မေတ္တာနဲ့ပျော်ချင်မိလို့

ဒေါ်မိအောင် Daw Mi Aung

တစ်မိုးအောက်ထဲမှာ တစ်ဦးနဲ့တစ်ဦး “အေးအတူ ပူအမျှ” ခံစားတတ်ကြသူတွေကိုမှ “မိသားစု” စစ်စစ်ပါလို့တွေးမိတယ်ဆိုတာတော့မှန်ကောင်းပါရဲ့။

တချို့မိသားစုတွေကို ကိုယ့်မျက်စိရှေ့မှာတွေ့မြင်ရတာ ဘဝင်မကျမိလို့ပါ။ အားလုံးဟာကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတာတော့ဟုတ်တာပေါ့လေ။ ကိုယ့်မှာတော့ “ကိုယ်ပိုင်မိသားစု”မရှိပါဘူး။ “အဖေတို့၊အမေတို့ရဲ့ မိသားစုအစိတ်အပိုင်းသာပါ။” ဒါပေမဲ့လို့ မိဘတွေမျက်ကွယ်ပြုသွားပြီဆိုပြန်တော့လဲ၊ ကျန်ရှိနေတဲ့ညီအစ်ကိုမောင်နှမ၊တူမတွေဟာ ကိုယ့်ရဲ့မိသားစုလို့ဘဲပြောရတော့မှာ။

မိသားစုတစ်စုမှာ အလိုအပ်ဆုံးဟာ”မေတ္တာ”ပါဘဲ။ မေတ္တာချည်းသက်သက်အပြင် အရေးအကြီးဆုံးကတော့ “ပိုက်ဆံ”လို့ပြောရမှာပေါ့လေ။ “ထ္မင်းစားဖို့က ပိုက်ဆံရှိမှဖြစ်မှာကို။ ဒါပေမဲ့ စုစုရုံးရုံးနဲ့ တစ်ဦးကိုတစ်ဦး ညှာတာထောက်ထားတတ်ကြမယ်ဆိုရင်တော့ ဘယ်လိုလေးဘဲ၊ စားရသောက်ရသည်ဖြစ်စေမြိန်ရာဟင်းကောင်းပါဘဲ။” *တစ်ကိုယ်ကောင်းမဆန်ဖို့တော့လိုပါလိမ့်မယ်။*

*တချို့အိမ်ထောင်စုတွေမှာ “ငါတို့ကတော့ ကိုယ်ရတာကိုယ်သုံးတယ်။ အိမ်စရိတ်ကိုတော့ဘယ်လောက်ဘဲထည့်ပြီးသုံးတယ် ဆိုတာမျိုးတွေမြင်တွေ့ရတော့ စိတ်ထဲမှာ မကြည်မသာဖြစ်မိပါတယ်။ ** အိမ်စရိတ်လေးထည့်ပေးလိုက်တာနဲ့ တာဝန်ကျေပြီလို့မထင်လိုက်ပါနဲ့။ အဲ့ဒီအိမ်စရိတ်လေးတွေကိုကိုင်ပြီး၊တစ်မိသားစုလုံး စားဖို့အတွက်လောက်ငှအောင် စီမံခန့်ခွဲရတာ၊ သိပ်ကိုခက်ခဲတာပါ။

ခုခေတ်များဆိုရင် သောက်စရာရေကိုတောင်ဝယ်သုံးရတာ။ စားရေးသောက်ရေးအပြင်ဗာဟီရစရိတ်တွေနဲ့ အလျင်မှီအောင် မျက်လုံးပြူးပြီးသုံးနေကြရတာပါ။ (“ဂဂျီဂဂျောင်”နဲ့ ဒီဟင်းချည်းချက်နေတာဘဲလို့များ ပြောတတ်ကြရင် ပိုဆိုးသေးတယ်။ မီးဖိုချောင်ကလူက “အိုးလူးခွက်လူး”နဲ့ပြီးကြရတာမသိရှာကြတာပါလား။) **ငါတို့စားစရိတ်ပေးထားတာဘဲဆိုတဲ့ အတ္တစိတ်လေးတစ်ကိုယ်ကောင်းစိတ်လေးတွေရှိနေကြရှာတာ။ တကယ်ကိုသနားစရာပါလား။

တကယ်ဆိုရင် ကိုယ်ထင်ရာကိုယ်စိုင်းချင်တတ်တာလေးတွေကို ဖျောက်ပြီး၊ “တို့တော့ ဒီလမှာလောက်ငှအောင်ဘယ်လိုသုံးကြမယ်။ အလုပ်သွားရတဲ့သူကလဲ လမ်းစရိတ်လေးတော့ ဘယ်လိုယူမယ်၊ လိုအပ်တာလေးတွေကိုလဲ အဆင်ပြေသလိုလေးတော့ ဝယ်ကြမယ်၊ လူမှုရေးအသုံးစရိတ်လေးဘာသုံးရမယ်” ဆိုတာမျိုးလေးကို မိသားစုတိုင်တိုင်ပင်ပင်လေးသာရှိကြရင် သာယာတဲ့မိသားစုလေးဖြစ်မှာပါ။

တခါတလေများ ကျမတို့ညီအစ်မရဲ့လစာလေးနဲ့မောင်နှမ ၅ယောက်”မျှတစား”ခဲ့ရတဲ့ဘဝလေးကို အမြဲအမှတ်ရနေမိတာပါ။တကယ်ပျော်ခဲ့ရပါတယ်။လစာထုတ်လာရင် “ဝက်ပေါရေ၊ရော့” ဆိုပြီးပေးလိုက်တာဘဲ။ သူလဲသူ့လစာလေးကိုပါအတူထည့်သုံးပြီး၊သူ့ရုံးက အဝတ်အစားလေးတွေကိုလဲ မောင်နှမတွေအတွက် သင့်အောင်ဝယ်လာတတ်သေးတာ။ (ကိုယ့်ညီမလေး စည်းစနစ်ရှိလို့သာ ကျမတို့ မောင်နှမတွေ အဆင်ပြေကြရတာမို့ ကျေးဇူးတင်ရပါတယ်။)

ကိုယ့်မျက်စိရှေ့မှာဘဲ အိမ်စရိတ်လောက်သာဘဲပေးသုံးတတ်တဲ့မိသားစုတစ်စုကိုမြင်ရတာ၊ သူတို့အစားအတော်စိတ်ညစ်မိပါတယ်။ လကုန်ခါနီးများဆို ပိုက်ဆံကိုင်သုံးရရှာတဲ့ သူတို့ရဲ့အမေကိုသနားမိတာပါ။မလောက်ငှလို့ရှာရဖွေရချေးငှားရရှာပြီ။ အော်၊ သူတို့ကတော့ ဒီလဘဏ်ထဲမှာဘယ်လောက်စုလိုက်တယ်ဆိုတာမျိုးလဲမြင်နေရတော့၊ “အော်၊ ဒါဟာ မိသားစုစိတ်ဓါတ်ကင်းမဲ့တဲ့တစ်ကိုယ်ကောင်းစိတ်ရှိတာပါလား” လို့သုံးသပ်မိပါတယ်။

ကိုယ်လဲ ကိုယ့်တူမသားချင်းလေးတွေက ခုဆိုရင်သူတို့အလုပ်အကိုင်လေးတွေနဲ့ဖြစ်လာကြပြီမို့၊ ဆင်ဆင်ခြင်ခြင်နေတတ်ကြရအောင်လို့ပါ။ မုဆိုးမအမေကိုညှာတာတတ်ကြစေချင်တာကအဓိကပေါ့လေ။ အော်၊ သူတို့လဲ ကိုယ့်အတွေးနဲ့ထပ်တူဖြစ်မှာပါ။ #အတုမြင်အတတ်သင်ဆိုတာ ကောင်းသောနမူနာကိုယူရတာဘဲလေ။

ကိုယ်မောင်နှမတွေကတော့ နံနက် အစောစာ စားကြရင်တောင် သူတစ်လူငါတစ်မင်း စိတ်ဓါတ်မရှိကြရအောင်၊မုန့်ဟင်းခါးဖြစ်စေ၊ခေါက်ဆွဲသုတ်ဖြစ်စေ နှစ်ပွဲဝယ်ပြီး၊မောင်နှမ ၅ ယောက်ထ္မင်းနဲ့စားကြရတာမို့၊ တစ်ဦးနဲ့တစ်ဦးညှာတာတတ်ကြတာပါ။ ** (“ညှာတာထောက်ထားစာနာတတ်ခြင်း” ဟာ မိသားစုထ္မင်းဝိုင်းလေးကစပြီး “သန္ဓေ” တည်တာမို့။)**

ခုချိန်မှာတော့ ကိုယ်တွေစာသင်ပေးတဲ့နောင်လူကြီးဖြစ်လာမည့်ကလေးတွေကို ” စာနာထောက်ထားတတ်ဖို့၊ တစ်ကိုယ်ကောင်းမဆန်”ဖို့ကိုအဓိကထားပြီးသင်ပေးနေရပါတယ်။ #အဲ့ဒါမှ အနာဂတ်သာယာလှပအေးချမ်းမှာမို့ပါ။

အေးချမ်းသာယာစေချင်ရင်တော့ “ငါတကောမကော” ကြဘဲ “မေတ္တာ” ပေးကြယုံပါဘဲ။ #ကြီးသူကိုရိုသေ#ရွယ်တူကိုလေးစား#ငယ်သူကိုသနား၊ ဆိုတဲ့ စိတ်လေးတွေနဲ့ “မေတ္တာ”ပေးပြီး၊ “မေတ္တာ”ယူလို့ ငြိမ်းချမ်းကြစေချင် – – -။ **မေတ္တာခြုံပြီး၊လုံကြရအောင်

Comments

Leave a comment