှိ

    ဘိန်​ကြောင်လို့ပြောင်း​ပေးလိုက်တယ်

    ကြာ​တော့သူလဲအ​မေ​ပေးနာမည်​မေ့ပြီးသူဖာသာ

    ဘိန်​ကြောင်ကိုဘဲအတည်ယူပါသတည်း

    ……

    ​နောက်တ​ယောက်

    ပိုဆိုးတယ်

    အတန်းထဲမှာမြင့်သိန်း၃​ယောက်ရှိလို့သူကိုလိုက်ဖက်တဲ့အရူး..ဆိုတာ​ပေးထားတယ်

    ဘယ်မြင့်သိန်းလဲ

    အရူးမြင့်သိန်း

    သူဖုန်းဆက်ရင်

    ​ဟေ့​ကောင်​ရွှေ​ခေါင်း​ပြောင်

    ငါပါကွငါ…

    အရူးမြင့်သိန်းပါ

    သူ့ဘွဲ့ကို​ရှေ့တတ်အားရပါရ

    တခါ​တော့​မောင်မာဃနဲ့သူငယ်ချငိး​ကျော်​​ဇောကြီး

    ရှင်ကြာပူမှာတခု​သောညဦး

    မူစတာဖာဘက်ထမင်းစားပြီးနာမည်​ကျော်upper deskerလမ်းကဖြတ်အပြန်

    (အခု​တော့ရှိ​သေးလားမသိ

    Upper deskerလမ်းဆိုတာရိုင်းရိုင်း​ပြောရင်ဖာတန်းအ​ပေါစား)

    ​ကျော​်ဇောကဟို​ရှေ့ကတ​ယောက်ကအရူးမြင့်သိန်းနဲ့တူလိုက်တာ

    ဆိုပြီး

    ပြိုင်တူမြင့်သိန်း​ရေ

    မြင့်သိန်း​ရေ

    ဝိုင်း အော် ကြ တယ်

    ကိုယ်​တော်ကမထူး

    ​အေးကွ

    အရမ်းတူတယ်

    ​မောင်မာဃကလူပုသလောက်အသံကြယ်တယ်

    ​အော်လိုက်တယ်

    ဟေ့.ကောင်. အရူးမြင့်သိန်း

    ​ရှေ့ကလူဟာ

    အရူးမြင့်သိန်း ဆိုတဲ့အသံကိုကြားတာနဲ့

    ဆတ်ကနဲ…

    ​တွေ့ဘူးတယ်မဟုတ်လား

    ၂ပါးသွားအကမှာမင်းသားကပုဆိုး​လေးကိုစွန်​တောင်ဆွဲတပတ်လှည့်တဲ့ပုံ

    မြင့်သိန်းဟာလူတကာအများကြားမှာ

    ခပ်တည်တည်အဲလို​လေးလှည့်ပြီးသကာလပါးစပ်ကလဲထူးတယ်

    ခင်ညာ..ခင်ည

    တဲ့

    ခင်ဗျားတို့မြင်​ယောင်ကြည့်စမ်းပါ

    မငိးသားပုံနဲ့ပါးစပ်ကခင်ညာခင်ည

    ​အော်​နေတဲ့တ​ယောက်

    ​အော်တာကလဲနာမည်​ကျော်ဖာတန်းလမ်းမှာ

    ​အောင်မ​လေးရီလိုက်ရတာ

    မြင့်သိန်းမြင့်သိန်းနဲ့​ခေါ်သံကြားပါ့သကွာ

    လူကလဲအသက်ကြီးမှလက်​ပေးသင်သလိုဖြစ်လို့အ​တော်အူ​နေတာ(သူ့အစိုးရဌာနကပညာသင်လွှတ်လိုက်တာ)ငါ့​ခေါ်တယ်မထင်.မြင့်သိန်း​တွေအများကြီး​လေကွာ

    အရူးမြင့်သိန်းဆို​တော့မှငါကိုမှငါ..

    ငါ့သူငယ်ချင်း​တွေဘဲဖြစ်မယ်ဆို

    ​ပျော်မှ​ပျော်..

    ခင်ညာခင်ည

    ကိုကိုရွှေ​ဂေါင်း​ပြောင်ရာ

    တဲ့

    ​နောက်တခုကပိုဆိုးပါတယ်

    ​မောင်မာဃတို့အတန်းထဲမှာမိန်းက​လေးတ​ယောက်ထဲဘဲရှိတယ်

    တ​ယောက်ဆိုတ​ယောက်ထွန်း​​ပေါက်လှတယ်ဆိုနိုင်ပါတယ်

    စာလဲ​တော်လူကလဲလှ

    ကြံကြိတ်​တွေ

    ဒဲ့ကြိတ်ချင်သူ​တွေတအားများ​ပေါ့

    ​မောင်မာဃတို့လူဆိုးများကြားမှာ​တော့သူက​လေးက..စ..စရာထက်မပို

    သူနာမညိက

    ဂျက်စီ​ထွေးဆိုတော့

    သူ့ကိုနာမည်​ပြောင်​ပေးထားတယ်

    သူနာမည်​ပြောင်ကအ​တော်ဆိုးပါတယ်

    အခုဆိုပြန်အသံမထွက်ရဲ​လောက်​အောင်အားနာမိ​အောင်ဆိုးပါတယ်

    ကာရံတူဘဲ

    ​ဖော်ပြခွင့်ပြုပါ

    ဘာတဲ့

    ..ိုင် စီ ကွေး

    အဲလိုအဲလို

    လူဆိုး​တွေသူ့ကွယ်ရာအတင်းတုပ်လျင်

    ..ိုင်စီကွေး..ကလေဘယ်လိုကဘယ်ညာ

    တခါ​သော်

    ဂျက်စီ့ကိုသူ့mech72နာမည်ကြီးနဲ့အားရပါးရအတင်းတုပ်​နေစဥ်

    ​ပြောတဲ့စကားခုလဲမှတ်မိပါ့

    သူက​ပြောတယ်

    မင်းတို့ကသာ..ိုင်စီ​ကွေး​ကြွေသူ..က​ကြွေ​နေတာ

    ဘတ်စကက်​ဘောပွဲသွားရင်သွားကြည့်

    သူပေါင်လေးတွေကြူရိုးလေးကျနေတာသေးသေးလေး

    သူ​ပြောတာဟုတ်လားမဟုတ်လားမသိ…

    ထားပါ​လေ

    ဆိုးတာကအဲလိုအတင်းတုပ်ချိန်မှာဂျက်စီက​နောက်ကဖြတ်သွားချိန်

    အသံကြယ်ကြီးနဲ့​ပြောတာမို့

    ..ိုင်စီ​ကွေး​ရောကြူရိုး​ရော

    ဂျက်စီကြားမှာဧကန်

    သူကအ​ရေထူပါတယ်

    ဘာမှမဖြစ်

    အခုဆိုသူက​မေ့ချင်​တောင်​မေ့

    သတိရချင်မှရမှာ

    အပြစ်ပြုဖူး​တွေကသာအသက်ရလာ​​​တော့အားနာစိတ်နဲ့​မေ့မရ

    တောင်းပန်ပါတယ်သူငယ်ချင်း​ရယ်

    တို့အားလုံးအ​တော်ဆိုးခဲ့မိတယ်

    အခု​တော့အရမ်းအမှတ်ရတဲ့အဖြစ်တခုသာဖြစ်​ပေမဲ့

    ပြန်သတိရတိုင်းအားအလွန်နာမိပါရဲ့

    မပြုံးနိုင်ပါ​လေ

  • 69er Gatherings

    69er Gatherings

    by Hla Min

    Updated : June 2025

    New & Old

    June 2025

    Sponsor : U Khin Maung Tin
    Three Musketeers — Roland, Oscar, Elvis
    Mehm Aye Chan & Daw Myint Myint
    Donation to 69er HCF
    KMT
    Four “Young at heart”
    Myo Nyunt & Spouse

    Former Gatherings

    Gathering 1
    • 9 Sponsors — Record
    • Photographer — Tin Aung Win (Oscar)
    Gathering 2
    Gathering 3
    Gathering 4
    Gathering 5

    Some are no longer with us.

    • A Pho Gyi — Han Sein
    • Chit Pe
    • Thein Maung

    Garawa to U Ba Than

    U Ba Than 1
    U Ba Than 2
    U Ba Than 3

    Graduation

    Grad 1
    Grad 2
    Grad 3

    Old Photos

    • Chit Pe, Kyaw Nyunt, Aung Gyi Shwe … are GBNF (Gone But Not Forgotten)
    Old 1
    Old 2
    Old 3

    2014

    G 1

    2015

    G 2

    2016

    G 3

    2017

    G 4

    2018

    G 5

    2019

    Graduation Golden Jubilee

    G 6

    Dec 2022

    D 1
    D 2
    D 3
    D 4
    D 5
    D 6
    D 7
    D 8
    D 9
    D 10
    D 11
    D 12
    D 13
    D 14
    D 15
    D 16

    August 2023

    A 1
    A 2
    A 3
    A 4
    A 5
    A 6
    A 7
    A 8
    A 9
    A 10
    A 11
    A 12
    A 13
    A 14
    A 15
    A 16
    A 17
    A 18
    A 19
    A 20
    A 21
    A 22
    A 23
    A 24
    A 25
    A 26
    A 27
    A 28

    September 2023 အလှူရှင်

    • ဦးငွေထွန်း၊
    • ဦးတင်ရှိန်၊
    • ဦးသန်းဝင်း၊
    • ဦးချမ်းငြိမ်း၊
    • ဒေါ်ခင်သန်းမြင့်တင်၊
    • ဦးစောမြင့်နိုင်၊
    • ဦးဖေဟန်ထွန်း
    • U Zaw Win (Thailand)
    • Albert Kyaw Min

    Dear RIT 69++friends

    ဖိတ်ကြားအပ်ပါတယ်

    September breakfast gathering သို့ မပျက်မကွက် ကြွရောက်ကြပါခင်ဗျား။

    တော်ဝင်နှင်းဆီ / ၂၄/၉/၂၀၂၃ (တနင်္ဂနွေ) ၊ ၇:၀၀ မှ ၈:၃၀ နာရီ မှာဆုံကြမယ်။

    ကိုငွေထွန်း၊ကိုသန်းဝင်း၊ကိုတင်ရှိန်၊ကိုစောမြင့်နိုင်၊ကိုဖေဟန်ထွန်း၊ကိုချမ်းငြိမ်း၊မာဂရက်၊Albertနှင့် ကိုဇော်ဝင်း(ထိုင်း) ပေါင်း ၉ ဦးတို့က အာဟာရ ဒါန ပြုကြပါမယ်။နီး/ဝေး/ပြည်ပ သူငယ်ချင်းများရဲ့ စေတနာပါ။ကြွလာချီးမြှင့်ဖို့ ထပ်မံတိုက်တွန်းပါရစေ။

    စားပြီးရင် ၉၃ နှစ်ပြည့် ဆရာ ဦးဘသန်းအား သွားရောက် ဂါရဝ ပြုပါမယ်။ဆရာနေကောင်းပါတယ် အပြော နဲ့ သတိ အားနည်းလာပြီ။အလှူငွေများကို နောက်ဆုံးအချိန်ထိ လက်ခံပေးသွားပါ့မယ်။လိုက်ပါလိုသူ အကန့်အသတ်မရှိပါ။

    Updates

    • Need help to organize the website
    • Need names of occasional attendees (from overseas & out-of-town)
    • Need photos of some GBNF
    • Need updated Contact List


  • 69er News

    69er News

    by Hla Min

    Updated : June 2025

    Gathering in November, 2015

    Host : U Tint Lwin (Daniel, M69)

    69ers 1
    69ers 2
    69ers 3
    69ers 4

    • Albert Kyaw Min wrote :
      The Oldies of RIT 64′ (Second BE) intake, 69’++ Luncheon Gathering at Feel Restaurant sponsored by Danny who arrived yesterday (November 28, 2015) from Singapore.
      Over 50 classmates gathered .
    • Emma (Tin Tin Myint) wrote :
      Good Friends, Good Food, Good Times
    • Albert, Danny & Robert are the Guitarists. Have not heard from Robert.

    U Win Kyi (GBNF)

    • U Aung Min wrote : Funeral service of Ko Win Kyi (GBNF 87) from The Mirror 30/11/18
    • U Kyaw Oo wrote : U Win Kyi was my roommate in Delft, the Netherlands.

    Updates

    • As of June 2025, 138 RIT69ers are GBNF.
    • More than 40%
  • July 2015

    Enjoyable Vacation

    • Trip to the East Coast of US and parts of Canada
    • Took United Airlines from San Francisco International airport
    • Flight was delayed for more than two hours because the computer system was down
    • Our plane was diverted to Syracuse airport in New York to refuel and to wait there until Newark (New Jersey) airport — which had experienced traffic congestion — could handle the incoming flights
    • Ivan Lee (M69) was aware of the flight delay. He picked us up at the airport.
    • He would be our host & trip coordinator.
    • Selected events from the trip are described below.

    July 10, 2015

    On the road to NYC
    • Ivan took us — Sayagyi Dr. Aung Gyi, Daw Emma, my spouse & me— on a New York tour.
    • We felt like “honored guests” because New York City was lined up with fans — young and old — of the US women’s soccer team which won the World Championship for the third time.

    July 11, 2015

    NJ Gathering
    Six 69ers & Two Sayas
    • Ivan hosted a gathering in honor of Sayagyi Dr. Aung Gyi and Saya U Soe Paing (EE, UCC).
    • Ivan had hosted the RIT-UCC gathering for several years.
    • Attendees include Richard Than Se (ChE62, classmate of U Soe Paing), Fred Thegyi (M69), U Tun Aung Gyaw (EC69), Daw Saw Yu Tint (Alice, T69), U Toung (Tom, EC69), U Sein Myint (EC76, UCC), Daw Sao Mon Sint (Cindy, UCC), U Mya Aung (UCC), U Soe Myint (UCC) and Ivan’s relatives (who displayed their culinary skills).
    • There were six 69ers at the gathering.

    July 13, 2015 (Windsor, Canada)

    Windsor
    Breakfast
    • Sayagyi U Aung Khin was delighted to see his former students — Ivan Lee & Fred Thetgyi — drive a long way to pay respect to him.
    • Ivan provided his Mercedes & gas for the trip.
    • Fred drove most of the way to let Ivan have a light load. Fred also took photos of the trip.
    • Sayagyi allowed my spouse & I to spend the night at his guest room.
    • Sayagyi prepared “pe kyaw” and “mohinga” for breakfast the next morning for the four of us. He also gave mementos.

    July 14 – 15, 2015 (Napean, Canada)

    Napean
    Thousand Islsnds
    • Sayagyi Dr. Aung Gyi hosted his former students for two days.
    • Showed us around Toronto
    • Took us to the Thousand Islands

    July 16 -17, 2015 (Massachusetts)

    MIT
    U TAG & Daw KMM
    • Despite being busy working on two projects, U Tun Aung Gyaw took two days off to host his former classmates.
    • He took us to MIT & Harvard.
    • It has become a tradition to touch the “shining” shoe of Harvard’s statue (and make a wish). Fred touched with one hand and made a wish on behalf of his grand kid. Ivan touched with both hands (saying he need to make a wish on behalf of his six grand children).

    July 18 – 19, 2015 (Connecticut)

    Library
    • U Toung (Tom) & Daw Khin Myint (Kim) were our hosts for the Connecticut leg of our trip.
    • A photo was taken by Fred in front of one of the 30+ libraries at Yale University.
    • Another photo was taken by a waitress (who has a “FRED” tattoo on her arm in honor of her dad) at Table (10) of Frank Pepe’s pizza. Photos of the then young Bill Clinton, who frequented the pizza place, can be seen on the wall. She then checked Fred’s ID and agreed to have a picture together.
    Pizza

    Miscellaneous

    • On the way to Windsor, Canada we stopped to see Niagara Falls from the Canadian side. On a previous trip, I had seen Niagara Falls from the US side. Many say that the view from the Canadian side is better.
    • The speed limit in Canada was lower than that of US. The GPS had some hiccup inside Canada. We ended up late arriving at Sayagyi U Aung Khin’s house.
    • We just drove around Toronto on our way to Sayagyi Dr. Aung Gyi’s house. We prefer to be early than late.
    • U Tun Aung Gyaw lives in Shrewbury (about 50 miles from Boston). He was working on multiple projects.
    • Tom lives in Trumbull, Connecticut. He is retired. He often flew to Hong Kong to see his son & grandchild.
    • As a side trip, Fred took us to Pennsylvania (where he lives) & Maryland. We visited Liberty Bell & selected places. U Thein Han is my sole remaining uncle. He lives in Maryland.
    • Ivan had two PEs (from New Jersey and New York). He owns some real estate. He loves to cook. He plays accordion and harmonica. He is a Life time Platinum member of US Bridge Association. He is a Golden Sponsor of SPZP-2000 and SPZP-2007. He is a major donor to the 69er Health Care Fund.