U Thet Lwin

By Tekkatho Moe War (U Moe Aung)

Pon Tu
U Thet Lwin 1
U Thet Lwin 2
U Thet Lwin 3


သည်ည အိပ်မပျော်သေးမီ သူငယ်ချင်း ကိုသက်လွင် (ကဗျာဆရာ မောင်ငွေလှိုင်း) တစ်ယောက် နေမှကောင်းရဲလား သတိတရဖြစ်နေ၍ အတွေးနယ်ချဲ့လိုက်သည်မှာ…

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁ရက် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ပွဲ မကျင်းပလိုက်ရခြင်းအတွက် တနုန့်နုန့်ခံစားနေရဆဲဟူ
သည့် အဖြစ်ကို တွေးနေမိပြန်သည်။

တကယ်တော့ သူငယ်ချင်းမောင်ငွေလှိုင်းသည် စာရေးသူနှင့် ၁၉၅၈ ဝန်းကျင်ကတည်းက ရန်ကုန်တက္ကသိုလ်ကလောင် အသင်းတွင် အတူပါဝင်လှုပ်ရှားခဲ့ကြသည်။

ထိုစဥ်အချိန်က နာမည်ကြီး “မြကျွန်းညိုညိုတက္ကသိုလ်” သီချင်းကို သူရေး ပြီးပြီ။ ယခုတိုင် လူကြိုက်များနေဆဲ။

ဖြစ်ချင်တော့လည်း စာရေးသူ ရန်ကုန်စက်မှု တက္ကသိုလ်တွင်ရှိနေချိန် သူက မော်ကွန်းထိန်း အနေဖြင့်ရောက်လာတော့ အစစအရာရာ စာပေ အနုပညာလုပ်ငန်းကိစ္စအတွက်ပိုမို အဆင်ချော
သွားသည်ပေါ့။

အခုလည်း မနှစ်က သူ့သီချင်းကို MRTV ကလွှင့် သွားခဲ့သည်ကို တစ်ဖန်ပြန်လည်တင်ပြပါရစေ။
အခြားတစ်နေရာ၌ နားသောတဆင်နိုင်ကြပါသည်ခင်ဗျား….

စာရေးဆရာ ကဗျာဆရာများဖြင့်ဖွဲ့စည်းသည့် ရန်ကုန်တက္ကသိုလ်ကလောင်အသင်း။
နောက်တန်း –ဘယ်အစွန် မောင်ငွေလှိုင်း၊ တတိယ– စာရေးသူ။
ရှေ့တန်း– ယာမှ ကြူကြူသင်း၊ ရွှေကူမေနှင်း ၊ +++++၊ မောင်ဆွေတင့် -ရှုမဝ။

Comments

  • U Thet Lwin graduated from St. Paul’s High School (SPHS) in 1957. His Burmese teacher was Saya U Sein (father of Dr. Soe Win, First in Burma in 1958, Retired Rector of YUFL).
  • He taught Burmese at the Institute of Economics. He composed the song “Mya Kyun Nyo Nyo” which has been sung at the RU Centennial and at many other events (including the RIT Worldwide Saya Pu Zaw Pwes).
Composer / Pianist Maung Ngwe Hlinne (U Thet Lwin)
  • He and Saya Dr. Aung Gyi (then, Professor of Civil Engineering) were members of the RU Golden Jubilee Celebrations Committee in 1970. They would reunite again at Rangoon Institute of Technology as Registrar and Rector.
  • He and Saya U Moe Aung were EC members of the “RU Kalaung Ah Thinn” for the academic year 1959-1960 along with Kyu Kyu Thinn, Shwe Ku May Hnin and Maung Swe Tint (Shumawa).
  • Sayas U Thet Lwin and U Moe Aung were active in the publication of RIT Annual Magazines, and RIT Ah Nu Pyinnya Ah Thinn.
  • He retired as Director of DHE (Directorate of Higher Education).

Comments

Leave a comment