Author: Hla Min (Lifelong Learner)

  • “Instant” Poem

    by Tekkatho Moe War (Saya U Moe Aung)

    The poem was composed extemporaneously — on the spur of the moment.

    Instant Poem 1
    Instant Poem 2
    Instant Poem 3

    လက်တန်း အလွမ်းကဗျာတစ်ပုဒ်…။

    “ဘယ်နှခေါက်ရောက်ရောက် လွမ်းမီးတောက်ဆဲ…”

    တစ်ခေါက် နှစ်ခေါက်၊ သုံးလေးခေါက်လည်း
    တောက်ဆဲအပူဟပ်၊ ငြှိမ်းသတ်မရ။

    ငါးခေါက် ခြောက်ခေါက်၊ ခုနစ်ခေါက်လည်း
    မီးတောက် ပြာနှမ်း၊ အလွမ်းဓာတ်မပြေ….။

    ရှစ်ခေါက် ကိုးခေါက်၊ ဘယ်နှခေါက်လဲ
    ချောင်းပေါက်ပြီကော၊ လွမ်းမောလျော့ခွေ
    သြော်… စွယ်တော်မြေရယ်….။

    အလွမ်းလှေမှောက်
    အခေါက်တစ်ရာ၊ အလွမ်းတစ်ရာလား
    သစ်ခက်ကြားက….
    ခိုနားလှမ်းကြည့်၊ မျက်စိလှည့်စား
    အလှတစ်ပါးပင်၊ သံယောဇဉ်နှောင်ကြိုးရယ်
    ဘာ့ကြောင့်တွယ်သလဲ
    အမေးထဲမှာ၊ လွမ်းမြဲ လျော့ခွေ
    သြော်…စွယ်တော်မြေရယ်…။ ။

    တက္ကသိုလ် မိုးဝါ
    (၁၁ ဇူလိုင် ၂၀၂၀)
    ညနေ ၅:၂၀။

  • Garawa induced Tears

    by Tekkatho Moe War (Saya U Moe Aung)

    Tears 1
    Tears 2
    Tears 3
    Tears 4

    သံယောဇဥ်နှောင်ဖွဲ့မိခဲ့တဲ့ သူတို့တစ်တွေက ချူလိုက်တဲ့ ဂါရဝမျက်ရည်…။

    ” ဂါရဝ မျက်ရည် ”

    ပြန်တော့မည် ဟု…
    မျက်ရည် ကွယ်ဝှက်၊ ငါ.. နှုတ်ဆက်တိုင်း
    ကမ်းလက် တို့ထိ၊ အသိအမှတ်
    ပြုတတ် နှလုံး၊ အပြုံးနှင့်ကြို
    မာနပြိုပြီ
    ရင်ကိုခြွေဖြုတ် ကိုင်လှုပ်သူ။

    စွယ်တော်ပင်ရိပ်၊ မျက်တစ်မှိတ်ထင့်
    တွက်ချင့် ရင်ဖို၊ တက္ကသိုလ်မှာ
    သိပ္ပ စာပေ၊ ပေးဝေမျှရင်း
    မျှော်လင့်ခြင်းနတ္ထိ၊ မရ၏သို့
    စို့လေသည့် ချွေး၊ မခြောက်သေးခင်
    ဝေး- ဝေး- ဝေး- ဝေး ၊ ပြေး​ပြေး စွန့်ခွာ
    သိက္ခာရွာမှာ၊ ငါ.. တစ်ယောက်တည်း။

    ရုတ်တရက်လျှင်…. အိပ်မက် လန့်နိုးး၊ မျှော်ကိုး အားထား
    နှလုံးသား တပည့်၊ လာလှည့် ရပ်ခေါ်
    ပြုံးပျော်ကြည်နူး၊ ရည်စူး ဆုံတွေ့
    သည်တစ်ကွေ့မှာ ဝေ့ဝဲမျက်ရည် အိုင်နေဆဲ။

    ပြန်မလာတော့…
    ရင်ကိုကော့ပြီး၊ မော့မော့လမ်းမှာ
    သိက္ခာကိုထိန်း၊ မျက်ရည်သိမ်း၍
    တစိမ်း ပြင်ပြင်၊ ဆင်ခြင် ဖန်ဆင်း
    အိမ့်ပြတင်းမှာ…
    သေမင်းရှိုက်သံ ကြားရတကား။ ။

    တက္ကသိုလ် မိုးဝါ
    ၂၈ -၁-၂၀၀၉
    စင်ကာပူနိုင်ငံ။

  • Perfect Translation is difficult

    by Tekkatho Moe War (Saya U Moe Aung)

    ယူနက်စ်ကို ၏ကမ္ဘာ့ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ် ခံရသော ပုဂံမြေ….​” ပုဂံ အမွေ ” ကဗျာကို ပြန်လည်ဖတ်ရှုခံစားစေရန် နှင့် အမေရိကားမှ ဦးလှမင်းက အင်္ဂလိပ်ဘာသာသို့ လှပစွာပြန်ဆိုထားခြင်းကိုလည်း အရသာခံဖတ်ရှုစေလိုသည့် စေတနာအရင်းခံစိတ် တို့ကြောင့် ပြန်လည်တင်ပြရခြင်း ဖြစ်…။

    သည်နေ့ ၁၉-၁ဝ-၂ဝ၂ဝ ထုတ် Weekly Eleven တွင် ပါသော စာရေးသူ၏ဆောင်းပါး…..

    ရသ အားလျော့သွားတတ်သော ဘာသာပြန်ဆိုမှု

    (၁)

    ဘာသာပြန်ဆိုမှုနှင့်စပ်လျဉ်း၍ ပြောရပါက စာရေးသူသည် ဘာသာပြန်သည့်အလုပ်ကို အနည်းအကျဉ်းသာလုပ်ခဲ့ဖူးသည်။ များသောအားဖြင့် အင်္ဂလိပ်ဘာသာစာပေ၊ အင်္ဂလိပ်ဘာသာသိပ္ပံပညာတို့မှတစ်ဆင့် မြန်မာဘာ သာသို့ ပြန်ဆိုရေး သားခြင်း ဖြစ်သည်။ မြန်မာမှအင်္ဂလိပ်သို့ ပြန်ဆိုခြင်းကိုမူ တစ်ခါတစ်ရံသာလုပ်ဖူးသည်ဟု ဝန်ခံရပေမည်။ ပြီးခဲ့သည့် ရက် သတ္တတစ်ပတ် ခန့်က ရသကဗျာစာပေနှင့်ပတ်သက်၍ ရေးရန် တာစူခဲ့သော်လည်းမရေးဖြစ်ခဲ့ဘဲ အာရုံထွေပြားကာ အခြားအကြောင်းခြင်းရာ တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ယခုတော့ အာရုံသည် ဘာသာပြန်စာပေကိစ္စသို့ ပြန်လည်ဆိုက်ရောက်လာပြီ။ ကိုဗစ်ဟူသော ကမ္ဘာ့ကပ်ရောဂါပိုးကူးစက်မှုသည်သာ လူအများ၏ အတွေးဦးနှောက်ထဲ ကိန်းအောင်းနေချိန်၌ စိတ်နှလုံးအား အထိုက်အ လျောက်အေးငြိမ်းစေမည့် စာပေကဗျာကိစ္စ၊ အလင်္ကာ ရသကိစ္စ တို့ကိုရေးးသားတင်ပြလျှင် သင့်တော်လိမ့်မည်ဟု တွေးဆ မိသည်။ ဘာသာပြန်အလုပ်သည် အသက်မွေးမှုအတတ်ပညာတစ်ခုဖြစ်သည်ဟု ရှေးကတည်းက အသိအမှတ်ပြုလက် ခံခဲ့ ကြကြောင်း မှတ်သားဖူးသည်။ တစ်နည်းအားဖြင့် အင်္ဂလိပ်လို ပရိုဖက်ရှင် (Profession) ဟုခေါ်သည်။ လက်ရှိအချိန်တွင် အသက်မွေးဝမ်းကျောင်းမှု၊ သို့မဟုတ်အသက်မွေးဝမ်းကျောင်းပညာဟု လူအားလုံးလိုလိုပင် သုံးနှုန်းနေကြပြီ။ အမှန်အတိုင်းဝန်ခံရလျှင် ဘာသာပြန်သည့်အလုပ်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ တစ်ဘာသာမှတစ်ဘာသာသို့ ပြန်ဆိုရာတွင် ရှောင်လွှဲမရသောအခက်အခဲများစွာ ရှိစမြဲဖြစ်သဖြင့် ပြန်ဆိုမှုအနေအ ထားအရ စာလုံးတစ်လုံးကို တစ်လုံးချင်း အသေထားပြန်ဆို၍မရနိုင်သည်ကို တွေ့ရမည်။ ဘာသာပြန်ဆိုမှုပြု လုပ်သူအချို့သည် စကားလုံးတစ်လုံးအား အသေထား၍ ပြန်ဆိုနိုင်သည်ဟု အထင်ရောက်နေဆဲပင် ဖြစ်သည်။ ဥပမာအားဖြင့် အင်္ဂလိပ်စကားလုံး exploit ကိုကြည့်လျှင် ယင်း၌ကောင်း သောအဓိပ္ပာယ်ရှိသကဲ့သို့ မကောင်း သောအဓိပ္ပာယ်လည်း ဆောင်သည်။ exploit ဟု ပြောလိုက်သည်နှင့် လူတစ်ဦးနှင့်တစ်ဦး ခေါင်းပုံဖြတ်သည် ဟု မျက်စိထဲ၌ တန်းခနဲမြင်ယောင်သည်၊ တခြားမည်သည်ကိုမျှ မစဉ်းစားတော့…။ ဥပမာအားဖြင့် အလုပ်သ မားခေါင်းဆောင်ဖြစ်သူသည် သူ၏ လက်အောက်အလုပ်သမားတို့အား ပေးရမည့် လုပ်ခကို အကုန်ရှင်းမပေးဘဲအချို့အား ဖြတ်ယူထားခြင်းသည်လည်း exploit လုပ်သည်ဟုခေါ်သည်။ သို့သော် exploit တွင် အခြားအဓိပ္ပာယ်များလည်းရှိသေးသည်။ ဥပမာ exploit one’s opportunities မှာ အခွင့်အလမ်းများအားမိမိက ကောင်း စွာ အသုံးချခြင်း ဟူ၍ အဓိပ္ပာယ်ရသည်။ ဆောင်းပါးအတွက် နေရာအခက်အခဲဖြစ်သောကြောင့် နမူနာစကား လုံးအချို့ကိုသာ တင်ပြနိုင်မည်။ ဆင်တူယိုးမှား စကားလုံး နှစ်လုံးအဖြစ် self နှင့် ego ကိုသုံးသပ်ကြည့်လျှင်မြန်မာသို့ဘာသာပြန်ရန်အတော်ပင် အခက်အခဲတွေ့ရမည်။ ပုဂ္ဂလ ဟုပြန် မည်လား၊ အတ္တ ဟုပြန်မည်လား၊ ဘာသာပြန်အတွေ့အကြုံနှစ်ပေါင်း ၅ဝ မကရှိသော စာရေးဆရာတစ်ယောက်က မိန့်ဆို ပါသည်။ (ကိုးကား-ဆရာကြီးသခင်ဘသောင်း၏ “ဘာသာပြန်သူတစ်ဦး၏အတွေ့အကြုံနှင့်ထင်မြင်ချက်များ” စာတန်း)။ သို့ဖြစ်၍ စာစုတစ်ခုအား ဘာသာပြန်ရာ၌ ထိုစာစုတွင်ပါသော အချို့အချက်အလက်များကို ချန်လှပ်၍မထား သင့်။ မပါသော အချက်အလက်ချားကိုလည်း အပိုထည့်၍ပြန်ဆိုခြင်း မပြုသင့် ဟု ထင်မြင်မိသည်။ နုတ်ပယ်၊ဖြည့်စွက်ထားသည့် ဘာသာပြန် ရေးသားချက်တစ်ရပ်ကို ဘာသာပြန်ဟုမပြောသင့်ကြောင်း မှတ်ချက်ချရပေ မည်။ ထို့ပြင် တိတိကျကျ တိုတိုတုတ်တုတ် ရေးသားဖော်ပြထားသည့် စာစုတစ်ခုကို ပိုမိုဖတ်ရှုကောင်းစေရန်စကားတို့ဖြင့် အစားထိုးကာ ရှည်လျားစွာ ပြန်ဆိုခြင်းသည် လည်း မူရင်းအပိုဒ်၏အာဘော် ပျောက်ကွယ်သွားနိုင်ကြောင်း ဆရာကြီးများက သတိပေးခဲ့သည်။ အဓိကအကျဆုံးတစ်ခုမှာ ဘာသာပြန်ဆိုသူများအတွက် အဘိဓာန်များ၊ ကိုးကားရည်ညွှန်းကျမ်းများ ပြည့်ပြည့်စုံစုံရှိနေရန်လိုအပ်သည့် အချက်ဖြစ်သည်။

    (၂)

    အထက်တွင် ရေးသားခဲ့သည့် ဘာသာပြန်ဆိုမှုနှင့်ပတ်သက်၍ တွေ့ကြုံရတတ်သော အခက်အခဲများအား နမူနာအနည်း ငယ် သုံးလျက် အလွန့်အလွန်အကျဉ်းမျှသာ ဖော်ပြပေးထားသည်ကို တွေ့ရပေမည်။ တကယ်တမ်း နမူနာများစွာအသုံးပြုလျက် အခက်အခဲများကို လေ့လာသုံးသပ်မည်ဆိုပါက ဆောင်းပါးရှည်တစ်ပုဒ် ဖြစ်သွားပေမည်။ ဤ ဆောင်းပါးရေးခြင်း၏ ရည်ရွယ် ချက်မှာ ဘာသာပြန်ကဗျာကိစ္စကိုသာ အကျဉ်းတင်ပြရန်ဖြစ်သည်။ မြန်မာကဗျာမှ အင်္ဂလိပ်သို့ပြန်ဆိုရာ၌ အင်္ဂလိပ်စကားပြေ သို့ဖြစ်စေ၊ အင်္ဂလိပ်ကဗျာသို့ဖြစ်စေ ဘာသာပြန်နိုင်သည်။ မြန်မာကဗျာမှ အင်္ဂလိပ်ကဗျာသို့ ပြန်ဆိုသည့် လုပ်ငန်းတွင် မြန်မာ မဟုတ်သောစာဖတ်သူတစ်ဦးကယင်း က ဗျာ ကိုပင် မြန်မာတစ်ဦးကဖတ်၍ခံစားရသည့်အတိုင်း အင်္ဂလိပ်ဘာသာ စကားဖြင့် နားလည်ခံစားနိုင်အောင် ပြု လုပ်ပေးခြင်း ဖြစ်သည်။ လက်တွေ့၌ မြန်မာကဗျာဖတ်သူ၏အာရုံတွင် ဖြစ်ပေါ်သော ခံစားချက်များ အတိုင်း အင်္ဂလိပ်ကဗျာဖတ်သူတစ် ဦး က သူ၏အာရုံ၌ ထပ်တူထပ်မျှ ခံစားချက်မျိုးပေါ်လာစေရန် ဘာသာပြန်နိုင်မည် မဟုတ် ပေ။ မြန်မာကဗျာ သည် မြန်မာကဗျာဖြစ်၍ အင်္ဂလိပ်ကဗျာမဟုတ်သောကြောင့် မည်သည့်နည်းနှင့်မျှ တိကျစွာပြန်ဆိုနိုင်ရန်ဟူ သော လိုအင်ဆန္ဒပြည့်ဝမည်မဟုတ်။ မြန်မာကဗျာဖတ်ရှုသူ မြန်မာအချင်းချင်းပင်လျှင် ထိုကဗျာမှရရှိသည့် ခံစားချက် တူညီ မည်မဟုတ်။ ယင်းသို့ဆိုသဖြင့် မြန်မာကဗျာကို အင်္ဂလိပ်သို့ပြန်ဆိုရန်မဖြစ်တော့ဟု အားလျှော့ပစ်ရန်မဟုတ်။ မြန်မာစာနှင့် ဝါကျ တည်ဆောက်ပုံမှာ အင်္ဂလိပ်ဝါကျပုံစံနှင့်မတူ၊ တစ်နည်းပြောရလျှင် ပြောင်းပြန်ဖြစ်သည်ဟု ပြောရမည်။ မြန်မာသဒ္ဒါတွင် ကြိယာသည် ဝါကျတစ်ခု၏နောက်ဆုံးတွင်ရှိသည်။ အင်္ဂလိပ်ကမူ ကြိယာက ဝါကျအလယ်လောက်တွင်တည်ရှိသည်။ မြန်မာ ကဗျာတစ်ပုဒ်ကို မူရင်းအတိုင်းဖတ်ရှုပြီး ယင်းကဗျာကိုဘာသာပြန်ထားသည့် အင်္ဂလ်ိပ်ကဗျာအားဖတ်ရှုသော် အတွေးရလဒ် တစ်ခုတည်းကို နှစ်ပုဒ်စလုံးကဖော်ပြသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ခံစားမှုနှင့် ခံစားမှုအစဉ်ချင်းမတူသောကြောင့် အရသာပေါ်ပုံချင်းမတူပေ။ ဆရာကြီးဦးဝင်းဖေ၏ “မြန်မာကဗျာမှအင်္ဂလိပ်ကဗျာသို့ ဘာသာပြန်ဆိုခြင်း” ဆောင်းပါးကိုရည် ညွှန်းကိုးကား ရပါက အောက်ပါမြန်မာကဗျာကို ဆရာကြီးကထုတ်နုတ်ထားသည်ကို တွေ့ရ၏။

    မရွာဘဲ မဲ(မည်း) ပါနဲ့ ရွှေမိုးညို
    အိမ်ကလူအနေကျုံ့အောင်၊
    မှိုင်းအုံ့လှသကို။
    ရွာတော့ ရွာမလိုလိုနဲ့
    ရွှေမိုးညို မြောက်မြေထူးဆီက
    ချုန်းသင့်ပါဘူး။

    Do not darken without pouring,
    oh! overcast skies.
    You loom and lour
    to constrict the home-dweller.
    Even as though about to pour,
    you should not thunder
    from above Myedu Town in the north.

    အထက်ဖော်ပြပါဘာသာပြန်ကဗျာကိုကြည့်လျှင် မြန်မာကဗျာနောက်ဆုံးစာကြောင်းဖြစ်သော “ချုန်းသင့် ပါဘူး” မှာ ကဗျာ၏ အထွဋ်အထိပ်ဟု ဆိုရမည်ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာပြန်တွင်ရှိသောဖွဲ့ပုံစနစ်မတူသောကြောင့် ဝါကျအားလုံး၏ အလယ် ပိုင်းအောက်နားသို့ ရောက်သွားရာ ခံစားရမည့်ရသသည် ယုတ်လျော့အားပျော့သွားလေတော့သည်။

    (၃)

    အမေရိကန်နိုင်ငံတွင်နေထိုင်လျက်ရှိသော စာရေးသူ၏မိတ်ဆွေ၊ ရန်ကုန်စက်မှုတက္ကသိုလ်မှ ဘီအီး လျှပ်စစ်ဆက်သွယ်ရေး အင်ဂျင်နီယာဘွဲ့ရ ဦးလှမင်း က စာရေးသူ၏ “ပုဂံအမွေ” ကဗျာအား အင်္ဂလိပ်သို့ ပြန်ဆိုပေးခဲ့ သည်။ သူသည်ငယ်စဉ် ကျောင်း သား ဘဝကတည်းက အင်္ဂလိပ်ဘာသာဖြင့် ထုတ်သည့် ဂါးဒီးယန်းကဲ့သို့သောသတင်းစာ မဂ္ဂဇင်းတို့တွင် အင်္ဂလိပ်ဘာသာ စကားဖြင့် ကဗျာအများအပြားရေးခဲ့သူဖြစ်သည်။ “ပုဂံအမွေ” ကဗျာကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယှဉ်တွဲ၍ ရသခံစား ကြည့်ပါက ဆရာ့ဆရာကြီးများ မိန့်မြွက်ခဲ့သည့်အတိုင်း မူရင်းထက် ရသ အားနည်းသွားသည်ကိုတွေ့ရမည်ဖြစ်သည်။
    ယူနက်စ်ကိုမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည့် ပုဂံမြေအတွက်ရေးသော မှတ်တမ်းကဗျာဖြစ်သည်။

    “ ပုဂံ ‌အ မွေ “

    နှလုံးသွေးရဲ့ တဒုတ်ဒုတ်မြည်သံ
    ပုဂံမြေထဲ လွင့်ပျံသွား…။

    နှလုံးသားမှာစူးနစ်….
    အမွေအနှစ်ဟာ ပုဂံ။

    ကမ္ဘာ့ရင်သပ်ရှုမော၊ အံ့သြဖွယ်ကြည်ညို
    ပုဂံကိုသွတ်သွင်း၊ စာရင်းဝင်အမွေအနှစ်
    လွမ်းရစ်တော့တစ်ဖန်
    သြော်… ပုဂံရယ်….။

    ဟိုးအဝေးထိ၊ လှမ်းမျှော်ကြည့်တိုင်း
    ထိရှလွမ်းမော၊ တဝေါဝေါ စီးဆင်း
    မြစ်မင်း ဧရာဝတီ၊ ဝန်းလည်ရစ်ခွေ
    မှိုင်းမှိုင်း ဝေဝေ
    နှလုံးသား ကြွေကျ၊ အန ဂ္ဃချစ်ခြင်း
    သြော်… မြစ်မင်းဧရာဝတီရယ်….။

    ယဉ်ကျေးမှုရဲ့
    ပန်းပု ဗိသုကာ၊ လက်ရာထောင်သောင်း
    စေတီပုထိုးပေါင်းများစွာ
    ကမ္ဘာကုန်တည်သရွေ့၊ ကြည်မွေ့ နှစ်လို
    ကြည်ညို ဝပ်တွား၊ ပျောက်ပျက်မသွားဖို့
    ထားသစ္စာဉာဏ်အသိ၊ တိကျမှန်ကန်
    သြော်… ပုဂံရယ်….။
    တက္ကသိုလ် မိုးဝါ (၇-၇-၂ဝ၁၉)

    Heritage of BAGAN
    By HLA MIN

    Rapid, incessant heartbeat
    racing towards the Bagan area
    Deeply rooted in the bottom of my heart
    the cultural, religious, historical and
    architectural heritage of Bagan.

    Fascinating, full of wonder and memories,
    heart-rendering sublime Bagan
    finally, rightfully inscribed as World Heritage Site
    O… ancient Temple City
    where I left my heart.

    Every time one looks yonder
    touched by the whirling, swirling, vibrant
    Ayeyarwaddy (Lord of the rivers)
    Misty, dreamy panoramic view
    O…. my dear Ayeyarwaddy.

    Finest culture
    Treasure of sculpture
    Architecture galore
    Countless shrines and pagodas of Bagan
    Will last for eternity
    as World Heritage Site
    to be revered, cherished and appreciated
    O…. glorious Bagan.
    ရေးသူ– တက္ကသိုလ် မိုးဝါ

  • Birthday Gift

    Bagyee Myat Myo Myint

    U Myo Myint
    • He is a Retired Deputy Chief Engineer of Burma Railways
    • He designed Covers for RIT Annual Magazines and Commemorative Issues of Swel Daw Yeik Magazine
    • He is a Pon Tu Expert

    Birthday Gift for his spouse

    • He gave the following drawing as a Birthday Gift for his beloved spouse.
    Nilar Latt

    ဘဝလက်တွဲဖော် အိမ်သူသက်ထားရဲ့
    မွေးနေ့အထိမ်းအမှတ်အဖြစ်
    မာလာဆောင်သူဘဝကပုံလေးကို
    ခဲခြစ်ပန်းချီနဲ့ပုံတူရေးပြီး
    လက်ဆောင်ပေးလိုက်ပါတယ်။
    မွေးနေ့ပေါင်းများစွာတိုင်
    သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
    ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပါစေ။

    Myat Myo Myint
    (Bagyee Saya U Myo Myint)

  • Mechanical Newsletters

    Set Hmu Thadin Zin စက်မှုသတင်းစဉ်

    • The weekly newsletter was first published by U Win Thein (M67, GBNF) and volunteers of the RIT Mechanical Association.
    • The initial sales price was Ten Pyas.
    • The technology was Gestener / Wax Paper.
    • The newsletter featured News, Short notes, Articles, Kabyars, and Cartoons.

    Archive of Mechanical Newsletters

    Donation of CDs
    • U Kyaw Thein and Daw Than Than Mu (both M74) scanned the old Newsletters and archived photos them in a CD.
    • They donated CDs to the Association of RIT-YIT-YTU Alumni (ARITA).
    • U Wynn Htain Oo (M72) gladly accepted the CDs on behalf of the Alumni Association.

    Set Hmu စက်မှု

    The word appears in

    • စက်မှုတက္ကသိုလ် SET HMU TEKKATHO (Institute of Technology)
    • စက်မှုအင်ဂျင်နီယာ SET HMU IN-GIN-NI-YA (Mechanical Engineering / Engineer)

    U Win Thein (M67, GBNF)

    U Win Thein
    • He is a member of the London Gold Flake family.
    • After working for Sittang Paper Mill and PPIC, he established his private business practice.
    • He is an Outstanding Organizer and should be recognized in the RIT Wall of Fame (or Hall of Fame).
  • သတိရမိတဲ့ကလေးဘဝလေး

    ဒေါ် မိ အောင် Daw Mi Aung

    ဓါတ်ပုံလေးတွေပြန်ကြည့်မိတော့၊ Teacher Monica (ဒေါ်ဆွေဆွေတင်) ရဲ့အတန်းက ဓါတ်ပုံလေးပြန်တွေ့မိပါတယ်။ အဌမတန်းနှစ်၊ ကျမရဲ့အဖေကွယ်လွန်တဲ့နှစ်ကဓါတ်ပုံလေးဆိုတော့ ၊ ၅၃နှစ်ကြာခဲ့ပါပြီ။ “အတ္တကင်းပြီး၊ဟန်ပန်မရှိ၊ မာန်မာနကင်းတဲ့ဖြူဖြူစင်စင်ရုပ်လေးတွေမို့သိပ်ကိုချစ်စရာကောင်းလှပါတယ်။”

    သူငယ်ချင်းလေးတွေတော်တော်များများရဲ့မျက်နှာလေးတွေကိုကြည့်မိတော့ နုနုနယ်နယ် အပြစ်ကင်းလှတဲ့ ပုံရိပ် လေးတွေ ပါလားလို့ ရင်ထဲမှာခံစားမိတာပါ။ ၈တန်းနှစ်ဖြေပြီးတော့၊ ဝိဇ္ဇာနဲ့သိပ္ပံ ခွဲလိုက်တာမို့ ၉တန်းတက်တဲ့နှစ်မှာ အတန်းတွေ ကွဲသွားကြတာ။ သိပ္ပံတန်းကိုအတူတူတက်ခဲ့ကြတဲ့သူငယ်ချင်းတွေတောင်မှ ၁၀တန်းဖြေပြီးကထဲက ကွဲကွာသွားကြတာ၊ ဝိဇ္ဇာတန်းဖက်ရောက်သွားတဲ့သူတွေနဲ့တော့ ပိုပြီးဝေးခဲ့ကြရတာပါဘဲ။

    ၉တန်း၊၁၀တန်းအထိ အတူရှိနေပြီး၊ အမှတ်မိဆုံးအနီးကပ်ဆုံးသူငယ်ချင်းတွေလဲ ၁၀တန်းဖြေပြီး၊ အောင်သွားသူနဲ့ ကျကျန်ခဲ့တဲ့သူနဲ့၊ မတွေ့ကြတော့တဲ့သူတွေလဲအများကြီးပါ။ ယ္ခုအသက်၇၀တန်းရောက်တဲ့အထိကိုလုံးဝမတွေ့ကြရတော့တာမို့ တွေးကြည့်မိရင် အတော်ဝမ်းနည်းစရာကောင်းတာ။ (တွေ့တုန်းကြုံတုန်းလေးမှာ ချစ်ချစ်ခင်ခင်ရှိကြဖို့ သင်ခန်းစာရလိုက်သလိုပါဘဲ။) တချို့သူငယ်ချင်းလေးတွေဆိုရင် တမလွန်ကိုတောင်ရောက်သွားကြပြီလို့ သတင်းကြားရတော့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ (ကိုယ်တွေလဲ တစ်နေ့ – – – – – – တကယ်တော့၊မလွန်ဆန်နိုင်တဲ့တရားပါ။)

    ၉တန်းတက်တော့ ကျမ၊ မစိန်ရည်၊ ကြည်ကြည်အေးတို့ကအတန်းတူကြပြီး၊ နုနုကအတန်းကွဲပါတယ်။ ဒါပေမဲ့ အတွဲမပျက်ခဲ့ပါဘူး။ ကျမတို့၈တန်းမှာအတူတွဲဖြစ်ခဲ့တဲ့ ခင်ခင်စန်းကတော့ အိမ်ထောင်ကျသွားလို့၊ ကျမတို့လေးယောက်ဘဲကျန်ခဲ့ရတာပါ။ မှတ်မိသလောက်ကတော့ စာကြိုးစားကြတဲ့ မိမိအေး၊ Kathleen, Dolly နဲ့ Sheila တို့ကလဲအတူတွဲလျက်။ ထူးထူးငွေ၊ Maisie Soe, ညိုညိုစိန်၊ Molly Lattတို့၊ Mitzi, May, Irene, Pamela,တို့၊ Amy, Muriel, တင်တင်အေး၊ နုနုအေးနဲ့Jasmine တို့၊ ခင်ခင်သိုက်၊ Lily, Nancy, Nora, Stellaတို့ အတွဲလိုက်လေးတွေလို့ထင်မိပါတယ်။

    ၉တန်း သိပ္ပံခန်းမှာပျော်ပျော်ပါးပါး ပညာသင်ခဲ့ကြပြီး၊ ၁၀တန်းရောက်တဲ့နှစ်မှာတော့ ဘဝအတွက် အကြိတ်အနယ် ကြိုးစားကြ ရတော့မှာပေါ့။ ကျောင်းသားဆိုတာ စာမေးပွဲဖြေကြရပြီဆိုကထဲက အောင်ချင်တတ်ကြတာပါ။ စာမေးပွဲ မအောင်ချင်တဲ့သူ ရှိမယ် မထင်ပါဘူး။ စာ မကျက် တဲ့ လူ လဲ အချိန်တန်ရင်တော့ အောင်ချင်ကြတာပါ။

    ၉တန်း၊ ၁၀တန်းလောက်ရောက်လာတော့ အထက်တန်းကျောင်းသူတွေဖြစ်ကြပြီလေ။ ငယ်စိတ်နဲ့ ဘဲ ဗရုတ်သုက္ခနေတတ် ကြ သူတွေရှိသလို၊ အပျိုကြီးဟန်ပန်နဲ့နေတတ်ကြသူတွေလဲရှိတာပေါ့။ တချို့များဆို ဆံပင်ပုံစံလေးကစလို့ပြောင်းသွားကြတာ။ ကျမတို့ခေတ်က အပျိုမလေးတွေဆို ပျားအုံဆံပင် (bee hive) လေးနဲ့။ တချို့ကတော့ ခေါင်းတောင်မှဖီးရဲ့လားမသိ ၊ဆံပင်စုတ် ဖွားလေးနဲ့။ ဘာဘဲပြောပြော “ငယ်ဂုဏ်”လေးရှိနေတော့ ချစ်စရာကောင်းသလို၊ လှလဲလှကြပါတယ်။

    ကျမနဲ့နုနုက ၁၀တန်းကျလိုက်တော့ လေးယောက်တွဲလဲ လက်တွဲပြုတ်သွားရတာပါဘဲ။ နောက်တစ်နှစ်၁၀တန်းဖြေတော့ နုနုကျန်ခဲ့ပြန်ပါရော။ သူငယ်ချင်းတွေ ဒီလိုနဲ့တစ်ယောက်တစ်ကွဲစီပေါ့။ အမြဲတန်းတတွဲတွဲရှိခဲ့ကြသူတွေတောင် အတော်ကြာ ကြာမတွေ့ကြတာမို့၊ တစ်တန်းထဲနေပြီး အတူမတွဲကြသူတွေဆိုရင်တော့ ဘယ်လိုမှပြန်မဆုံနိုင်ကြတော့လောက်အောင်ပါဘဲ။

    နောက်ပိုင်းအိမ်ထောင်တွေကြကုန်ကြတော့ပိုလို့တောင်ဆိုးပါသေးတယ်။ ၁၀တန်းအောင်ပြီး နုနုရဲ့မင်္ဂလာဆောင် မှာဆုံပြီးနောက် ပိုင်း အကြာကြီးကိုမတွေ့ကြတော့တာပါ။ မစိန်ရည်ရဲ့မင်္ဂလာဆောင်ကတော့ကျမမသိကိုမသိလိုက်ရတဲ့အဖြစ်ပါဘဲ။ ဒါပေမဲ့ကျမ ဘွဲ့ယူတော့ ကြည်ကြည်အေးနဲ့မိမိအေးက ရောက်လာလို့တကယ်ပျော်ခဲ့မိတာပါ။

    လုပ်ငန်းခွင်ထဲရောက်သွားတော့ ပိုလို့ဝေးသွားကြပါပြီ။ တစ်ရက်တော့ကျမတို့ ရုံးပေါ်ကနေ လှမ်းကြည့်လိုက်တာ ကိုအောင်မိုး ဟိန်းကိုလှမ်းတွေ့လိုက်တာ။ သူကလဲ မိအောင်မဟုတ်လားဆိုပြီး၊ စကားပြောမိလို့သာ နုနုတို့ကစော်ဘွားကြီး ကုန်းအိမ်မှာ နေတယ်ဆိုတာသိလိုက်ရတာ။ ကိုအောင်မိုးဟိန်းက နုနုရဲ့အမျိုးသားလေ။ ကျမ၁၀တန်းကျခဲ့တဲ့နှစ်က သိမ်ဖြူလမ်းက ဆရာ ဦးမြင့်ဆွေ အင်္ဂလိပ်စာသင်တန်းကိုအတူတူတက်ခဲ့ကြတဲ့သူငယ်ချင်းတွေပါ။ သူက နုနုနဲ့တွေ့လိုက်ပါဦးဆိုပေမဲ့၊ မတွေ့ ဖြစ် ကြပါဘူး။ လှည်းတန်းစျေးမှာ တခါဘဲဆုံခဲ့ကြတာ။ ဘာ ကို မှ ပုံသေတွက်ထားလို့မရတဲ့လူ့ဘဝပါ။

    သူငယ်ချင်းတွေအားလုံးထဲမှာတော့ မစိန်ရည်က ခြေအပေါက်ဆုံးပါဘဲ။ သူဘဲ ကျမတို့လေးယောက်ပြန်ဆုံနိုင်ဖို့ကြိုးစားခဲ့လို့သာ၊ ပြန်ဆုံဆည်းကြရတာပါ။တကယ်ကျေးဇူးတင်ရပါတယ်။ ဓာတ် ပုံလေးထဲက သူငယ်ချင်းတွေကတော့ အားလုံးပြန်ဆုံနိုင်ဖို့က၊ ဘယ်လိုမှမျှော်လင့်လို့မရတော့ပါဘူး။ သံယောဇဥ်ကြီးတတ်သူမို့လွမ်းမိပါရဲ့။

    ကျမ သိမ်ဖြူလမ်းအလုပ်ကအပြန်၊ “မMable” လို့လှမ်းအော်ခေါ်သံလေးကိုလဲမမေ့ပါဘူး။ Mitzi နဲ့ May ရယ်လေ။ ကိုယ့်ကိုမှတ်မိပြီး လှမ်းခေါ်လိုက်ကြတာလေးကိုဘယ်အချိန်ပြန်ပြီးတွေးမိ၊ တွေးမိ ရင်ထဲမှာပီတိဖြစ်နေမိတာ။ ကျမကသူတို့ထက်အသက်ကြီးတာမို့ ကိုယ့်ညီမလေးတွေလိုပါဘဲ။

    ခုဆို တဖြည်းဖြည်း အိုတဲ့ဘက်ကို ရောက်လာကြပြီမို့၊ ပြန်ဆုံနိုင်ခွင့်တောင်ရှိကြပါ့မလား။

    အဝေး ကနေ မေတ္တာပို့ရင်းနဲ့ဘဲ – – – -ကျန်းမာစွာအသက်ရှည်ပြီး၊ တရားဘာဝနာများအားထုတ်နိုင်ကြပါစေ။

  • Daw Khin Saw Tint

    Daw Khin Saw Tint 1
    • She is the daughter of ICS U Ba Tint and Daw Khin Saw Mu.
    • Younger brother : U Nay Oke Tint (St. Paul’s)
    • She is a proud Great Grandmother.
    • She taught English at RIT. She donated back the Garawa money to RIT-related projects.
    Donation
    • She requested Swel Daw Yeik Foundation to take care of sayas and sayamas from non-Engineering Departments.
    Daw Khin Saw Tint 2
    • She is a bilingual author.
    Book 1
    Book 2
    • The following article is about her mother Daw Khin Saw Mu (Khit San Kabyar) and her aunts : Daw Khin Mya Mu (spouse of Prof. U E Maung; Kyauk Sar ကျောက်စာ Expert; Thamadi Myo Wun သမာဓိမြို့ဝန်) and Daw Tin Saw Mu (Senior Lecturer in English).
    Article 1
    Article 2
    Article 3
    • She passed away in 2021.
      Her son passed away a few days earlier.

    Dr. Thane Oke Kyaw Myint wrote :

    Daw Mya was “thamadi myo wun” must be like Justice of Peace. She handled family related cases like custody etc.

    Khatiza Htay Htay Nwe wrote :

    Sweet memories and proud moments of their relatives.

  • 2019

    • Before the pandemic, 69ers used to have Monthly Breakfast Gatherings usually at Taw Win Hnin Si (Royal Rose)
    • Some 69ers offered to host the Gathering to celebrate their Anniversaries and Birthdays.
    • U Aung Min (M69, Chair of 69er HCF) is a core organizer of the 69er activities including the Annual Dinner Gatherings and the special Golden Jubilee Celebrations
    BFG 1
    BFG 2
    BFG 3
    BFG 4
    BFG 5
    BFG 6
    BFG 7
    BFG 8
    BFG 9
    BFG 10
    BFG 11
    BFG 12
    BFG 13
  • ” 71 …”

    Saya U Moe Aung (Tekkatho Moe War) wrote a poem for U Wynn Htain Oo’s 71st birthday.

    Mg Mar Ga

    ” ၇၁…”

    ခုနစ်ဆယ့်တစ်…တဲ့..

    ညစ်သလား ပျော်သလား၊ ခွဲခြားခက်ခက်

    ရည်ရွယ်ချက်တွေ ပြည့်ဝစေ…

    နွေနွေမိုးမိုး၊ ဆောင်းခိုး မြူထ

    ဘဝခရီးတစ်ထောက်၊ လျှောက်လေရာရာ ခိုင်မာတိပြတ်၊ မူဘောင်ခတ်ဆဲ..

    နွမ်းဖပ် ယိမ်းထိုး၊ အရှုံးပေးရိုးထုံးစံ မရှိပြန်တဲ့

    မာန်တင်း ဟန်ကင်း၊ ဘဝင်ရှင်း…

    ‘ဝင်းထိန်ဦး’ ဆိုသောလူတစ်ယောက်။ ။

    (ကိုဝင်းထိန်ဦးအတွက် ၇၁ နှစ်မြောက်မွေးနေ့လက်ဆောင်ကဗျာနုပ်တစ်ပုဒ် ပါ)

    တက္ကသိုလ် မိုးဝါ

    ၂၇. ၉. ၂၀၂၁

    (နံနက် ၆ နာရီ)

  • Bird and Branch

    Bird and Branch
    Tekkatho Moe War

    by Tekkatho Moe War ( U Moe Aung)

    ငှက်ဟာ သူ့ရဲ့”ယုံကြည်ချက်တောင်ပံ” သည်သာ
    အားထားရာလို့ သိသလို..

    ပြည်သူဟာ ငှက်
    ငှက်ဟာပြည်သူ….ပါပဲ….။

    ” ငှက်နဲ့ သစ်ကိုင်း “

    ပြည်သူဟာ ငှက်
    ငှက်ဟာ ပြည်သူ…။

    ပျံလေတဲ့ဝေးဝေး
    အသွေးအသား၊ ဆူပွက်သွားပစေ..
    ရေ မြေလွှာချုံ့၊ တုံ့ဆိုင်းသွားပစေ….
    တွေဝေ မရှိ၊ တိခနဲ ပိုင်းဖြတ်
    လှုပ်ခတ် နရီမှန်၊ ရင်ခုန်သံလို
    တောင်ပံအစုံ ရှိနေသရွေ့။

    နွေအပူရှိန်တက်…
    အရွက်မဲ့ အမြင်ရိုင်း၊ သစ်ကိုင်းကျိုးမတတ်
    ကြွပ်ဆတ်ဆတ်ပေါ်၊ ခိုရပ် အနားယူ
    သောက ပူပင်၊ နာကျင်မရှိ
    ငှက်တို့၏ဟန်၊ အားထားရန်…
    တောင်ပံအစုံ ရှိနေသရွေ့။

    သစ်ကိုင်း ကျိုးကျေ
    အောက်မြေသို့ကျ၊ စိုးစဥ်းမျှ အစဥ်
    မပူပင်လေသလား
    ဖြန့်ကား တဖျပ်ဖျပ်၊ တောင်ပံခတ်၍..။

    ဪ… ပြည်သူဟာ ငှက်
    ငှက်ဟာပြည်သူ….။ ။

    တက္က သို လ် မိုး ဝါ
    ၈ – ၃ -၂၀၂၀
    (ညနေ ၆ နာရီ)