Author: Hla Min (Lifelong Learner)

  • U Tin Swe (EE)

    Name

    His name is U Tin Swe (တင်ဆွေ).

    He was wrongly called as U Tint Swe (တင့်ဆွေ), U Tin Shwe (တင်ရွှေ) and U Tin Shwe Gyi (တင်ရွှေကြီး)

    EE Saya

    He graduated in 1953. He joined EE Department as Assistant Lecturer.

    He received Masters from the University of Michigan, USA.

    Upon his return, he became a Lecturer.

    EE Sayas

    Sports

    He was a member of the Prome Hall Soccer team which won the Inter-Hall Tournament for three consecutive years. He was a star player.

    Prome Hall Soccer

    He also played Tennis.

    Computing

    He was a Power User at UCC. He supervised Ko Aung Kyaw Pe (EP69) for his Master’s thesis. He worked with Power Distribution & Analysis programs. He also collaborated with his former students including Dr. San Oo (EP67).

    Demise

    In the early days, there were few Professorships. He passed away before the creation of separate EC and EP Departments.

    U Khin Maung Zaw (KMZ, EC76) wrote :

    I believe Saya’s brother was U Nan Wai (a famous painter).

  • Paing Brothers

    ICS U Paing and Daw Oo Yin (daughter of Sir Po Tha & Lady Tha) have four sons.

    Dr. Myo Paing (SPHS54)

    • He is a medical doctor and researcher (at BMRI).
    • His early assignment was Malaria Campaign.
    • He is a Champion golfer.

    U Soe Paing (SPHS56)

    U Soe Paing
    • In the Matriculation exam of 1956, he stood 13th in Burma and won a Collegiate Scholarship.
    • In 1958, he received two Gold medals : one for the Highest Total Marks for I.Sc (Combined) & another for Joint Highest Marks in Maths for I.Sc (Combined).
    • While attending Engineering classes at RU, he received State Scholarship to study Electrical Engineering at Stanford University in the USA.
    • He received BS and MS in EE (Electrical Engineering) from Stanford University.
    • Upon his return, he joined the EE Department at RIT as Assistant Lecturer. He helped Sayagyi Dr. Chit Swe with the UCC project.
    • He transferred to UCC as Manager of Systems Division.
    • After reorganization, he also managed the Operations Division.
    • He received an M.Sc. in Computer Science from the University of Southampton in the UK.
    • He taught CS courses at UCC. He co-authored Progrsmming Texts, Lecture Guides and Manuals with U Aung Zaw (GBNF) and me.
    • He worked for UN projects in several countries.
    • He wrote “Computer Ah Sa UCC Ga” and his experiences as a States Scholar and UN Advisor.
    • After retirement, Saya spent time playing golf & practicing vipassana meditation.
    • During his UCC days, he served as a Golf Correspondent. I helped him type about the competition at RGC (Rangoon Golf Club) and BGC (Burma Golf Club) and submit to the English newspapers.

    U Win Paing (SPHS64)

    U Wara 1
    U Wara 2
    U Wara 3
    • He won several Golf Championships with his younger brother U Kyaw Paing.
    • After finishing the finals for ChE (Chemical Engineering) examination in 1970, he entered monkhood with his friend U Aung Min.
    • He served as Taik Oke for about four decades before becoming the Chief Resident Monk of Kaba Aye Sunlun Gu Kyaung Sayadaw.
    • He is known as Sayadaw U Wara.
    • He is now GBNF.

    U Kyaw Paing (SPHS67)

    • He represented Burma in the Putra Cup.
    • He is a lawyer and an entrepreneur.

    U Khin Maung Zaw (EC76) wrote :

    For number of years, I was the carrier-cum-postman to bring Saya U Soe Paing’s typed golf news to the WPD, Working Peoples’ Daily at Theingbyu Street! Just one of the chores I had in those days.

    I remember jokingly asked Sayadaw U Wara how he felt seeing the (18th??) hole over the fence from the Sunlun Kyaung’s “Thein”. The new golf course was built for VIPs inside Kabaaye, and that particular hole was seen from the “Thein” less than 40-50 yards, of course over the fence.

  • Casualties and CPR

    Casualties and CPR

    by Hla Min

    Updated : May 2025

    CPR can help save lives

    • M72 batch is a closely knit group. They are known for their gentlemen acts as well as seemingly childish behavior.
      They tease each other often testing the limits of patience.
      To outsides, they appear to be quarreling.
    • Ko Tha Tun (M72) is from the class of 71, but he feels at home as a senior with the M72 group. At one M72 gathering, a medical condition struck Ko Tha Tun, but he survived due to the CPR skills of Ko Wynn Htain Oo (M72). The members also took him quickly to a clinic without waiting fo the ambulance.
    Tha Tun

    Casualties

    • Some casualties occur early in the morning. Most family members may be sleeping, sleepy or not alert to respond to emergency problems.
    • Ko Soe Myint (M72, retired Pro-Rector of ICST) had a busy day visiting the Sun Lun Gu Kyaung twice and also taking rounds to see his nephew and niece with medical problems. He passed away at 3 AM. Ko Wynn Htain Oo thought out aloud if CPR could have saved Ko Soe Myint.
    Ko Soe Myint (3rd from Right)
    • Ko Soe Myint Lwin (EP68, Burma Soccer Selected) passed away around 3 AM.
    Ko Soe Myint Lwin
    • Saya U Kyaw Sein (M65) passed away around 6 AM.
    U Kyaw Sein
    • U Myint Kyaw (EC67) passed away around 2 AM.
  • ငါ့ – အတ္တ

    ငါ့ – အတ္တ

    ဒေါ်မိအောင် Daw Mi Aung

    ငယ်စဥ်တုန်းကတော့ အမေက အတော်ကို”အပြစ်”မြင်တတ်တာဘဲလို့အမြဲတွေးမိတာ။ ဒါတောင်လက်လှုပ်တိုင်းခြေလှုပ်တိုင်းပြောတတ်သူမျိုးတော့မဟုတ်ပါဘူး။ သူအမြဲဂရုစိုက်ပြီးကြည့်တတ်တာကတော့ မောင်နှမတွေချစ်ခင်ဖို့၊ ရန်မဖြစ်ဖို့နဲ့၊ ငယ်တဲ့ကလေးကို ဂရုစိုက်ဖို့ဆိုတာမျိုးကိုသာ “အဓိက”ထားတာပါ။

    ညနေစောင်းလို့ ဆိုင်ကပြန်လာရင် မောင်နှမတွေအိမ်မှာလူစုံရှိနေရတဲ့အပြင် အငယ်တွေမျက်နှာမှာ
    သနပ်ခါးမရှိ၊ ပေကျံနေရင်တော့ နားမခံနိုင်လောက်အောင်မြည်တွန်တောက်တီးတတ်တော့တာပါဘဲ။ “အမေရှိတုန်းတောင် ကလေးတွေကိုဂရုတစိုက်မထားရင်၊အမေမရှိတော့ရင်ဘယ်လိုနေကြမလဲ” လို့ပြောတတ်သေးတာ။

    နဂိုကမှ အဖေမရှိတော့လို့ ဝမ်းနည်းရတဲ့ကြားထဲ ဒီစကားမျိုးပြောတော့ မျက်ရည်တောက်
    တောက်ကျရပါတယ်။ ဒါလဲအမေ့ရဲ့ကျမတို့ကို”ပညာရှိဆုံးမနည်းတစ်မျိုး”ပါလားဆိုတာ ခုမှနားလည်မိတာပါလေ။

    နောက်ပြီးအမေက ဧည့်သည်နဲ့စကားပြောနေလို့ ကိုယ်တွေကတစ်ခုခုများအမှားလေးလုပ်မိလို့ကတော့ ဧည့်သည်ပြန်ရင်သေဖို့သာပြင်တော့ဆိုတာမျိုး။ အစကထဲကပြောထားတယ်လေ။ “အမေကြည့်လိုက်ရင်၊ သိနော်” တဲ့။ မရိုက်ပါဘူး။ အံကြိတ်ပြီးတော့ကိုလိမ်ဆွဲတတ်တာ။ မချိအောင်နာပါတယ်။ *(ခင်စန်းနုရဲ့”ဂျီးတော်” ပီသပါပေတယ်။)* နောက်ထပ်”အဆစ်”လေးကတော့ ရင်ထဲထိအောင်ကိုပြောတတ်သေးတာ။

    တကယ်တော့ ဖခင်မဲ့ခဲ့တဲ့သားသ္မီးတွေကို သူများထက် “တော်စေ၊တတ်စေ၊လိမ္မာစေ”ချင်တဲ့ အမေ့ရဲ့ “အတ္တစေတနာ” ပါ။အဲ့ဒီအချိန်တုန်းကတော့ ကိုယ်လဲ “ကိုယ့်အတ္တ”နဲ့ကိုယ်မို့ အမေ့ရဲ့စေတနာမေတ္တာကို အမြဲအပြစ်လိုမြင်ခဲ့မိတာပါဘဲ။

    အော်၊တကယ်တော့ လူတိုင်းမှာ “အတ္တ”ရှိနေကြတာပါလား။ အဲ့ဒီ “အတ္တ’ရဲ့နောက်မှာ “မာန၊ဒေါသ၊လောဘ” စတာတွေများ ပါလာပြီဆိုရင်တော့ မလွဲမသွေ “ဒုက္ခ” တွေများကြရတော့တာပါဘဲ။

    မှတ်မှတ်ရရ နှစ်ခါကြီးများတောင်အရိုက်ခံခဲ့ရဘူးတာ။ * တစ်ခါက အဖေ့ရဲ့တိုက်ပုံအင်္ကျီမီးပူတိုက်တာမီးကျွမ်းသွားလို့။ ( အမေကလုပ်တတ်ကိုင်တတ်စေချင်တဲ့ “စေတနာဇော”နဲ့ပါ။ ) * နောက်တစ်ခါက သူများက၊ပွဲကြည့်သွားဖို့ခေါ်တာ၊ ကိုယ်တိုင်မငြင်းလိုက်ဘဲ “အမေ့ကိုပြော” လို့ပြောမိလို့။ ဒီတစ်ခါတော့ ညီအစ်မနှစ်ယောက်လုံးကို အိမ်ပေါ်ထပ်တက်တဲ့လှေခါးမှာဂျောင်ပိတ်ပြီးကို သတိရတိုင်း ထပြီးရိုက်တော့တာပါ။ ထပ်ခိုးကိုတက်ရတဲ့လှေခါးမို့၊ကျဥ်းကျဥ်းကျပ်ကျပ်။ ( အမေ သင်ထားတဲ့စကား အမှတ်မထားမိတဲ့ အတွက်” ဒေါသ”ဖြစ်ရှာတာလေ။ “စေတနာဒေါသ”ပေမဲ့လဲ အမေရော၊ကိုယ်တွေရော ပူလောင်ရတာ။)

    ဘယ်သူမှန်ပြီး၊ဘယ်သူမှားလဲဆိုတာကတော့ လူတိုင်းဟာ “ကိုယ်လုပ်တာမှမှန်တယ်”ထင်တတ်တဲ့ “ငါ မှ ငါ”ဆိုတဲ့ “အတ္တစိတ်”ဖြစ်ပါလိမ့်မယ်။

    ဒါကတော့ အသက်အရွယ်ကြောင့် တွေးမိတာပါ။ငယ်တုန်းကတော့ အမေကချုပ်ချယ်လိုက်တာ၊ အပြစ်ဘဲမြင်နေတော့တာဘဲဆိုပြီး၊ စိတ်ဆိုးစိတ်ကောက်တတ်ကြတာပါဘဲ။ “ငါ” မှန်တာလို့ဘဲထင်တာကို။

    အမေ့ဖက်ကတော့ ဒီကလေးတွေကို “ငါ” မဆိုလို့မဖြစ်၊ မဆုံးမလို့မဖြစ်ဆိုတဲ့အတွေး။ သူတို့ကိုအကောင်းဆုံးဖြစ်အောင် “ငါ”မှအလုပ်ရင်မဖြစ်ဘူးဆိုတဲ့ “လောဘ” ။

    လူ့လောကမှာ ဒီ “လောဘ၊ဒေါသ၊မာန” ဆိုတာတွေကို မပယ်သတ်နိုင်သေးသရွေ့တော့ “အပူ”တွေချည်းပါဘဲ။

    ဒါပေမဲ့လို့ ကျမနဲ့ညီမလေးဘွဲ့ရပြီး၊ အလုပ်ရတဲ့အချိန်မှာတော့၊ သူ့ရဲ့ သားသ္မီးအပေါ်ထားခဲ့တဲ့”လောဘ-အတ္တ”တွေကိုလွှတ်ချလိုက်တော့တာပါဘဲ။ အမေ့ရဲ့ပေါင်မှာ အနာပေါက်တာများငန်းမန်းတွေတက်ပြီးသတိလစ်သွားခဲ့တာ။ ဆေးရုံပေါ်ရောက်တာမြန်လို့သာအသက်မသေတာပါ။

    စီးပွါးရှာခဲ့စဥ်ကတော့ သားသ္မီးတွေအတွက်ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီးတော့ကိုလုပ်ကိုင်ကျွေးမွေးခဲ့တာပါ။ “လောဘ”ကိုရှေ့တန်းတင်ခဲ့ပေမဲ့ ၊ အချိန်တန်တော့လဲ ဒီလောဘတွေကို သတ်နိုင်ခဲ့သူမို့၊ အမေ့ရဲ့စီးပွါးဖက်တွေအံ့သြယူရလောက်အောင်ပါဘဲ။ (ကျမကတော့ အမေ့ရဲ့ ပြတ်သားတဲ့စိတ်ဓါတ်ကိုအမြဲအားကျမိတာပါ။)

    အမေက အဲ့ဒီတုန်းကသာသေသွားခဲ့ရင်လဲ၊ သားသ္မီးတွေကိုပစ်ခဲ့ရမှာဘဲဆိုပြီး၊ တရားစခန်းကိုသာတွင်တွင်သွားခဲ့တော့တာပါဘဲ။ သူလုပ်နိုင်သရွေ့လုပ်ပေးခဲ့ပြီ၊ကျန်တာတော့ ကျမတို့တာဝန်ဆိုပြီး၊ပခုံးပြောင်းပေးခဲ့တာပေါ့။သူ့ရဲ့အတ္တတွေကို ခဝါချခဲ့ပြီး၊သံသရာအတွက်အကျိုးရှိရှိအသုံးချခဲ့တဲ့အမေပါလားဆိုပြီး၊ အမြဲတန်းအထင်ကြီးလေးစားရသလို ၊ အမေ့အတွက်အမြဲဂုဏ်ယူနေရပါတယ်။ (ရှေ့ဆောင်လမ်းပြကောင်းတဲ့အမေ။)

    ဟုတ်တယ်လေ။ သေရင်လဲ” လက်ဗလာ” နဲ့သေရမှာမို့ ဘာတွေကိုများ “တွယ်တာ” နေကြရဦးမှာလဲ။ #လောဘ၊ဒေါသ၊မာနဆိုတဲ့ အတ္တတွေ၊ တွယ်တာတပ်မက်မှုတွေ၊ လျှော့ချနိုင်ကြရင်ဆို တဲ့အတွေးကိုတွေးပြီး မိမိကိုယ်ကိုလဲ မပြတ် ဆင်ခြင်နေရပါတယ်။

    #ခုချိန်ခါမှာကျမက အမေမရှိတော့တာမို့ ညီမ တွေအ တွက် အမေ့ကိုယ်စား တာဝန် အရှိဆုံးသူ မဟုတ်လား။ #ကျမတို့ငယ်ငယ်က “အမေ့ အပူ၊ အမေ့ စေတနာအတ္တမျိုး” မဖြစ်ရလေအောင်တော့ ဆင်ခြင်ရလိမ့်မယ်။ #ပူပန်သောကတွေ ငြိမ်းကြမှ – – – **ဘယ်ကလာမှန်းမသိပေမဲ့၊ အပြန်လမ်းကို တော့ အလင်းထဲဘဲပြန်ချင်တာ။ ** ကျမ”အတ္တ”ကင်းချင်ပါတယ်။

  • မေ့ထားလိုက်တော့မယ်

    မေ့ထားလိုက်တော့မယ်

    ဒေါ်မိအောင် Daw Mi Aung

    ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကိုသာအမှတ်ရချင်တတ်ကြတာ၊သဘာဝပါ။ တောင်တွေးမြောက်တွေး၊တွေးနေမိရင်းနဲ့ အတိတ်မေ့သွားတဲ့သူတွေအကြောင်းကိုစဥ်းစားမိတာလေး။ စိတ်ဆရာဝန်မဟုတ်လို့ အဲ့ဒီအတွေးက မှားချင်လဲမှားမှာပါ။

    သိခဲ့ဘူးတဲ့မိတ်ဆွေတချို့ထဲက ဘာကိုမှမမှတ်မိတော့ဘူးဆိုတဲ့လူမျိုးကိုတွေ့ဘူးခဲ့တာမို့၊ သူ့ရဲ့ခါးသီးလှတဲ့ဘဝပေးအခြေအနေကိုပြန်ပြီးမြင်ယောင်ကြည့်တော့၊ ကိုယ်သာဆိုရင်လဲခံစားနိုင်မှာမဟုတ်ပါဘူးလို့။

    မိဘမရှိ၊အဒေါ်တစ်ယောက်ရဲ့ကျွေးမွေးစောင့်ရှောက်မှုနဲ့ စတုတ္ထတန်းလောက်အထိသာကျောင်းနေခဲ့ရရှာပြီး၊ နောက်ပိုင်းစျေးရောင်းနေရရှာတာပါ။ ကျမက ဒုတိယတန်းနှစ်မှာ ကျောင်းပြောင်းသွားတာမို့ တချို့သူငယ်ချင်းတွေကိုမမှတ်မိပါဘူး။ ကျမ(၁၀)တန်းလောက်ရောက်မှာစျေးဝယ်ရင်းနဲ့ ပြန်ဆုံတော့ သူကစပြီးနှုတ်ဆက်တော့မှ မှတ်မိတာပါ။

    ငယ်စဥ်တုန်းက သူငယ်ချင်းကမှတ်မိတယ်ဆိုတော့ ဝမ်းသာလိုက်တာ။ မိုးကလဲရွာနေတာမို့ ၊ သူ့ကို”ဘယ်မှာနေလဲ” လို့မမေးမိပေမဲ့၊ သူ”ဒီမှာအမြဲစျေးရောင်းတာလား”လို့တော့မေးမိပါတယ်။ စျေးသွားတိုင်းလဲ အမြဲနှုတ်ဆက်နေကြပါ။ပြုံးချိုချိုနဲ့ တကယ်ကိုချစ်စရာကောင်းတာပါ။

    ကိုယ်ကိုယ်တိုင်ကလဲ ကျောင်းသူအရွယ်မို့၊ အခြေအနေကိုမခန့်မှန်းတတ်ပါဘူး။ သူ့ကို ကိုယ်ကဘာမှ အကူအညီ လဲမပေးနိုင် ခဲ့တာလဲအမှန်ပါ။ ဒါပေမဲ့၊အလိုက်ကန်းဆိုးမသိတတ်လိုက်တာများ “သူငယ်ချင်းရေ ဘုရားပန်းလေးကပ်ဖို့” ဆိုပြီး ကိုယ့်ကိုအတင်းပေးခဲ့ရင်တောင်ယူလာခဲ့မိသေးတာ။~ကိုယ်လဲအလုပ်အကိုင်တွေရလို့သိတတ်တဲ့အချိန်ရောက်မှ ” ငါ သူ့ကို ဖေးမကူညီခဲ့သင့်တာ” လို့တွေးမိတာပါ။ တွေးမိတဲ့အချိန်၊ ကူညီပေးနိုင်တဲ့အချိန်ရောက်လို့ “သူ”စျေးမရောင်းတော့ဘူးလားလို့ မေးမိတဲ့အချိန်မှာတော့၊ “ရူးသွားပြီ”ဆိုတာသိလိုက်ရတာပါဘဲ။ စိတ်မကောင်းလိုက်တာလေ။

    တခါတလေ စျေးကိုလာတတ်တယ်ဆိုပေမဲ့လဲ၊ “ဘာကိုမှမမှတ်မိတော့ဘူး၊သူ့အဒေါ်ကလဲအသက်ကြီးပြီမို့စျေးတော့လာကြောင်း၊ စျေးရောင်းတာတော့ အဖြောင့်ဘဲ” လို့ပြောကြတာမို့။ ကျမအိမ်မပြောင်းခင်တစ်ခေါက်သွားပြီးတွေ့ပါသေးတယ်။ အမယ်လေး ကျမကိုတော့ နံမည်ခေါ်ပြီး၊ မတွေ့တာကြာတဲ့အကြောင်း၊ အိမ်ထောင်ကျပြီလား၊ အရင်အိမ်မှာဘဲလားလို့ စုံနေအောင် မေးတော့တာဘဲ။ ဘာကိုယုံရမယ်မှန်းမသိအောင်တောင်ဇဝေဇဝါဖြစ်သွားမိပါတယ်။

    တချိန်ထဲမှာဘဲ ကျမကို”ရှင်ကဘယ်သူလဲ”လို့မေးလိုက်တော့မှ သူများတွေပြောတာဟုတ်မှန်းသိရတာပါ။ အော် သူ”မေ့ပင်အောက်”ကိုရောက်သွားရှာပြီလို့၊ စိတ်မကောင်းစွာနဲ့မျက်ရည်ဝဲမိပါတယ်။

    “မိဘမဲ့” ခဲ့တဲ့ဘဝတွေများ တယ်ကြောက်စရာကောင်းတာပါလား။ ပညာသင်ဖို့ဆိုတာကလဲ ကိုယ့်မိဘအရင်းကသာ “ငါတို့ဘာလုပ်ရ လုပ်ရ ငါ့သားသ္မီးကိုတော့ ပညာတတ်အောင်သင်ရမယ်၊ လူတန်းစေ့နေနိုင်အောင်လုပ်ပေးရမယ်”ဆိုပြီး၊ ကျားခုတ်ကျားခဲ ကြိုးစားရုန်းကန်တတ်ကြတာ။

    သူ့ခမြာမှာတော့ အဒေါ်ဆိုလို့သာ၊ ၄၇ဝမ်းကွဲလောက်တော်တာမို့ ၊ ၄ တန်းအထိကျောင်းထားပေးခဲ့တာဘဲ၊ ကံကောင်းလှပါပြီ။ ကိုယ်တွေက သူ့ကိုအဒေါ်ရဲ့ဆိုင်မှာစျေးရောင်းပေးရတာပါလားဆိုတာမျိုးလေးသာအပေါ်ယံလေးသိကြရတာလေ။ ကိုယ်မသိမမြင်တာတွေလဲအများကြီးရှိရှာမှာပေါ့။ အဲ့ဒါကြောင့် သူအားလုံးကိုမေ့ပစ်လိုက်တာဖြစ်မှာပါ။

    ဒီလိုမျိုးအဖြစ်တွေမြင်ရသိရတော့ တကယ်ကြေကွဲရပါတယ်။ဒါကြောင့် –

    မိဘမစုံတဲ့ဘဝတွေက ကင်းဝေးကြပါစေ။

    စိတ်အနာတရတွေ ကင်းရှင်းကြပါစေ။

    ခါးသီးလှတဲ့ဘဝတွေ မတွေ့မကြုံကြရပါစေနဲ့လို့ ။

  • အမြင်မှန်၊အတွေးမှန်

    အမြင်မှန်၊အတွေးမှန်

    ဒေါ်မိအောင် Daw Mi Aung

    ဒဂုံရောက်ခါစက မြို့ထဲကိုသွားချင်ရင်၊ ကျမတို့ရပ်ကွက်ရဲ့တဖက်ရပ်ကွက်မှာနံပါတ်(၆၁)ဗိုက်ပူဘတ်(စ)ကားကြီးကိုသွားစီးရတာ။သွက်သွက်လေးလျှောက်ရင်မိနစ်( ၂၀ )လောက်လျှောက်ရပါတယ်။ (မိုးတွင်းများဆို ရွှံ့အလူးလူးနဲ့၊တဗိုင်းဗိုင်းနဲ့ချော်လဲတာကရှိသေး။ တကယ်တော့လယ်မြေတွေကိုမြေကွက်ဖေါ်ထားတာကို။တချို့လမ်းတွေဆို ဂဝံကျောက်တုံးကြီးတွေ အဖုအထစ်တွေနဲ့မို့၊ ခရောင်းလမ်းကိုလဲလျှောက်ခဲ့ရပါတယ်။)

    ဗိုက်ပူကားကြီးတစ်စီးမှာတော့ ဒရိုင်ဘာရဲ့နောက်ကအခန်းအကန့်လေးမှာ ” ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ” လို့ရေးထားတာလေးကို သိပ်သဘောကျမိတာပါ။~ဒီစာတန်းလေးဖတ်မိပြီး၊ ဘယ်သူ့ကိုမှ မမြင်ဘဲ ကိုယ့်ကိုကိုယ်သာ မြင်မိခဲ့တော့တာပါဘဲ။ အော်၊ ငါတို့က သွားရေး၊လာရေး၊စားသောက်ရေးကစလို့ ပိုက်ဆံသာရှိရင် အိမ်ပေါ်ကဆင်းပြီး၊ လမ်းထိပ်ကိုထွက်လိုက်တာနဲ့ အဆင်သင့်၊ လွယ်လင့်တကူ အားလုံးရနိုင်တဲ့နေရာကနေ ဒီလိုဝေးသီခေါင်ဖျား ဘာလိုချင်ချင်ခက်ခဲလှတဲ့နေရာကိုရောက်လာရတာ ၊ ကိုယ့်ရဲ့စိတ်စေတနာအကျိုးပေးလေလားလို့။

    စနေ၊တနင်္ဂနွေလိုနေ့ရောက်ခါမှ တစ်ပါတ်စာဟင်းစားဝယ်ချင်ရင်သင်္ကန်းကျွန်းက၊ဘုရားလမ်းစျေးကိုညီအစ်မနှစ်ယောက်သားသွားဝယ်ရတာ။ဆန်တို့မီးသွေးတို့ပါ ဝယ်ရတဲ့အခါများ၊ တခါဘူးလေးမှလုပ်ဖို့ဝေးလို့၊မတွေးဘူးခဲ့တဲ့၊ “ခေါင်းပေါ်ရွက်ပြီးသယ်လာရ” တာမျိုးတွေလဲလုပ်ခဲ့ရပါသေးတယ်။ တကယ်ပါဘဲ၊ ဒီလိုမျိုးတွေလုပ်ရတဲ့အကြိမ်တိုင်းမှာ ဗိုက်ပူကားကြီးပေါ်ကစာတန်းလေးကို မြင်မိပြီး၊ ကိုယ့်ကို သတိပေးနေသလိုခံစားမိပါတယ်။ “ငါမကောင်းခဲ့တာပါလား” လို့။

    ဟင်းသီးဟင်းရွက်တွေများဝယ်လာတဲ့အခါ၊ သောက်ရေအိုးအဟောင်းကြီးထဲကိုထည့်ပြီးသိမ်းရတာ။ #(လျှပ်စစ်မီးကမရသေးတော့ ရေအိုးကြီးက ကျမတို့ရဲ့ရေခဲသေတ္တာပေါ့လေ။) အသားတွေကိုပြုတ်ထား၊ ငါးလေးတွေကိုကင်ထားပြီး၊ချက်ပြုတ်စားခဲ့ရတာလဲမမေ့နိုင်စရာပါဘဲ။

    ညနေ ၅နာရီမတိုင်ခင် အိမ်ကိုအရောက်ပြန်ရတာ။ကားဂိတ်ကနေ ကျမတို့အိမ်ကိုပြန်တဲ့လမ်းမှာ အိမ်လေးတစ်လုံး၊နှစ်လုံးသာရှိပြီး၊ ကိုင်းပင်ကြီးတွေက လူတစ်ရပ်လောက်ရှိတာ။ တခါတော့ ကျမက”မလှချင်”မဟုတ်လား။နုနု နဲ့ လှည်းတန်းမှာဆံပင်သွားကောက်ပြီးပြန်တာ၊ အချိန်က( ၅ )နာရီကျော်သွားလို့ အိမ်အပြန်လမ်းကို၊ကြောက်ကြောက်နဲ့ပြေးရတာ။ ခုပြန်တွေးမိတော့ရီစရာပေါ့လေ။

    ဒီလောက်ခေါင်တဲ့အရပ်များ ဘာလို့နေသေးလဲလို့ မေးချင်ကြပါလိမ့်မယ်။ အဲ့ဒီအချိန်က ရှိတဲ့ငွေလေးနဲ့ “ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံ”လုပ်ရတာကိုး။နောက်ပြီး ညီမလေး ဝက်ပေါအလုပ်သွားဖို့ကလဲ ဖယ်ရီ ရှိတာမို့ပါ။ (ဒါတောင်ဖယ်ရီကားဆိုက်တဲ့နေရာကနေ အိမ်ကို မိနစ်(၂၀)လောက်လမ်းလျှောက်ဝင်ရတာ။ဒါပေမဲ့ တစ်ရပ်ကွက်လုံးကဒီဖယ်ရီဘဲစီးကြတာမို့ ပြန်လာကြရင်ပျော်စရာကြီး။ တဂျုံးဂျုံးနဲ့ တီအီး (TE)ကားကြီးပါ။)

    ညနေ ၆နာရီလောက်ဆို တိတ်ဆိတ်နေတော့တာပါဘဲ။ ဖယောင်းတိုင်မီးလေးထွန်းပြီးတော့ပေါ့။တစ်လမ်းလုံးမှာမှ ( ၄ ) အိမ်လောက်ဘဲ လူရှိတာကို။ ခုတော့ လူတွေပေါလိုက်တာမှ မိုးလင်းကနေမိုးချုပ်တဲ့အထိ “လူသံဆူသံ” သောသောညံနေတာပါဘဲ။ အမေရှိတုန်းကဆိုရင် “ဘယ့်နှယ်လဲအမေရေ၊လူစည်ကားချင်သေးသလား” လို့ပြောရတာ။အမေကစည်စည်ကားကားဖြစ်စေချင်တာမို့ပါ။

    အော်၊ အရင်းစစ်လိုက်ရင်တော့ ကိုယ်ပြုခဲ့ဘူးတဲ့ ကံ အတိုင်းပါဘဲ။ ရှေးက ဘယ်လိုကုသိုလ်မျိုးတွေပြုခဲ့ဘူးလဲမှမသိတာလေ။ # ကံ၊ကံ၏အကျိုးကိုယုံရမှာပါ။ ဒါကြောင့် ဆရာတော်ကြီးတွေက သစ္စာသိပြီးလှူတဲ့အလှူမျိုးကို လှူပါလို့​ မိန့်ကြတာ။

    “စေတနာ ကံဖွဲ့” ဆိုတဲ့ အဆိုအရတော့ မသိလို့လုပ်ခဲ့မိတဲ့ စေတနာအကျိုးတွေကရောင်ပြန်ဟပ်တာပါ။ မသိတဲ့အချိန်က သူများကိုဒုက္ခရောက်အောင်လုပ်ခဲ့မိလို့သာ၊ ကျမတို့လဲ အခိုက်အတန့်ဒုက္ခရောက်ကြရပြီး၊ပင်ပမ်းဆင်းရဲခဲ့ရတာဖြစ်ပါလိမ့်မယ်လို့ဘဲ မိမိကိုမိမိ ကောက်ချက်ချမိတာပါဘဲ။

    ခုများတော့ ကြောက်လိုက်တာလေ။အသက်လေးလဲ ရလာပြီဆိုတော့၊တရားလေးလဲနာရင်းနဲ့ ပြန်ပြီးတွေးတောဆင်ခြင်ရတာပေါ့လေ။

    #ဘာလေးကိုလှူလှူ စိတ်စေနာမှန်မှန်နဲ့ သစ္စာသိပြီးလှူရတော့မှာ။ #ဆုတောင်းတွေလဲမှားမှာစိုးရိမ်ရ။(ကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားနိုင်မှ ဖြစ်မှာမို့ပါ။) #တရားတွေနာရင်းအသိတရားလေးရမိသလို၊ သွားရင်းလာရင်းဖတ်မိခဲ့တဲ့စာတန်းလေးကြောင့်၊ ကိုယ့်အတွက်တော့အများကြီးကို အကျိုးရှိခဲ့တာပါ။ကျေးဇူးကြီးလှပါတယ်။

    **ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ**တဲ့။

    ##အသိလေးရအောင် လို့ “သတိ”ပေးခဲ့တဲ့”စာတန်း”ပိုင်ရှင်လဲ ကျန်းမာချမ်းသာပြီး၊တရားထူးတရားမြတ်ရကြပါစေ။ #ဒီစာတန်းလေးဖတ်မိပြီး၊ မိမိကိုယ်ကို ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။

  • ကောင်းဆိုးနှစ်တန်

    ကောင်းဆိုးနှစ်တန်

    ဒေါ်မိအောင် Daw Mi Aung

    အကောင်းလောကဓံကိုပျော်ပျော်ကြီးလက္ခံနိုင်ရင်၊အဆိုးလောကဓံနဲ့ကြုံရရင်လဲ မတုန်မလှုပ်ရင်ဆိုင်နိုင်ကြရမှာပါ။ အကောင်းကံ၊အဆိုးဒဏ်မခံနိုင်ကြရင်တော့ ပြိုလဲသွားရတော့မှာပါဘဲ။

    လူရယ်လို့ဖြစ်လာပြန်တော့ ငိုတခါရယ်တလှည့်ပေါ့လေ။ လူတစ်ဦးစီမှာ တော့ ကံတွေကတစ်မျိုးစီပါလာတတ်ကြတာပါ။ မွေးစမှသေသည့်တိုင်အောင်ပြည့်စုံတဲ့သူနဲ့ဘဝတစ်လျှောက်လုံး အမျိုးမျိုးသော ဒုက္ခကိုရင်ဆိုင်ရသူနဲ့ဆိုတာကတော့၊ တရားသဘောအရ ပြုခဲ့ဘူးသောကံ အတိုင်းမို့၊”အကြောင်းအကျိုး”တွေပါဘဲ။

    ကိုယ့်တွေရဲ့ ကံအကြောင်းတစ်ခုထဲမှာဘဲ၊ နိမ့်လိုက်၊မြင့်လိုက်နဲ့အမျိုးမျိုးအဖုံဖုံကြုံခဲ့ဘူးတာမို့၊ယ္ခုအသက်အရွယ်အရသာ “အော်၊ဒါတွေဟာဖြစ်တတ်တဲ့သဘာဝတွေပါလား၊ကံအကြောင်းတရားတွေပါလား” လို့ဆင်ခြင်နိုင်တာပါ။ ကျမတို့မိသားစုမှာ အမေ့ရဲ့အမွေဆိုင်အိမ်လေးကလွဲလို့ ကိုယ်ပိုင်အိမ်မရှိခဲ့ပါဘူး။ အမေ့အနေနဲ့ သူစီးပွါးရှာတတ်ပုံမျိုးနဲ့ဆိုရင် အိမ်တွေအများကြီးဝယ်နိုင်တာပေါ့။ ဒါပေမဲ့အမေက အိမ်ဆိုတာငွေအိပ်တယ်။လုပ်ငန်းမှာဘဲထည့်သုံးမယ်ဆိုတဲ့လူမျိုးပါ။

    ထုံးစံအတိုင်း အမွေလဲခွဲကြရော၊ ကျမတို့ညီအစ်မမှာ နေစရာအတွက် အမိအရရှာကြရတော့တာပါဘဲ။ ရှိတဲ့ပိုက်ဆံလေးနဲ့ အိမ်လေးတစ်လုံးဖြစ်အောင်ဝယ်ကြရတာ။ အိမ်ဝယ်ဖြစ်အောင်တိုက်တွန်းတဲ့ ဦးလှိုင်ကိုကျေးဇူးတင်မဆုံးပါဘူး။ အိမ်ရဲ့အောက်ထပ်က မြေကြီးနဲ့ အုတ်လေးပတ်ထားပြီး၊ပြူတင်းတံခါးပေါက်ဖိုးမတတ်နိုင်လို့ ဝါးကပ်နဲ့အသေပိတ်ထားပြီးနေခဲ့ကြရတာ။သားအမိသုံးယောက်ထဲပါ။

    ငယ်တုန်းကတော့ “အလုပ်ဟူသမျှဂုဏ်ရှိစွ”ဆိုသလိုဘဲ အားကြိုးမာန်တက်ရုန်းခဲ့ရလို့၊ လူလူသူသူအိမ်တစ်လုံးဖြစ်လာခဲ့တာပါ။ အမေကအမြဲပြောတတ်တယ်။ “ငါ့သ္မီးတွေကိုကျေးဇူးတင်ပါတယ်” လို့၊ အမေဆုံးခါနီးအထိကိုပြောစဲပါ။ အမေစိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက်လဲ၊ ကျမတို့ညီအစ်မတွေ၊ ကိုယ်နဲ့တကွ ကိုယ့်ကိုယ်စောင့်နတ်ကိုကျေးဇူးတင်နေရပါတယ်။

    ဒီလိုနဲ့ အိမ်ဆိုတာလေးမယ်မယ်ရရပြီးလို့မှ အမောလေးပြေယုံရှိသေးတယ်။ “လောကဓံ”များကြောက်စရာကောင်းလိုက်ပုံက၊ နာဂစ်မုန်တိုင်းကမွှေသွားလိုက်တာလေ။ ကျမဆိုတာအော်ပြီးတော့ကိုငိုမိတာပါ။ဘာဖြစ်လို့လဲလို့မေးရင်၊ ဘုရားတရားတွေလဲကိုးကွယ်ဆည်းကပ်ပါရဲ့နဲ့ ဒီလောက်ကံဆိုးရသလားဆိုပြီး၊ရှက်မိတာနဲ့၊ ဒီအိမ်ကိုဘယ်လိုပြန်ပြုပြင်ရပါ့မလဲလို့ တွေးပြီးဝမ်းနဲမိတာပါ။

    မှတ်မှတ်ရရ လကုန်ပြီးခါစ၊ အိမ်မှာစားစရာဝယ်ထားတာကလဲပြတ်၊မနက်မှစျေးဝယ်မယ်လေဆိုပြီးနေလိုက်တာ၊ ကွေကာအုတ်လေးနှစ်ထုတ်ဘဲရှိတော့တာ။ အမေရယ်၊ ဆုရယ်၊ ဝက်ပေါရယ်၊ ကျမရယ်၊ကြောင်လေးတစ်ကောင်ရယ်နဲ့ မုန်တိုင်းတိုက်နေတာကို ကြောက်လန့်တကြားနဲ့၊အမေကတော့” သူလဲတောသူပါဘဲ၊ ဒီလိုမျိုးတစ်ခါဘူးမျှမကြုံဘူးပါဘူး” တဲ့လေ။

    ညဥ့်လယ်လောက်ရောက်တော့ အိမ်ရှေ့ကတမာပင်ကအမြစ်ကျွတ်ထွက်ပြီး၊တံခါးပေါက်မှာလဲကျလို့၊ ည၂နာရီလောက်လဲရောက်ရော အိမ်ရှေ့ခန်းက သွပ်မိုးရဲ့မျှားတန်းကကျိုးပြီးလေတိုက်တိုင်းအမိုးကလန်လိုက်ပြန်ကျလိုက်နဲ့။ အိမ်ပေါ်ထပ်ကိုလဲမတက်ရဲ၊ သွပ်ပြားပြုတ်ကျမှာကြောက်လို့။ အိမ်အနောက်ဖက်ကသွပ်တွေကတော့ စက္ကူကိုဆွဲဆုပ်ပစ်ထားသလိုပါဘဲ။အောက်ထပ်မှာရေလျှံနေတော့တာပေါ့။ (ကံအားလျော်စွာ အောက်ထပ်ကိုသံမံသလင်းခင်းပြီးလို့သာပေါ့။ နိုမို့ဆိုရင်တော့ မတွေးရဲစရာပါဘဲ။)

    အမေ့ကိုတော့အအေးမိမှာစိုးလို့၊မိုးရေမကျတဲ့နေရာလေးမှာ ကုလားထိုင်နဲ့ထိုင်ခိုင်းထားပြီး၊ အဝတ်ကိုမကြာခဏလဲပေးနေရတာ။ (ဒီကြားထဲအမေက မကြခဏ ရှူးပေါက်ချင်လို့ ၊နောက်ဖေးခန်းကိုထီးဆောင်းပြီးပို့ပေးရတာလေ၊ မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလိုပါဘဲ။ခေါင်းပေါ်ကိုသွပ်ပြားပြုတ်ကြမှာစိုးလို့ပါ။) မနက်လင်းတဲ့အထိလေကမငြိမ်သေးတဲ့ကြားထဲကနေ ကျမတို့ရဲ့ ညီမဝမ်းကွဲ နန်းဦးရဲ့ယောကျ်ားကိုမျိုးမြင့်နဲ့သားလေးနှစ်ယောက်က ကျမတို့အိမ်ကို လာကြည့်ပေးကြတာ။ အဲ့ဒီအချိန်မှာဘာမှ လုပ်လို့မရသေးပေမဲ့ ကျေးဇူးတင်လိုက်တာလေ။

    လေလဲငြိမ်ပြီးမိုးတိတ်သွားတော့ ဝက်ပေါက စျေးထိပ်ကစျေးဆိုင်ကို စားစရာပြေးဝယ်တော့၊ စျေးဆိုင်က ကိုမြင့်စိန်က “ဒီအစ်မ၊ ခက်တော့တာဘဲ၊မြန်မြန်ပြန်”ဆိုပြီးစားစရာတွေထည့်ပေးလိုက်တဲ့စေတနာကိုလဲ တကယ်တန်ဖိုးထားမိပါတယ်။(ဝက်ပေါက အိမ်ပြန်ရောက်တော့၊ကျမကို ငိုမနေနဲ့၊ ထွက်ကြည့်ဦး၊ ငါတို့တစ်အိမ်ထဲဖြစ်တာမဟုတ်ဘူးလို့ ဆူသေးတယ်။) နေ့လည်၁နာရီလောက်အထိ သားအမိ၊မြေးအဖွားတွေ ဘာမှမစားရသေးမှန်းသိသွားတဲ့ အိမ်ရှေ့အိမ်ကမော်မော်က သုံးဆင့်ဂျိုင့်လေးနဲ့ငါးခြောက်၊ကြက်ဥကြော်လေးနဲ့ထမင်းလေးလာပေးလို့ မျက်ရည်တွေကြားကကျေးဇူးတင်စွာနဲ့စားခဲ့ရတဲ့ထမင်းတစ်နပ်ပါ။ စိတ်သောကများ၊တယ်ကြောက်စရာကောင်းတာပါဘဲ။( ၄ )ယောက်စားတာကိုမကုန်ဘူး။

    တစ်နေကုန်ငိုရင်းနဲ့အိမ်ထဲကရေတွေခပ်ထုတ်လိုက်ရတာ။ ညဖက်အိပ်ဖို့နေရာလေးရအောင်၊ ဟိုရွှေ့ဒီရွှေ့နဲ့ မနားမနေလုပ်လိုက်ကြရတာလေ။ ဒါကကိုယ့်အိမ်လေးထဲမှနေဖို့ ပြန်ပြင်ဆင်ရတာလောက်ဘဲရှိသေးတာနော်။ # #အိုးမဲ့အိမ်မဲ့သာဆိုရင် ဆိုပြီး၊တွေးကြောက်မိတာ။ တရားမရှိလို့မဟုတ်ပါဘူး။ ကိုယ်ချင်းစာတွေးလေးတွေးမိတာလေးပါ။ ကျမခံစားမိသလိုလေးခံစားမိကြမှာပါ။

    ညနေခင်းလေးရောက်တော့ ညီအစ်မနှစ်ယောက် ရွှေခြံဘုန်းကြီးကျောင်းကိုသွားပြီး၊ တာလပတ်ငှားရတာ။အိမ်ပေါ်ထပ်ကိုတာလပတ်ခင်းထားမှ မိုးရွာရင် အောက်ထပ်ကိုရေ မကျမှာလေ။

    မိုးလေကင်းလို့ ညဖက်အဆင်ပြေသလိုလေး အိပ်ကြရတာပေါ့။ အိပ်ပျော်မယ်လို့မထင်လီုက်ပါနဲ့။ အိမ်ပြန်ပြင်ဖို့ တွေးလိုက်တာလေ၊ တစ်ကမ္ဘာလုံးကိုခြေဆန့်ပြီးပတ်မိတော့တာပါဘဲ။ အတွေးနဲ့ပိုက်ဆံရှာနေမိတာ။ဓနိဘဲမိုးရလေမလား၊တာလပတ်ဘဲမိုးထားရလေမလားနဲ့။

    # ကံကောင်းချင်တော့ ကျမရဲ့အလုပ်ရှင်အန်တီဒေါ်လှကြည်က အိမ်ပြင်ဖို့ငွေထုတ်ပေးသလို၊ တီတီကလဲပေးပါတယ်။ #ရွှေခြံဆရာတော်ကလဲ သူ့မယ်တော်ကြီးကိုစောင့်ရှောက်ရှာတာပါဘဲ။

    #တစ်သက်စာကျေးဇူးတင်ရတာပါ

    #ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေဆိုလဲ ဝိုင်းဝန်းပြီးဖေးမကူညီစောင့်ရှောက်ကြတာပါဘဲ။

    ဖြစ်ကြောရှည်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ * ခုနေအခါများသာဆိုရင်တော့၊ အားလုံးကြပ်တည်းကြတာမို သူ့ကိုကိုယ်မကူနိုင်၊ကိုယ့်ကိုသူမကူနိုင်နဲ့ အတော်ကြီးကိုဒုက္ခရောက်ကြမှာ။*

    #ဘုရား၊တရား၊ သံဃာ ရတနာသုံးပါးဂုဏ်ကျေးဇူးကို အစဥ်ပွါးများလို့ အန္တရာယ်ကင်းအောင်နေတတ်ကြပါမှဘဲ – – -။ #နင်လားဟဲ့လောကဓံ ဆိုပြီးရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဘူးပေမဲ့၊ အိုမင်းလာတဲ့အချိန်မှာတော့ “ငါက လောကဓံ” ဆိုပြီး လာခဲ့မှာကိုတော့ မတွေးဝံ့စရာမို့ – – –

    #တရားသဘောကိုဆင်ခြင်ရင်းနဲ့ – – –

  • အမေ့စကား

    အမေ့စကား

    ဒေါ်မိအောင် Daw Mi Aung

    ဒီနေ့မနက်အစောအိပ်ယာကထပြီး၊ ဘုန်းကြီးကျောင်းကိုဆွမ်းဟင်းပို့ဖို့ချက်ပြုတ်ပြင်ဆင်နေရတာလေ၊ အမေ့ကိုသတိရနေတာလေးကလွဲလို့၊ လှူဖို့တန်းဖို့အမျှဝေဖို့လေးကိုကြည်နူးနေရတာ။(နေ့စဥ်တော့ မနက်၆နာရီခွဲလောက်မှအိပ်ယာကထတတ်လို့ပါ။) အမေခွဲသွားတာ(၁၀)လတင်းတင်းပြည့်သွားပါပြီ။ အချိန်တွေအကုန်မြန်လိုက်တာမှ၊ ဘယ်လိုဘဲအချိန်တွေကုန်သွားပေမဲ့ လွမ်းစိတ်ကတစ်ရက်မှမပြေနိုင်ပါဘူး။

    ဒါပေမဲ့ အမေ့အတွက် ကုသိုလ်ပြုပြီးအမျှအတန်းပေးဝေချင်တဲ့စိတ်ဇောကြောင့် ကြည်ကြည်လင်လင်ပါဘဲ။ ချက်ပြုတ်ပြီးလို့ဘုရားဆွမ်းတော်ကပ်၊ ဆွမ်းဂျိုင့်အတွက်ပြင်ဆင်ပြီး၊ ညီအစ်မနှစ်ယောက် နံနက်အဆာပြေစာလေးကိုစားလို့။

    ခနနေတော့ “ရင်ဖိ”ရတဲ့အကြောင်းအရာလေးကိုကြားလိုက်မိရတာလေ၊ ဘုရားတပြီး မဆီမဆိုင်မျက်ရည်ကျခဲ့ရပါတော့တယ်။ “အော်၊ တို့အမေအသက်(၉၀)ကျော်၊ “ကံကုန်နေ့စေ့”လို့ လူ့လောကကြီးထဲကထွက်သွားတာကိုတောင်၊ ဖြေလို့မပြေနိုင်ဖြစ်နေကြရသေးတာဆိုရင် – – – -” ခုနှစ်စဥ်အမျှင်တန်းလို့ ငယ်စဥ်ကထဲက ကိုယ့်မိဘရဲ့သွန်သင်ဆုံးမတာလေးတွေကိုပြန်လည်ကြားယောင်လာမိတာပါဘဲ။

    “သ္မီးရေ လူတစ်ဖက်သားကိုစကားပြောတာလေးကစလို့ ဂရုစိုက်ပါ။ ကိုယ့်ရဲ့နားထဲမှာခံသာတဲ့စကားမျိုးကိုသာပြောပါ။ ကိုယ်ခံနိုင်မှ သူများခံနိုင်မှာဆိုတာ မြဲမြဲမှတ်ထားပါ” တဲ့လေ။ မှန်လိုက်တာ။ ကိုယ်လဲမခံစားနိုင်ရင်တော့ ခံရသူများမှာလဲ ခံစားနိုင်ကြမယ် မဟုတ်ပါဘူး။ ဒီနေ့တော့ အကြားနဲ့တင် ရင်ထဲမချိအောင်ခံစားမိလိုက်တော့ ၊ တကယ်လက်တွေ့ခံစားရသူအဖို့တော့ ဆိုဖွယ်ရာမရှိသလောက်ပါဘဲ ထင်ပါရဲ့။

    ပြုသူက ဘယ်လိုအတွေးမျိုးရှိကြမလဲမသိပေမဲ့၊ ခံရသူမှာတော့ စိတ်ရာကိုယ်ပါဆုံးရှုံးကြရမှာမတွေးရက်စရာပါ။ “သ္မီးရေ လူဆိုတာကိုယ့်ပေါင်ပူမှ “အပူ”လို့ထင်တတ်ကြတယ်” ဆိုတာလဲ ဟုတ်မှာပါဘဲလေ။ အမေ အနားကထိုင်ပြောနေသလိုကို တွေးမိပြီးခံစားနေမိတော့တာ။ သေသူကို ရှင်သူက”တ”နေမိသလိုပါဘဲလား။

    အမေ “ဆို၊ ဆုံးမ” ခဲ့တာတွေဟာ “ခုတော့ တကယ်မှန်ပါလားအမေရယ်” လို့တွေးပြီး၊ ခါတိုင်း ရှိခိုးဦးချကန်တော့တာထက်ကိုပိုပြီး ကန်တော့မိပါတော့တယ်။ ” သားသ္မီးမကောင်း မိဘခေါင်း” လို့ဆိုရေးရှိတာမို့၊ကျမတို့လိမ္မာမှ၊တော်မှ၊ကောင်းမှ မိဘသက်သာမှာလေ။ မိဘမျက်နှာမပျက်ရအောင်နေတတ်၊ထိုင်တတ်ဖို့ကတော့သားသ္မီးတွေရဲ့တာဝန်ပါ။

    အမေကလေ ကိုယ်နှုတ်အမူအယာ သိမ်မွေ့ရအောင်လဲ သင်ပေးသွားတာမို့ ကျေးဇူးကြီးလှပါတယ်။ အမေကလေ ကိုယ်နဲ့ရွယ်တူ၊ကိုယ့်အောက်လူနဲ့စကားပြောရင်တောင်မှ “ငါ” ဆိုတဲ့နာမ်စားကိုမသုံးဘဲ “တို့” ဆိုတဲ့စကားလေးကိုသာသုံးတတ်သူမို့၊ ကျမတို့အတွက်တော့စံပြမိခင်ပါဘဲ။ ခုချိန်မှာ လူတချို့ ရိုင်းစိုင်းကြတာမြင်ရလေ၊ ကိုယ့်အမေကိုကျေးဇူးတင်ရလေမို့ ။

    ကိုယ်၊နှုတ်အမူအယာကြမ်းတမ်းသူများနဲ့ကင်းဝေးကြရပါစေ။

    စိတ်သောကလည်း ကင်းဝေးကြရပါစေ။

    ဘုရားရှင် လဲ နားညည်းရှာရော့မယ်။

  • အချိန် အခါ

    အချိန် အခါ

    ဒေါ်မိအောင် Daw Mi Aung

    သိတတ်တဲ့အရွယ်ကစလို့ အလုပ်တွေလုပ်လာလိုက်ရတာ၊ တကယ်ကိုမနားရတာပါဘဲ။ ဒါကြောင့်ကလေးတွေကို နားရတုန်း လေးနားကြပါလို့ပြောရတာ။ သူတို့လေးတွေကလဲ ပညာဆုံးခန်းတိုင်တာနဲ့ အလုပ်ရှာကြတာ၊ ပြန်တွေးကြည့်တော့ အတော် ကိုသနားဖို့ကောင်းတာပါ။

    ခုကာလကြီးက ကျမတို့ ဘွဲ့ရခဲ့တဲ့ကာလနဲ့ နဲနဲလေးမှကိုမတူတာပါ။ ခုခေတ်မှာ ဘွဲ့တစ်ခုရယုံနဲ့တော့ အလုပ်အကိုင် အခွင့် အလမ်းကဘယ်လိုမှရဖို့လမ်းမရှိတာပါ။ (အော်၊ ဒါကြောင့်လဲ သူသူငါငါအပြိုင် ကြိုးစားကြရတာကို။)

    လူ့လောကကို “အူဝဲ”ဆိုပြီးရောက်လာတဲ့အချိန်ကနေ အခုဆိုရင်တော့ အသက်(၃)နှစ်လောက်ကစပြီး မိဘတွေက မူကြို ကျောင်းကိုပို့ကြပြီး၊ (၅)နှစ်လဲပြည့်ရော ကျောင်းစပြီးထားကြတော့တာပါဘဲ။ကလေးတွေခမျာမှာ မိဘရင်ခွင်မှာ နားရတဲ့ အချိန်မရှိသလောက်ကိုရှားပါးကြရှာတာ။ မိဘတိုင်းက သားသ္မီးကို ကိုယ့်ထက်ပိုပြီးတတ်စေချင် တော်စေချင်ကြတာကတော့ အပြစ်မဆိုသာပေမဲ့၊ တချို့သောမိဘတွေကြတော့လဲ အင်မတန်ကို လောဘကြီးကြတာကလား။

    ကိုယ့်သားသ္မီးရဲ့ ဥာဏ်ရည်ကလိုက်လိုမှီပါ့မလား မကြည့်ဘဲ၊ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးထွက်ရမယ်ဆိုတဲ့ “လောဘ”တစ် ခုထဲနဲ့ တွန်းအားပေးတတ်ကြတော့တာပါဘဲ။ (တကယ်တော့ ကလေးအတွက်ထက် မိဘတွေကသူတို့ လူ့အသိုင်းအဝိုင်းမှာ “ကြွားဝါ” ဖို့အတွက်လေလားလို့။)

    တချို့လဲမိဘကတွန်းအားပေးတာကို ခံနိုင်ရည်ရှိကြပေမဲ့၊ တချို့ကလေးတွေကတော့ လမ်းမှားကိုရောက်သွားတတ်ကြတာ။ အလွန်နှမျောစရာကောင်းလှပါတယ်။ တကယ်တော့ မိဘဆိုတာ ကိုယ့်သားသ္မီးရဲ့အခြေအနေကို သိရမှာပါ။ သူ့ရဲ့စွမ်းအားက တစ်မတ်ဖိုးတတ်နိုင်တာကို တစ်ကျပ်ဖိုးသုံးဖို့ အတင်းရိုက်သွင်းလို့မရနိုင်ပါဘူး။

    ခုခေတ်မှာတော့ ခေတ်မှီတိုးတက်လာတာနှင့်အမျှ တချို့သောကလေးတွေက သူတို့တိုးတက်ရာတိုးတက်ကြောင်းကို ကြိုးစား ပမ်းစားလုပ်ကြပေမဲ့၊ တချို့ကလေးတွေကတော့ ပေါ့ပေါ့ဆဆနေတတ်တာပါ။ တချို့ကလေးတွေများဆိုရင် အတုယူ တောင် မှားနေတတ်ကြသေးတာမို့၊ ခေတ်မှီလာခြင်းဟာလဲ “အကောင်းတဝက်၊ အဆိုးတဝက်”ပါဘဲ။ ဒါကတော့ ခံယူသူ နဲ့သာသက် ဆိုင်တာပါ။

    ပညာဆိုတာတော့ ရှာလို့ကိုမဆုံးနိုင်တာမို့၊သတ်မှတ်ထားတဲ့ အတန်းပညာပြည့်စုံရင် လုပ်ငန်းခွင်ဝင်ဖို့အားထုတ်ရ၊ အလုပ်ရှာရနဲ့၊ လုပ်ငန်းခွင်ဝင်ရပြီဆိုတာနဲ့တော့ မပြီးဆုံးနိုင်တဲ့ သံသရာထဲကိုရောက်သွားကြရတော့တာပါဘဲ။ ခုခေတ်မှာ အသက်(၆၀) ပြည့်လို့ ပင်စင်ယူရပြီဆိုရင်တောင်၊ ကိုယ်လဲကျန်းမာနေလို့ကတော့ နောက်ထပ် အလုပ်တစ်ခုကိုရှာဖွေပြီးလုပ်နေကြရသေးတာ။ ဘယ် မှာများ “နားရတဲ့အချိန်” ရှိကြလို့လဲ။ (လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ခေတ်လေ။)

    ကြာခဲ့ပါပြီ။ အိမ်ထောင်ဦးစီးဖခင်တစ်ယောက်ထဲရဲ့လစာနဲ့ မိသားစုကို ပြည့်စုံအောင်ထားနိုင်တဲ့ခေတ်အခြေအနေက ဟိုးပဝေ သဏီ ခေတ်ကပါ။

    (၃)နှစ်အရွယ်ကစပြီး မူကြိုပို့ကြရတာကလဲ ရှင်းရှင်းလင်းလင်းတွေးကြည့်ရင် အမေလုပ်သူကတဖက်တလမ်းက ဝင်ငွေလေး ရဖို့အတွက် အလုပ်လုပ်ချင်လို့ ကလေးထိန်းပို့ကြရတာပါ။ အဲ့ဒီတော့ ခုခေတ်ကလေးတွေခမြာမှာ (၃)နှစ်အရွယ်ကစလို့ အသက် (၆၀)ရောက်မှ အနားယူပေတော့ပေါ့။

    ဒါကြောင့်မို့ အိမ်ကကလေးတွေကိုတော့ လုပ်ငန်းခွင်ဝင်ဖို့သိပ်ဆန္ဒမစောကြပါနဲ့လို့ အမြဲပြောနေရတာ။ ကိုယ်တွေက ကိုယ်ပိုင် လုပ်ငန်းလုပ်နိုင်ဖို့လဲ ငွေပုံပေးနိုင်တဲ့ အရည်အချင်းမှမရှိကြတာ။ အဲ့ဒီတော့လဲ လုပ်ငန်းခွင်ဝင်ဖို့အတွက် ကိုယ့်ဖက်က အရည် အချင်းပြည့်ဖို့ကို အရင်ကြိုးစားပြီးမှသာ အလုပ်ဝင်ကြပါလို့။ ရှေ့တန်းရောက်ဖို့က လက်နက်အပြည့်အစုံနဲ့ အရည်အချင်းပြည့်မှီမှ ဖြစ်မှာလေ။

    တွေးကြည့်ရင်တော့ –

    လောဘနဲရင် သက်သာသလို၊လောဘကြီးတာနဲ့အမျှ ပင်ပမ်းကြရမှာမလွဲပါဘူး။

    မနိုင်ဝန်ကိုမထမ်းကြရင်လဲ သက်သာတာပါဘဲ။

    အသက်ရှိနေသေးသရွေ့ အလုပ်လုပ်ကြရမှာမို့၊

    အခြေအနေလေးပေးသရွေ့ အနားရတုန်းလေး နားနားနေနေ နေတတ်ကြပါစေ။

    “အပျင်း”တော့မဖက်ကြနဲ့ပေါ့။ “ပျင်း”နေရင်တော့ “ထမင်းမဝ” ဖြစ်ရမည့်ကာလမို့ပါ။

  • လိုက်ကြဦးမလားလို့

    လိုက်ကြဦးမလားလို့

    ဒေါ်မိအောင် Daw Mi Aung

    လမင်းကြီးထိန်ထိန်သာနေတဲ့လပြည့်ညလေးမို့၊ အတွေးလေးတစ စိတ်မှာစိုးမိုးလာမိပြန်ပါတယ်။ (“လမင်းထိန်ထိန်သာသလေ့၊ မောင်ကြီးလာပါပြီဟေ့” ဆိုတဲ့ ဇာတ်လမ်းလေးလို့ထင်လိုက်ရင်တော့၊ တက်တက်စင်အောင် မှားပါလိမ့်မယ်။)

    ရွှေခြံဓမ္မရိပ်သာမှာ ခေတ္တသီတင်းသုံးတဲ့ ဦးပဥ္ဇင်းတစ်ပါးက ခရီးထွက်တာဝါသနာပါတာမို့ အမေနဲ့စကားစပ်မိရင်း၊ ဇလွန်ပြည်တော်ပြန်ဘုရား သွားဖူးကြဖို့ စီစဥ်ကြပါတယ်။

    လူစုပြီး ကားငှါးမယ်ပေါ့။ သွားမည့်နေ့မှာငှားလာတာကတော့ဗိုက်ပူဘတ်(စ)ကားကြီးပါ။ အဲ့ဒီကာလက ခရီးထွက်ကြရင် ဗိုက်ပူကားသန့်သန့်တွေနဲ့သာသွားလာကြတာလေ။ ဖြစ်ပါ့မလားဆိုတော့လဲ သွားနေကြလို့ပြောပါတယ်။

    အိမ်အနီးပတ်ဝန်းကျင်ကမိသားစုတွေကလဲလိုက်ကြမှာမို့၊ အမေကဦးဆောင်စီစဥ်တာပေါ့။ (အမေက အဲ့ဒီလိုခရီးသွားရတာ သိပ်ဝါသနာပါတာပါ။)

    ကျမကတော့ နုနုကို လိုက်ခဲ့ဖို့ခေါ်တော့၊ နေ့ချင်းပြန်ခရီးမို့ သူက ဒီတခါမငြင်းမဆန်ဘဲရှောရှောရှူရှူ လိုက်ခဲ့ရှာတာ။ သူ့ခမြာအိမ်ပစ်ပြီးသွားတတ်ရှာတာမဟုတ်ပါဘူး။ မီးမီးကလဲ သူ့အမေကိုသူငယ်ချင်းနဲ့သွားပါစေဆိုပြီး “မေမေစိတ်မပူနဲ့၊ သွားသာသွားပါ” ဆိုပြီး၊ လွှတ်လိုက်ရှာတာပါ။

    ကျမတို့ဒဂုံကနေအစောကြီးထွက်လာကြပြီး၊ နုနုကိုတော့ သမိုင်းလမ်းဆုံကနေ ထွက်စောင့်ဖို့မှာထားတာ။ ကျမသူငယ်ချင်းက အချိန်အတိအကျ စောင့်နေရှာပါတယ်။ အဲ့ဒီအချိန်မှာ ဘာကိုအမှတ်ရမိသွားလဲဆိုတော့၊ ကျမတို့၁၀တန်းနှစ်က ပဲခူးကိုခရီးထွက်ကြလို့ပျော်ခဲ့ကြဘူးတာလေးကိုပေါ့။ (ကျမနဲ့နုနု ၁၀တန်းကျခဲ့တဲ့နှစ်က တီချယ်တွေနဲ့ပျော်ပွဲစားထွက်ကြတာပါ။ ၁၀တန်းရောက်မှကျမတို့ကျောင်းကိုရွှေ့လာကြတဲ့ညောင်လေးပင်သူစိန်စိန်အုံး၊ ပြွန်တန်ဆာသူ မြသီတာနဲ့ချိုချို အုန်းတို့လဲ ပါတာပေါ့။ ၁၀တန်းကျခဲ့တဲ့နှစ်ကတွဲခဲ့တဲ့သူငယ်ချင်းတွေပါ။)

    နံနက်၆နာရီခွဲမှာ သမိုင်းလမ်းဆုံကစထွက်လာကြတော့ ဘုရင့်နောင်တံတားကြီးကိုစဖြတ် ကထဲကရန်ကုန်အငွေ့အသက် နဲ့ကင်းပြီး၊ ကျမတို့ရွာထန်းတပင်ကိုကျော်လာတာနဲ့စိတ်ချမ်းမြေ့စရာမို့ ပျော်ကြတာ။ ဒါပေမဲ့ လမ်းတွေက သိပ်မကောင်း သေးတာမို့ ဘတ်(စ)ကားကြီးစီးရတာ ဂလုံးဂလွမ်းနဲ့။ အဲယားကွန်းမလိုဘဲ လေကတော့တဟူးဟူးနဲ့မို့ ပြောပလောက်အောင်တော့ မပင်ပမ်းလှပါဘူး။

    နေ့လည်ခင်းတော်တော်နေမြင့်မှဇလွန်ကိုရောက်ကြတာ။ အိမ်ကချက်သွားတဲ့ထမင်းဟင်းတွေစားကြပြီး၊ ဘုရားတွေကိုလည်း ဦးပဥ္ဇင်းက အနှံ့လိုက်ပို့ပေးရှာတာ။ မသိတတ်တာများ ဘုန်းကြီးကိုဆွမ်းကပ်ဖို့မေ့နေကြသေးတာ။ (အသွားတုန်းကတော့ အဆင်ကိုပြေလို့။ အပြန်ကြတော့ ကားကနဲနဲဖေါက်လာပါရော။)

    ကိုယ်တွေအတွက်တော့မစိုးရိမ်ပါဘူး။ကျမတို့ကတစ်အိမ်လုံးလိုက်ကြတာလေ။ နုနုကိုအချိန်မှီမရောက်မှာ စိတ်ပူလိုက်ရတာ။ မီးမီးကိုအိမ်မှာတစ်ယောက်ထဲထားခဲ့ရလို့ပါ။ အဲ့ဒီတုန်းကတယ်လီဖုန်းကလဲမရှိတော့၊ ဆက်သွယ်ဖို့အတော်ခက်ခဲလှပါတယ်။ ကားကိုပျက်ရင်းပြင်ရင်းနဲ့ သမိုင်းလမ်းဆုံရောက်တော ည၉နာရီခွဲလောက်ဖြစ်ပြီ။ ရွှေနုက ပြန်ရဲတယ်ပြောပေမဲ့ ကိုယ်ကစိတ်ပူ ရတာပါဘဲ။ နောက်နေ့ သူနဲ့ပြန်တွေ့မှဘဲ ဟင်းချရတာပါ။

    ကျမတို့ ဒဂုံအိမ်ကိုရောက်တော့ ည၁၂နာရီထိုးတော့မယ်။ တော်သေးတာက ဖိုးလမင်းကြီးထိန်ထိန်သာနေတဲ့ လပြည့်ညမို့သာပေါ့။ (အပြန်လမ်းမှာ လမင်းကြီးကိုလဲမကြည့်နိုင်ကြပါဘူး။ စိုးရိမ်စိတ်ကလွန်ကဲနေတာလေ။)

    အဲ့ဒီတုန်းကသာ တစ်ယောက်နဲ့တစ်ယောက်စိတ်တွေပူကြရတာ၊ ခုများတော့ ပြန်တွေးမိရင်ပြုံးမိရပြီး၊ ဇလွန်ဘုရားဖူး သွားခဲ့ တဲ့ခရီးအကြောင်းပြန်ပြောမိကြလို့ကတော့ မပြုံးဘဲ ဝါးလုံးကွဲကို ရယ်ကြရတာ။

    အဖြစ်အပျက်တွေဆိုတာ ကြုံတွေ့ရတဲ့ခဏမှာတော့ ပြသနာအကြီးကြီးလို့ယူဆရပေမဲ့လည်း၊ ကာလကြာလာတဲ့အခါမှာတော့ ဘာဆိုဘာမှမဟုတ်တတ်တာမျိုးပါ။ (ရယ်ပွဲဖွဲ့စရာလဲဖြစ်သွားတတ်ပါတယ်။)

    ဒါကြောင့် “ဘာကိစ္စမဆို ချက်ချင်း မဆုံးဖြတ်ပါနဲ့” လို့ လူကြီးသူမတွေကပြောတတ်ကြတာကို။ (တကယ် မှန်တာပါ။ အသက်ကြီး လာတဲ့သူတွေရဲ့ အတွေ့အကြုံက ကျမတို့ထက်တော့ နှာတဖျားသာတတ်တာပါလားလို့။)

    ဘာဘဲဖြစ်ဖြစ် အဲ့ဒီအချိန်က ခက်ခဲပေမဲ့ ပျော်ခဲ့ကြမိလို့သာပါဘဲ။ (ခုကာလလို အိမ်တွင်းပုန်းလုပ်နေရတာထက်စာရင်တော့ ကျေနပ်စရာကောင်းလှပါတယ်။)

    ရောဂါဘယတွေကင်းရှင်းတဲ့အခါကျရင်တော့ ခြေဦးတည့်ရာ သွားပစ်လိုက်ဦးမယ်။ (ခရီးသွားမယ်ဆိုရင်တော့ ပထမဆုံး သတိရတာကတော့ အမေပါ။)

    မှတ်ချက် ။ ။ စောစောစီးစီးစာရင်းပေးထားကြ မှ ခေါ်မှာနော်။