by Tekkatho Moe War (Saya U Moe Aung)
The poem was composed extemporaneously — on the spur of the moment.



လက်တန်း အလွမ်းကဗျာတစ်ပုဒ်…။
“ဘယ်နှခေါက်ရောက်ရောက် လွမ်းမီးတောက်ဆဲ…”
တစ်ခေါက် နှစ်ခေါက်၊ သုံးလေးခေါက်လည်း
တောက်ဆဲအပူဟပ်၊ ငြှိမ်းသတ်မရ။
ငါးခေါက် ခြောက်ခေါက်၊ ခုနစ်ခေါက်လည်း
မီးတောက် ပြာနှမ်း၊ အလွမ်းဓာတ်မပြေ….။
ရှစ်ခေါက် ကိုးခေါက်၊ ဘယ်နှခေါက်လဲ
ချောင်းပေါက်ပြီကော၊ လွမ်းမောလျော့ခွေ
သြော်… စွယ်တော်မြေရယ်….။
အလွမ်းလှေမှောက်
အခေါက်တစ်ရာ၊ အလွမ်းတစ်ရာလား
သစ်ခက်ကြားက….
ခိုနားလှမ်းကြည့်၊ မျက်စိလှည့်စား
အလှတစ်ပါးပင်၊ သံယောဇဉ်နှောင်ကြိုးရယ်
ဘာ့ကြောင့်တွယ်သလဲ
အမေးထဲမှာ၊ လွမ်းမြဲ လျော့ခွေ
သြော်…စွယ်တော်မြေရယ်…။ ။
တက္ကသိုလ် မိုးဝါ
(၁၁ ဇူလိုင် ၂၀၂၀)
ညနေ ၅:၂၀။
Leave a comment