Poem from Myanmar Mudita Sar Saung

By Tekkatho Moe War (Saya U Moe Aung)

ကျွန်ုပ်တို့၏ ဝိညာဥ်သည် မရှိအရပ်သို့
ပျံဝဲရန် တရွေ့ရွေ့နှင့် တာစူ အသင့်ပြင် နေလေပြီ။

မောင်ညွန့်ဌေး (အထက်မင်းလှ)
အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်သော
မြန်မာမုဒိတာစာစောင် (၂၀၁၉ အောက်တိုဘာ- တန်ဆောင်မုန်းလထုတ်) တွင်….

” တရွေ့ရွေ့လျှင်..”

မျှော်လင့်ခြင်းကို
သေမင်းနှင့် အစားထိုး၊ အရိုးပေါ် အရေတင်
ခြင်ဆီခန်းခြောက်၊ ချစ်ချစ်တောက်ဆူ
နွေနေပူအောက်၊ ဘယ်နှယောက်မြောက်လဲ
မသိဆဲမှာ…
ခွဲရတော့မည်၊ ရင်ချီကော့ဦးမလား
ပလီနော့ဦးမလား…
အလှတရားမဲ့၊ သိခဲ့သင့်ပြီ။

မျှော်လင့်ခြင်းသည်….
ဝေးခြင်း နီးခြင်း၊ စပ်ဖျဥ်းဖျဥ်းလျှင်
နာကျင် နွမ်းလျ၊ ရသ နာမ်ရုပ်
တဖြုတ်ဖြုတ်ကြွေ၊ တစ်နေ့ရွှေနှင့်
ငွေရယ် တစ်နေ့၊ တရွေ့ရွေ့လျှင်….
အငွေ့သာကျန်၊ အလံပြုတ်ကျ
ထာဝရ ဟူဘိ၊ မတည်ရှိတော့…။

တရွေ့ရွေ့လျှင်…
ငွေ့ငွေ့ လောင်ကျွမ်း၊ မီးခိုးတန်းများ
ဖမ်းဆုပ် မမိ၊ ငေးကြည့် မောဟိုက်
စိတ်ထင့်ခိုက်မှာ၊ လှိုက်ခနဲ ပင့်သက်
အိပ်မက်မှ လန့်ထိတ်
စိုးစိတ် ပြည့်လျှံ၊ သန်းခေါင်ယံမှာ…။ ။

တက္ကသိုလ် မိုးဝါ
၂၂ -၁၀- ၂၀၁၉
(မြန်မာမုဒိတာစာစောင်* တန်ဆောင်မုန်းလ)

Comments

Leave a comment