* SPZP-2000 Organizers

* 1958 Civil Engineering

* ငယ်စဉ် — သင်္ကြန်

* SF Bay Area Alumni Group ခေါင်းဆောင်

* ဆရာဦးအောင်ခင်၊ ဆရာAllen၊ ဒေါ်မူမူခင်

* ဆရာAllen၊ ဒေါက်တာစံလင်း

* ချစ်ဇနီး နဲ့ မြေး လေး ယောက်

* YTU Library အတွက် ဆရာ့ စာအုပ်များ လှူ

Engineering Schools in Burma
* SPZP-2000 Organizers

* 1958 Civil Engineering

* ငယ်စဉ် — သင်္ကြန်

* SF Bay Area Alumni Group ခေါင်းဆောင်

* ဆရာဦးအောင်ခင်၊ ဆရာAllen၊ ဒေါ်မူမူခင်

* ဆရာAllen၊ ဒေါက်တာစံလင်း

* ချစ်ဇနီး နဲ့ မြေး လေး ယောက်

* YTU Library အတွက် ဆရာ့ စာအုပ်များ လှူ











































































Architecture ပိသုကာ ဆရာ ဆရာမ တချို့
ဦးသာထွန်း (ကွယ်လွန်)
Head of Department in the 1960s
See article by Dr. Koung Nyunt (A67, GBNF) and U Than Tun (A65)
U Khin Maung Thint (Jimmy Tin)
Taught the early batches
Moved to USA
ပိသုကာ ကျော်မင်း (ကွယ်လွန်)
Designed Mausoleum for Thakin Kodaw Hmaing
Founding member, BARB

ဦးမျိုးမြင့်စိန်
Retired as Professor and Head of Architecture
Celebrated his 91st birthday on October 1, 2022
Bilal Raschid
Son of H.E. M A Raschid (Minister in the AFPFL Government)
Graduated with Civil Engineering from RU in 1956
Studied Architecture in UK
Moved to USA
ဒေါက်တာမောင်ကျော် (ကွယ်လွန်)
ဒေါက်တာလွင်အောင်
Former Professor and Head
Retired as Pro-Rector, YTU
Became a monk after retirement
ပန်းချီ အောင်စိုး
Artist
Taught Sketching
ဦးမောင်မောင်
U Hla Myint
Served as Hall Warder
ဦးစိန်မောင် (Stanley Ba Pe)
ဦးမောင်မောင်ဖုန်းမြင့်
ဒေါက်တာကောင်းညွန့် (ကွယ်လွန်)
Studied in Japan
Moved to New Zealand
Wrote articles for RIT Alumni International Newsletter
ဦးကျော်သိန်း
စိုင်းရီလိတ် (ကွယ်လွန်)
ဦးလှသန်း
Retired as Pro-Rector (Acting Rector)
ဒေါ်မင်းသက်မွန် (Pamela Myo Min)
Retired as Professor and Head
ဦးကျော်ဝင်း
ဒေါ်ဆွေဆွေအေး
ဦးမောင်လှိုင်







Thein Ngwe (ChE76) posted photos of Dr. Koung Nyunt’s visit to Japan.


________________________________________________________________________


_____________________________________________________________________________


















































၂၀ မတ် ၂၀၂၃။
သည်နေ့ ၂၀ -၃ -၂၀၂၃ ထုတ် Weekly Eleven.
တွင် စာရေးသူ၏ ဆောင်းပါး….
စာရေးသူ၏ လက်တွေ့ဘဝဖြစ်စဥ်အမှန်။ အ
မှန်အတိုင်း ရေးသားမှတ်တမ်းတင်ခြင်းဖြစ်၍ အပို ဖြည့်စွက်ရေးသားခြင်းလုံးဝမရှိပါ။ ရေးချင် သော အချက်အလက်အချို့ပင်ကျန်နေပါသေးသည်။
လိပ်ခုံးအကြောင်း၊ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာ မဟာဌာန၊ အ- က -သ နှစ်လည်မဂ္ဂဇင်း ၁၉၆၀-၆၁ ။ လောပိတ ရေအားလျှပ်စစ်
နှင့် မတ်စောက်သည့် တောင်စောင်း၏အသည်း
ထိတ်စရာ ဂငယ်ကွေ့ ကိုးကွေ့…..
“ပွင့်သွားလေသော အနုသုခုမ အလွမ်းတံခါး (၄)”
(၁)
အနုသုခုမ အလွမ်းတံခါးသည် ဆက်လက်ပွင့်မြဲ
ပွင့်လျက် ရှိနေသည်။
ဤ စာစုအားရေးတော့မည်ကြံလိုက်သည့်အခါ
လက်ထဲသို့ လိုချင်ဆန္ဒကြီးစွာဖြစ်နေခဲ့သော
“ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားများသမဂ္ဂ နှစ်လည်မဂ္ဂဇင်း” စာအုပ် တိုက်ဆိုင်စွာပင် ရောက်လာသည်လေ။ ထိုမဂ္ဂဇင်းကို မိမိက အထွေထွေစာတည်း အဖြစ်ဆောင်ရွက်ကာ ၁၉၆၁ ခုနှစ်တွင်ထုတ်ခဲ့ခြင်းဖြစ်၏။
ပြောမည်ဆိုလျှင် မိမိသည် စာရေးခြင်းအလုပ်ကို
စွဲလမ်းသံယောဇဥ်ကြီးစွာ၊ ဝါသနာအထုံပါစွာ နေ့
နေ့ညည မပြတ်လုပ်ဆောင်နေရမှ စားဝင်အိပ်
ပျော်၊ နေသာထိုင်သာရှိသည်ဟု ဆိုရမည်မှာ မုချ
အမှန်။ ပြီးတော့လည်း အနည်းငယ်မျှသော မိမိသိထားသည့် အကြောင်းခြင်းရာများအား အများကို ဝေမျှလိုသည့်စေတနာလည်း ပါနေသော
ကြောင့် ဖြစ်သည်။
ထားပါတော့။ ရန်ကုန်တက္ကသိုလ် အ -က- သ နှစ်
လည် မဂ္ဂဇင်း ကိုအသေအချာဆန်းစစ်ကြည့်သော် ပါဝင်သည့်စာမူများထဲမှ အချို့အဝက်မှာ
ရန်ကုန်တက္ကသိုလ်တွင်တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းသား/သူ ကလောင်ရှင်များ
ထံမှ တောင်းခံရရှိထားသည့်စာမူဖြစ်သည်ကို တွေ့ရပေသည်။ ကျန်စာမူတို့မှာ အင်ဂျင်နီယာပညာဆိုင်ရာသင်တန်းမှ ကလောင်ရှင်များထံမှ
ဖြစ်သည်။ စာမူများအားလုံလောက်စွာမရရှိခဲ့စေ
ကာမူ မဂ္ဂဇင်းကိုမျှော်မှန်းချက်အတိုင်းထုတ်ဝေနိုင်ခဲ့သည်။
(၂)
အ -က-သ နှစ်လည်မဂ္ဂဇင်းတွင် သိပ္ပံကျော်ဦး ၏
” သစ်သားအင်ဂျင်နီယာ ” ဆောင်းပါးသည် ထိုအ
ချိန်ကာလက အင်ဂျင်နီယာကောလိပ် (Enginee-ring College) ဟု လည်းခေါ်ဆို
သည့် အင်ဂျင်နီယာမဟာဌာန (Faculty of Engineering) ဝင်းအတွင်း၏ ဝဲဘက်နေရာ၌ ဆောက်လုပ်ထားသော လိပ်ခုံး (Dome) ကြီးအကြောင်းအား တစေ့တစောင်း လေ့လာထား
သည့် ဆောင်းပါးဖြစ်သည်။.Dome ဟူသောစကားလုံး၏အနက်မှာ ဝိုင်းဝိုင်းခုံးခုံး အရာဝတ္ထုတစ်ခုဖြစ်သည်နှင့်အညီ မြန်မာ
တို့ကလည်း လိပ်၏ကျောပြင်သဏ္ဌာန်နှင့်ဆင်
နေသဖြင့် ယင်းအဆောက်အအုံကြီးကို “လိပ်ခုံး”
ဟု နာမည်တပ်လိုက်ကြခြင်းဖြစ်သည်။ သို့ဖြစ်
ရကား လိပ်ခုံး ဟုဆိုလိုက်သည်နှင့် အင်ဂျင်နီယာ
ကျောင်းသားတို့ ပညာသင် ကျောင်းတက်ခဲ့သည့်
နယ်မြေဟုသိကြပြီး လက်ရှိအခြေအနေတွင်မူ ဆေးတက္ကသိုလ် က ဆက်လက်အသုံးပြုနေ
လျက်ရှိသည်။
သိပ္ပံကျော်ဦးက သူ၏ “သစ်သားအင်ဂျင်နီယာ”
ဆောင်းပါးတွင် အဆောက်အအုံတစ်ခု တည်
ဆောက်ရန်အတွက် အင်ဂျင်နီယာလက်သုံး ‘ရိုက်
သံ’ များအလုံအလောက်ရရှိရန် မဆိုထားဘိ၊ သံ
ကိုပင်လျှင် မတွေ့ရ ဟု ရေးသားထားသည်။
အဆိုပါဆောင်းပါးရှင်၏ အာဘော်အရ ဤ နိုင်ငံ
သည် သစ်မာ သစ်ပျော့များ ပေါကြွယ်ဝသော
နိုင်ငံ ဖြစ်သဖြင့် သစ်သားသည် မြန်မာအင်ဂျင်နီ
ယာများအတွက်အသုံးပြုရမည့် လက်သုံးပင်ဖြစ်
ကြောင်း၊ အသုံးပြုရမည် ဖြစ်ကြောင်း ဆိုပါ
သည်။
(မှတ်ချက်။ ၁၉၆၀ပြည့်နှစ် ရေးခဲ့သော စာစုဖြစ်
ခြင်း၊ ပါဝင်သည့် ကိစ္စကြီးငယ် အကြောင်းအရာ
အမှားအမှန် အားလုံးကို ထိုဆောင်းပါးရေးသား
သူကိုယ်တိုင်ကသာ တာဝန်ယူ တာဝန်ရှိခြင်း၊
စာတည်းဖြစ်သူက ဆောင်းပါးပါ မည်သည့်အချက်အလက်အပေါ်မျှ တာဝန်မခံခြင်း စသည်
တို့ကို စာရှုသူများအား ရိုးရှင်းစွာအသိပေးရင်း
ဆောင်းပါးရှင် ၏ ဟိုးတစ်ခေတ်ကအာဘော်နှင့်
မျက်မှောက်အခြေအနေကို ချိန်ထိုးကြည့်နိုင်ရန်
ဆောင်းပါးတစ်စိတ်တစ်ဒေသအား ပြန်လည်
တင်ပြခြင်း ရည်ရွယ်လိုရင်း ဖြစ်ပါသည်)။
ဆောင်းပါးရှင်က ဆက်လက်၍ သစ်သားများ
အား တစ်ခုနှင့်တစ်ခု တွဲစပ်ရာ၌ သံမူလီ (Bolts)
ကို အများဆုံးအသုံးပြုကြသောကြောင့် သစ်သား၏ အသုံးချစွမ်းရည်သည် ၄၀ ရာနှုန်းသို့ကျသွားသဖြင့် အကျိုးမဖြစ်ဘဲ များစွာဆုံးရှုံးရသည်ဟု ဆိုသည်။ သို့ဖြစ်၍ အင်ဂျင်နီယာ သုတေသီတစ်ဦး၏အဆိုအရ သစ်သားတစ်ခုနှင့်တစ်ခုဆက်ရာတွင် ကော်ကောင်းကောင်းဖြင့် ထပ်ဆက် ဆက်ခြင်းသည် ပို၍အကျိုးထူးကြောင်း သိရသည်ဟု ဆိုသည်။
နောက်တစ်မျိုးရှိသေးသည်။ သစ်သားများအား
ရိုက်သံသုံး၍ တွဲစပ်ခြင်း၊ တူဖြင့်ထုရိုက်သွင်းခြင်း စသဖြင့် ပြုလုပ်ခြင်းမှာ မမှန်ကန်သောနည်းဖြစ်သည်ဟု ဆောင်းပါးရှင်က ဆိုသည်။ ယင်း
နည်းသုံးခြင်းကြောင့် သစ်သား၏ ဒဏ်ခံအားကို
လျော့သွားစေသည်။ စူးသွားဖြင့်ဖောက်ပြီးမှ သံ
ကိုရိုက်သွင်းခြင်းကပို၍ မှန်ကန်သောနည်း ဖြစ်
သည်ဆိုသည်။
ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာမဟာဌာန (အင်
ဂျင်နီယာကောလိပ်) ဝင်းရှိ ထည်ဝါခန့်ညား မြင့်
မားလှသည့် လိပ်ခုံးကြီး (Dome) သည် သစ်သားကို ပိုင်ပိုင်နိုင်နိုင် အသုံးချ၍ အမွှန်းတင် တည်ဆောက်ထားသော အဆောက်အအုံကြီးပင်ဖြစ်သည်။ ဆောင်းပါးရှင် သိပ္ပံကျော်ဦးက ဆက်
လက်၍ အဆိုပါ လိပ်ခုံးပုံသဏ္ဌာန်မျိုးအဆောက်
အအုံမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့်ပထမဦးဆုံး ပေါ်ထွက်လာသည့် အဆောက်အအုံဖြစ်သော
ကြောင့် မြန်မာအင်ဂျင်နီယာတို့အဖို့ ဂုဏ်ယူဝင့်
ကြွားစရာ ဖြစ်လာခဲ့သည်ဟု ရေးသားထားသည်။
(စာရေးသူ၏မှတ်ချက်။ လိပ်ခုံးအရွယ်အစား၊
အလျားအနံ၊ အမြင့်အနိမ့်၊ အသုံးပြုသည့် သစ်
သား၊ ကော်အမျိုးအစား အစရှိသည့် အသေး
မစိတ်တစိတ် အကြောင်းအရာများကို ဤနေရာ
တွင် မဖော်ပြတော့ပါ။ သိလိုပါကလည်း သီးခြား
မေးမြန်းနိုင်ပါသည်)။
(၃)
သို့ဖြစ်ရကား ဤ လိပ်ခုံးပုံသဏ္ဌာန်အား ဘယ်
သူဘယ်ဝါ ပုံဖော်ရေးဆွဲခဲ့ပါသနည်း။
မှတ်တမ်းမှတ်ရာများအရ နှင့် စာရေးသူသိရှိခဲ့ဖူး
သလောက်ဆိုရပါလျှင် ရာဂလန် စကွိုင်းယား
(Raglan Squire) ဟူသော ဗြိတိသျှ ဗိသုကာ ပညာရှင်က ၎င်းအား သက်ဆိုင်ရာမှ တရားဝင်စေလွှတ်ချက်အရ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်တွင် အင်ဂျင်နီယာကောလိပ် အဆောက်အအုံတစ်ခုအတွက် ဒီဇိုင်းပုံစံရေးဆွဲသည့် ပင်လယ်
ရပ်ခြား စီမံကိန်းကြီးကို အကောင်အထည်ဖော်ရန် ရန်ကုန်မြို့သို့ ၁၉၅၂ ခုနှစ်တွင်ရောက်ရှိလာခြင်းဖြစ်၏။
အဆိုပါ စီမံကိန်းကြီးမှာ စကွိုင်းယား၏ ဘဝ တိုး
တက်ရာတိုးတက်ကြောင်းအတွက် အလွန်ပင်အ
ရေးပါသည့်ခြေလှမ်းတစ်လှမ်းဖြစ်သည်ဆိုသည်။
ရန်ကုန်တက္ကသိုလ်၏ အင်ဂျင်နီယာကောလိပ်၊
သို့မဟုတ်အင်ဂျင်နီယာ မဟာဌာနအတွက် လိပ်
ခုံးဟု နှစ်သက်ခုံမင်စွာ ခေါ်ဝေါ်နေကြသော ဤ
ရွေ့ဤမျှကြီးကျယ်ခမ်းနားသည့် စုဝေးခန်းမကြီး
(Assembly Hall) တစ်ခုအား ဒီဇိုင်းရေးဆွဲ တည်ဆောက်ခွင့်ရသည့်အတွက် စကွိုင်းယား
သည် အလွန်တရာမှပင်ဂုဏ်ယူမိကြောင်း မြွက်ဟခဲ့သေးသည် ဆိုသည်။
အထင်ကရဖြစ်ကျန်ခဲ့သည်ဟု လူအချို့အတွက်
တန်ဖိုးဖြတ်မရနိုင်သော၊ သမိုင်းအထောက်
အထားတစ်”ခုအဖြစ် ပြောဆိုသတ်မှတ်မည်ဆိုက သတ်မှတ်နိုင်သော်လည်း အနုသုခုမတန်ဖိုးနှင့်တကွ လိပ်ခုံး၏ အလှဗေဒ(Aesthetics) ကို မျက်ကန်းတစ္ဆေအလား မြင်သိမှု ကင်းမဲ့သူ အချို့အတွက်မူ ဒြပ်ပစ္စည်း ရုပ်အကြမ်းထည်တစ်ခုသာ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လိပ်ခုံးသည်ကား ဖြစ်တည်ခြင်း၏ပြင်ပကမ္ဘာသို့ ရွေ့မျောလေပြီ။ ပရောဂကို ရှာမရ၊ မရှာတတ်ဟုပြောလျှင် ပို၍များမှန်မည်လားမသိ။ ကိုယ်ကျိုးရှာ သမားများလက်ထဲရောက်များရောက်သွားသည်လား၊ မတွေးဝံ့…။ သက်တမ်းစေ့၍ သူ့အလိုလို ပြိုကျခြင်းတော့မဖြစ်တန်ရာ..။
လိပ်ခုံးကြီး၏အမိုး အရိပ်အာဝါသအောက် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များစွာ စာမေးပွဲ
အား ခဲရာခဲဆစ် ဖြေဆိုခဲ့ဖူးပြီ။ စုဝေးခန်းမကြီး၌
ပြပွဲမျိုးစုံတို့ကိုလည်း ခင်းကျင်းလျက် အလွမ်း
ပြေစိတ်ဆာလောင်မှုတို့ကိုလည်းလျော့စေခဲ့ပြီးပြီ။ သူ့ကိုလွမ်းသည်။ သည်တစ်ကြိမ်တော့ မခံစားနိုင်သောအလွမ်း၊ ဖြေသိမ့်ခြင်းငှာ မစွမ်းသော အလွမ်းမျိုး…။
(၄)
များမကြာမီ အတန်းတူသူငယ်ချင်း ၆ ယောက်
စုကာ အင်ဂျင်နီယာကျောင်းသားများမဖြစ်မနေ
လုပ်ဆောင်ဖြည့်ဆည်းရမည့် လိုအပ်ချက်တစ်ခု
အဖြစ် “နွေရာသီလက်တွေ့တစ်လသင်တန်း”
အတွက် ကယားပြည်နယ်ရှိ လောပိတ ရေအား
လျှပ်စစ်ဓာတ်အားစက်ရုံသို့ ခရီးထွက်ခွာသွား
ကြသည်။ အမှတ်သညာထဲတွင် မည်သည့်အခါ
မျှပြယ်ပျက်သွားလိမ့်မည်မဟုတ်သော ၁၉၆၀
ပြည့်နှစ် ဧပြီလ ၁ရက်နေ့။ ယင်း ရေအား လျှပ်စစ်
ဓာတ်အားပေး စက်ရုံသစ်ကြီး ဖွင့်ပွဲနေ့ ဖြစ်သည်။
မြန်မာနှင့်ဂျပန် နှစ်နိုင်ငံသဘောတူစာချုပ်အရ
ဂျပန်က တည်ဆောက်ပေးခြင်းဖြစ်သည်။ စက်ရုံ
အတွင်းအပြင်တစ်ခွင်လုံးကိုကြည့်သော် စက်
ပစ္စည်းကိရိယာမှအစ ရှုခင်းတစ်ခုလုံးမှာ လန်း
ဆန်းသစ်လွင်လှပ၍နေသည်။ (သဘောတူစာချုပ် ထဲတွင် ပစ္စည်းအပေးအယူအပါအဝင်
အခြားအချက်အလက်များလည်းပါဝင်သဖြင့်
ဤနေရာ၌ မဖော်ပြတော့ပါ- စာရေးသူ)။
စာရေးသူတို့ လျှပ်စစ်သင်တန်းသား ၆ ယောက်
ကို သင်တန်းကာလတစ်လျှောက်လုံး အသစ်
ဆောက်ထားသည့် တောင်ပေါ်ရှိ သစ်သားပျဥ်
အိမ်တစ်လုံးတွင်နေရာချထားသည်။ မနက်တိုင်း
စက်ရုံသို့သွားရန် အီဆူဇူးကားကြီးဖြင့်လာခေါ်
သည်။ မကြာပါ၊ တောင်ပေါ်မှ မတ်စောက်သည့်
တောင်အောက်သို့ ကားကဆင်းနေပြီ။ လမ်းသည်
ဂငယ်ကွေ့ စုစုပေါင်း ကိုးကွေ့ရှိသည်။ ကားသ
မား၏ကျွမ်းကျင်မှုကြောင့်ဘာမှမဖြစ်၊ တစ်ခါ
တလေများ အကွေ့အချိုးတွင် ကားရှေ့ဘီးသည်
လမ်းအစွန်အဖျားထက်အနည်းအကျဥ်း ကျွံထွက်
သွားမည်ဆိုပါက သေချာပေါက်တောင်ခြေနှင့်
မဆိုင်းမတွ မိတ်ဆွေဖြစ်သွားမည်။ နောက်တစ်ခု
က တောင်အောက်ပင်ရောက်မည်မကြံသေး၊ နား
နှစ်ဖက်စလုံး အူ၍ ကိုက်ခဲနာကျင်လာသည်။ လေ
ထုဖိသိပ်အား ပြောင်းသွားခြင်းကြောင့်ဖြစ်မည်။
ခံစားတတ်သူတစ်ယောက်အဖို့ တောင်ပေါ်အစွန်တစ်နေရာရာမှ တောင်အောက်ခြေမြေပြန့်ပေါ်ရှိ
ဆောက်လုပ်ထားသော ဓာတ်အားပေးစက်ရုံကြီး
အား ငုံ့မျှော်ကြည်ံ့လိုက်မည်ဆိုပါက စက်ရုံ၏ ခန့်ညားထယ်ဝါ ရပ်နေနေပုံကို ရင်သိမ့်တုန်စွာ မြင်
တွေ့ခံစားနေရပေလိမ့်မည်။ တကယ်တော့ ရရှိလိုက်သောခံစားချက်တို့မှာ ကျေနပ်အားရမှု၊ ဝမ်း
သာနှစ်သိမ့်မှု စသည်တို့နှင့်အတူ အဓိပ္ပာယ်မဖော်
ပြတတ်သော လှုပ်ခတ်မှုများ ပါဝင်နေသည်လေ.. .။
ဪ… ရုတ်တရက်သတိရလိုက်သည်က ရန်ကုန်မှမခွာမီလေး နှုတ်ဆက်စကားပြောရန်သွားခဲ့သည့် မဂ္ဂဇင်းတိုက်။ သွေးသောက်မဂ္ဂဇင်း။ ယင်း
မဂ္ဂဇင်းကိုတည်ထောင်သူနှင့်စာတည်းဖြစ်သူ စာ
ရေးဆရာကြီး ပြည့်စုံ,…။ ၁၉၆၀ ပြည့်နှစ်နှင့်ယင်း
အလွန်ကာလ သွေးသောက်တိုက်သို့ မကြာမကြာ
ရောက်တတ်သည်၊ ရန်ကုန်အနောက်ပိုင်း ၄၈လမ်း
အထက်ဘလောက်။
‘သွေးသောက်’ ကို သိရှိမှတ်မိသူရှိမည်ဟုဆိုနိုင်
သည့်တိုင် အများအားဖြင့်မူ ထိုအမည်အား ဝိုးတိုး
ဝါးတားနှင့် တွေးယူမရဖြစ်နေပေလိမ့်မည်။ သွေး
သောက်မဂ္ဂဇင်းအား ပွဲဦးထွက် စတင်တည်ထောင်
ထုတ်ဝေသည့်ခုနှစ်ကို မှတ်တမ်းမှတ်ရာများ၌
တိတိကျကျ မတွေ့ရှိသော်လည်း အချို့မှတ်စုများ
တွင် ရှုမဝ ဦးကျော်တည်ထောင်သည့် ၁၉၄၇ ခု
နှစ် ရှုမဝရုပ်စုံမဂ္ဂဇင်း နှင့် နီးနီးစပ်စပ်ကာလ တစ်
ခုဖြစ်မည်ဟု နားလည်သဘောပေါက်ထားသည်။
မည်သို့ပင်ဖြစ်စေ သွေးသောက်ဖန်တီးရှင် ဆရာ
(ဦး) ပြည့်စုံ သည် သွေးသောက်မဂ္ဂဇင်းတွင် စာတည်းအဖြစ်ဆောင်ရွက်ရုံသာမက၊ ယခင်က
ရုပ်ရှင်လောက၌ ထဲထဲဝင်ဝင် တာရှည် ကျင်လည်ကာ ဇာတ်ညွှန်းလည်းရေး၊ရုပ်ရှင်ဒါရိုက်တာလည်း
လုပ်၊ သရုပ်ဆောင်လည်းလုပ်၊ ပါဝင်ဆောင်ရွက်ခဲ့သည် ဆိုပါသည်။
စာရေးသူသိမ်းဆည်းထားသောစာအုပ်အဟောင်း
အမြင်းများ၊ ယခင့်ယခင်၏ လစဥ်ထုတ် ရှုမဝ၊ ဒဂုန်၊ ပေဖူးလွှာ၊ သွေးသောက် အစရှိသည့်မဂ္ဂဇင်း
များအား တစ်နေ့က စိတ်ကူးရသဖြင့်ကြည့်ရှုနေ
မိချိန်နှင့် တိုက်ဆိုင်စွာပင် မိတ်ဆွေစာရေးဆရာ
ကျော်မျိုးခိုင်က မက်ဆင်ဂျာမှတစ်ဆင့် ၁၉၆၀
ပြည့်နှစ်၊ ဇွန်လထုတ် သွေးသောက်မဂ္ဂဇင်းတွင်ပုံ
နှိပ်ဖေါ်ပြထားသော စာရေးသူ၏ ‘လောပိတ ရေ
တံခွန်မှ’ ကဗျာကို ဓာတ်ပုံရိုက်၍ ပို့ပေးလှာသည်။
မိမိမေ့ပင်မေ့နေသလောက်ဖြစ်သောကဗျာကို
တွေ့ရှိပြီး ပို့ပေးသည့်စေတနာသည်ကြီးမားလှ
ပေစွ။ ကျေးဇူးအထူးပါ ဆရာကျော်မျိုးခိုင်။
(၅)
တကယ်တမ်းတော့ လောပိတရေအားလျှပ်စစ်
ဓာတ်အားပေး စက်ရုံဟုသာ ပိုမိုခေါ်တွင်သိရှိကြစေကာမူ ယင်းတည်ဆောက်ရေးစီမံကိန်းအား ဘီလူးချောင်းလျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းဟု တရားဝင်ခေါ်တွင်ခဲ့သည်။
ရှမ်းပြည်နယ် အင်းလေးကန်မှစတင်မြစ်ဖျားခံ
သော ဘီလူးချောင်းဟူသည့် မြစ်ငယ်လေးသည်
တောင်ဘက် မိုင် ၆၀ခန့်စီးဆင်းရာ လွိုင်ကော်သို့
ရောက်သည်။ ဆက်လက်၍စီးဆင်းရာ ပို၍မြေနိမ့်
လာသဖြင့် ရေစီးပိုသန်လာကာ ရံဖန်ရံခါရေတံခွန်
ငယ်လေးများဖြစ်ပေါ်စေသည်။ အတိုချုပ်အား
ဖြင့်ပြောရလျှင် ပေ ၁၄၅၀ နိမ့်သော လောပိတ
အရပ်တွင်ဖြစ်ပေါ်လာသည့် ရေတံခွန်သည်
လောပိတရေတံခွန်ပင် ဖြစ်ပေသည်။ ယင်းသို့
သဘာဝက ဖန်တီးပေးထားသောရေတံခွန်၊ ရေစီး
ကြောင်းများ၏ အားကို အသုံးချနိုင်ခြင်းသည်အံ့ဖွယ်တစ်ပါးပင် မဟုတ်ပါလား။ သို့ဖြစ်၍…
“လောပိတ ရေတံခွန်မှ ” တစ်ပိုင်းတစ်စ ကဗျာ…
မြေကျစ်ကျစ်မှာ..
သွေးညစ်သန္တာ၊ ခဲမှုန့်လွှာနှင့်
ညီညာ ပြန့်ကျဲ၊ မိုးပုလဲသည်
စိမ့်မြဲ စိမ့်စီး၊ အနီးအဝေး
ကိုယ်လျှင်တွေးမိ၊
လိပ်ကွေးတစ်ခက်၊ မြသစ်ရွက်၏
ကျောက်စက်ထိလျှိုး
တီးတိုးအသံ၊ ချင့်တွေးပြန်လျှင်
မြိုင်ယံ နန်းသာ၊ သည်အခါဝယ်
လျှံဖြာ ငွေသွယ်
” စံပယ်ပန်းတွေ ဝေပြီထင့် “။
(‘လောပိတ ရေတံခွန်မှ’… ကဗျာမှ…)
တက္ကသိုလ် မိုးဝါ
၅ ဧပြီ ၁၉၆၀။
သွေးသောက်မဂ္ဂဇင်း- ၁၉၆၀ဇွန်လ။
လောပိတရေတံခွန်သည် ဘီလူးချောင်းရေမှ
မြစ်ဖျားခံလာသည်။
စာရေးသူသည် မည်သည့်နေရာဒေသမှ မြစ်ဖျား
ခံ၍စီးမျောလာသည်ကို မမှန်းဆနိုင်ပါ။ သို့ရာ
တွင် ခံစားသိရှိမိသည်က တစ်ခုတော့ရှိသည်။ စာ
ရေးသူသည် ဖြန့်ကြက်လွှမ်းအုပ်ထားသော အနုသုခုမအလွမ်းမျှင်ပိုက်ကွန်ထဲ၌ တွယ်ငြိ အမိခံ
လိုက်ရပြန်ပါလေပြီ….။
ရေးသူ — တက္ကသိုလ် မိုးဝါ

On May 20, 2018, the BOD (Board of Directors) and EC (Executive Committee) members of NorCal RITAA (Northern California Rangoon Institute of Technology Alumni Association) threw a surprise party to celebrate the Golden Jubilee of Saya U Myat Htoo (C68, Chair of BOD) and Daw Hnin Maung Maung (Ma Ku, “Nyima Lay”).
According to Saya U Myat Htoo, he was the youngest in his family and wanted a younger sibling (preferably a sister).
Saya found an innocent 9 year old neighbor (and family friend).
Ten years later, they tied the knot.












Dr. Richard Yu Khin (Economist, SEAP Gold Medalist in Yachting) wrote
Background information on Ko Tin Htoon. His elder sister Ruby [Dr. Daw Win Hlaing] was a close friend of my aunt. My mother [Dr. Daw Phay] was personal physician to his mother. Their family mansion was located on 17 acres in prestigious Windermere Road. Former RUBC Captains Ko Tin Htoon, Ko Tin Htut & Ko Tin Wa later joined Rangoon Sailing Club. All three of them presently reside in California.






* Founder : U Myint Pe (M72)

* Patrons : U Khin Maung Phone Ko (C64) and U Aung Myint (Kyant Ba Hone, Pet69, GBNF)

* Maintainers include
U Win Naing (Mann Bei, Aw Pi Kye, M82)
U Thiha Latt (T84)

* Several Cartoonists met (some for the first time) in 2012 to compile ”RIT Cartoons” for sale at SPZP-2012.



