Saya U Moe Aung (Tekkatho Moe War) wrote :

သူငယ်ချင်း စိုးလွင်(စက်မှုအင်ဂျင်နီယာဌာန၊ ရန်ကုန်စက်မှုတက္ကသိုလ် – ငြိမ်း) ကွယ်လွန်ခြင်း အတွက် ဝမ်းနည်းမှတ်တမ်း။
” အလှည့်သင့် …”
(သူငယ်ချင်း စိုးလွင်… သို့)
သူငယ်ချင်း…
မင်းရဲ့ အလှည့်၊ မြန်လှချည့်လား
ထင်မှတ်မှား ဖြစ်
တရား ခုံမင်၊ ဆင်ခြင်ဖို့ ဓလေ့
ရင်မှာပွေ့ပိုက် ထွက်ခွာပြီ။
လောကလူ့ရွာ၊ ကံံကြမ္မာလျှင်
ဧည့်လာဧည့်သွား၊ အသိသားနဲ့
ဖဝါး ဒဏ်ရာ၊ ခြေရာ ပျောက်ရှ
လှိုင်းမထတော့…
ဖွဖွ လှမ်းထောက် တိတ်ဆိတ်နေ။
သူငယ်ချင်း…
မင်းမှာ ရိုးဂုဏ်၊ ကုံလုံကြွယ်ဝ
နှုတ်က ဟ တိုင်း၊ ရိုင်းစိုင်းမရှိ
သိမ်မွေ့ဘိ တိုးညင်၊ ခင်မင်မှုရှိုင်းနက်
သက်သေ တစ်ကမ္ဘာ တည်လေခဲ့။
လောကလူ့ရွာ
ကံကြမ္မာ နှောင်ချည်၊ ဘယ်ဆီ ဘယ်သို့
ပို့ဆောင်ခံရလင့်၊ အလှည့်သင့်ချိန်…
“အိမ်” ဆိုသည်ကော ရှိလို့လား။
လောကလူ့ရွာ
ကံကြမ္မာကိုမေ့၊ မွေ့လျော် ပွေ့ဖက်
တွယ်တာမက်လည်း
“တစ်သက်တာ” ဆိုသည်ကောမြဲလို့လား။ ။
သို့သော် တချို့တော့
မေ့လျော့နေကြ
မြဲနေသမျှ ကုပ်ယူ
အလံထူလွှင့် ကျင့်နေဆဲ…။
တက္က သို လ် မိုး ဝါ
၁၀ – ၉ – ၂၀၂၁
(ညနေ ၆ နာရီ)
Leave a comment