Blog

  • Tin Maung Lay (M69)

    by Hla Min

    Updated : May 2025

    Soul Mate

    He found his love Margaret when he visited his former classmate and friend U Kyaw Sint (Edward Tai, T69er, Tennis & Soccer, GBNF) in Southern California. She is the younger sister of Elizabeth (GBNF, spouse of U Kyaw Sint) and a cousin of U Tun Aung (Jeffery, EC68, GBNF).

    Long Separation

    He moved to California, but spent most of his time working abroad (in Europe and Middle East). He came back home only for the breaks.

    Since they are well off and did not have children, a suggestion to retire was made.

    Final Trip

    He agreed to retire, but his boss & friend asked him for a final trip to train / handover.

    He passed away unexpectedly — before he could retire — on a Friday (which was Sabbath & Holiday in the country). His company tried its best to have his body flown back to California.

    He was a Health Enthusiast and worked out daily. Kyaw Sint was also health conscious. Both were felled by Byadi ဗျာဓိ and Marana မရဏ. May they rest in peace.

  • ငယ်တုန်းကသူငယ်ချင်း

    ငယ်တုန်းကသူငယ်ချင်း

    ဒေါ်မိအောင် Daw Mi Aung

    ငယ်သူငယ်ချင်းဆိုတာ သိတတ်ခါစအရွယ်ကထဲက စိတ်တူကိုယ်တူပေါင်းသင်းခဲ့တဲသူတွေကိုခေါ်တာလား။

    ဟိုး ကျောင်းနေစအရွယ်တုန်းက သူငယ်ချင်းတချို့ကိုတော့ ကောင်းကောင်းမှတ်မိတဲ့သူကနဲနဲဘဲရှိပါတယ်။ကျန်တဲ့သူတွေကို မမှတ်မိဘူးဆိုတာကတော့ ကျမက St.Philomena’s Convent ကိုကျောင်းပြောင်းတက်ခဲ့ရလို့သာပါ။

    Convent ကျောင်းရောက်စမှာ ကျမကို ပျူငှာစွာခေါ်ပြောခဲ့တဲ့ သူငယ်ချင်း Pansy Nyi (မိမိအေးအေး) ကတော့ ခုချိန်ထိကို ချစ်ခင်မပျက်ရှိနေစဲပါဘဲ။ Middle KG ကနေ ၅တန်း ၆တန်းလောက်အထိကတော့ အတွဲမပျက်ခဲ့ကြပေမဲ့၊ ကျမကဘဲ ပွေပွေ လီလီ အပေါင်းအသင်းများလို့လားမသိပါဘူး၊အခြားသူငယ်ချင်းတွေနဲ့တွဲဖြစ်သွားတာပါ။ Pansy, Sheila, Daisyနဲ့ ကျမတို့က လေးတန်းလောက်ရောက်တော့ အသီးသီး အခြား သူငယ်ချင်းတွေနဲ့ တွဲဖြစ်သွားကြသလို ကျမကတော့ ထူးထူးငွေ၊ အေးအေး ချစ်တို့နဲ့အဖွဲ့ကျသွားပြန်ပါရော။ Pansyနဲ့ Sheilaကတော့ Dolly Sein နဲ့ Kathleen Tun တို့နဲ့ ပေါင်းမိသွားကြပြန်ပါတယ်။ ငယ်သူတွေမို့ မတည်ငြိမ်သေးတဲ့သင်္ကေတတွေပေါ့လေ။

    နောက် ၆တန်းလောက်ရောက်တော့ ကျမရယ်၊ မစိန်ရည်ရယ်၊ ကြည်ကြည်အေးရယ်၊ Mary Yie Sein ရယ် တွဲမိခဲ့တာတော့ ယခုတိုင်အောင်ပါဘဲ။ နောက်တော့ ခင်ခင်စန်းကပါလာပြန်ရော။ တကယ်တော့ သူငယ်ချင်းအားလုံးနဲ့ခုချိန်အထိကို ချစ်ခင် မပျက်ဆုံမိကြစဲပါ။ မစိန်ရည်နဲ့ကျမကတော့ စသိကထဲက ရန်ဖြစ်ပြီးမှ ခင်ခဲ့ကြသူမို့၊ ခုလဲတကျက်ကျက်ပါဘဲ။ ဒါပေမဲ့ ကျမ ဘယ်ရောက်ရောက် မစိန်ရည်ကတော့ မရအရလိုက်ရှာပြီးတွေ့တတ်တာမို့ “ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်ပါဘဲ။” ကြည်ကြည် အေးနဲ့ Mary Yie Sein ကတော့ ဖြန်ဖြေရေးသမားတွေပေါ့။

    ဒီလိုနဲ့ဘဲ ၁၀တန်းရောက်လို့ အောင်သွားကြသူတွေ၊ စာမေးပွဲကျကျန်ခဲ့သူတွေနဲ့ အိမ်ထောင်ကျသွားကြသူတွေနဲ့မို့ တစ်ယောက် နဲ့တစ်ယောက်အနေဝေးခဲ့ကြရပြန်ပါတယ်။ ကျမတို့အုပ်စုထဲက ခင်ခင်စန်းဆို ၈တန်းဖြေပြီးကထဲက အိမ်ထောင်ကျသွား တော့ တာမို့ လုံးဝကိုအဆက်ပြတ်သွားရတာပါ။

    (ကျမက သူငယ်ချင်းဆို ရှာဖွေနေတတ်တော့၊ ခင်ခင်စန်းရဲ့အမျိုးသားဆုံးတော့ကိုရောက်အောင်သွားခဲ့ပါသေးတယ်။)

    ဒီလိုပါဘဲ မစိန်ရည်ကလဲ ကျမ ပထမနှစ်အတက်မှာ ဆေးကျောင်းတက်ရင်းနဲ့ အိမ်ထောင်ပြုလိုက်ပြန်ပါရော။ Mary Yie Sein (နုနု)ကလဲ ကျမ ဒုတိယနှစ်အရောက်မှာဘဲ အိမ်ထောင်ပြုခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်အထိ ကျမတို့ လေးယောက်က အဆက်မ ပြတ်ကြသေးပါဘူး။

    နောက်တော့လဲ တာဝန်ကိုယ်စီနဲ့မို့အနေဝေးခဲ့ကြရပြန်တာပါဘဲ။ ကြည်ကြည်အေးက စီးပွါးရေးတက္ကသိုလ်မှာ ကျောင်းတက် တာမို့ ကျမနဲ့ တခါတလေတွေ့ကြပါသေးတယ်။ ကျမဘွဲ့ယူတော့ကို ကြည်ကြည်အေးနဲ့ မိမိအေးအေးတို့ရောက်လာခဲ့တာမို့ တကယ်ပျော်မိတာပါ။

    ငယ်ကပေါင်းခဲ့တဲ့ငယ်ပေါင်းနဲ့ ကြီးမှပေါင်းရတဲ့ကြီးပေါင်းကတော့ နဲနဲကွာတာတော့အမှန်ပါဘဲ။ ဒါတောင်မှ ငယ်သူငယ်ချင်း တွေနဲ့ကိုဘဲ အသက်ကြီးပိုင်းရောက်လာလို့ ဆက်ဆံရတာ သိပ်အဆင်မပြေလှသူတွေနဲ့တော့ ပိုလို့ဝေးသွားကြတော့တာပါ။

    ငယ်တုန်းက သူဘာလဲ၊ကိုယ်ဘာလဲ၊ သူ့မိဘဘာလဲဆိုတာမျိုးတွေကို ဘေးချိတ်ပြီး၊ ပေါင်းသင်းခဲ့ကြရတာကတော့ တကယ်ကို “မရောင်မဆိုးတဲ့ချစ်ခြင်း”နဲ့ ချစ်ခင်ခဲ့ကြတာပါ။

    KGတန်းကထဲက ပေါင်းတာမဟုတ်ဘဲ၊ ကျမ၁၀တန်းကျလို့ နောက်ထပ်တွေ့ခဲ့ရတဲ့သူငယ်ချင်း ညောင်လေးပင်သူ စိန်စိန်အုံး နဲ့ပြွန်တန်ဆာသူ မြသီတာတို့ကိုတော့ ပေါင်းသင်းလို့ကောင်းတာမို့ ကျမအတွက်တော့ ငယ်စာရင်းသွင်းထားရပါတယ်။ (စိန်စိန်အုံးကတော့ ကျမတို့နဲ့ညီအစ်မအရင်းတမျှပါဘဲ။ မြသီတာနဲ့ကတော့ အကြာကြီးကွဲသွားပေမဲ့၊တွေ့ရတဲ့အခိုက်လေးမှာ ဟန်ပန်မရှိ ချစ်ခင်ရင်းနှီးစွာပြုမူခဲ့လို့ဝမ်းသာမိခဲ့ရတာပါ။) ၁၀တန်းကျတဲ့နှစ်မှာ လှလှမြင့် (Helen Mg) နဲ့လဲ ကျူရှင်အတူ တက်ခဲ့ရပါသေးတယ်။ Helenတို့အဖေဆို တခါတလေကျူရှင်ကအပြန်ကို ပြန်ပို့ပေးတတ်ပါသေးတယ်။ ၁၀တန်းအောင်လို့ သူက စက်မှုတက္ကသိုလ်တက်တော့မှအဆက်ပြတ်သွားပေမဲ့၊ သူမင်္ဂလာဆောင်တဲ့အခါကျတော့ သေသေချာချာကို လာပြီးဖိတ် တာမို့ဝမ်းသာမိခဲ့ရပါတယ်။

    တက္ကသိုလ်တက်တော့ ကျမတို့ St.Philo ကနေ ၁၀တန်းအောင်ခဲ့တဲ့သူချည်းဘဲတွဲခဲ့ကြတာပါ။ (ညိုညိုမြတ် (Susan), အေးအေး ချို (Alice)အေးအေးဝင်း (Ellener Aye )နဲ့ ကျမတို့ပါ။) လေးနှစ်လုံးအတူတွဲလို့ပျော်မဆုံးပါဘဲ။ ဒါပေမဲ့ ဘွဲ့ယူပြီးကထဲက ပြန်မဆုံခဲ့ကြတာပါ။ သူငယ်ချင်းဖြစ်ခဲ့ဘူးကြပေမဲ့၊အခြေအနေတွေပြောင်းလို့ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ကြလေသလားပါဘဲ။ လမ်းခွဲခဲ့ကြတာ ဝမ်းနည်းစရာမဟုတ်ကြပေမဲ့လဲ၊ ကျမကသူငယ်ချင်း “မင်”တတ်သူမို့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါဘဲ။

    သူငယ်ချင်းတွေအများကြီးပါဘဲ။ မတွေ့မဆုံကြရလို့သာ၊ ခုကာလ အသက်ကလဲကြီးလာ၊ ရောဂါဆန်းတွေကလဲဖြစ်ကြမို့ အိမ်ထဲကအိမ်ပြင်မထွက်ရဲကြတာနဲ့မို့ အားလုံးအဆက်ပြတ်လုနီးနီးပါဘဲ။ တွေးမိတိုင်းအတော်ဝမ်းနည်းနေရတာပါ။

    အရင်ကဆို သူငယ်ချင်းတွေ သီးသန့်မဆုံဖြစ်ကြရင်တောင်မှ တစ်နှစ်တစ်ကြိမ်တော့ “အာစရိယပူဇော်ပွဲ” မှာဆုံဖြစ်ကြတာမို့၊ အေးချမ်းသာယာတဲ့အချိန်ကာလလေးကို တမ်းတရင်း – – – – – – – –

    မှတ်ချက်။ ။ စာရေးတဲ့အထဲမှာ နံမည်တွေမပါ ပေမဲ့ သူငယ်ချင်းတွေအားလုံးကို ရင်ထဲမှာ အမြဲရှိပါတယ်လို့။

  • Best Friends Forever 69ers

    Best Friends Forever 69ers

    Health Care Funds

    U Aung Min (M69) is Chair of the 69er HCF (Health Care Fund). He regularly sends out monthly and quarterly reports including the list of GBNF.

    U Aung Min

    The major donors of the 69er HCF include

    • Ivan Lee (U Khin Maung Oo (M69, New Jersey)
    • U Sein Myint (EP69, Singapore)
    • Daw Myint Myint (C69)

    There is also EE69er HCF. U Sein Myint is a major donor of the fund. The donors’ list is maintained by Sa Maung Maung (EP69) with the help of U Shwe (EP69).

    Gatherings

    There are gatherings mostly for breakfast, but occasionally for lunch and dinner.

    69ers (mostly M69ers but also friends from other disciplines) usually have a Monthly Breakfast Gathering at Taw Win Hnin Si (Royal Rose). The gatherings also celebrate Birthdays and Anniversaries.

    Burma Selected Couple

    EE69ers tried to meet once every two months.

    Lunch Gatherings have been held at

    • Crystal Jade
    • Shwe Bei
    • Westin Royal

    Breakfast Gatherings include

    • All Disciplines
    • M69ers
    • EE69ers

    Ad hoc Gatherings include

    • Welcoming 69ers from overseas
    • Hosted by visiting 69ers
    • Garawa to Sayagyi U Ba Than (around his birthday : October 2)
  • U Tin Swe (EE)

    Name

    His name is U Tin Swe (တင်ဆွေ).

    He was wrongly called as U Tint Swe (တင့်ဆွေ), U Tin Shwe (တင်ရွှေ) and U Tin Shwe Gyi (တင်ရွှေကြီး)

    EE Saya

    He graduated in 1953. He joined EE Department as Assistant Lecturer.

    He received Masters from the University of Michigan, USA.

    Upon his return, he became a Lecturer.

    EE Sayas

    Sports

    He was a member of the Prome Hall Soccer team which won the Inter-Hall Tournament for three consecutive years. He was a star player.

    Prome Hall Soccer

    He also played Tennis.

    Computing

    He was a Power User at UCC. He supervised Ko Aung Kyaw Pe (EP69) for his Master’s thesis. He worked with Power Distribution & Analysis programs. He also collaborated with his former students including Dr. San Oo (EP67).

    Demise

    In the early days, there were few Professorships. He passed away before the creation of separate EC and EP Departments.

    U Khin Maung Zaw (KMZ, EC76) wrote :

    I believe Saya’s brother was U Nan Wai (a famous painter).

  • Paing Brothers

    ICS U Paing and Daw Oo Yin (daughter of Sir Po Tha & Lady Tha) have four sons.

    Dr. Myo Paing (SPHS54)

    • He is a medical doctor and researcher (at BMRI).
    • His early assignment was Malaria Campaign.
    • He is a Champion golfer.

    U Soe Paing (SPHS56)

    U Soe Paing
    • In the Matriculation exam of 1956, he stood 13th in Burma and won a Collegiate Scholarship.
    • In 1958, he received two Gold medals : one for the Highest Total Marks for I.Sc (Combined) & another for Joint Highest Marks in Maths for I.Sc (Combined).
    • While attending Engineering classes at RU, he received State Scholarship to study Electrical Engineering at Stanford University in the USA.
    • He received BS and MS in EE (Electrical Engineering) from Stanford University.
    • Upon his return, he joined the EE Department at RIT as Assistant Lecturer. He helped Sayagyi Dr. Chit Swe with the UCC project.
    • He transferred to UCC as Manager of Systems Division.
    • After reorganization, he also managed the Operations Division.
    • He received an M.Sc. in Computer Science from the University of Southampton in the UK.
    • He taught CS courses at UCC. He co-authored Progrsmming Texts, Lecture Guides and Manuals with U Aung Zaw (GBNF) and me.
    • He worked for UN projects in several countries.
    • He wrote “Computer Ah Sa UCC Ga” and his experiences as a States Scholar and UN Advisor.
    • After retirement, Saya spent time playing golf & practicing vipassana meditation.
    • During his UCC days, he served as a Golf Correspondent. I helped him type about the competition at RGC (Rangoon Golf Club) and BGC (Burma Golf Club) and submit to the English newspapers.

    U Win Paing (SPHS64)

    U Wara 1
    U Wara 2
    U Wara 3
    • He won several Golf Championships with his younger brother U Kyaw Paing.
    • After finishing the finals for ChE (Chemical Engineering) examination in 1970, he entered monkhood with his friend U Aung Min.
    • He served as Taik Oke for about four decades before becoming the Chief Resident Monk of Kaba Aye Sunlun Gu Kyaung Sayadaw.
    • He is known as Sayadaw U Wara.
    • He is now GBNF.

    U Kyaw Paing (SPHS67)

    • He represented Burma in the Putra Cup.
    • He is a lawyer and an entrepreneur.

    U Khin Maung Zaw (EC76) wrote :

    For number of years, I was the carrier-cum-postman to bring Saya U Soe Paing’s typed golf news to the WPD, Working Peoples’ Daily at Theingbyu Street! Just one of the chores I had in those days.

    I remember jokingly asked Sayadaw U Wara how he felt seeing the (18th??) hole over the fence from the Sunlun Kyaung’s “Thein”. The new golf course was built for VIPs inside Kabaaye, and that particular hole was seen from the “Thein” less than 40-50 yards, of course over the fence.

  • Casualties and CPR

    Casualties and CPR

    by Hla Min

    Updated : May 2025

    CPR can help save lives

    • M72 batch is a closely knit group. They are known for their gentlemen acts as well as seemingly childish behavior.
      They tease each other often testing the limits of patience.
      To outsides, they appear to be quarreling.
    • Ko Tha Tun (M72) is from the class of 71, but he feels at home as a senior with the M72 group. At one M72 gathering, a medical condition struck Ko Tha Tun, but he survived due to the CPR skills of Ko Wynn Htain Oo (M72). The members also took him quickly to a clinic without waiting fo the ambulance.
    Tha Tun

    Casualties

    • Some casualties occur early in the morning. Most family members may be sleeping, sleepy or not alert to respond to emergency problems.
    • Ko Soe Myint (M72, retired Pro-Rector of ICST) had a busy day visiting the Sun Lun Gu Kyaung twice and also taking rounds to see his nephew and niece with medical problems. He passed away at 3 AM. Ko Wynn Htain Oo thought out aloud if CPR could have saved Ko Soe Myint.
    Ko Soe Myint (3rd from Right)
    • Ko Soe Myint Lwin (EP68, Burma Soccer Selected) passed away around 3 AM.
    Ko Soe Myint Lwin
    • Saya U Kyaw Sein (M65) passed away around 6 AM.
    U Kyaw Sein
    • U Myint Kyaw (EC67) passed away around 2 AM.
  • ငါ့ – အတ္တ

    ငါ့ – အတ္တ

    ဒေါ်မိအောင် Daw Mi Aung

    ငယ်စဥ်တုန်းကတော့ အမေက အတော်ကို”အပြစ်”မြင်တတ်တာဘဲလို့အမြဲတွေးမိတာ။ ဒါတောင်လက်လှုပ်တိုင်းခြေလှုပ်တိုင်းပြောတတ်သူမျိုးတော့မဟုတ်ပါဘူး။ သူအမြဲဂရုစိုက်ပြီးကြည့်တတ်တာကတော့ မောင်နှမတွေချစ်ခင်ဖို့၊ ရန်မဖြစ်ဖို့နဲ့၊ ငယ်တဲ့ကလေးကို ဂရုစိုက်ဖို့ဆိုတာမျိုးကိုသာ “အဓိက”ထားတာပါ။

    ညနေစောင်းလို့ ဆိုင်ကပြန်လာရင် မောင်နှမတွေအိမ်မှာလူစုံရှိနေရတဲ့အပြင် အငယ်တွေမျက်နှာမှာ
    သနပ်ခါးမရှိ၊ ပေကျံနေရင်တော့ နားမခံနိုင်လောက်အောင်မြည်တွန်တောက်တီးတတ်တော့တာပါဘဲ။ “အမေရှိတုန်းတောင် ကလေးတွေကိုဂရုတစိုက်မထားရင်၊အမေမရှိတော့ရင်ဘယ်လိုနေကြမလဲ” လို့ပြောတတ်သေးတာ။

    နဂိုကမှ အဖေမရှိတော့လို့ ဝမ်းနည်းရတဲ့ကြားထဲ ဒီစကားမျိုးပြောတော့ မျက်ရည်တောက်
    တောက်ကျရပါတယ်။ ဒါလဲအမေ့ရဲ့ကျမတို့ကို”ပညာရှိဆုံးမနည်းတစ်မျိုး”ပါလားဆိုတာ ခုမှနားလည်မိတာပါလေ။

    နောက်ပြီးအမေက ဧည့်သည်နဲ့စကားပြောနေလို့ ကိုယ်တွေကတစ်ခုခုများအမှားလေးလုပ်မိလို့ကတော့ ဧည့်သည်ပြန်ရင်သေဖို့သာပြင်တော့ဆိုတာမျိုး။ အစကထဲကပြောထားတယ်လေ။ “အမေကြည့်လိုက်ရင်၊ သိနော်” တဲ့။ မရိုက်ပါဘူး။ အံကြိတ်ပြီးတော့ကိုလိမ်ဆွဲတတ်တာ။ မချိအောင်နာပါတယ်။ *(ခင်စန်းနုရဲ့”ဂျီးတော်” ပီသပါပေတယ်။)* နောက်ထပ်”အဆစ်”လေးကတော့ ရင်ထဲထိအောင်ကိုပြောတတ်သေးတာ။

    တကယ်တော့ ဖခင်မဲ့ခဲ့တဲ့သားသ္မီးတွေကို သူများထက် “တော်စေ၊တတ်စေ၊လိမ္မာစေ”ချင်တဲ့ အမေ့ရဲ့ “အတ္တစေတနာ” ပါ။အဲ့ဒီအချိန်တုန်းကတော့ ကိုယ်လဲ “ကိုယ့်အတ္တ”နဲ့ကိုယ်မို့ အမေ့ရဲ့စေတနာမေတ္တာကို အမြဲအပြစ်လိုမြင်ခဲ့မိတာပါဘဲ။

    အော်၊တကယ်တော့ လူတိုင်းမှာ “အတ္တ”ရှိနေကြတာပါလား။ အဲ့ဒီ “အတ္တ’ရဲ့နောက်မှာ “မာန၊ဒေါသ၊လောဘ” စတာတွေများ ပါလာပြီဆိုရင်တော့ မလွဲမသွေ “ဒုက္ခ” တွေများကြရတော့တာပါဘဲ။

    မှတ်မှတ်ရရ နှစ်ခါကြီးများတောင်အရိုက်ခံခဲ့ရဘူးတာ။ * တစ်ခါက အဖေ့ရဲ့တိုက်ပုံအင်္ကျီမီးပူတိုက်တာမီးကျွမ်းသွားလို့။ ( အမေကလုပ်တတ်ကိုင်တတ်စေချင်တဲ့ “စေတနာဇော”နဲ့ပါ။ ) * နောက်တစ်ခါက သူများက၊ပွဲကြည့်သွားဖို့ခေါ်တာ၊ ကိုယ်တိုင်မငြင်းလိုက်ဘဲ “အမေ့ကိုပြော” လို့ပြောမိလို့။ ဒီတစ်ခါတော့ ညီအစ်မနှစ်ယောက်လုံးကို အိမ်ပေါ်ထပ်တက်တဲ့လှေခါးမှာဂျောင်ပိတ်ပြီးကို သတိရတိုင်း ထပြီးရိုက်တော့တာပါ။ ထပ်ခိုးကိုတက်ရတဲ့လှေခါးမို့၊ကျဥ်းကျဥ်းကျပ်ကျပ်။ ( အမေ သင်ထားတဲ့စကား အမှတ်မထားမိတဲ့ အတွက်” ဒေါသ”ဖြစ်ရှာတာလေ။ “စေတနာဒေါသ”ပေမဲ့လဲ အမေရော၊ကိုယ်တွေရော ပူလောင်ရတာ။)

    ဘယ်သူမှန်ပြီး၊ဘယ်သူမှားလဲဆိုတာကတော့ လူတိုင်းဟာ “ကိုယ်လုပ်တာမှမှန်တယ်”ထင်တတ်တဲ့ “ငါ မှ ငါ”ဆိုတဲ့ “အတ္တစိတ်”ဖြစ်ပါလိမ့်မယ်။

    ဒါကတော့ အသက်အရွယ်ကြောင့် တွေးမိတာပါ။ငယ်တုန်းကတော့ အမေကချုပ်ချယ်လိုက်တာ၊ အပြစ်ဘဲမြင်နေတော့တာဘဲဆိုပြီး၊ စိတ်ဆိုးစိတ်ကောက်တတ်ကြတာပါဘဲ။ “ငါ” မှန်တာလို့ဘဲထင်တာကို။

    အမေ့ဖက်ကတော့ ဒီကလေးတွေကို “ငါ” မဆိုလို့မဖြစ်၊ မဆုံးမလို့မဖြစ်ဆိုတဲ့အတွေး။ သူတို့ကိုအကောင်းဆုံးဖြစ်အောင် “ငါ”မှအလုပ်ရင်မဖြစ်ဘူးဆိုတဲ့ “လောဘ” ။

    လူ့လောကမှာ ဒီ “လောဘ၊ဒေါသ၊မာန” ဆိုတာတွေကို မပယ်သတ်နိုင်သေးသရွေ့တော့ “အပူ”တွေချည်းပါဘဲ။

    ဒါပေမဲ့လို့ ကျမနဲ့ညီမလေးဘွဲ့ရပြီး၊ အလုပ်ရတဲ့အချိန်မှာတော့၊ သူ့ရဲ့ သားသ္မီးအပေါ်ထားခဲ့တဲ့”လောဘ-အတ္တ”တွေကိုလွှတ်ချလိုက်တော့တာပါဘဲ။ အမေ့ရဲ့ပေါင်မှာ အနာပေါက်တာများငန်းမန်းတွေတက်ပြီးသတိလစ်သွားခဲ့တာ။ ဆေးရုံပေါ်ရောက်တာမြန်လို့သာအသက်မသေတာပါ။

    စီးပွါးရှာခဲ့စဥ်ကတော့ သားသ္မီးတွေအတွက်ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီးတော့ကိုလုပ်ကိုင်ကျွေးမွေးခဲ့တာပါ။ “လောဘ”ကိုရှေ့တန်းတင်ခဲ့ပေမဲ့ ၊ အချိန်တန်တော့လဲ ဒီလောဘတွေကို သတ်နိုင်ခဲ့သူမို့၊ အမေ့ရဲ့စီးပွါးဖက်တွေအံ့သြယူရလောက်အောင်ပါဘဲ။ (ကျမကတော့ အမေ့ရဲ့ ပြတ်သားတဲ့စိတ်ဓါတ်ကိုအမြဲအားကျမိတာပါ။)

    အမေက အဲ့ဒီတုန်းကသာသေသွားခဲ့ရင်လဲ၊ သားသ္မီးတွေကိုပစ်ခဲ့ရမှာဘဲဆိုပြီး၊ တရားစခန်းကိုသာတွင်တွင်သွားခဲ့တော့တာပါဘဲ။ သူလုပ်နိုင်သရွေ့လုပ်ပေးခဲ့ပြီ၊ကျန်တာတော့ ကျမတို့တာဝန်ဆိုပြီး၊ပခုံးပြောင်းပေးခဲ့တာပေါ့။သူ့ရဲ့အတ္တတွေကို ခဝါချခဲ့ပြီး၊သံသရာအတွက်အကျိုးရှိရှိအသုံးချခဲ့တဲ့အမေပါလားဆိုပြီး၊ အမြဲတန်းအထင်ကြီးလေးစားရသလို ၊ အမေ့အတွက်အမြဲဂုဏ်ယူနေရပါတယ်။ (ရှေ့ဆောင်လမ်းပြကောင်းတဲ့အမေ။)

    ဟုတ်တယ်လေ။ သေရင်လဲ” လက်ဗလာ” နဲ့သေရမှာမို့ ဘာတွေကိုများ “တွယ်တာ” နေကြရဦးမှာလဲ။ #လောဘ၊ဒေါသ၊မာနဆိုတဲ့ အတ္တတွေ၊ တွယ်တာတပ်မက်မှုတွေ၊ လျှော့ချနိုင်ကြရင်ဆို တဲ့အတွေးကိုတွေးပြီး မိမိကိုယ်ကိုလဲ မပြတ် ဆင်ခြင်နေရပါတယ်။

    #ခုချိန်ခါမှာကျမက အမေမရှိတော့တာမို့ ညီမ တွေအ တွက် အမေ့ကိုယ်စား တာဝန် အရှိဆုံးသူ မဟုတ်လား။ #ကျမတို့ငယ်ငယ်က “အမေ့ အပူ၊ အမေ့ စေတနာအတ္တမျိုး” မဖြစ်ရလေအောင်တော့ ဆင်ခြင်ရလိမ့်မယ်။ #ပူပန်သောကတွေ ငြိမ်းကြမှ – – – **ဘယ်ကလာမှန်းမသိပေမဲ့၊ အပြန်လမ်းကို တော့ အလင်းထဲဘဲပြန်ချင်တာ။ ** ကျမ”အတ္တ”ကင်းချင်ပါတယ်။

  • မေ့ထားလိုက်တော့မယ်

    မေ့ထားလိုက်တော့မယ်

    ဒေါ်မိအောင် Daw Mi Aung

    ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကိုသာအမှတ်ရချင်တတ်ကြတာ၊သဘာဝပါ။ တောင်တွေးမြောက်တွေး၊တွေးနေမိရင်းနဲ့ အတိတ်မေ့သွားတဲ့သူတွေအကြောင်းကိုစဥ်းစားမိတာလေး။ စိတ်ဆရာဝန်မဟုတ်လို့ အဲ့ဒီအတွေးက မှားချင်လဲမှားမှာပါ။

    သိခဲ့ဘူးတဲ့မိတ်ဆွေတချို့ထဲက ဘာကိုမှမမှတ်မိတော့ဘူးဆိုတဲ့လူမျိုးကိုတွေ့ဘူးခဲ့တာမို့၊ သူ့ရဲ့ခါးသီးလှတဲ့ဘဝပေးအခြေအနေကိုပြန်ပြီးမြင်ယောင်ကြည့်တော့၊ ကိုယ်သာဆိုရင်လဲခံစားနိုင်မှာမဟုတ်ပါဘူးလို့။

    မိဘမရှိ၊အဒေါ်တစ်ယောက်ရဲ့ကျွေးမွေးစောင့်ရှောက်မှုနဲ့ စတုတ္ထတန်းလောက်အထိသာကျောင်းနေခဲ့ရရှာပြီး၊ နောက်ပိုင်းစျေးရောင်းနေရရှာတာပါ။ ကျမက ဒုတိယတန်းနှစ်မှာ ကျောင်းပြောင်းသွားတာမို့ တချို့သူငယ်ချင်းတွေကိုမမှတ်မိပါဘူး။ ကျမ(၁၀)တန်းလောက်ရောက်မှာစျေးဝယ်ရင်းနဲ့ ပြန်ဆုံတော့ သူကစပြီးနှုတ်ဆက်တော့မှ မှတ်မိတာပါ။

    ငယ်စဥ်တုန်းက သူငယ်ချင်းကမှတ်မိတယ်ဆိုတော့ ဝမ်းသာလိုက်တာ။ မိုးကလဲရွာနေတာမို့ ၊ သူ့ကို”ဘယ်မှာနေလဲ” လို့မမေးမိပေမဲ့၊ သူ”ဒီမှာအမြဲစျေးရောင်းတာလား”လို့တော့မေးမိပါတယ်။ စျေးသွားတိုင်းလဲ အမြဲနှုတ်ဆက်နေကြပါ။ပြုံးချိုချိုနဲ့ တကယ်ကိုချစ်စရာကောင်းတာပါ။

    ကိုယ်ကိုယ်တိုင်ကလဲ ကျောင်းသူအရွယ်မို့၊ အခြေအနေကိုမခန့်မှန်းတတ်ပါဘူး။ သူ့ကို ကိုယ်ကဘာမှ အကူအညီ လဲမပေးနိုင် ခဲ့တာလဲအမှန်ပါ။ ဒါပေမဲ့၊အလိုက်ကန်းဆိုးမသိတတ်လိုက်တာများ “သူငယ်ချင်းရေ ဘုရားပန်းလေးကပ်ဖို့” ဆိုပြီး ကိုယ့်ကိုအတင်းပေးခဲ့ရင်တောင်ယူလာခဲ့မိသေးတာ။~ကိုယ်လဲအလုပ်အကိုင်တွေရလို့သိတတ်တဲ့အချိန်ရောက်မှ ” ငါ သူ့ကို ဖေးမကူညီခဲ့သင့်တာ” လို့တွေးမိတာပါ။ တွေးမိတဲ့အချိန်၊ ကူညီပေးနိုင်တဲ့အချိန်ရောက်လို့ “သူ”စျေးမရောင်းတော့ဘူးလားလို့ မေးမိတဲ့အချိန်မှာတော့၊ “ရူးသွားပြီ”ဆိုတာသိလိုက်ရတာပါဘဲ။ စိတ်မကောင်းလိုက်တာလေ။

    တခါတလေ စျေးကိုလာတတ်တယ်ဆိုပေမဲ့လဲ၊ “ဘာကိုမှမမှတ်မိတော့ဘူး၊သူ့အဒေါ်ကလဲအသက်ကြီးပြီမို့စျေးတော့လာကြောင်း၊ စျေးရောင်းတာတော့ အဖြောင့်ဘဲ” လို့ပြောကြတာမို့။ ကျမအိမ်မပြောင်းခင်တစ်ခေါက်သွားပြီးတွေ့ပါသေးတယ်။ အမယ်လေး ကျမကိုတော့ နံမည်ခေါ်ပြီး၊ မတွေ့တာကြာတဲ့အကြောင်း၊ အိမ်ထောင်ကျပြီလား၊ အရင်အိမ်မှာဘဲလားလို့ စုံနေအောင် မေးတော့တာဘဲ။ ဘာကိုယုံရမယ်မှန်းမသိအောင်တောင်ဇဝေဇဝါဖြစ်သွားမိပါတယ်။

    တချိန်ထဲမှာဘဲ ကျမကို”ရှင်ကဘယ်သူလဲ”လို့မေးလိုက်တော့မှ သူများတွေပြောတာဟုတ်မှန်းသိရတာပါ။ အော် သူ”မေ့ပင်အောက်”ကိုရောက်သွားရှာပြီလို့၊ စိတ်မကောင်းစွာနဲ့မျက်ရည်ဝဲမိပါတယ်။

    “မိဘမဲ့” ခဲ့တဲ့ဘဝတွေများ တယ်ကြောက်စရာကောင်းတာပါလား။ ပညာသင်ဖို့ဆိုတာကလဲ ကိုယ့်မိဘအရင်းကသာ “ငါတို့ဘာလုပ်ရ လုပ်ရ ငါ့သားသ္မီးကိုတော့ ပညာတတ်အောင်သင်ရမယ်၊ လူတန်းစေ့နေနိုင်အောင်လုပ်ပေးရမယ်”ဆိုပြီး၊ ကျားခုတ်ကျားခဲ ကြိုးစားရုန်းကန်တတ်ကြတာ။

    သူ့ခမြာမှာတော့ အဒေါ်ဆိုလို့သာ၊ ၄၇ဝမ်းကွဲလောက်တော်တာမို့ ၊ ၄ တန်းအထိကျောင်းထားပေးခဲ့တာဘဲ၊ ကံကောင်းလှပါပြီ။ ကိုယ်တွေက သူ့ကိုအဒေါ်ရဲ့ဆိုင်မှာစျေးရောင်းပေးရတာပါလားဆိုတာမျိုးလေးသာအပေါ်ယံလေးသိကြရတာလေ။ ကိုယ်မသိမမြင်တာတွေလဲအများကြီးရှိရှာမှာပေါ့။ အဲ့ဒါကြောင့် သူအားလုံးကိုမေ့ပစ်လိုက်တာဖြစ်မှာပါ။

    ဒီလိုမျိုးအဖြစ်တွေမြင်ရသိရတော့ တကယ်ကြေကွဲရပါတယ်။ဒါကြောင့် –

    မိဘမစုံတဲ့ဘဝတွေက ကင်းဝေးကြပါစေ။

    စိတ်အနာတရတွေ ကင်းရှင်းကြပါစေ။

    ခါးသီးလှတဲ့ဘဝတွေ မတွေ့မကြုံကြရပါစေနဲ့လို့ ။

  • အမြင်မှန်၊အတွေးမှန်

    အမြင်မှန်၊အတွေးမှန်

    ဒေါ်မိအောင် Daw Mi Aung

    ဒဂုံရောက်ခါစက မြို့ထဲကိုသွားချင်ရင်၊ ကျမတို့ရပ်ကွက်ရဲ့တဖက်ရပ်ကွက်မှာနံပါတ်(၆၁)ဗိုက်ပူဘတ်(စ)ကားကြီးကိုသွားစီးရတာ။သွက်သွက်လေးလျှောက်ရင်မိနစ်( ၂၀ )လောက်လျှောက်ရပါတယ်။ (မိုးတွင်းများဆို ရွှံ့အလူးလူးနဲ့၊တဗိုင်းဗိုင်းနဲ့ချော်လဲတာကရှိသေး။ တကယ်တော့လယ်မြေတွေကိုမြေကွက်ဖေါ်ထားတာကို။တချို့လမ်းတွေဆို ဂဝံကျောက်တုံးကြီးတွေ အဖုအထစ်တွေနဲ့မို့၊ ခရောင်းလမ်းကိုလဲလျှောက်ခဲ့ရပါတယ်။)

    ဗိုက်ပူကားကြီးတစ်စီးမှာတော့ ဒရိုင်ဘာရဲ့နောက်ကအခန်းအကန့်လေးမှာ ” ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ” လို့ရေးထားတာလေးကို သိပ်သဘောကျမိတာပါ။~ဒီစာတန်းလေးဖတ်မိပြီး၊ ဘယ်သူ့ကိုမှ မမြင်ဘဲ ကိုယ့်ကိုကိုယ်သာ မြင်မိခဲ့တော့တာပါဘဲ။ အော်၊ ငါတို့က သွားရေး၊လာရေး၊စားသောက်ရေးကစလို့ ပိုက်ဆံသာရှိရင် အိမ်ပေါ်ကဆင်းပြီး၊ လမ်းထိပ်ကိုထွက်လိုက်တာနဲ့ အဆင်သင့်၊ လွယ်လင့်တကူ အားလုံးရနိုင်တဲ့နေရာကနေ ဒီလိုဝေးသီခေါင်ဖျား ဘာလိုချင်ချင်ခက်ခဲလှတဲ့နေရာကိုရောက်လာရတာ ၊ ကိုယ့်ရဲ့စိတ်စေတနာအကျိုးပေးလေလားလို့။

    စနေ၊တနင်္ဂနွေလိုနေ့ရောက်ခါမှ တစ်ပါတ်စာဟင်းစားဝယ်ချင်ရင်သင်္ကန်းကျွန်းက၊ဘုရားလမ်းစျေးကိုညီအစ်မနှစ်ယောက်သားသွားဝယ်ရတာ။ဆန်တို့မီးသွေးတို့ပါ ဝယ်ရတဲ့အခါများ၊ တခါဘူးလေးမှလုပ်ဖို့ဝေးလို့၊မတွေးဘူးခဲ့တဲ့၊ “ခေါင်းပေါ်ရွက်ပြီးသယ်လာရ” တာမျိုးတွေလဲလုပ်ခဲ့ရပါသေးတယ်။ တကယ်ပါဘဲ၊ ဒီလိုမျိုးတွေလုပ်ရတဲ့အကြိမ်တိုင်းမှာ ဗိုက်ပူကားကြီးပေါ်ကစာတန်းလေးကို မြင်မိပြီး၊ ကိုယ့်ကို သတိပေးနေသလိုခံစားမိပါတယ်။ “ငါမကောင်းခဲ့တာပါလား” လို့။

    ဟင်းသီးဟင်းရွက်တွေများဝယ်လာတဲ့အခါ၊ သောက်ရေအိုးအဟောင်းကြီးထဲကိုထည့်ပြီးသိမ်းရတာ။ #(လျှပ်စစ်မီးကမရသေးတော့ ရေအိုးကြီးက ကျမတို့ရဲ့ရေခဲသေတ္တာပေါ့လေ။) အသားတွေကိုပြုတ်ထား၊ ငါးလေးတွေကိုကင်ထားပြီး၊ချက်ပြုတ်စားခဲ့ရတာလဲမမေ့နိုင်စရာပါဘဲ။

    ညနေ ၅နာရီမတိုင်ခင် အိမ်ကိုအရောက်ပြန်ရတာ။ကားဂိတ်ကနေ ကျမတို့အိမ်ကိုပြန်တဲ့လမ်းမှာ အိမ်လေးတစ်လုံး၊နှစ်လုံးသာရှိပြီး၊ ကိုင်းပင်ကြီးတွေက လူတစ်ရပ်လောက်ရှိတာ။ တခါတော့ ကျမက”မလှချင်”မဟုတ်လား။နုနု နဲ့ လှည်းတန်းမှာဆံပင်သွားကောက်ပြီးပြန်တာ၊ အချိန်က( ၅ )နာရီကျော်သွားလို့ အိမ်အပြန်လမ်းကို၊ကြောက်ကြောက်နဲ့ပြေးရတာ။ ခုပြန်တွေးမိတော့ရီစရာပေါ့လေ။

    ဒီလောက်ခေါင်တဲ့အရပ်များ ဘာလို့နေသေးလဲလို့ မေးချင်ကြပါလိမ့်မယ်။ အဲ့ဒီအချိန်က ရှိတဲ့ငွေလေးနဲ့ “ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံ”လုပ်ရတာကိုး။နောက်ပြီး ညီမလေး ဝက်ပေါအလုပ်သွားဖို့ကလဲ ဖယ်ရီ ရှိတာမို့ပါ။ (ဒါတောင်ဖယ်ရီကားဆိုက်တဲ့နေရာကနေ အိမ်ကို မိနစ်(၂၀)လောက်လမ်းလျှောက်ဝင်ရတာ။ဒါပေမဲ့ တစ်ရပ်ကွက်လုံးကဒီဖယ်ရီဘဲစီးကြတာမို့ ပြန်လာကြရင်ပျော်စရာကြီး။ တဂျုံးဂျုံးနဲ့ တီအီး (TE)ကားကြီးပါ။)

    ညနေ ၆နာရီလောက်ဆို တိတ်ဆိတ်နေတော့တာပါဘဲ။ ဖယောင်းတိုင်မီးလေးထွန်းပြီးတော့ပေါ့။တစ်လမ်းလုံးမှာမှ ( ၄ ) အိမ်လောက်ဘဲ လူရှိတာကို။ ခုတော့ လူတွေပေါလိုက်တာမှ မိုးလင်းကနေမိုးချုပ်တဲ့အထိ “လူသံဆူသံ” သောသောညံနေတာပါဘဲ။ အမေရှိတုန်းကဆိုရင် “ဘယ့်နှယ်လဲအမေရေ၊လူစည်ကားချင်သေးသလား” လို့ပြောရတာ။အမေကစည်စည်ကားကားဖြစ်စေချင်တာမို့ပါ။

    အော်၊ အရင်းစစ်လိုက်ရင်တော့ ကိုယ်ပြုခဲ့ဘူးတဲ့ ကံ အတိုင်းပါဘဲ။ ရှေးက ဘယ်လိုကုသိုလ်မျိုးတွေပြုခဲ့ဘူးလဲမှမသိတာလေ။ # ကံ၊ကံ၏အကျိုးကိုယုံရမှာပါ။ ဒါကြောင့် ဆရာတော်ကြီးတွေက သစ္စာသိပြီးလှူတဲ့အလှူမျိုးကို လှူပါလို့​ မိန့်ကြတာ။

    “စေတနာ ကံဖွဲ့” ဆိုတဲ့ အဆိုအရတော့ မသိလို့လုပ်ခဲ့မိတဲ့ စေတနာအကျိုးတွေကရောင်ပြန်ဟပ်တာပါ။ မသိတဲ့အချိန်က သူများကိုဒုက္ခရောက်အောင်လုပ်ခဲ့မိလို့သာ၊ ကျမတို့လဲ အခိုက်အတန့်ဒုက္ခရောက်ကြရပြီး၊ပင်ပမ်းဆင်းရဲခဲ့ရတာဖြစ်ပါလိမ့်မယ်လို့ဘဲ မိမိကိုမိမိ ကောက်ချက်ချမိတာပါဘဲ။

    ခုများတော့ ကြောက်လိုက်တာလေ။အသက်လေးလဲ ရလာပြီဆိုတော့၊တရားလေးလဲနာရင်းနဲ့ ပြန်ပြီးတွေးတောဆင်ခြင်ရတာပေါ့လေ။

    #ဘာလေးကိုလှူလှူ စိတ်စေနာမှန်မှန်နဲ့ သစ္စာသိပြီးလှူရတော့မှာ။ #ဆုတောင်းတွေလဲမှားမှာစိုးရိမ်ရ။(ကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားနိုင်မှ ဖြစ်မှာမို့ပါ။) #တရားတွေနာရင်းအသိတရားလေးရမိသလို၊ သွားရင်းလာရင်းဖတ်မိခဲ့တဲ့စာတန်းလေးကြောင့်၊ ကိုယ့်အတွက်တော့အများကြီးကို အကျိုးရှိခဲ့တာပါ။ကျေးဇူးကြီးလှပါတယ်။

    **ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ**တဲ့။

    ##အသိလေးရအောင် လို့ “သတိ”ပေးခဲ့တဲ့”စာတန်း”ပိုင်ရှင်လဲ ကျန်းမာချမ်းသာပြီး၊တရားထူးတရားမြတ်ရကြပါစေ။ #ဒီစာတန်းလေးဖတ်မိပြီး၊ မိမိကိုယ်ကို ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။

  • ကောင်းဆိုးနှစ်တန်

    ကောင်းဆိုးနှစ်တန်

    ဒေါ်မိအောင် Daw Mi Aung

    အကောင်းလောကဓံကိုပျော်ပျော်ကြီးလက္ခံနိုင်ရင်၊အဆိုးလောကဓံနဲ့ကြုံရရင်လဲ မတုန်မလှုပ်ရင်ဆိုင်နိုင်ကြရမှာပါ။ အကောင်းကံ၊အဆိုးဒဏ်မခံနိုင်ကြရင်တော့ ပြိုလဲသွားရတော့မှာပါဘဲ။

    လူရယ်လို့ဖြစ်လာပြန်တော့ ငိုတခါရယ်တလှည့်ပေါ့လေ။ လူတစ်ဦးစီမှာ တော့ ကံတွေကတစ်မျိုးစီပါလာတတ်ကြတာပါ။ မွေးစမှသေသည့်တိုင်အောင်ပြည့်စုံတဲ့သူနဲ့ဘဝတစ်လျှောက်လုံး အမျိုးမျိုးသော ဒုက္ခကိုရင်ဆိုင်ရသူနဲ့ဆိုတာကတော့၊ တရားသဘောအရ ပြုခဲ့ဘူးသောကံ အတိုင်းမို့၊”အကြောင်းအကျိုး”တွေပါဘဲ။

    ကိုယ့်တွေရဲ့ ကံအကြောင်းတစ်ခုထဲမှာဘဲ၊ နိမ့်လိုက်၊မြင့်လိုက်နဲ့အမျိုးမျိုးအဖုံဖုံကြုံခဲ့ဘူးတာမို့၊ယ္ခုအသက်အရွယ်အရသာ “အော်၊ဒါတွေဟာဖြစ်တတ်တဲ့သဘာဝတွေပါလား၊ကံအကြောင်းတရားတွေပါလား” လို့ဆင်ခြင်နိုင်တာပါ။ ကျမတို့မိသားစုမှာ အမေ့ရဲ့အမွေဆိုင်အိမ်လေးကလွဲလို့ ကိုယ်ပိုင်အိမ်မရှိခဲ့ပါဘူး။ အမေ့အနေနဲ့ သူစီးပွါးရှာတတ်ပုံမျိုးနဲ့ဆိုရင် အိမ်တွေအများကြီးဝယ်နိုင်တာပေါ့။ ဒါပေမဲ့အမေက အိမ်ဆိုတာငွေအိပ်တယ်။လုပ်ငန်းမှာဘဲထည့်သုံးမယ်ဆိုတဲ့လူမျိုးပါ။

    ထုံးစံအတိုင်း အမွေလဲခွဲကြရော၊ ကျမတို့ညီအစ်မမှာ နေစရာအတွက် အမိအရရှာကြရတော့တာပါဘဲ။ ရှိတဲ့ပိုက်ဆံလေးနဲ့ အိမ်လေးတစ်လုံးဖြစ်အောင်ဝယ်ကြရတာ။ အိမ်ဝယ်ဖြစ်အောင်တိုက်တွန်းတဲ့ ဦးလှိုင်ကိုကျေးဇူးတင်မဆုံးပါဘူး။ အိမ်ရဲ့အောက်ထပ်က မြေကြီးနဲ့ အုတ်လေးပတ်ထားပြီး၊ပြူတင်းတံခါးပေါက်ဖိုးမတတ်နိုင်လို့ ဝါးကပ်နဲ့အသေပိတ်ထားပြီးနေခဲ့ကြရတာ။သားအမိသုံးယောက်ထဲပါ။

    ငယ်တုန်းကတော့ “အလုပ်ဟူသမျှဂုဏ်ရှိစွ”ဆိုသလိုဘဲ အားကြိုးမာန်တက်ရုန်းခဲ့ရလို့၊ လူလူသူသူအိမ်တစ်လုံးဖြစ်လာခဲ့တာပါ။ အမေကအမြဲပြောတတ်တယ်။ “ငါ့သ္မီးတွေကိုကျေးဇူးတင်ပါတယ်” လို့၊ အမေဆုံးခါနီးအထိကိုပြောစဲပါ။ အမေစိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက်လဲ၊ ကျမတို့ညီအစ်မတွေ၊ ကိုယ်နဲ့တကွ ကိုယ့်ကိုယ်စောင့်နတ်ကိုကျေးဇူးတင်နေရပါတယ်။

    ဒီလိုနဲ့ အိမ်ဆိုတာလေးမယ်မယ်ရရပြီးလို့မှ အမောလေးပြေယုံရှိသေးတယ်။ “လောကဓံ”များကြောက်စရာကောင်းလိုက်ပုံက၊ နာဂစ်မုန်တိုင်းကမွှေသွားလိုက်တာလေ။ ကျမဆိုတာအော်ပြီးတော့ကိုငိုမိတာပါ။ဘာဖြစ်လို့လဲလို့မေးရင်၊ ဘုရားတရားတွေလဲကိုးကွယ်ဆည်းကပ်ပါရဲ့နဲ့ ဒီလောက်ကံဆိုးရသလားဆိုပြီး၊ရှက်မိတာနဲ့၊ ဒီအိမ်ကိုဘယ်လိုပြန်ပြုပြင်ရပါ့မလဲလို့ တွေးပြီးဝမ်းနဲမိတာပါ။

    မှတ်မှတ်ရရ လကုန်ပြီးခါစ၊ အိမ်မှာစားစရာဝယ်ထားတာကလဲပြတ်၊မနက်မှစျေးဝယ်မယ်လေဆိုပြီးနေလိုက်တာ၊ ကွေကာအုတ်လေးနှစ်ထုတ်ဘဲရှိတော့တာ။ အမေရယ်၊ ဆုရယ်၊ ဝက်ပေါရယ်၊ ကျမရယ်၊ကြောင်လေးတစ်ကောင်ရယ်နဲ့ မုန်တိုင်းတိုက်နေတာကို ကြောက်လန့်တကြားနဲ့၊အမေကတော့” သူလဲတောသူပါဘဲ၊ ဒီလိုမျိုးတစ်ခါဘူးမျှမကြုံဘူးပါဘူး” တဲ့လေ။

    ညဥ့်လယ်လောက်ရောက်တော့ အိမ်ရှေ့ကတမာပင်ကအမြစ်ကျွတ်ထွက်ပြီး၊တံခါးပေါက်မှာလဲကျလို့၊ ည၂နာရီလောက်လဲရောက်ရော အိမ်ရှေ့ခန်းက သွပ်မိုးရဲ့မျှားတန်းကကျိုးပြီးလေတိုက်တိုင်းအမိုးကလန်လိုက်ပြန်ကျလိုက်နဲ့။ အိမ်ပေါ်ထပ်ကိုလဲမတက်ရဲ၊ သွပ်ပြားပြုတ်ကျမှာကြောက်လို့။ အိမ်အနောက်ဖက်ကသွပ်တွေကတော့ စက္ကူကိုဆွဲဆုပ်ပစ်ထားသလိုပါဘဲ။အောက်ထပ်မှာရေလျှံနေတော့တာပေါ့။ (ကံအားလျော်စွာ အောက်ထပ်ကိုသံမံသလင်းခင်းပြီးလို့သာပေါ့။ နိုမို့ဆိုရင်တော့ မတွေးရဲစရာပါဘဲ။)

    အမေ့ကိုတော့အအေးမိမှာစိုးလို့၊မိုးရေမကျတဲ့နေရာလေးမှာ ကုလားထိုင်နဲ့ထိုင်ခိုင်းထားပြီး၊ အဝတ်ကိုမကြာခဏလဲပေးနေရတာ။ (ဒီကြားထဲအမေက မကြခဏ ရှူးပေါက်ချင်လို့ ၊နောက်ဖေးခန်းကိုထီးဆောင်းပြီးပို့ပေးရတာလေ၊ မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလိုပါဘဲ။ခေါင်းပေါ်ကိုသွပ်ပြားပြုတ်ကြမှာစိုးလို့ပါ။) မနက်လင်းတဲ့အထိလေကမငြိမ်သေးတဲ့ကြားထဲကနေ ကျမတို့ရဲ့ ညီမဝမ်းကွဲ နန်းဦးရဲ့ယောကျ်ားကိုမျိုးမြင့်နဲ့သားလေးနှစ်ယောက်က ကျမတို့အိမ်ကို လာကြည့်ပေးကြတာ။ အဲ့ဒီအချိန်မှာဘာမှ လုပ်လို့မရသေးပေမဲ့ ကျေးဇူးတင်လိုက်တာလေ။

    လေလဲငြိမ်ပြီးမိုးတိတ်သွားတော့ ဝက်ပေါက စျေးထိပ်ကစျေးဆိုင်ကို စားစရာပြေးဝယ်တော့၊ စျေးဆိုင်က ကိုမြင့်စိန်က “ဒီအစ်မ၊ ခက်တော့တာဘဲ၊မြန်မြန်ပြန်”ဆိုပြီးစားစရာတွေထည့်ပေးလိုက်တဲ့စေတနာကိုလဲ တကယ်တန်ဖိုးထားမိပါတယ်။(ဝက်ပေါက အိမ်ပြန်ရောက်တော့၊ကျမကို ငိုမနေနဲ့၊ ထွက်ကြည့်ဦး၊ ငါတို့တစ်အိမ်ထဲဖြစ်တာမဟုတ်ဘူးလို့ ဆူသေးတယ်။) နေ့လည်၁နာရီလောက်အထိ သားအမိ၊မြေးအဖွားတွေ ဘာမှမစားရသေးမှန်းသိသွားတဲ့ အိမ်ရှေ့အိမ်ကမော်မော်က သုံးဆင့်ဂျိုင့်လေးနဲ့ငါးခြောက်၊ကြက်ဥကြော်လေးနဲ့ထမင်းလေးလာပေးလို့ မျက်ရည်တွေကြားကကျေးဇူးတင်စွာနဲ့စားခဲ့ရတဲ့ထမင်းတစ်နပ်ပါ။ စိတ်သောကများ၊တယ်ကြောက်စရာကောင်းတာပါဘဲ။( ၄ )ယောက်စားတာကိုမကုန်ဘူး။

    တစ်နေကုန်ငိုရင်းနဲ့အိမ်ထဲကရေတွေခပ်ထုတ်လိုက်ရတာ။ ညဖက်အိပ်ဖို့နေရာလေးရအောင်၊ ဟိုရွှေ့ဒီရွှေ့နဲ့ မနားမနေလုပ်လိုက်ကြရတာလေ။ ဒါကကိုယ့်အိမ်လေးထဲမှနေဖို့ ပြန်ပြင်ဆင်ရတာလောက်ဘဲရှိသေးတာနော်။ # #အိုးမဲ့အိမ်မဲ့သာဆိုရင် ဆိုပြီး၊တွေးကြောက်မိတာ။ တရားမရှိလို့မဟုတ်ပါဘူး။ ကိုယ်ချင်းစာတွေးလေးတွေးမိတာလေးပါ။ ကျမခံစားမိသလိုလေးခံစားမိကြမှာပါ။

    ညနေခင်းလေးရောက်တော့ ညီအစ်မနှစ်ယောက် ရွှေခြံဘုန်းကြီးကျောင်းကိုသွားပြီး၊ တာလပတ်ငှားရတာ။အိမ်ပေါ်ထပ်ကိုတာလပတ်ခင်းထားမှ မိုးရွာရင် အောက်ထပ်ကိုရေ မကျမှာလေ။

    မိုးလေကင်းလို့ ညဖက်အဆင်ပြေသလိုလေး အိပ်ကြရတာပေါ့။ အိပ်ပျော်မယ်လို့မထင်လီုက်ပါနဲ့။ အိမ်ပြန်ပြင်ဖို့ တွေးလိုက်တာလေ၊ တစ်ကမ္ဘာလုံးကိုခြေဆန့်ပြီးပတ်မိတော့တာပါဘဲ။ အတွေးနဲ့ပိုက်ဆံရှာနေမိတာ။ဓနိဘဲမိုးရလေမလား၊တာလပတ်ဘဲမိုးထားရလေမလားနဲ့။

    # ကံကောင်းချင်တော့ ကျမရဲ့အလုပ်ရှင်အန်တီဒေါ်လှကြည်က အိမ်ပြင်ဖို့ငွေထုတ်ပေးသလို၊ တီတီကလဲပေးပါတယ်။ #ရွှေခြံဆရာတော်ကလဲ သူ့မယ်တော်ကြီးကိုစောင့်ရှောက်ရှာတာပါဘဲ။

    #တစ်သက်စာကျေးဇူးတင်ရတာပါ

    #ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေဆိုလဲ ဝိုင်းဝန်းပြီးဖေးမကူညီစောင့်ရှောက်ကြတာပါဘဲ။

    ဖြစ်ကြောရှည်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ * ခုနေအခါများသာဆိုရင်တော့၊ အားလုံးကြပ်တည်းကြတာမို သူ့ကိုကိုယ်မကူနိုင်၊ကိုယ့်ကိုသူမကူနိုင်နဲ့ အတော်ကြီးကိုဒုက္ခရောက်ကြမှာ။*

    #ဘုရား၊တရား၊ သံဃာ ရတနာသုံးပါးဂုဏ်ကျေးဇူးကို အစဥ်ပွါးများလို့ အန္တရာယ်ကင်းအောင်နေတတ်ကြပါမှဘဲ – – -။ #နင်လားဟဲ့လောကဓံ ဆိုပြီးရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဘူးပေမဲ့၊ အိုမင်းလာတဲ့အချိန်မှာတော့ “ငါက လောကဓံ” ဆိုပြီး လာခဲ့မှာကိုတော့ မတွေးဝံ့စရာမို့ – – –

    #တရားသဘောကိုဆင်ခြင်ရင်းနဲ့ – – –