Sharing is Caring

ဆရာပူဇော်ပွဲ — နောက်ခံဖြစ်ရပ် (တချို့)

ဒီအ​ကြောင်းကိုကြုံကြိုက်တိုင်းပြန်​ပြောမိတာခွင့်လွှတ်ကြပါ

အတုယူချင်ယူ​စေဖို့ပါ

​ပြောသူ၂​ယောက်စလုံးကွယ်လွန်သွားခဲ့ပါပြီ

တ​ယောက်ကဆရာ

Supportingဘာသာကဆရာတ​ယောက်

Mech72ရဲ့ဆရာပူ​ဇော်ပွဲလုပ်လို့…၃..၄ကြိမ်​လောက်ရှိ​တော့

ဆရာကကျန်​တော့်ကို​ပြောရှာတယ်

ကို၀င်းထိန်ဦးရယ်

မရှက်ပါဘူးဗျာ

ခင်ဗျားကို​တော့​ပြောပြချင်တယ်…တဲ့

ကျန်​တော်​လေ

ဒီလိုလမျိုးကို​မျှော်​နေမိပါတယ်

ဒိလ​ရောက်ရင်ကို၀င်းထိန်ဥိးတို့အတန်းက​သေချာ​ပေါက်ကန်​တော့မယ်

အဲဒါမှ​ငွေ​လေးမြင်ရမယ်

ပင်စင်လစာ၅၀၀ိ​လောက်ရချိန်ခင်ဗျားတို့ကန်​တော့တဲ့၇၀၀၀ိဆိုတာသိပ်ကိုအားကိုးရတဲ့​​ငွေပမာဏပါ

​နောက်ပြီးဆရာကတော်ကလဲပါဆယ်​ပေးလိုက်တဲ့ကြက်ကင်ကို​မျှော်သလိုစားရင်​ပျော်သဗျ

ဆရာ့စကားကြားရ​တော့

ကျန်​တော်မျက်ရညိ၀ိုင်းရပါသည်

မ​မေ့နိုင်တဲ့ဒိစကားစုဟာအခု၂၅ကြိမ်အထိဇွဲနဲ့ဆရာပူ​ဇော်ဖြစ်တဲ့တွန်းအားပါ

​နောက်တခု

ဆရာ မပူ​ဇော်ခင်အကြိုသူငယ်ချင်း​တွေgatheringလုပ်ဖို့ဖိတ်တယ်

တ​ယောက်က​ပြောတယ်

ငါတို့လာချင်တယ်ကွာဒါ​ပေမဲ့ကျသင့်မဲ့​ငွေငါတို့မတတ်နိုင်လို့​ပြောရှာတယ်

စိတ်ထိခိုက်မိတယ်

သူ့ကို

​ပြောလိုက်တယ်

​ဟေ့​ကောင်

လာသာလာခဲ့

ငါတာ၀န်ယူတယ်

​ပျော်​ပျောိပါးပါးစား​သောက်ပြီးတဲ့အခါ

ဆိုင်က​ဘောက်ချာ​တောင်းလိုက်တယ်

တ​ယောကိပျမ်းမျှ၂၀၀၀ိလားကျတယ်

စာတ​စောင်​ရေးတယ်

“ကျတာ​တော့တ​ယောက်၂၀၀၀ိကျတယ်

မတတ်နိုင်သူ​တွေရှိလို့တတ်နိုင်သူပိုထည့်”

​ရေးပြီး​ငွေဖလားနဲ့စာလိုက်ပြတယ်

မတတ်နိုင်တဲ့​ကောင်ကိုရူးသလိုလုပ်​ကျော်လိုက်တယ်

အပို​ငွေ၅​သောင်းလားမသိရတယ်

ဆရာကန်​တော့ဖို့seed money ရသွားတယ်

အဲလိုသိသွားလို့ဆရာကန်​တော့ပွဲမှာလဲ

ငွေထည့်မှဆရာပူ​ဇော်ပွဲလာရဲတာမျိုးမဖြစ်ရ​အောင်​မောင်မာဃအ​သေအချာစဥ်းစားပြီးမူတခုချတယ်

လာသမျှအလကား​ကျွေးမယ်

​ထမင်းစားလက်မှတ်ဆိုတာဘယ်​တော့မှမ​​ရောင်း

ဒါ​ကြောင့်အလှု​ငွေထည့်ရင်

တတ်နိုင်တဲ့​ကောင်ပိုထည့်

မတတ်နိုင်တဲ့​ကောင်တတ်နိုင်သ​လောက်သာထည့်

လုံး၀မတတ်နိုင်ရင်လုံး၀မထည့်နဲ့လူက​တော့လာဖြစ်​အောင်လာ

အဲဒီမူအတိုင်း 2016Wwspzpမှာထပ်တူအ​ကောင်အထည်​ဖော်တယ်

အဲဒိ၂​ယောက်ဟာဆရာကန်​တော့ပွဲ​တွေဆက်တိုက်လုပ်ဖြစ်​စေတဲ့တွန်းအား​တွေ​ပေါ့

Comments

Leave a comment