
So the saying goes…
“Once a Teacher, always a Teacher”
BUT, NOT for some, in some occasions, does it really exist
“ခံစားချက်ဝေဒနာ၏ ဟိုမှာဘက်ကမ်းသို့”
နှစ်ပေါင်းများစွာ
ငါ… မေတ္တာပေးခဲ့…။
ကာလများစွာ
ငါ… စေတနာ ဝေဖြာခဲ့…။
အချိန်များစွာ
ငါ… ပုံသွန်အောခဲ့…။
သိပ္ပံ ပညာ
ငါ… ဖြန့်ဝေခဲ့လည်း…။
မတ်တတ် ခုံစွန်း
ခြေ ပွန်းစားလည်း…။
မြေဖြူမှုန်လှေး
ခွံ့ကျွေးပါးစပ်၊ ခြောက်ကပ်ကပ်လည်း…။
ပေးဝေစွန့်လွှတ်
မချွတ်မချော်၊ လှော်ရင်း တုံ့နှေး
ကမ်းနှင့်ဝေးခဲ့၊ ဖြည်းလေး တက်ကျိုး
မမျှော်ကိုးခဲ့ ဘဝ၊ မေ့ကြပြီထင့်
ပြယ်လွင့်ခဲ့ ဘဝ၊ သတိရစေ
တောင်းဆုခြွေရင်း၊ ဝပ်စင်းပူဇော်
ငါ.. မမျှော်ဝံ့၊ ငါ.. စွန့်ခဲ့ပြီး
ရင်းနှီးခဲ့သမျှမူ၊ ပြန်မရယူစတမ်း
ခရီးလမ်းဆုံး အဝေးတိုင်တိုင်…။ ။
တက္ကသိုလ် မိုးဝါ
၂၁- ၁၂- ၂၀၁၈
Leave a comment