By Mg Mar Ga (8th Post)
ဘာကိုမှမကြောက်တတ်တဲ့
RITမှာငယ်ငယ်တုန်းကတအားကြောက်တာတခုရှိပါတယ်
သူငယ်ချငိးတို့မှန်းကြည့်စမ်းပါ
ဘာဖြစ်မယ်ထင်ပါသလဲ
ကြောက်တာမှအခုလဲကြောက်တုန်းဘာဘဲ
သိကြလား..
…..
..
တကယ်ပြောရရင်အခုRITသွားရင်လဲတအားကြောက်တုန်းဘဲ
ဘယ်လောက်ကြောက်လဲဆိုတော့
မောင်မာဃတခါကတအားကြောက်နေတာတွေ့တော့
ပညာသင်ဆုပေးဘူးတဲ့သမီးခင်နွယ်နွယ်အောင်ကလာတွဲပြီးသမီးရှိတယ်အန်ကယ်
ကြောက်နဲ့ဆိုလိုက်ပို့ရတယ်
တခြားဟုတ်ပါရိုးလား
အဆောက်အဦတိုင်းရဲ့
လူသွားလမ်းကော်ရစ်ဒါတွေပါ
မိုးတွင်းဆိုတအားချောပါတယ်
၁၉၆၆ကတညိးကချောတာတွေ့တာ
World wideဆရာကန်တော့ပွဲလုပ်တဲ့၂၀၁၆ခုနှစ်အထိ
နှစ်၅၀တိုင်
မပြောင်းမလဲချောတုန်းဘဲ
တကယ်ချောတယ်ဗျာ
အဲဒီလမ်းတလျောက်တဘိုင်းဘိုင်းလဲသူတွေရာထောင်မကရှိဘူးတယ်
၁၉၆၆ကာလတွေကချောခြင်းကတော့ပိုတာပေါ့
ဘာလို့လဲဆိုတော့
အရာရာပြည်သူပိုင်သိမ်းတော့ရာဘာဖိနပ်အစုတ်လေးတွေဘဲစီးရတာကိုး
Soleကပြောင်ချောနဲ့လေ
အခုတော့မောင်မာဃကြောက်တာကခြေထောက်မကောင်းလို့လဲပါပါတယ်
ကျန်တော်တို့ကျောင်းကြီးမှာအလွမ်းဆုံးသက်မဲ့အရာ၂ခုလဲရှိပါသေးတယ်
တခုက
ကျောင်းကြီးအဆောင်
ဘယ်နေရာမှာမှကာတာတွေသော့ခတ်တာတွေမရှိခြင်းကတခု
တကျောင်းလုံးလွပ်လပ်စွာကျောင်းသားတွေပိုင်တယ်
အတွဲတွေလဲပိုင်တယ်
ဘယ်အတွဲဖြစ်ဖြစ်ကြိုက်တဲ့အခန်းမှာတွတ်ထိုးလို့ရတယ်
အခုများသွားကြည့်စမ်းပါ
အချုပ်ထောင်သာသာမြင်ရတယ်
နေရာတကာသံဇကာသံပန်းတွေကာထားတာမြင်မကောင်း
ကျွန်တော်လုပ်ပေးခွင့်ရတဲ့စာကြည့်တိုက်အသစ်ကြီးအတော်ပြီးလာတော့သူနဲ့main buildingကြားမှာခြံစည်းရိုးတခုပေါ်လာတယ်
မေးကြည့်တော့ကျောင်းသားတွေသေးလာပေါက်လို့ပါတဲ့
မပေါက်အောင်လုပ်ပေါ့ဗျာပန်းအလှအိုးတွေထားပေးရင်ဘယ်ပေါက်မလဲဆိုတော့မှထားပေးပြီး
သေးလဲမပေါက်ခြံစည်းရိုးလဲပျောက်သွားတယ်
အခုခေတ်အတွေးကိုကတခုခုဆိုသော့ခတ်မယ်ကာမယ်ဆိုတာချည်းဗျ
နောက်တခုကwater fountain
ကျောင်းမှာကျန်တော်တို့ခေတ်ကရေသောက်ချငိရင်building cornerသွား
ကွင်းလေးကိုဖိရင်သောက်ရေထွက်လာမဲွ
ကွင်းလေးတွေပါတဲ့
Water fountainတွေနေရာအနှံ့ရှိတယ်
သိပိအဆင့်မြင့်ပါတယ်
ဘယ်တုန်းကပျောက်သွားသလဲမသိ
နောက်လွမ်းတာကတော့
ဆရာတွေပေါ့ဗျာ
ကိုယ့်အတွကိရူးရတဲ့Harvard..MITလိုဒိတ်ဒိတ်ကြဲတက္ကသိုလ်ကြီးကဒေါက်တာဘွဲ့အထိရတဲ့ဆရာကြီးတွေအရှင်လတ်လတ်မြင်ဘူးသဗျ
သင်ဘူးသဗျ
တော်ပြီဗျာ
ကျောင်းကြီးကိုတအားလွမ်းသွားပြီ
