
PZP By the Class of 2000
in December 2014
Thanks saya for






By Saya U Moe Aung (Tekkatho Moe War)


ဂါရဝပြုခြင်း နှင့် သတိရခြင်း အဖြစ် စာရေးသူ၏
” တပင်တိုင် ကဗျာများ” ကဗျာစာအုပ်တွင် ၁၉၈၅ ခုနှစ်က ရေးခဲ့သော အမှာ တစ်စိတ်တစ်ပိုင်း အား ပြန်လည်ဖော်ပြလိုက်ခြင်းဖြင့် ဆရာကြီး၏ စာပေ့ဝန် ကျေပွန်မှု နှင့် စာပေအပေါ် သစ္စာရှိမှု တို့အတွက် ဦးညွှတ်ကန်တော့လိုက်ပါသည်။
ရထားလမ်း…..
စာရေးသူ ၁၉၈၅ခုနှစ်က ထုတ်ဝေခဲ့သော ” တပင်တိုင် ကဗျာများ ” ကဗျာ စာအုပ်ပါ သုံးကြောင်း ကဗျာတစ်ပုဒ်။ “ရထားလမ်း” ခေါင်းစဉ်နှင့် ကဗျာ…။
စာရေးသူ၏ ကဗျာစာအုပ်အတွက် ကွယ်လွန်သူ ခေတ်စမ်းစာပေ တည်ထောင်သူ၊ ကဗျာဆရာကြီး မင်းသုဝဏ် (မြန်မာစာ ပါမောက္ခ ဦးဝန်)က သက်ရှိထင်ရှားရှိနေစဉ်က အမှာစာ ရေးသားချီးမြှင့် ပေးခဲ့သည်။
ကဗျာ အများအပြားထဲမှ စာရေးသူ၏ (၃)ကြောင်းကဗျာ တစ်ပုဒ်ကို အောက်ပါအတိုင်း ဝေဖန်သုံးသပ်ခဲ့ပါသည်။
စာရေးသူ နှင့် တစ်ခြံကျော်တွင်နေထိုင်ခဲ့သော ဆရာကြီးထံသို့ မကြာမကြာ ရောက်တတ်သည့် အတွက် ဆရာကြီးအား သတိရသည်က တစ်ကြောင်း၊ လွန်ခဲ့သည့် ၁၄ နှစ် က ကွယ်လွန်သွားပြီးဖြစ်သော ဆရားကြီးအား စိတ်ထဲမှ ဂါရဝပြုလိုသည်က တစ်ကြောင်း၊ ဤ စာစု ကို ရေးရန် အကြောင်း ပေါ်လာပါသည်။
” ရထားလမ်း…”
မနီး မဝေးတွင်
ဆုံသည် မြင်လျက်
အသင် မရောက်နိုင်ပါလား…။ ။ [ ၁၉၆ဝ ခုနှစ် ]
ဆရာကြီး မင်းသုဝဏ်၏ ဝေဖန်သုံးသပ်ချက်….
” တက္ကသိုလ် မိုးဝါသည် အင်ဂျင်နီယာတစ်ဦး ဖြစ်ပါသည်။ စက်မှုတက္ကသိုလ် ဆရာတစ်ဦးလည်း ဖြစ်ပါသည်။ သို့သော်လည်း သူ့မှာ ကဗျာအထုံပါသဖြင့် သူတွေ့မြင် သုံးစွဲနေရသော စက်မှုဆိုင်ရာ အရာဝတ္ထု အသုံးအဆောင်တို့ကို အသုံးချပစ္စည်းများ သက်သက်အဖြစ်သာ မမြင်မူ၍ လောကကြီးအေးအေးငြိမ့်ငြိမ့် သာသာယာယာ လှုပ်ရှားလှည့်ပတ်နိုင်အောင် အသုံးခံတန်ဆာဆင် ပြုပြင်ပေးနေသည့် အလင်္ကာများဖြစ်သည်ဟုလည်း တွေ့မြင် တွေးထင်ကာ အရသာခံစားနေသူဖြစ်ပါသည်။ ဤသို့ မိမိတွေ့မြင် တွေးထင် ခံစားရသည့်အချက်တို့ကို လူအများအား အမျှဝေလိုသော ဆန္ဒပြင်းပြသူလည်းဖြစ်ပါသည်။
မိုးဝါ ၏ သုံးကြောင်းကဗျာ ကိုကြည့်ပါ…။
မနီး မဝေးတွင်
ဆုံသည် မြင်လျက်
အသင် မရောက်နိုင်ပါလား…။ [ ၁၉၆ဝ ခုနှစ် ရေး သည်]
ဘာများထူးဆန်းပါသလဲ..။ ဇလီဖားတုံး (sleepers) ပေါ်တွင် မတ်တတ်ရပ်၍ မီးရထားသံလမ်း မျဉ်းပြိုင်နှစ်ခုကို လှမ်းမျှော်ကြည့်ပါ…။ သာမန်အားဖြင့် ဘာများထူးဆန်းပါသလဲ ? မဲဇာတောင်ခြေလို လွမ်းစရာလား။ ပွဲခါညောင်ရေလို ပျော်စရာလား ? သဲသာသောင်မြေလို ချစ်စရာလား ? စဉ်းစားကြည်ကြပါစို့…။
လှမ်းမျှော်ကြည့်လိုက်ပါလျှင် ဇလီဖားတုံးများ အကြားတွင် လိပ်သည်းကျောက်များကို မည်းမည်းညစ်ညစ် တွေ့ရပါမည်။ ခရီးသည်များ ပစ်စွန့်ခဲ့သော စက္ကူစုတ်၊ စလူဖက်၊ ငှက်ပျောရွက်၊ စားကြွင်းစားကျန် တို့ကို တွေ့ရပါမည်။ မြင်နေကျလည်းဖြစ်သည်။ စက်ဆုပ်ဖွယ်တို့နှင့်လည်း ဆက်ဆံနေသည်။ သို့သော်လည်း တက္ကသိုလ် မိုးဝါ သည် မည်သို့တွေ့မြင်၍ မည်သို့ တွေးထင်ပါသလဲ ?
လှမ်းမျှော်ကြည့်လိုက်သောအခါ သံလမ်းမျဉ်းပြိုင်နှစ်ခုသည် တစ်နေရာတွင် ထိသည် ဆုံသည် ဟု မြင်ရထင်ရသည်။ ထို ထိရာဆုံရာကို ရောက်အောင်လျှောက်သည်။ ထိရာဆုံရာကို မတွေ့ရ…။ ဆက်၍ လျှောက်တိုင်း လျှောက်တိုင်း ထိရာဆုံရာ ဟုထင်ရသောနေရာသည် အဝေးသို့ ရွေ့ ခွါ ရွေ့ ခွါ သွားလေသည်။ လင်းလပ်ကို ရေထင်၍ လိုက်သကဲ့သို့ ဖြစ်နေလေသည်။
ဤသည်ကား လောကမာယာ လှည့်စားခြင်းတစ်ရပ် ဖြစ်ပေသည်။ ဤ လောကမာယာ ကို မိုးဝါ တွေ့၍ ဖွဲ့ လိုက်သည်…။ ဤ လောကမာယာ မျိုးကို ကြည့်တတ်လျှင်၊ မြင်တတ်လျှင် နေရာတကာ တွင် မလွတ်တမ်းတွေ့ရပါမည်။ လူတို့သည် ဤ လောကမာယာ မြစ်ရေကြောတွင် အစုန်အဆန် စီးပါ နစ်မျောလျက်ရှိကြသည် မဟုတ်ပါလား…။
တရားစကားနှင့်ပြောရပါလျှင် အနိစ္စကို နိစ္စ ဟုထင်နေကြသည်။ ဒုက္ခကို သုခ ဟု ထင်နေကြသည်။ အနတ္တကို အတ္တဟု ထင်နေကြသည်။
ဤ သံလမ်းကိုကြည့်၍ လက္ခဏာရေးသုံးပါးကို မြင်နိုင်ပါသည်။ ဆင်ခြင်နိုင်ပါသည်။ အင်ဂျင်နီယာ မိုးဝါ က ဤ သဘောကို တိုတိုနှင့် ပြောဟောလိုက်ခြင်းဖြစ်ပါသည်။ ဤ ကဗျာကို ရောဂါ အမျိုးမျိုးအတွက် ရေလဲ အမျိုးမျိုးနှင့် သုံးပါ။ အကျိုးရှိပါ လိမ့်မည် ဟု သမားတော်စကား နှင့် တိုက်တွန်းလျှင် ဖြစ်နိုင်ပါသည်….။ “
[ စာရေးသူ၏ မှတ်ချက်။ ။ ဆရာကြီးမင်းသုဝဏ် ၏ ၁၉၈၅ ခုနှစ်က ရေးခဲ့သော သုံးသပ်ချက်ကို ယခု အနှစ်သုံးဆယ် ကျော် ကြာတော့မှ စာရေးသူ ဆယ်ကျော်သက်တုန်းကရေးခဲ့သည့် ကဗျာ ဤမျှ လေးနက်မှုရှိသည်ကို ပြည့်ပြည့်ဝဝ နှစ်နှစ်ကာကာ သဘောပေါက်လာမိပါသည်။ ကဗျာရေးစဉ်ကမူ လောက၏ လှည့်စားတတ်ပုံ ကိုသာရည်ရွယ်ရေးခဲ့ခြင်း ဖြစ်ပါသည်…။]

by Hla Min
Updated : May 2025








Attendees include :
(1) Ko Tint Lwin (Daniel, M69, Singapore)
(2) Ko Toung (Tom Lou, EC69, Connecticut) and Ma Khin Myint
(3) Ko Tin Myint (John Lee, M69, California, GBNF) and Ma Lyo Kyin Sein (Mabel Lee, T69)
(4) Ko Myo Khin (C70, Japan) and Ma Mya Nwe (Winsome, C73)
(5) Ko Sai Tun Aye (Min70, Canada)

Photos : Zaw Zaw Minn (U Chan Tha’s eldest son)








Saya U Soe Paing (EE, UCC) and Daw Saw Yu Tint (T69) hosted several gatherings at their house. Most of them are to welcome UCC alumni visiting Yangon.

U Soe Win (EC70, UCC) visited his younger brother U Khin Zaw (UCC) in Cupertino, California.
Attendees include Saya U Myo Min (UCC), Dr. Rafiul Ahad (UCC), Benny Tan (M70), Charlie Tseng (EC70) and Diana (ChE71), U Myint Swe (EP74) and Daw San San (EC74), U Aung Zaw Maung (Pet78, UCC), U Aung Myint Oo (EC84, UCC)


Saya Dr. San Tint (EE) and Saya U Shein Soe Myint (EC83, UCC) are GBNF.


Ko Win Lwin (M69) served as Secretary of RIT Hiking and Mountaineering.
He and Ko Cho Aye (M70, GBNF) joined the Expedition to climb Mount Victoria.




Daw Myint Myint (C69) has hosted several 69er gatherings. She is a major donor of the 69er HCF (Health Care Fund). She posted the photo with five MYINTs.
There are several other MYINTs (not in the photo), e.g. Myint Aung, Myint Maung, Myint Sein, Sein Myint