Aung Myint (Pet69)

by Hla Min

Updated : June 2025

Aung Myint (Pet)
  • Among the youngest of 69ers
  • Drew Cartoons for Set Hmu Thadin Zin & RIT Annual Magazines.
  • Became famous for “Kyant Ba Hone”
  • After graduation, joined the Faculty
  • Patron of “RIT Cartoon Box” along with Saya U Khin Maung Phone Ko (C64)
  • Received ME from Australia
  • Wrote technical books

Two 115

  • U Aung Min (M69) is Chair of the 69er Health Care Fund & Registrar of 69er GBNF.
  • U Aung Myint (Pet 69) passed away on September 2, 2021. Since the news of his demise reached late to the 69ers, he is listed as GBNF #115
  • U Aung Min’s Roll Number in the last ever I.Sc(A) at Leik Khone was B115 (where B specifies the Science Option).
  • Some 69ers called U Aung Min to tell his that he is now a “Tone Kyaw”.

RIT Jokes of Aung Myint

Kar Ku La Thin Char

ကာကုလသခ််ျာ က အံ့ဩစရာ ကောင်းတယ်။

လဒ ကို differentiate လုပ်ရင် စာကလေး ရ။

စာကလေး ကို integrate လုပ်ရင် လဒ ပြန်ရ။

Slide Rule

အဘ ဟောဒီမှာ Slide Rule အသစ်စက်စက်

ငါး နဲ့ ခြောက် ပေါင်းပြကွာ

မ ရဘူး အဘ

အသုံးမကျတဲ့ စက်ကို လွှင့်ပစ် လိုက်တော့ —-

Memories of Ko Kyant

by U Aung (Maung Aw, C70)

Win Kyaw, Maung Aung, Aung Myint, Khin Maung Tint
Tin Oo (SDYF) and Aung Myint
Cartoon by Aung Myint
Cartoon by Aung Myint

ကွယ်လွန်သူ သူငယ်ချင်း ..

နာမည်ကြီး ကြံ့ဗဟုံး ကာတွန်း ဖန်တီးရှင်၊ ကွန်ပြူတာ ပညာရပ်ဆိုင်ရာစာအုပ်များU Aung Myint M E(Australia ) ရေးသားပြုစုသူ ….

ဆရာဦးအောင်မြင့် (ရေနံ ၆၉) သို့ အလွမ်းစာဦးအောင်မြင့် (ရေနံ ၆၉) သည် ၂၀၂၁ခုနှစ်စက်တင်ဘာလ ၂ရက် က ကွယ်လွန်သွားကြောင်း ကို ၁လ နှင့် ၁၃ ရက်ကြာသောအခါမှ Ko San Nyo Aung ၏ ပို့စ် မှ တဆင့် သိရသည်။​

အဝေးတနေရာရောက်ရှိခြင်းသည် သူငယ်ချင်း ၏နာရေးကိုနောက်ကျမှ သိရသောအကြောင်းရင်းတစ်ရပ်ဖြစ်သည်။

၂၀၁၇ ခုနှစ် တွင် သူသည် သည်းချေ (မုန့်ချိုအိပ် ဟု ခေါ်ကြောင်း စာဖတ်သူ တစ်ဦး ကပြင်ပေး) ကင်ဆာ (Pancreas Cancer) ရောဂါ ခံစားခဲ့ရ၏။ အဆိုတော် ခိုင်ထူး နှင့် တစ်ချိန်တည်းလောက်ဖြစ်သည်။ ခိုင်ထူးမှာ ရက်သတ္တပတ် ၂ပတ် ကျော် အကြာတွင်ကွယ်လွန်သွားရှာသည်။

ကိုအောင်မြင့် မှာ ထိုရောဂါ အား ၄နှစ်ကြာ ကြံ့ကြံ့ ခံ တွန်းလှန်ရင်း နောက်ဆုံး ကွယ်လွန်သွားရှာသည်။၂၀၁၉ နှစ် သူနှင့်တွေ့စဉ် အမှတ်မထင်သူပြောပြသည်မှာ ” (ဗေဒင်၊လက္ခဏာ ?) က နောက်ထပ် ၄၊ ၅ နှစ် နေရအုန်းမယ်လို့ ဟောတယ်။ ၇၆ နှစ်လောက်အထိ အသက်ရှင်အုန်းမယ် ထင်တယ်။”အောက်တိုဘာ ယခုလ တွင်သူ အသက် ၇၄ နှစ်ပြည့်မည် ဖြစ်ရာ သူမျှော်မှန်းသလို ၇၆နှစ်အထိ လူ့ဘဝမှာ မနေသွားရပေ။

လွန်ခဲ့သော ၄ နှစ် က သူ့အကြောင်း ကျွန်တော် ရေးသားခဲ့သည့်စာပုဒ် ကို အမှတ်တရ ဖော်ပြရင်း သူအားဂုဏ်ပြုလိုက်သည်။ ဆရာကြံ့ ကောင်းရာသုဂတိ ရောက်ရှိပါစေ။

(ထိုစာပုဒ် နှင့် အတူ လက်ရှိ ကမောက်ကမ ပညာရေး အား ကလိထားသော သူ လက်ရာ ကာတွန်းအချို့ အလွမ်းပြေ ဖော်ပြပါသည်)

မိတ်ဆွေထက်ပိုသော သူငယ်ချင်း

၁၉၇၃နှစ်စက်မှုတက္ကသိုလ် A ဆောင်ည ၇ နာရီ ခန့်ကုတင်ပေါ်လှဲနေသော အဆောင်နည်းပြ မောင်ဩ သည် တံခါးခေါက်သံကြားသဖြင့် အိပ်ရာမှထကာ တံခါးဝဆီသို့ လျောက်သွား၏။ တံခါးဖွင့်လိုက်လျင်အသားညိုညို မျက်မှန်တပ်ထားသော မောင်ဩနှင့် သက်တူရွယ်တူ အခြားအင်ဂျင်နီယာဌာနမှ ဆရာပေါက်စ မောင်ကြံ့ ကိုတွေ့၏။ မြန်မာပြည် တွင် လူသိများထင်ရှားသည့် ရုပ်ပြကာတွန်း စာအုပ်လက်ရာ ရှင်မို့ မောင်ဩ သူ့အားသိသော်လည်း မောင်ဩထက် ၁ နှစ်စောဘွဲ့ရ ကာ ဘာသာမတူ၊ နှစ်မတူ သဖြင့် သိကျွမ်းခင်မင်ခြင်းမရှိချေ။ တစ်ဦး နှင့် တစ်ဦး စကားပင်မပြောဘူးကြပေ။

မောင်ဩ ” ကိုကြံ့ အထဲဝင်ပါ ၊ ”

မောင်ကြံ့ သည် ကုလားထိုင်ပေါ်၌၄င်း ၊ မောင်ဩ သည် ကုတင် ပေါ်၌၄င်း ထိုင်ကြပြီးနောက်

မောင်ဩ ” ကိုကြံ့ ကိစ္စရှိလို့လား ”

မောင်ဩ ၏မေးခွန်သည် အူကြောင်ကြောင်နိုင်လှသည်။ သိကျွမ်းခင်မင်ခြင်းမရှိသောသူက အခန်းကို ကိစ္စ မရှိပဲ လာစရာ အကြောင်းမရှိပေ။

မောင်ကြံ့ ” ကိစ္စ က မနက်ဖြန် ခင်ဗျား စောင့် မဲ့ စာမေး ပွဲခန်း မှာ ကျွန်တော် နဲ့ လူချင်းလဲပြီး စောင့် လို့ရမလား၊ “

လဲရသည့် အကြောင်းရင်း ပွင့်ပွင့်လင်းလင်း ပြောပြ၏။

မောင်ဩ ” လဲစောင့်လို့ ရပါတယ်၊ ပြဿနာမရှိပါဘူး “

လွန်ခဲ့သောနှစ်ပေါင်း ၄၄ နှစ်ကျော် မှ ယ နေ့ ထက် တိုင်၊ ရှည် ကြာ ခဲ့ သော မောင်ကြံ့ နှင့် မောင်ဩ တို့ ၏ ရင်းနှီးခင်မင်မှု ခရီး သည် ဤသို့ စတင်ခဲ့ကြသည်။ အုဌ်တစ်ချပ်ပင်မရှိ ၊သဲတစ်ပွင့် မျှသာရှိသော မောင်ဩ၏ ကူညီမှု အပါဝင် အခြားသော အကြောင်းတရားတို့ကြောင့် မောင်ကြံ့၏ အလိုဆန္ဒ အောင်မြင်ပြည့်ဝခဲ့သည်။ ပွင့်လင်း ရိုသားမှုအပြင် ဟန်မဆောင်တတ်သော ဟိတ်ဟန်မရှိသော သူ့စရိုက် ကြောင့် စတွေ့ ချိန် မှစ၍ များမကြာမှီပင် သူသည် မောင်ဩ အဖို့ မိတ်ဆွေထက်ပိုသော သူငယ်ချင်း၊ သာမန်သူငယ်ချင်းထက် ပိုခင်သော သူငယ်ချင်း၊ ခေတ်ဝေါဟာရ အသုံးပြု ရပါလျင်ရင်ဘတ်ချင်းနီးသောသူငယ်ချင်းတစ်ယောက်ဖြစ်လာသည်။ နှစ်ပေါင်း ၇၀ ဘဝ ခရီးတလျောက် မောင်ဩ၏ရင်ဘတ်ချင်းနီးသောသူငယ်ချင်းအရေအတွက်မှာ လက်ချောင်း ၅ ချောင်းထက်ပင် မပိုသဖြင့်နည်းလှ၏။

အပြောအဆိုကောင်း သူမို့ များသောအားဖြင့် သူက သာအပြောသမား ၊ မောင်ဩ က နားထောင်သမားသာ ဖြစ်ခဲ့သည်။

မောင်ကြံ့ ” ကျွန်တော့ အမျိုးသမီး နဲ့ တွဲလျောက်တဲ့ အခါ တချို့ ကျောင်းသူတွေက ကျီးကန်း ဘဲဥ ချီလာပြီ လို့ မကြားတကြားပြောကြတယ်။”

မှန်၏။ အသားညိုညို အညာသား(မြေလတ်သား) မောင်ကြံ့ ၏ ချစ်သူ သည် မြစ်ဝကျွန်းပေါ်သူ တရုပ်သွေးပါသူမို့ အသားအရည်ဖြူဖွေး၏။

တစ်ကြိမ်က မောင်ကြံ့ ” ကျွန်တော် တို့ ကမ္ဘာအေးလှိုင်ဂူထဲကို အပြင်ကဝင်လိုက် တော့ အထဲမှာမှောင်နေပြီး ၊ လူလည်းရှင်းနေတာမို့ ကျွန်တော်သူ့ကို အကြင်နာ (ခေတ်ပေါ် ကိုရီယားဇာတ်လမ်း အသုံးအနှုံး) ပေးလိုက်တယ်၊ နောက် ဘေးဘက်ကြည့် လိုက်တော့မှ သောက်ကျိုးနည်း ဘုန်းကြီးတစ်ပါး မလှမ်းမကမ်း မှာရပ်ကြည့် နေတာတွေ့ လိုက်တယ်” ပြောပြရင်း သူ၏ ပြုံး ဖြီးဖြီး မျက်နှာ မောင်ဩ တွေ့ရ၏။ ဤသို့ ချစ်ခင်ဖွယ်ကောင်းလောက်အောင် ပွင့်လင်းသော သူဖြစ်သည်။

၁၉၇၅ခု မတိုင်မီ ဦးသန့် အရေးအခင်းကြောင့် တက္ကသိုလ်အားလုံးပိတ်ထားချိန်၊ တစ်နေ့၌ မောင်ကြံ့ သည် မောင်ဩအား ” ကျွန်တော့ အမျိုးသမီး နေ တဲ့ မြို့မှာ ခင်ဗျား အသိထဲက မော်တော်ကား ရှိတဲ့သူရှိလား။ ”

မောင်ဩ ” ပြည်သူဆောက်လုပ်ရေး မှာ အင်ဂျင်နီယာ လုပ်နေတဲ့ မောင်လွင် (ပြည်ထောင်စု ဆောက်လုပ်ရေးဌာန ဝန်ကြီးဟောင်း) အဲဒိ မြို့မှာ ရှိတယ်လို့ကြားတယ်။ ဋ္ဌာနဆိုင်ရာ ကားတော့ ရှိလိမ့်မယ်။ ကျောင်းပြီးကတဲက အဆက်အ သွယ် တော့ မရှိဘူး။ ဘာဖြစ်လို့လဲ ”

မောင်ကြံ့ “မိန်းမ ခိုးမလို့ ၊ ကား လိုလိမ့်မယ်။ ကုန်းလမ်းမပေါက်တော့ ရန်ုကုန်က ကားငှားသွားလို့မရဘူး၊ ခင်ဗျားလိုက်ခဲ့ပါ။”

မမလေးကို ခိုးမယ်လို့ လူဆိုးတွေ နဲ့ မောင်တိုင်ပင်လူဆိုးမောင်ဩ ၊ မောင်ဩ လူဆိုး၂ ရက်ကြာ မင်္ဂလာဒုံ လေဆိပ်၌ ခရီးသည် ၃ဦး မောင်ကြံ့ ၊ မောင်ဩ နှင့် အခြားတစ်ဦးအခြားတစ်ဦး မှာလည်း မောင်ကြံ့ ကဲ့သို့ပင် နော်ကူးမ အစရှိသော ထိုစဉ်က အထူး နာမည်ကျော်ကြား သည့် စံရွှေမြင့်ရုပ်ပြဇာတ်လမ်း များစွာ ရေးဆွဲဖန်တီး သော ကာတွန်းမြင့်သိန်း ဖြစ်သည်။ နောက်ထပ် လူဆိုးတစ်ယောက် တိုးလေပြီ။

ဇာတ်လိုက် နှင့် လူဆိုး ၂ဦး တို့သည် မြန်မာ့လေကြောင်းပိုင် ဒါကိုတာ လေယာဉ်စီးကာ ဦးတည်ရာမြို့ဆီ သို့ခရီးထွက်ခဲ့ကြသည်။ ကိုမြင့်သိန်း နှင့် ရင်းနှီးခင်မင်သော အမျိုးသမီးနှင့်သူမခင်ပွန်း တို့၏ နေအိမ်၌ တည်းခိုကြသည်။ ညနေခင်း၌ လာရင်းကိစ္စ ကို အိမ်ရှင် လင်မယားတို့အားပြောပြသောအခါအမျိုးသမီး “ဟင် …. သူက ကျမ နဲ့ ညီမ ဝမ်းကွဲတော်တယ်။ မြို့ကသိပ်မကြီးတော့ ခိုးရာလိုက်ပြေးတယ်ဆို တဲ့ သတင်းပြန့်သွားရင် အားလုံးမျက်နှာ ပျက်စရာဖြစ်ကုန်လိမ့်မယ်။ ကျမ အဒေါ်၊ သူ့ အမေ နဲ့ ပထမ တွေ့ပြီး အခြေအနေ ကိုရှင်းပြမယ်။ ပြီးမှ ဘာလုပ်မယ်ဆိုတာထပ်ဆွေးနွေးတာပေါ့ ။”

နောက်နေ့ ညနေခင်း၌ တည်းခိုးရာအိမ်သို့ အိမ်ရှင်အမျိုးသမီး၏ အဒေါ် ရောက်လာ၏။ ကိုကြံ့ ၊ကိုမြင့်သိန်းနှင့် အိမ်ရှင်အမျိုးသမီးအပါဝင် ၄ဦးသား အတွင်းဘက်အခန်းတွင်ဆွေးနွေးကြသည်။ မပါဝင်သော မောင်ဩ အိမ်ရှေ့ ဧည့်ခန်း၌ ထိုင်ကာ သတင်းစာဖတ်နေသည်။၁နာရီ ခန့် ကြာသောအခါ ဆွေးနွေးပွဲပြီဆုံးသည်။ အိမ်ရှင်အမျိုးသမီး၏ အဒေါ် ပြန်ထွက်သွား၏။ ကိုကြံ့ ၊ကိုမြင့်သိန်း နှင့် မောင်ဩ ဧည့်ခန်း၌ ထိုင်နေစဉ်

ကိုမြင့်သိန်း ” ကိုကြံ့…… ခင်ဗျား ယောက္ခမလောင်းက ကပ်ပြီး ကျွန်တော်ကို တိုးတိုး ပြောသွားတယ်”

ကိုကြံ့ ” ဘာပြော သွားတုံး “

ကိုမြင့်သိန်း” မောင်ကြံ့ နဲ့ပတ်သက်ပြီး ပညာအရည်အချင်း ၊အလုပ်အကိုင် အကျင့်စာရိတ္တ နဲ့ ပတ်သက်ပြီး ပြောစရာမရှိပါဘူး။ ကျေနပ်ပါတယ်။ ဒါပေမဲ့မကြိုက်တာတစ်ခုရှိတယ်၊ အဲဒီလို ကျွန်တော် ကိုပြောသွားတယ်”

ကိုကြံ့ ” ဘာတဲ့တုံး “

ကိုမြင့်သိန်း ပြုံးလျက် ” စကားများတာ”

နောက် နေ့တွင် မောင်ဩတို့ရန်ကုန်ပြန်ခဲ့ ကြသည်။ ၃ရက်ခန့်ကြာသော် မောင်ကြံ့၏ ချစ်သူ နှင့် သူမ မိခင်တို့သည် ဆွေးနွေးခဲ့သည့်အတိုင်း ရန်ကုန်သို့ လိုက်လာကာ သမီးအား မောင်ကြံ့လက်သို့အပ်လိုက်၏။ သို့ဖြင့် မောင်ကြံ့တို့ ဖိတ်စာမကမ်း ၊ မင်္ဂလာဧည့်ခံပွဲ မကျင်းပလိုက်ရပဲ အိုးအိမ်ထူထောင်ကာ ရှေ့ခရီးဆက်ကြရသည်။ မောင်ကြံ့ တို့ ၂ယောက်သည် အိမ်ထောင်ဦးကာလတွင် အတော်ရုန်းကန်ကြရသည် ကို မောင်သြ မြင်တွေ့ရသည်။

မောင်သြ ၏ သူငယ်ချင်းသည် စိတ်ဓါတ်ကြံ့ခိုင်သူ၊လုံးလဝိရိယရှိသူ၊ ဥာဏ်ပညာအလွန်ထက်မြက်သူ၊ အခွင့်အခါအခြေ အနေအရပ်ရပ်ကို အမှန်အတိုင်းသုံးသပ်နိုင်စွမ်းရှိသူမို့ အခက်အခဲပေါင်းစုံကိုကျော်လွှာကာ ၊ ကိုယ်ပိုင်အရည်အသွေးဖြင့် ဖျော်ဖြေရေးစာအုပ်များအပြင် အတတ်ပညာဆိုင်ရာစာအုပ်ပေါင်းများစွာရေးသားထုတ်ဝေ ခဲ့၏။ အောင်မြင်သောကြောင့် တတိယအရွယ်တွင် ပစ္စည်းဥစ္စာ ကြွယ်ဝကာ အလှုအတန်းများတွင် ရက်ရက်ရောရော သိန်းပေါင်းများစွာလှုဒါန်းနိုင်သည့် အကြောင်းကို ပြောပြရာ သူငယ်ချင်းအတွက် ဝမ်းမြောက်စွာ မောင်ဩ သာဓုခေါ်မိသည်။ ဆင်းရဲနွမ်းပါးစဉ် ဒိုးတူဘောင် ဘက်ရုန်းကန်ခဲ့ပြီး ပြည့်စုံကြွယ်ဝချိန် နီးကာမှ လက်တွဲဖြုတ်သွားရှာသော သူ၏ဇနီးအကြောင်း စဉ်းစားမိလျင် စိတ် မကောင်းဖြစ်မိသည်။ ဇနီးကွယ်လွန်ပြီးနောက် နောက်အိမ်ထောင်မထူပဲ သားသမီးတို့အားစောင့်ရှောက်သော ဖခင်စိတ် ဓါတ်ကိုချီးကြူးမိသည်။ သားသမီးတို့ကလည်း ဖခင်လုပ်ငန်း၌ တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြရာ မိသားစု စီးပွား ရေးပို၍တိုးတက်လာသည်။

“အန်ကယ်ဩ ကိုသနားတယ်” စာပုဒ် တွင် မောင်ဩ တို့ ပူးပေါင်းကာ စာအုပ်ထုတ်ဝေ သောအလုပ် လုပ်ကိုင်ကြောင်း ရေးခဲ့ဖူးသည်။ အမှန်စင်စစ် လုပ်ငန်းကျွမ်းကျင်သူ မောင်ကြံ့က ရှေ့ဆောင်သူဖြစ်၍ မောင်ဩက နောက်လိုက်ဖြစ်သည်။ ဆရာစားမချန် အိပ်သွန် ဖာမှောက် သင်ပြပေး၏။ ထိုစဉ် ငွေကြေးမက်မောသော ရုပ်ပြရေးဆွဲသောသူ (ကွယ်လွန်)၏ ပရောဂကြောင့် သူငယ်ချင်း နှစ်ယောက်စိတ်ဝမ်းကွဲခဲ့၏။ အတ္တမာန ကိုယ်စီကြောင့်၄င်း တပြည်တရွာစီ ဝေးနေသောကြောင့်၄င်း နှစ်ပေါင်း ၂၀ ကျော် အဆက်အသွယ်ပြတ်ခဲ့ကြသည်။ ယမန်နှစ် ဆရာကန်တော့ပွဲ၌ပြန်လည်တွေ့ကြရာ အနီးကပ်ထိုင်ကာ နှစ်ယောက်သား စကားလက်ဆုံ ပြောမကုန်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း မောင်ကြံ့ကပြောသူ၊ မောင်ဩက နားထောင်သူ ကန်တော့ပွဲအပြီး တစ်လခန့်အကြာချိန်းဆိုကာ အခြားသူငယ်ချင်း၂ဦး နှင့်အတူ နံနက်စာ စား သောက်ရင်း ၃နာရီခန့်ကြာ သည်အထိ စကားစမြည်ပြောခဲ့ကြသည်။

မိသားစုအကြောင်း စကားစပ်မိရာသားကြီး၊ သားလတ်နှင့် သမီးငယ် တို့အကြောင်း မောင်ဩ အားပြောပြသည်။ “အကြီး ၂ယောက် အိမ်ထောင်မကျသေးဘူး၊ သမီးတော့အိမ်ထောင်ကျပြီ၊ ကျွေးမွေး စောင့်ရှောက်မဲ့သူပေါ်လာတော့ ကိုယ်တာဝန်ပေါ့ သွားတာပေါ့ ” သူငယ်ချင်း၏ဝသီ အတိုင်း ပွင့်လင်းသော သုံးသပ်ချက်။ နောက်ထပ် လအတန်ကြာ မတွေ့ဖြစ်ကြပေ။ သို့နှင့်စက်တင်္ဘာ ၂၃ တွင် Messenger ဖြင့် အမှတ်မထင် ပို့လိုက်သော မောင်ကြံ့၏ စာကို ၂ရက်အကြာ စက်တင်္ဘာ ၂၅ ရက်၌ မောင်ဩ ဖတ်ရသည်။ “ဆရာဩရေကျွန်တော်ကျန်းမာရေးမကောင်းလို့ ခရီးဝေးသွားပြီး ဆေးကုနေရတယ်၊ ခနပြန်လာတုန်း ကုသိုလ် လုပ်ဖြစ်တာပါ။ နက်ဖြန် ဘန်ကောက်ပြန်သွားဦးမယ်၊ ပထမတစ်ခါတလကျော်ကြာသွားတယ်၊အခု တပတ် ဆယ်ရက်ပါပဲ၊ Photoshop CC (creative Cloud) 2017 ရေးနေရင်း လွန်ခဲ့တဲ့ Apr. ထဲကစဖြစ်သွားတာ၊ အခုတော့ ပုံမှန်လိုဖြစ်လာပါပြီ၊ အနေအထိုင်ဆင်ခြင်နေရပါတယ်၊အဆက်ပြတ်သွားတဲ့အချိန်တွေအတွက် အားလုံး ကို အားနာပါတယ်၊ သတိရလျက်ပါ” ရောဂါအခြေအနေ မသိသော်လည်း ဗန်ကောက်သို့ တစ်ခေါက်မက ကုသမှုခံရမည်ဆိုသဖြင့် ဖတ်ရင်း မောင်ဩ စိတ်ပူသွား၏။

ချက်ချင်း”ကိုကြံ့ ရေအသက်တွေ့ရပြီ၊ ငွေကြေး လည်း အတန်အသင့်ပြည့်စုံပြီမို့ ကျန်းမာရေးသာ အရေးကြီးပါတယ်။ ခင်ဗျားဟာရိုးသားပွင့်လင်းသူ၊ ကြိုက်ရင်ကြိုက်တယ်၊မကြိုက်ရင်မကြိုက်ဘူး ပြောတတ်သူမို့ တကယ်လေးစားခင်မင်ပါတယ်၊ ကျွန်တော့ စိတ်ရင်းအမှန်ပါ၊ အဆက်အသွယ်ဝေးခဲ့ပေမဲ့ အကြောင်းသိသူမို့အားနာစရာ တောင်းပန်စရာ မလိုပါ၊ ပြုတဲ့ ဒါနကုသိုလ်မှုအတွက်ဟန်ဆောင်မှုကင်းတဲ့ စိတ်ရင်းအမှန်နဲ့ သာဓုခေါ်ပါတယ်၊ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းပါစေ၊ ရောဂါဝေဒနာဟူသမျှ ပျောက်ကင်းချမ်းသာပါစေ၊ခင်မင်ခြင်းသတိရ ခြင်းများဖြင့်မောင်ဩ “

လွန်ခဲ့သော ၃ ၊၄ရက် က ဗန်ကောက်ဆေးကုသွားစဉ် ရိုက်ကူးခဲ့သောပုံ နှင့်တွဲလျက် မောင်ကြံ့ ၏ FB post တွင် အောက်ပါစာတမ်းကို မောင်ဩဖတ်ရ၏။ “အသက် (၇၀) နောက်လမှာ (အောက်တိုဘာ) ပြည့်မယ်

ဘ၀ဆိုတာ မှန်တစ်ချပ် လို ပါးပါးလေးပါ

ကွဲလွယ် ရှလွယ်ပါလားသတိထားကိုင်တွယ်ရပါမယ်

စွဲငြိနေတဲ့ အာရောဂျမာန်တွေ လွှင့်ပါးခဲ့ပြီ”

ဘဝ ကို ပါးပါး မှန်တစ်ချပ် ဟု သူ တင်စားသည်။

မောင်ဩ မြင်သော သူငယ်ချင်း မောင်ကြံ့၏ ဘဝ မှန်ချပ်မှာ ကောက်ကျစ် စဉ်းလဲသော စိတ်ဓါတ်၊ တတ်ယောင်ကား လုပ်ကာ ဟိတ် ဟန် များတတ်သော အကျင့်ဆိုး ၊ ဟန်ဆောင်တတ်သော စရိုက်ဆိုး စသည့် အညစ်အကြေး အစွန်းအထင်း များကင်း စင်သည့် ကြည်လင် သန့်ပြန့် သော မှန်ချပ်တစ်ချပ်သာ ဧကန်ဖြစ် တော့ သည်။

မောင်ဩ ၁ အောက်တိုဘာ ၂၀၁၇

Posts

  • 69er
  • Cartoonist
  • GBNF

Comments

Leave a comment