*** ဆရာ Dr. Soe Win (SPHS58, First in Burma) နဲ့ ဆရာမ ဒေါ်မေစောလွင်
ဆရာ့ မွေးနေ့ အလှူ





*** GTI ဂျီတီအိုင်
** ကျောင်း အမည် တချို့
1895
လမ်းမတော် (ဘူတာ ဝန်းကျင်)
1898
Government School of Engineering
အင်းစိန် (ဘူတာ အရှေ့ပိုင်း)
1908
Government School of Engineering & Technical High School
အင်းစိန်
1912
Government Technical Institute (GTI) လို့ အမည်ပြောင်း
(နောင်)
တခြား GTI များ ဖွင့်
အနှစ် နှစ်ဆယ် ခန့် Insein GTI နေရာ မှာ စာမသင်နိုင် ခဲ့
တချိန် မှာ အကျဉ်းထောင် အဖြစ် သုံး ခဲ့ တယ် လို့ ဆို ကြ
—-
** RU Engineering နဲ့ ဆက်နွယ် မှု
1924
ရန်ကုန်တက္ကသိုလ် မှာ မြို့ပြ အင်ဂျင်နီယာ သင်တန်း စ ဖွင့်
နှစ် အတော် ကြာ အထိ Workshop ကို Insein GTI မှာ သွား လုပ်ရတယ်
—
1950 ဝန်းကျင်
ဆရာဦးဘလှီ (Principal of GTI & Professor of Civil Engineering) ကို RU ရဲ့ Engineering Dean ခန့်
See Photos
—
** RIT နဲ့ ဆက်နွယ်မှု
1967 oန်းကျင်
GTI-RIT Bridge ပေါင်းကူး စနစ်
AGTI (Associate of GTI) ထူးချွန် တွေကို RIT ရန်ကုန်စက်မှု တက္ကသိုလ် တက်ခွင့်ပေး
ဦးရင်စိန် Caesar နဲ့ အဖွဲ့
GTI-RIT Bridge ပထမသုတ်
—
* RIT ဘွဲ့ ရ တချို့ GTI မှာ ဆရာလုပ်
ဦးရွှေဝင်:
RIT EE Association အတွင်းရေးမှူး
GTI ဆရာ ၊ (နောက်ပိုင်း) ကျောင်းအုပ်
See Photo
ဆရာ ဆရာမ တချို့
သား — ဦးထိန်လင်း (RUBC Gold, Past Vice Captain)
ဒေါက်တာစန်းဝင်:
တာဝန်ခံ ပါချုပ် (ငြိမ်း) ၊ သစ်တော တက္ကသိုလ်

—-
ဆက်နွယ်
ဦးချိန်ဟိုး
သစ်တောမင်းကြီး
ဦးသန်းဆွေ
အကြံပေး
ဇနီး — ဆရာမဒေါ်ခင်အေးဝင်း
အကို — ဦးသန်းတင် (RUBC Gold)
Reforestation သစ်တော မပျက်သုန်းအောင် ထိန်း
Climate Change ရာသီဥတု ပြောင်းလဲ ဒဏ် ထိန်း
1964 Dental College သွားဖက်ဆိုင်ရာ ဆေးကောလိပ်
1st year BDS နဲ့ 2nd year BDS စဖွင့်
ကျောင်းအုပ်ကြီး — ဒေါက်တာအောင်သန်း

—
(နောင်) သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်
—
ဆရာ တချို့
Aung Than (1) — ဆရာကြီး
Aung Than (2)
Aung Than (3)
ဦးသက်ထားဝေ
ဦးနန်းရှိန်
ဦးပိုင်စိုး
Ronald Saw
ဦးသိန်းထွဋ်
Htay Saung
—
Alumni တချို့
မြင့်စိုး Willie Soe Maung (ကွယ်လွန်)
ထွန်းနောင် — Stereo
ဇာဂနာ နဲ့ အဖွဲ့
ဇော်ထွန်း
Soe Nyunt wrote :
Dr. Aung Than(2) was my Senior of Japanese Govt. Scholarship student, who attended Osaka University, in Oral Surgery & also to England for Research.
Ko Ko Myo wrote :
နောင်အခါ ဩစတေးလျ သံအမတ် ကြီး အဖြစ်လဲ တာဝန် ထမ်းဆောင်ခဲ့တယ် ထင်ပါတယ်။ Dr. ဘသန်း သမီး၊ အန်တီ အေမီဘသန်း ရဲ့ ခင်ပွန်း၊ မဆလ ဥက္ကဌ ကြီး နဲ့ မယားညီအကို တော်စပ်ပါတယ်။




၇ စက်တင်ဘာ ၂၀၂၂။
အမှောင်ဆုံး ည မှသည်….
ရန်ကုန်စက်မှုတက္ကသိုလ်မှသည်
ရန်ကုန်တက္ကသိုလ်သို့ ရင်ထဲက အလွမ်း…
ပြီးခဲ့သည့် ၂ နှစ်၏ အမှတ်ရခြင်း သညာ…
” ချစ်သူ မလာသောည နှင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်း “
(၁)
လူအများစု စိတ်ညစ်ညူး၍ မအီမသာ ဖြစ်နေသောအချိန်မျိုးတွင် စိတ်လက်ကြည်သာ ချမ်းမြေ့ စေမည့်၊ ရွှင်လန်းတက်ကြွစေမည့် စာတစ်ပုဒ်တော့ဖြင့် ရေးလျှင် သင့်တင့် လျောက်ပတ်မည်ဟု မေတ္တာစေတနာရှေ့ထားကာ မှန်းဆ ထင်မြင်မိသည်။ ကိုဗစ်၊ ကိုညစ် တို့၏ ဖိစီးမှု အောက်တွင် လူးလဲခံစား နေကြရစဉ်ကာလ က စာပေရောင်းရင်း သူငယ်ချင်းမိတ်ဆွေ များအား သတိရနေမိသည်။ စာများများမဖတ်နိုင်သော်လည်း လူမှုကွန်ရက် ပေါ်သို့ အနည်းအကျဉ်းတော့ တင်ပြရေသားဖြစ်သည်။
ရောဂါကူးစက်မှု သံသရာစက်ကွင်း၌ သူလည်းအမိခံ ကိုယ်လည်းအမိခံ၊ အချင်းချင်း အားပေး သတင်းပေးရင်း ဆက်သွယ်သမှု ပြုကြသည်။ ငယ်သူငယ်ချင်း ရွှေကူမေနှင်း ကလည်း စာရေးသူရေးမည့် ” နောက်ဆုံးကဗျာ ” အား ဘဝင်မကျလှ၊ တိုက်ပွဲအောင်နိုင်လာသူ တစ်ယောက်အဖို့ ထိုကဗျာကို ရေးရန် အကြောင်းမရှိ၊ “နောက်ဆုံးကဗျာ ” ဆိုသည်မှာ တိုက်ပွဲတွင် ကျရှုံးသူရေးလေ့ရှိသော ကဗျာ။ စာရေးသူတို့ နှစ်ယောက်စလုံးသည်ပင် တိုက်ပွဲကို အောင်နိုင်ခဲ့သူများ မဟုတ်ပါလား…။
မေနှင်း နှင့်က ၁၉၅၈ ခုနှစ်ဆီကတည်းက ရန်ကုန်တက္ကသိုလ် ကလောင်အသင်း၌ အတူလှုပ်ရှားခဲ့သူများ ဖြစ်သည်။ ပြောမနာ ဆိုမနာ ငယ်ပေါင်းများလည်းဖြစ်သည်။ သူ တာဝန်ခံ စီစဉ်ထုတ်ဝေခဲ့သည့်၂၀၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်း ကို ဖျတ်ခနဲသတိရလိုက်သည်။ ထိုမှ တစ်နွယ်ငင် တစ်စင်ပါ နာကျင်ဝေဒနာ တစ်ရပ်ကို ခံစားလိုက်ရပြန်သည်။ တစ်နှစ်တာကာလပတ်လုံး ဆင်နွှဲရန်ရှိသည့် ၂၀၂၀ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပွဲတော်ကြီး၊ ယင်းသည် အခုတော့ လေထဲ၌ အငွေ့ပျံသွားပြီကော။ အငွေ့ပျံသွားပြီဟု ဆိုရလင့်ကစား ထိုအငွေ့အသက်တို့က ဝန်းကျင်တစ်ခုလုံး၌ လွှမ်းခြုံဝေ့ဝဲလျက် ရနံ့သင်းကြည် တည်တံ့နေဆဲ….။ ယနေ့တိုင် နှလုံးသားအား ဆုပ်ခြေကာ စူးနစ်စေလျက်နာကျင်နေစေဆဲ….။
(၂)
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီး၏ မိခင်ကြီးသဖွယ်ဖြစ်သည်။ နှစ်များစွာအတွင်း ပေါ်ပေါက်လာခဲ့သော လက်ရှိတက္ကသိုလ် အသီးသီးသည် ရန်ကုန်တက္ကသိုလ်မှတစ်ဆင့် ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှ၌ အကောင်းဆုံးတက္ကသိုလ်များထဲတွင် ရန်ကုန်တက္ကသိုလ်သည် အကောင်းဆုံးတစ်ခုအဖြစ် ရပ်တည်ခဲ့သည်မှာ ငြင်းဖွယ်မရှိ။ ရန်ကုန်တက္ကသိုလ်၏ ဥပဓိရုပ်ကို ကြည့်မည်ဆိုလျှင် အင်းလျားကန် နောက်ခံ၊ ဘွဲ့နှင်းသဘင်အဆောက်အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ တက္ကသိုလ်နယ်မြေ၏ တစ်နံတစ်လျား အကျယ်အဝန်း၊ ယင်း၏အလှအပမြင်ကွင်းမှာ ရှုမဆုံးဖြစ်ခဲ့သည်။ ယင်း လွမ်းမောဖွယ် မြင်ကွင်းကြောင့်လည်း အနုပညာသမား၊ စာသမား၊ ကဗျာသမားများသည် ထိုစွဲမှတ်ဖွယ်အလှအပအား ရင်အနက်အရှိုင်းထဲအထိ ခံစားရင်း အစဉ်ထာဝရတမ်းတ သတိရနေခဲ့သည်။ စာရေးသူတို့ တက္ကသိုလ်ကလောင်အသင်း အမှုဆောင်ဟောင်းများ ဖြစ်ကြသော သင်းအောင်၊ တက္ကသိုလ် မိုးဝါ၊ တက္ကသိုလ် ကြူကြူသင်း၊ ရွှေကူမေနှင်း၊ ထီလာစိုးမြင့်ထယ် စသူတို့မှာ အသက်အရွယ်အားဖြင့် အတန်ငယ်ထောက်လာပြီ ဖြစ်သည့်တိုင် မိမိတို့၏ အလွမ်းမျှင်တန်းများသည် ယူဇနာကုဋေကုဋာမက ရှည်လျားစွာ ဆန့်တန်းကာလွန်ခဲ့သည့် နှစ်၆၀ ကာလအပိုင်းအခြားထိအောင် အမျှင်မပြတ် တွယ်ကပ်လျက်ပင်ရှိနေဆဲ။
ယူဇနာကုဋေကုဋာမည်မျှပင် ရှည်လျားပါစေ အလွမ်းမျှင်တန်းတို့ ပြတ်တောက်သွားသည်မရှိ၊ ဆက်၍ အခိုင်အမာတည်ရှိနေဆဲ။ သို့စေကာမူ မိမိကမပြတ်သည်သာရှိမည်၊ မကောင်းဆိုးဝါးတစ်ကောင်က ညမှောင်မှောင် လမှောင်မှောင် အမိုက်မှောင် ကျရောက်လာစေခဲ့သည်။ ကြယ်ရောင် ထွန်းလင်းတောက်ပဖို့နေနေသာသာ လမ်းခရီးတစ်လျှောက် ခလုတ်ကန်သင်းများဖြင့် ဆူးပြွမ်းလျက် ဖြစ်စေခဲ့သည်။
ချိန်းဆိုကြမည်၊ တွေ့ကြမည်၊ ဆုံကြမည်၊ ရင်ဖွင့်ကြမည်၊ အလွမ်းပန်းချင်း ဖလှယ်ကြမည် ဟူသောရည်စူးချက်များအကောင်အထည်ပေါ်မလာ၊ မီးအိမ်ကိုဆွဲ ညအမှောင်ထဲ ချစ်သူပျောက်ရှာသည့်နှယ်….။
(၃)
ချစ်သူမလာသောညကား ကာလရှည်လျားလှပါဘိ။
ချစ်သူမလာသော ခုည… ငွေလဘယ်ဆီရောက်နေသလဲကွယ်…. လမင်းဘယ်ကိုရောက်နေသလဲကွယ်… ချစ်သူမုန်းလို့.. လမင်းရယ်ပုန်းနေတာလားကွယ်……
ကွယ်လွန်ခဲ့ပြီးသူ အဆိုကျော် တွံတေးသိန်းတန်၏ ကြည်လင်ပီသ ဆွေးမြည့်ဖွယ်ပြည့်ဝသောအသံသည် အမှောင်ထုကို ခွင်းဖောက်လာသည်။
တကယ်တမ်းတော့ တွံတေးသိန်းတန်၏ ဤ ” မေတ္တာမီးအိမ် ” တေးသီချင်းရှိ စာသားအချို့သည် စာရေးဆရာကြီး သိန်းသန်းထွန်း ၏ ” အချစ်ရူးလေးရဲ့ အချစ်ဦး “ဝတ္ထုမှ ရယူသုံးစွဲ ထားခြင်းဖြစ်ကြောင်း ဝတ္ထုရေးဆရာအား နောင်တွင် တောင်းပန်ထားသည်ကိုတွေ့ရသည်။ သို့သော်ဆရာ သိန်းသန်းထွန်းက သူ၏ဝတ္ထုပါ လမင်းအကြောင်း၊ ပိုးစုန်းကြူးအကြောင်း ကို သီချင်းရေးသားသီဆိုလိုက်သောအခါ အလွန်ကျော်ကြားသော သီချင်းတစ်ပုဒ်ဖြစ်သွားသဖြင့် သူ့အား တောင်းပန်စရာမလိုဟု ဆရာသိန်းသန်းထွန်းကရယ်မောမောပြန်ပြောလိုက်သည် ဆိုသည်။
ဘွဲ့နှင်းသဘင်ခန်းမသည် ပျပျရေးရေး၊ သစ်ပုပ်ပင်နှင့် အဓိပတိလမ်းမတို့သည်လည်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေမှန်း ခံစားရသော်လည်း ပီပီပြင်ပြင်မမြင်ရ၊ ယင်းအဖြစ်ကို
“ချစ်သူမလာသော ခုလိုညမျိုးမှာ…..
ချစ်စကားအလှတွေ
ဘယ်သူ့ထံပါး ပြောကြားရမလဲကွယ်…..
ရေပြင်ကိုပြောရမလား…
ကောင်းကင်ကိုပြောရမလား…
မြေလွှာကိုပဲ ပြောရမလားလေကွယ်…..
တစ်ယောက်တည်း အတွေးက ငယ်….” …ဟူသောအဆိုကျော်၏ အဆွဲအငင်နောက်သို့ စီးမျောလိုက်ပါသွားနေမိသည်။ လူတိုင်းနီးနီး တစ်သက်မှ တစ်ကြိမ်သာ ဆုံကြုံခွင့်ရမည်ံ့ ဤ ရာပြည့်ပွဲ ကို ညမှောင်မှောင် လမှောင်မှောင်အောက် တိတ်ဆိတ်ခြောက်သွေ့ ၊ ချိန်းတွေ့မလာ၊ ဗလာရင်ထဲ၊ ကြေကွဲဆို့နှင့်စွာ ထီးတည်းရပ်လျက်ရှိနေခြင်း အဖြစ်အား လိုလားမည် တော့မထင်…။
(၄)
ရန်ကုန်တက္ကသိုလ် ကလောင်အသင်း အနေဖြင့် ရာပြည့် အထိမ်းအမှတ်အတွက် ” အလွမ်းရိပ်လည်ပြန် ” ကဗျာစာအုပ်ကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၂ရက်နေ့တွင် တောင်ငူဆောင် မြန်မာစာဌာန အစည်းအဝေးခန်းမ၌ မိတ်ဆက်ပွဲကျင်းပခဲ့ပြီးဖြစ်သည်။ အနည်းငယ် နောက်ကျ ပြီးမှ ထွက်ရှိလာသည့် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်းအတွက်မူ မိတ်ဆက်ပွဲ မကျင်းပနိုင်ခဲ့သေးဘဲ ညမှောင်မှောင် လမှောင်မှောင် အခြေသို့ မျှော်လင့်မထားဘဲ ဆိုက်ရောက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ၊ ညမှောင်မှောင် လမှောင်မှောင်ကြိုက်သလို လွှမ်းအုပ်နေစေ၊ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ စာရေးဆရာ ဆရာမောင်ခင်မင် (ဓနုဖြူ) ၏ “အမိတက္ကသိုလ်၏ ဟိုတစ်ကွက် သည်တစ်ကွက်ပုံရိပ်ကလေးများ” စာစုအားဖတ်ရှုခံစားကြည့်ပါက အဓိပတိလမ်းနှင့်တကွ နယ်မြေတစ်ခုလုံး လင်းလက်ထွန်းပ၍ ကြည်နူးစရာအတိပြီးလာသည်ကို လှမ်းမြင်ရမည်ဖြစ်သည်။ ဆရာ့စာများထဲမှ အချို့အား ကောက်နုတ်ဖော်ပြပါမည်။
ရန်ကုန်တက္ကသိုလ် ပရိဝုဏ်တွင် ၁၉၆၁ခုနှစ်မှစတင် ခြေချခဲ့၊ ခြေချနေဆဲဖြစ်သည်ဟု ဆရာကဆိုပါသည်။ ယခု အသက် ၈၀ တန်းသို့ ရောက်နေပြီဖြစ်၍ နှစ်၆၀လောက် အသက် ပြန်ငယ်သွားသည်ဟု ခံစားလိုက်ရသည်ဆိုပါသည်။
” ပိုက်ဆံ ခြောက်ကျပ် ရှိရင် တက္ကသိုလ်တက်လို့ရတယ်။ တို့တက္ကသိုလ်တက်တုန်းက မှတ်ပုံတင်ကြေး ငါးကျပ်နဲ့ ကျောင်းသားမှတ်ပုံတင်ကတ်ပြားအတွက် တစ်ကျပ်။ ဒါပဲ ကုန်တာ “
” ဥပစာ(က)တန်း (ယခု ပထမနှစ်) ကျောင်းသားများမှာ ဝိဇ္ဇာဘာသာတွဲယူလျှင် ထီးတန်းကောလိပ် (ယခု အထက-၂ ကြည့်မြင်တိုင်အဆောက်အအုံ) မှာတက်ရသည်။ တစ်နှစ်တက်ပြီး ဥပစာ (ခ)တန်း (ယခု ဒုတိယနှစ်) ရောက်မှ အမိတက္ကသိုလ် ပရိဝုဏ်မှာ ခြေချရသည်။ သို့သော် စစချင်းလျှောက်လွှာတင်တာတို့၊ ငွေသွင်းတာတို့ကို ပင်မတက္ကသိုလ်ကြီးမှာပင်လုပ်ရသည်” ဟု ဆရာက အောက်မေ့သတိရစွာ ပြန်လည် စမြုံ့ပြန်သည်။
ဆရာသည် ဇူလိုင် ၇ ကိုရင်ဆိုင်တွေ့ထိခဲ့ပုံရသည်။ အဓိပတိလမ်းထိပ် လက်ယာဘက်မှာ ကျောင်းသားသမဂ္ဂ နှစ်ထပ် အဆောက်အအုံ ရှိသည်။ လက်ဝဲဘက်တွင်မူ မန္တလေး၊ တောင်ငူ၊ ရာမည၊ အမရ အဆောင်လေးဆောင်၌ ကျောင်းသားများ နေထိုင်သောအ ဆောင်များဖြစ်သည်။ ၁၉၆၄ ခုနှစ် ကျမှ ဌာနများ၊ စာသင်ခန်းများ အဖြစ် ပြောင်းလိုက်ခြင်းဖြစ်သည်။ ထိုစဥ်က ကျောင်းသား၊ ကျောင်းသူများမှာ လွယ်အိတ် လွယ်လေ့မရှိကြပါ။ လက်ထဲပွေ့ပိုက်ပြီး သွားကြသည်။ ကျောင်းသူများမှာ စာအုပ်များ လက်တစ်ဖက်မှာ ပိုက်ထားပြီး အပြေးအလွှား အတန်းကူးပြောင်းရင်း ကျောင်းသားနှင့် ကျောင်းသူဝင်တိုက်မိရာက စာအုပ်တွေ ပြုတ်ကျသည်ကို ကောက်ပေးရင်း ဇာတ်လမ်းစသည့် ဝတ္ထုများ ရေးသားလေ့ရှိသည်။
” ဆဲဗင်းဂျူလှိုင် ” အပြီးမှာ ခံစားချက်ကိုရင်ဖွင့်ကြသော ကဗျာစာအုပ်အများအပြား ပေါ်ထွက်လာသည်ဟု ဆရာက အမှတ်ရနေကြောင်း ဆိုပါသည်။ ” ရင်ပြင်နီ ” တို့၊ ” ဥဒါန်းမကျေ ” တို့ နာမည်တွေ မှတ်မိနေသည် ဆိုသည်။ စာရေးသူသည် မိမိကိုယ်တိုင်ရေးခဲ့သည့် ” နေခြည်ပွင့် အကြွေမှာ ” ဟူသောကဗျာ တစ်ပုဒ် “ဥဒါန်းမကျေ “စာအုပ်ထဲတွင် ပါလာသည်ကို မှတ်မိနေပါသေးသည်။
(၅)
မကြာသေးမီ ဤနှစ် ဩဂုတ်လ ၈ရက်နေ့တွင်မှ ဘဝတစ်ပါးသို့ပြောင်းသွားသော စာရေးဆရာမကြီး ခင်စောတင့်သည်လည်း ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်မဂ္ဂဇင်းသို့ လှပသော စာတစ်ပုဒ် ချီးမြှင့်ခဲ့သေးသည်။
ပြောရမည်ဆိုလျှင် ဆရာမသည် ရန်ကုန်တက္ကသိုလ်နယ်မြေတစ်ခုလုံးကို လုံးစေ့ပတ်စေ့ခြုံငုံကြည့်ပြီး ရန်ကုန်တက္ကသိုလ်ဟုဆိုလိုက်သည်နှင့် သစ်ပင်တွေစီတန်းနေသည့် အဓိပတိလမ်းမကြီးနှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးကိုပဲမြင်ယောင်လိမ့်မည်ဟု ဆရာမက အတိအလင်းဆိုပါသည်။ နယ်မြေတစ်ခုလုံးရှိ ဘယ်နေရာမှာ ဘာရှိ၊ ဘယ်နေရာမှာ ဘယ်အဆောက်အုံ ဘယ်လမ်း စသဖြင့်ဆရာမက မျက်စိထဲ၌ ဓာတ်ပုံဖြင့်မှတ်တမ်းတင်ထားသကဲ့သို့ အစီအရီ ချပြပြောဆိုနိုင်သည်။
ဆရာမ ခင်စောတင့်၏ ဤမျက်စိအမြင်အရ တက္ကသိုလ်ဝန်းထဲ၌ ပုဂံလမ်းသည် အလှဆုံးဟု ဆိုပါသည်။ သစ်ရိပ် ဝါးရိပ်တွေနှင့် တိတ်ဆိတိအေးချမ်းလှသဖြင့် ပုဂံလမ်းကို တေးသီချင်းများ ဖွဲဆိုခဲ့သည်ဟု ထင်ကြောင်း ဆိုပါသည်။ ဤနေရာတွင် ဆရာမနှင့်စာရေးသူတို့ အမြင် သဘောထားချင်း တိုက်ဆိုင်သည်ဟုပြောရပေမည်။ ပုဂံလမ်းကို စာရေးသူကိုယ်တိုင်ကပင် ပုဂံလမ်းဟုမခေါ်ဘဲ” နွေမှုန်လမ်း ” ဟူ၍ စွဲစွဲလမ်းလမ်း အမည်တပ်ခဲ့သည်။ နွေဦး ပေါက်စအခါတွင် ပုဂံလမ်း၏ မြင်ကွင်းမှာ မှိုင်းမှိုင်းပျပျဖြင့် သစ်ရွက်ဝါ ကြွေတို့ နွေလေနှင့်အတူ လွင့်ချင်တိုင်းလွင့်နေပုံကို ရှုမြင်ရသူအဖို့ ရင်ကိုလှုပ်ခတ်စေသည်။ ပုဂံလမ်းသည်အလှဆုံးမဟုတ်ဟု မည်သူငြင်းပယ်ဝံ့ပါမည်နည်း။
စနှစ်သစ်ပညာရေးစတင်သော ၁၉၆၄ နှစ်ခုတွင် ဆရာမ ဒေါ်ခင်စောတင့်သည် ရန်ကုန်စက်မှုတက္ကသိုလ် အင်္ဂလိပ်စာဌာနသို့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရသည်။ တက္ကသိုလ်ပရိဝုဏ် နှင့်ပတ်သက်၍ ကံကောင်းလှသည်ဟု ဆိုရမည်ဖြစ်သော ဆရာမသည် ငယ်ရွယ်စဥ်ကပင် တက္ကသိုလ်နယ်မြေထဲ၌ ခြေချခွင့်ရခဲ့သည်။ ဘွဲ့ရပြီးနောက်ပိုင်းတွင်လည်း ပြန်လည် ကျင်လည်ခွင့်ရခဲ့သည်မှာ အငြိမ်းစားယူသည်အထိဖြစ်ခဲ့သည်။ အမြဲ တစေ ကံကောင်းသည်ဟုဆိုရမည့် ဆရာမသည် အသက်(၈၀) ကျော်အရွယ်မှာပင် ဆုံးပါးသွားပြီဖြစ်သည်။ ကံမကောင်းဟုပဲ ပြောရမည်လားမသိ။
(၆)
ဤရွေ့ဤမျှ လှပစွဲမက် ဆွတ်ပျံ့ဖွယ်ကောင်းသည့် တက္ကသိုလ်နယ်မြေနှင့်ဝန်းကျင်တစ်ဝိုက် မြင်ကွင်းကျယ်အား
စာဖြင့်ဖွဲ့ခြင်း၊ ကဗျာဖြင့်နွဲ့ခြင်း၊ တေးဖြင့်သွဲ့ခြင်းစသည်တို့ကို စဥ်ဆက်မပြတ် ဂုဏ်ပြုလျက် ကြိုဆိုနေပါသော်လည်း အဘယ့်အတွက် မာယာထောင်ချောက်ထဲသို့ သွတ်သွင်းကာ သက်ဆင်းစေသနည်း။ ညမှောင်မှောင် လမှောင်မှောင်၊ ကြယ်ရောင်သော်မလင်း၊ လမင်းဘယ်ဆီ ပျောက်နေသလဲကွယ်။
ချစ်သူမလာသော ညတစ်ညဝယ်… ချစ်သူမုန်းလို့
ငွေလရယ် ပုန်းနေတာလား… ဟူ၍…။
ရေးသူ — တက္ကသိုလ် မိုးဝါ
[Sayama Daw May Saw Lwin] :
[Sayama Daw May Saw Lwin] :




Note : There are several sayas named U Khin Zaw.
There are several alumni named Khin Maung Oo / Khin Maung U.

Dr. Khin Maung Swe (Tekkatho Maung Thin Char) wrote a book about his mentor Sayagyi U Ba Toke. The book was published by RU Thin Char Mi Thar Su.
Dr. Khin Maung Swe passed away on June 7, 2020.


Post by Htay Nwe

From left to right:
