My heart aches and Tears well in my eyes …

by Tekkatho Moe War

Updated : Aug 2025

ရင်ထဲမှာဆို့ပြီး မျက်ရည်ဝဲမိသည်.,…

ငယ်ရွယ်စဉ်ကာလ က ချစ်သူနှင့် ကွေကွင်းခဲ့ရ၍ မျက်ရည်လွယ်လွယ်နှင့် မဝဲ…။

ရွယ်စဉ်ကာလက မိဘနှင့် စောစီးစွာ ခွဲခွာသွားရ၍ အငိုအရှိုက် မလွယ်ခဲ့…။

ယခု မူကား…..ဘ၀ နှင့် ယှဉ်လာတော့…..

ရင်ထဲမှာ ဆို့ ပြီး မျက်ရည်ဝဲမိသည်…..

အ ကြောင်းမှာ……

သည်နေ့ မနက် ဘုန်းကြီး ငါးပါး အား ဒံပေါက် ဆွမ်းကပ်၊ ပရိက္ခရာ လှူဖွယ် ၀တ်ထုမြား လှူဒါန်း ပြီး ပရိတ် တရား တော် များ နာယူ သည်။

ထို့နောက် ပတ်၀န်းကျင် ရှိ မိတ်သင်္ဂဟများနှင့် ဆွေမျိုးတို့ထံ သို့ ဒံပေါက် ဗူးများ အပို့ ခိုင်းလိုက်သည်။

အိမ်ဆောက် နေဆဲ နေရာ တွင်ရှိနေ သော ပန်းရံ ၊ ဆေးသုတ် ၊ လက်သမား အလုပ်သမား အားလုံး အတွက်လည်း တစ်ယောက်တစ်ပွဲ ကျ ( တစ်ဗူးကျ) ပို့လိုက်သည်။ တ မြန်နေ့ကပဲ အလုပ်သမားတွေကို ကြို တင် မှာထားပြီး သား ၊ ထမင်းဗူး တွေယူမလာ ခဲ့ကြ နှင့်….

နောက်တစ်နေ့ကျ ဒံပေါက် ပို့ ပေးမည် ဟု……

အလုပ်သမားတွေက နားမ ထောင်။ ထမင်းဗူး တွေ ယူမြဲယူလာသည်။

အ ကြောင်း မေးကြည့်လိုက်တော့…..

မိမိ တို့ရဲ့ သား သမီး ဘယ်တုန်းကမှ ဒံပေါက် မစားဖူး လို့ အိမ်ကိုသယ်ပြီး ကျွေးချင် လို့ပါတဲ့…..။ မိမိတို့ က အိမ်ကယူလာတာကိုပဲ စားကြမှာ တဲ့။

မိဘ မေတ္တာ ဘာ နဲ့ များ နှိုင်းလိုပါ သေးသလဲ ?

စာရေးသူ ရင် ထဲ ဆို့ ပြီး မျက် ရည် ဝဲ မိ သည်။

[မှတ်ချက်။ ။ ၂၀၁၃ခု ဧပြီလတွင် ရေးခဲ့သည့် စာစုအား ပြန်ဖေါ်ပြခြင်းဖြစ်၏ ]

[ဒု မှတ်ချက်။ ယခုလတ်တလော ၂၀၂၂ခု အနေအထားအရ ဒံပေါက်အစား ကြက်ဥကြော် ၂လုံး ဟူ၍ ပြင်ဆင်ရေးသားလျှင် ပိုမိုအံဝင်မည်လား..]

Translated by Hla Min

My heart aches and Tears well in my eyes …

In our younger days, tears would not fall easily even when one is forsaken by a lover.

Later, even when one’s parents passed away (especially untimely), one sensed grief and might shed a few tears.

A few years back (in April, 2013) we told the workers (masons, carpenters, painters …) not to bring their lunch boxes the following day, since we would be offering requisites (robes, medicine, Nawakama, Soon) and that they would have Dan Bauk (Birayani).

The next day, the workers brought their lunch boxes as usual.

Asked “Why?”

They replied, “We want to take back Dan Bauk to feed our children, who have never eaten such delicacy.”

My heart ached (thinking of the hard lives of the workers and their families).

Tears were ready to roll down. (There were Tears of Sorrow followed by Tears of Joy – appreciating the metta and cetana of parents.)

Note for the revised article: Should we substitute Dan Bauk with Two Eggs?

Editor’s Notes

Due to the pandemic, the former Rice Bowl of Asia is facing food shortage.

Due to misdirected policies, the purchasing power of Burmese Currency has declined.

Thanks to Ko Htoo and Ko Hta, many starving families have temporary relief in the form of Food Coupons (e.g by Mg Mar Ga, Shwe Zin Ma and their supporters).

I earlier translated Saya’s article about the K1000 (gratitude gift) by his mother-in-law to purchase a bowl of Khauk Swe.

Feedback

Saya U Moe Aung wrote :

Dear Ko Hla Min

As a matter of fact, I really cherished the article you’ve rendered into English recently. By the way, DanBauk is Briyani or, Birayani, as per your usage above?

Excellent rendition, cheers!!

Tekkatho Moe War
Book Present from Tekkatho Moe War

Posts

  • EE Sayas
  • Poem
  • Tekkatho Moe War
  • Translation
  • U Moe Aung

Comments

Leave a comment