Saya U Moe Aung (Tekkatho Moe War) wrote a poem for U Wynn Htain Oo’s 71st birthday.

” ၇၁…”
ခုနစ်ဆယ့်တစ်…တဲ့..
ညစ်သလား ပျော်သလား၊ ခွဲခြားခက်ခက်
ရည်ရွယ်ချက်တွေ ပြည့်ဝစေ…
နွေနွေမိုးမိုး၊ ဆောင်းခိုး မြူထ
ဘဝခရီးတစ်ထောက်၊ လျှောက်လေရာရာ ခိုင်မာတိပြတ်၊ မူဘောင်ခတ်ဆဲ..
နွမ်းဖပ် ယိမ်းထိုး၊ အရှုံးပေးရိုးထုံးစံ မရှိပြန်တဲ့
မာန်တင်း ဟန်ကင်း၊ ဘဝင်ရှင်း…
‘ဝင်းထိန်ဦး’ ဆိုသောလူတစ်ယောက်။ ။
(ကိုဝင်းထိန်ဦးအတွက် ၇၁ နှစ်မြောက်မွေးနေ့လက်ဆောင်ကဗျာနုပ်တစ်ပုဒ် ပါ)
တက္ကသိုလ် မိုးဝါ
၂၇. ၉. ၂၀၂၁
(နံနက် ၆ နာရီ)
Leave a comment