တစ်ခါတလေ

“ တစ်ခါတလေ ”

တက္ကသိုလ် မိုးဝါ Tekkatho Moe War

လူဆိုတာလေ…..
မျှဝေတတ်တဲ့ သတ္တဝါ။

ရင်ထဲသိုထား၊ ခံစားရချက်
ထွက်သက် ဝင်သက်၊ ဒက်ခနဲဖမ်း
ဝမ်းသာဝမ်းနည်း၊ ဆီးပြီး ဖွင့်ဟ
ဝေမျှပေးတတ်တယ်…။

တစ်ခါတလေ….
နွေလို ပူပြင်း၊ ပြင်တလင်းမှာ
ခြေနင်းမပါ၊ ဝေပြာမျက်စိ
နုံးခွေချည့်လို့၊ နတ္ထိ ဗလာ
ခြေရာ ဦးပဲ့၊ ပန်းတိုင်မဲ့တဲ့
ယဲ့ယဲ့ သနစ်၊ သည်အဖြစ်ကို
လှစ်ဆို လွှင့်ကြဲ၊ မျှဝေခွဲရင်
ရင်ထဲပေါ့သွား သလိုလို။

တစ်ခါတလေ….
သစ်ရွက်ခြွေလောင်း၊ ချမ်းခိုက်ဆောင်းမှာ
အောင်းကွေး စောင်ခြုံ၊ ခိုလှုံပျော်ရ
ဘဝ မွေ့ရာ၊ ဆူးမပါတဲ့
ရွှေကြာပင် တင့်၊ ငွါးစွင့်အခြေ
ခွင့်လမ်းတွေနဲ့
စံနေ မြက်မြက်၊ ခံစားချက်ကို
မျှလျက် ကြည်နူးတတ်ပြန်တယ်။

သြော်…..
လူမှန်ရင်လေ…..
မျှဝေတတ်တဲ့ သတ္တဝါ….။ ။

တက္ကသိုလ် မိုးဝါ
၂၁-၁၁-၁၉၈၃

Comments

Leave a comment