Sayagyi Dr. Aung Gyi’s birthday is October 1st.




Sayagyi Dr. Aung Gyi’s birthday is October 1st.




His birthday is October 1st.

The Birthday Party was organized by Gordon Kaung (M83) and Lillian Kaung (EC83) at iNapaWine.
Attendees include :





David Myint Thein wrote :
Ko Naing Win worked a few years at Myanma Oil and Gas Enterprise ( MOGE ) as Senior Mechanical Engineer together with me. He was a nice guy.

The cover is worn out.

Received the Key Chain from Saya U Tin Htut (M60)

U Aung Min (M69) has updated the address book. I do not have the latest version.
The souvenirs are from SPZP-2016.




The idea of Swel Daw Yeik Foundation (SDYF) was proposed by Saya U Moe Aung (Tekkatho Moe War) to his former students (mostly who were RIT Ah Nu Pyinnya Shins) before, during and after SPZP-2012.
SDYF was established in 2013 with core volunteers and supporters.
U Khin Maung Tun (T78) pledged/donated K1000+ Lakhs to jump start the noble cause of providing health care to eligible sayas and sayamas. He graciously accepted to be President of SDYF.
Saya U Moe Aung drafted the Bye Laws for SDYF in time for the Second Executive Member (EC) Meeting.
SDYF has provided financial support for
U Tin Latt (M85) had earlier written a report of SDYF Activities.
စွယ်တော်ရိပ် ဖောင်ဒေးရှင်း
စက်မှုတက္ကသိုလ်ထွက် (နည်းပညာတက္ကသိုလ် များအားလုံး အပါအ၀င်) အင်ဂျင်နီယာတို့၏ ဆရာအိုများအား ကျန်းမာရေး စောင့်ရှောက်သည့် စွယ်တော်ရိပ် ဖောင်ဒေးရှင်း……
စိတ်စေတနာ နှင့် သဒ္ဓါတရား အရင်းခံ၍ ရပ်ဝေးရပ်နီး မှ လှူဒါန်းလိုပါက ……
ဆက်သွယ်ရန်……
ရန်ကုန် ။ ဦးဝင်းထိန်ဦး (Mech 72) 095170399
မန္တလေး ။ ဦးတင်လတ် (Mech 85) 092044382
နေပြည်တော် ။ ဦးဝင်းနိုင် (Civil 80) 095014942
စင်ကာပူ ။ ဦးဇော်ထွန်းနိုင် (Aero 95) 65- 96231637
ဦးဇော်ဝင်းထွဋ် (Mech 91) 65- 93885993
ဒေါ်ခိုင်ခိုင်ဝင်း (Ec 95) 65- 91183646
ၾသစေၾတ:လ် ။ ဦးစိန်ဝင်း (Civil 80)
အမေရိကား ။ ဦးလှမင်း (EC 69)
စွယ်တော်ရိပ်
ရုံး အဖွဲ့ ။ ရဲနိုင်အောင် 0973175272
အမှတ် ၇၅၊ သိမ်ဖြူလမ်း ၊ ရန်ကုန်။
စွယ်တော်ရိပ် ဖောင်ဒေးရှင်း……
အလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး။
ယင်း အစည်းအဝေးတွင် အခြားသော ဆောင်ရွက်ရန်ကိစ္စများအား ဆွေးနွေး ဆုံးဖြတ်
အတည်ပြုခဲ့သည့် အပြင်၊ စာရေးသူ အချိန်ယူရေးသားတင်ပြသည့် “ဖွဲ့ စည်းပုံ
စည်းမျဉ်း ” မူကြမ်း ကိုလည်း တက်ရောက်သူ အလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံးက
အကြမ်းအားဖြင့် သဘောတူကြသည်။
ဤ နေရာတွင် အထူးတင်ပြလိုသည့် အချက်မှာ၊ ဖွဲ့စည်းပုံစည်းမျဉ်းပါ အခန်း (၃) ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက် နှင့် အခန်း (၄) ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း တို့နှင့် ပတ်သက်သော စာသားနှင့် ဖွင့်ဆိုချက် ကို ရှင်းလင်းလိုပါသည်။
အခန်း (၃) ။ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်
၎။ (က) ဆရာများ၏လူမှုရေးကိစ္စ အ၀၀တွင် ပါဝင်ကူညီ စောင့်ရှောက်ခြင်း။
(ခ) ဆရာများအတွက် လိုအပ်သော ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ခြင်း ကိစ္စအား
အလုပ်အမှုဆောင်အဖွဲ့၏ဆုံးဖြတ်ချက်အရ အတိုင်းအတာ တစ်ခုအထိ
ဆောင်ရွက်ပေးခြင်း။
(ဂ) မျိုးဆက်သစ် တက်လူ
အင်ဂျင်နီယာငယ်များနှင့် စက်မှုတက္ကသိုလ် ကျောင်းသားများ၏ အရည်အသွေးတိုးတက်
ဖွံ့ ဖြိုးရေးကို ဆောင်ရွက်ပေးခြင်း။
အခန်း (၄) ။ ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း။
၅။ ဤ ဖွဲ့စည်းပုံစည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးရန်နှင့် အောင်မြင်စွာ
အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် အောက်ပါ အခြေခံမူများနှင့် အညီ
ဖွဲ့စည်းသည်။
(က) ဆရာ နှင့် အင်ဂျင်နီယာ
(စက်မှုတက္ကသိုလ်ကျောင်းသားကျောင်းသူဟောင်း) များ ပါဝင်သောသူ များဖြင့်
ဖွဲ့စည်းသည့် ဖောင်ဒေးရှင်း ဖြစ်ခြင်း။
(ခ) အစိုးရ နှင့် မသက်ဆိုင်သော ဖောင်ဒေးရှင်း ဖြစ်ခြင်း။
(ဂ) ဘဏ္ဍာငွေ အမြတ်အစွန်းသို့ ဦးတည်သော ဖောင်ဒေးရှင်း မဟုတ်ခြင်း။
(ဃ) ဆရာများ၏ လူမှုရေး၊ ကျန်းမာရေးနှင့် တကွ အင်ဂျင်နီယာငယ်များ၏
အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သည့် ဖောင်ဒေးရှင်း သက်သက်
ဖြစ်ခြင်း။
အခန်း (၃) ရှိ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက် ကို အထူးရှင်းပြရန်လိုမည် မထင်ပါ။
အခန်း(၃)၊ အပိုဒ် ၄ (က)(ခ) တို့အရ… ဆရာများအတွက် ကျန်းမာရေးရော လူမှုရေး
ရော၊ အားလုံးသည် ပဓါန သာဖြစ်၏။ ဆရာများ ကိစ္စကို မည်သည့် ကိစ္စကမှ
ကျော်လွှားဖြစ်ပေါ် ဆောင်ရွက်ရန် မရှိပါ၊ မဖြစ်ပါ။
သို့သော်…..
အခန်း(၃) အပိုဒ် ၄ (ဂ) ရှိ မျိုးဆက်သစ် တက်လူ အင်ဂျင်နီယာငယ်များ အတွက်
ဆောင်ရွက်ရန် ရှိသော လုပ်ငန်း တို့မှာ ဦးစားပေး နံပါတ် (၁)
မဟုတ်သော်ငြားလည်း ဖောင်ဒေးရှင်း၏တည်ထောင်သက် ရင့်လာသည်နှင့်အမျှ၊ ရံပုံငွေ
အင်အား လုံလောက်စွာတိုးပွါးလာသည် နှင့်အမျှ…၊ ယင်းကိစ္စကို
ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါသည်။
အခန်း (၄) ပါ ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း ရည်ရွယ်ချက် မှာလည်း ရှင်းပါသည်။
အခန်း(၄) အပိုဒ် ၅(ခ) အရ၊ဤဖောင်ဒေးရှင်းသည် ” အစိုးရနှင့် မသက်ဆိုင်သော ဖောင်ဒေးရှင်း ” ဖြစ်ကြောင်း…။
အပိုဒ် ၅(ဂ) အရ ” ဘဏ္ဍာငွေ အမြတ်အစွန်းသို့ ဦးတည်သော ဖောင်ဒေးရှင်း မဟုတ်ခြင်း ” ။
အတက်ပါ စာပိုဒ်၅(ခ) နှင့် ၅(ဂ) တို့ သည် စာရေးသူတို့ ဖောင်ဒေးရှင်း၏ လုပ်ငန်း အနေဖြင့် အင်ဂျင်နီယာ များနှင့် ပတ်သက်ပင် ပတ်သက်နေပါသော်လည်း အလှူငွေ ပေါ်၌သာ ရပ်တည်ခြင်း၊ နိုင်ငံတော် အစိုးရနှင့် ဆက်စပ်မှု မရှိခြင်း၊ ဟူသော အချက်နှစ်ချက် တည်းကို ကြည့်လျှင်ပင် ……..
ဤ ” စွယ်တော်ရိပ် ဖောင်ဒေးရှင်း ” သည်…….
မည်သည့် အသင်း အဖွဲ့၊ မည်သည့် ဖောင်ဒေးရှင်း၊ မည်သည့် အဖွဲ့အစည်း သမဂ္ဂ နှင့် မဆို လုံးဝ ခြာနား၊ တစ်မူ ကွဲပြားကြောင်း သိသာနေပါသည်။ မည်သည့် အသင်း၊ အဖွဲ့အစည်းနှင့်လည်း ယှဉ်လျက် ရပ်တည် ဖြစ်ပေါ် နေရသည့် အနေအထား တွင် မရှိပါ…။
ထို့ကြောင့်၊ စွယ်တော်ရိပ် ဖောင်ဒေးရှင်း ၏ သန့်စင် မွန်မြတ်လှသော ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည် ပေါ်လာစေရန် အင်ဂျင်နီယာကြီးငယ် အားလုံး မေတ္တာ စေတနာ အပြည့်ဖြင့် ပါဝင် ပံ့ပိုးပေးကြပါ ခင်ဗျား။

RIT ကျောင်းသားဟောင်းတွေက သက်ဆိုင်ရာ မေဂျာအလိုက် ဆရာကန်တော့ပွဲတွေ အခါအားလျော်စွာ လုပ်ကြတယ်။ ဆရာတစ်ယောက် နေမကောင်းလို့ ဆေးရုံတက်ရင် သိတဲ့ကျောင်းသားဟောင်းတွေကတဆင့် နီးစပ်ရာ ကျောင်းသားဟောင်း အသိုင်းအ၀ိုင်းက တတ်နိုင်သလောက် ကူညီစောင့်ရှောက်ကြတယ်။ ဒါပေမဲ့ ဘယ်မေဂျာက ဘယ်ဆရာ ဆေးရုံတက်တက် ကူညီစောင့်ရှောက်မယ်လို့ တာဝန်ယူထားတဲ့ အဖွဲ့အစည်းအနေနဲ့တော့ မရှိခဲ့ဘူး။
၂၀၁၃ မှာ အိမ်မှာ တစ်ယောက်ထဲ နေတဲ့ RIT က ဆရာ တစ်ယောက် အိပ်ရာထဲမှာ ကွယ်လွန်သွားတယ်။ ဘယ်သူမှ မသိလိုက်ဘဲ အနံ့ထွက်လာမှ အရပ်က သိခဲ့ရတယ်။ အဲဒီလိုဘဲ နိုင်ငံတကာ မဟာဘွဲ့တွေရထားပြီး တချိန်က RIT ကျောင်းသားတွေကို တာဝန်ကျေခဲ့တဲ့ ဆရာ လင်မယား သူတို့ရဲ့ ဘ၀ နေ၀င်ချိန်ကို သစ်စက် နောက်က ရွှံတွေ ဗွက်တွေကြားက မနဲသွားရတဲ့ ၆ပေ ၁၀ ပေအခန်းမှာ ကုန်လွန်နေတာကို ဆရာကန်တော့ပွဲ လာမတက်လို့ ကန်တော့ငွေ သွားပေးတဲ့ ကျောင်းသားဟောင်းကြီး တစ်ယောက်က တွေ့လာခဲ့တယ်။
RIT က ကျောင်းပြီးပြီး အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ ဒီလောက်များပါရက်နဲ့ အလှူရေစက် လက်နဲ့ မကွာ ဆိုသလို လှူခြင်တန်းခြင်တဲ့ လူတွေလဲ များပါရက်နဲ့ ဒီလိုအဖြစ်မျိုးတွေ ရှိနေရတာဟာ ဆရာတွေရဲ့ ကျန်းမာရေး လူမှူရေးကို တာဝန်ယူ စောင့်ရှောက်ပေးမဲ့ ဗဟိုပြု အဖွဲ့အစည်း မရှိုလို့ဘဲ လို့ သဘောပေါက်မိတဲ့ အဲဒီကျောင်းသားကြီးက အဲလို စိတ်ကူး ရှိနေပြီးဖြစ်တဲ့ RIT အနုပညာအသင်းက ဆရာတွေ ကျောင်းသားဟောင်းတွေနဲ့ ပူးပေါင်း၊ စိတ်ကူကိုယ်တူ ကျောင်းသားဟောင်းကြီး ငယ် လတ်တွေကို စည်းရုံး လှူံ့ဆော်ပြီး စွယ်တော်ရိပ် ဖောင်ဒေးရှင်းဆိုတာ ကို စတင် တည်ထောင်ခဲ့တယ်။
ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်က ရိုးရိုးရှင်းရှင်းဘဲ ဖြစ်တယ်။ RIT က ဆရာတွေကို ကျန်းမာရေး စောင့်ရှောက်မှူ ပေးမယ်။ တိုတိုပြောရင် ဆေးရုံတက်ရင် ထောက်ပံ့ငွေ ပေးမယ်။ အဲဒီအတွက် စေတနာရှင် ကျောင်းသားဟောင်းတွေဆီက အလှူခံမယ်။. အလှူငွေကို ငွေပဒေသာပင် စိုက်ပြီး အတိုးနဲ့ ထောက်ပံ့မယ်။ အလှူရှင်ကို ရာသက်ပန် အတိုးများစေမယ်။ အလှူငွေကို ဆရာတွေကို ထောက်ပံ့ဖို့ဘဲ သုံးမယ်။ ဖောင်ဒေးရှင်း စရိတ်ကို စေတနာရှင် ကျောင်းသားဟောင်းတွေက နိုင်ရာ နိုင်ရာ ၀ိုင်းခံကျမယ်။ အစည်းအဝေးမှာ အလှူရှင် ရှိရင် လှူတာ စားရမယ်။ အလှူရှင် မရှိရင် ရေတောင် မသောက်ရဘူးဆိုတဲ့ မူနဲ့ သွားတယ်။ သင်းဖွဲ့စည်းမျဉ်းနဲ့ အညီ EC နဲ့ လပတ် အစည်းအဝေးနဲ့ EC အစီရင်ခံစာနဲ့ ငွေစာရင်း ရှင်းတမ်းနဲ့ နှစ်ပတ်လည် အသင်းသား စုံညီ ညီလာခံနဲ့ စနစ်တကျ ဆောင်ရွက်တယ်။ FB မှာ page ယူပြီး လှူပ်ရှားမှုတွေ တင်ထားတယ်။
တကယ်လုပ်ပေးနေတာကို သိတဲ့အတွက် ကျောင်းသားဟောင်းတွေက ၀ိုင်းဝန်းကြတယ်။ တချိန်မှာ နေစရာ မရှိတဲ့ ဆရာတွေကို ယာယီ နားခိုရာ ပေးမဲ့ စွယ်တော်ရိပ်မွန် တည်ဆောက်ဖို့ အလှူငွေ အပါအ၀င် အလှူငွေ သိန်း ၄ထောင် ကျော် ရရှိထားပြီး အတိုးအညွန့်ကနေ ဆရာ တစ်ယောက် ဆေးရုံတက်တိုင်း ၅သိန်း ကူညီထောက်ပံနေတာ စတင်ခဲ့တဲ့အချိန်က အခုအချိန်အထိ ၅၂ကြိမ် ကူညီ ထောက်ပံ့ခဲ့ပြီး ဖြစ်တယ်။
အငြိမ်းစားသွားတဲ့ ဆရာတွေ နေ၀င်ချိန် ကျန်းမာရေး စောင့်ရှောက်မှူ ပေးရုံတင်သာမက နှစ်စဉ် maintenance budget မရသလောက် ဖြစ်နေတဲ့ ကျောင်းတော်ကြီးက ပါချူပ်အိမ်တောင် မိုးရွာရင် ထီးဆောင်းနေရတဲ့အထိ ဆရာနေအိမ်တွေ ယိုယွင်းလာတဲ့ အနေအထားကိုလဲ သီးသန့် အလှူငွေ ကောက်ခံပြီး ပြင်ဆင်ဖို့ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တာ ဆရာ နေအိမ် (၁၀) လုံးရဲ့ အမိုးတွေ ပြုပြင်ဖို့ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်တယ်။
ကိုယ့်အဖွဲ့လေးနဲ့ ကိုယ် နှစ်စဉ် ဆရာတွေကို ဆေးစစ်ပေးနေတဲ့ အဖွဲ့တွေ၊ ဆရာတွေ မျက်စိခွဲဖို့ လိုရင် ကူညီနေတဲ့ အဖွဲ့တွေ၊ ဆရာတွေ သွား ပြင်ဖို့ လိုရင် ကူညီနေတဲ့ အဖွဲ့တွေက ယုံယုံကြည်ကြည် ပူးပေါင်းတာဝန်ပေးလာလို့ သူတို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ပင်တိုင် တာဝန်ခံ ဆောင်ရွက်ပေးနေပြီဖြစ်တယ်။
RIT ကို RASU ကနေ ၁၉ ၆၄ နိုဝင်ဘာ ၄ရက်မှာ ခွဲထုတ်တယ်။ ဒါကြောင့် RIT ဟာ ၂၀၁၄ နိုဝင်ဘာ ၄ရက်မှာ နှစ် ၅၀ ပြည့်ခဲ့တယ်။ RIT နဲ့ တရက်ထဲ ခွဲထုတ်ခဲ့တဲ့ Eco က နှစ် ၅၀ ပြည့် ရွှေရတုကို ချိမ့်ချိမ့်သဲသဲ စည်စည်ကားကား ဆောင်ရွက်နေတဲ့အချိန်မှာ RIT အတွက် ကမကထ လုပ်မဲ့လူ မရှိဘဲ ဖြစ်နေခဲ့တယ်။ Eco နဲ့ ယှဉ်ရင် ဘာမှ အဖြစ်မရှိသလို ဖြစ်နေတော့ ဘာမှ မတတ်နိုင်ရင် ကျောင်းထဲမှာ ကိုယ် တတ်နိုင်သလောက် ပိုက်ဆံနဲ့ ရွှေရတု အထိမ်းအမှတ် စွယ်တော်ပင် ၅၀ စိုက်ခွင့် သွားတောင်းမယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီး ပါချူပ်ကို သွားပြောကြတယ်။ အဲဒီတုံးက ပါချူပ်က ကျနော်လဲ ကျောင်းမှာ fund မရှိလို့ လုပ်ချင်ရက်နဲ့ မလုပ်နိုင်တာ ၀ိုင်းဝန်းမဲ့သူတွေ ရှိရင် ၂၀၁၄ မကုန်ခင် လုပ်ချင်တယ်။ နို့မို့ ရွှေရတုတောင် မလုပ်နိုင်ဘူးလို့ တသက်လုံး အပြစ်တင် ခံရလိမ့်မယ်လို့ သဘောညီခဲ့တဲ့အတွက် စွယ်တော်ရိပ်ကအလှူရှင်တွေကို ဗဟိုပြုလို့ ပါချူပ်က အရင် Worldwide ဆရာပူဇော်ပွဲတွေမှာ ပါဝင်တဲ့သူတွေကို ဖိတ်ခေါ်၊ ရက်တိုတိုအတွင်း အစည်းအဝေး အကြိမ်ကြိမ်လုပ်လို့ ပကာသန မပါတဲ့ ကျောင်းသားဟောင်းတို့ရဲ့ RIT ရွှေရတုပွဲကို ၂၀၁၄ မကုန်ခင် ၂ရက်အလိုမှာ ကျောင်းသားဟောင်း တစ်သောင်းနီးပါး တက်ရောက်ပြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်။
RIT Worldwide ဆရာပူဇော်ပွဲကို အမေရိကရောက် ကျောင်းသားဟောင်းတွေက ကမကထ လုပ် စတင် ကျင်းပခဲ့တယ်။ ၂၀၁၀ မှာ Worldwide ဆရာပူဇော်ပွဲနဲ့ Reunion ကို စင်္ကာပူမှာ အောင်အောင်ြမင်မြင် ကျင်းပနိုင်ခဲ့ပြီး ၂၀၁၂ RIT မှာ Undergrad တွေ ပြန်ပြီး လက်ခံတဲ့ နှစ်မှာ RIT ထဲမှာဘဲ Worldwide ဆရာကန်တော့ပွဲကို ပြန်လည် ကျင်းပနိုင်ခဲ့တယ်။ ၂နှစ်တစ်ကြိမ် လုပ်ဖို့ သတ်မှတ်ထားပေမဲ့ ၂၀၁၄မှာ မလုပ်နိုင်ခဲ့တော့ ၂၀၁၆ မှာ မလုပ်နိုင်ရင် မကောင်းဘူး ဖြစ်အောင် လုပ်ကြမယ် ဆိုပြီး ရွှေရတုကို အောင်မြင်အောင် လုပ်ခဲ့တဲ့လူတွေဘဲ ၀ိုင်းကြ ၀န်းကြ ပြန်တယ်။ အဓိကကတော့ စွယ်တော်ရိပ်နဲ့ ပင်မအခြေခံ သဘောတရားဖြစ်တဲ့ တာဝန်ယူ တာဝန်ခံလုပ်တဲ့လူတွေက အလှူငွေထဲက နှိုက်မစားဘဲ အလှူငွေ အားလုံးကို ပင်မ ရည်ရွယ်ချက်အတွက်ဘဲ အသုံးပြုတာကို ဆက်ပြီး လက်ခံကျင့်သုံးခဲ့တာ ဖြစ်တယ်။
RIT ရွှေရတုကိုရော ၂၀၁၆ Worldwide Reunion ကို ပါချူပ်က ကမကထ ပြုတဲ့ ဖြစ်မြောက်ရေး ကော်မတီက ကျောင်းသားဟောင်းတွေ ပါဝင်ဖို့ သတင်းစာက ဖိတ်ကြား၊ တက်ရောက်လာသူတွေထဲက လုပ်နိုင်သူတွေ က ကိုယ်လုပ်နိုင်တာ ကိုယ် တာဝန်ယူ၊ လှူနိုင်သူတွေက ကိုယ် လှူနိုင်တာ ကိုယ် လှူ၊ လုပ်လဲ မလုပ်နိုင် လှူလဲ မလှူနိုင်တဲ့လူတွေက လုပ်နိုင်တဲ့ လူတွေ လှူနိုင်တဲ့လူတွေ သိလာအောင် ပါဝင်လာအောင် လှူံဆော် သတင်းပေးတဲ့ စနစ်နဲ့ သွားခဲ့တယ်။ လုပ်ငန်းကော်မတီတွေ ဖွဲ့ထားပေမဲ့ ဘယ်အစည်းအဝေးမှ တံခါးပိတ် မဟုတ် ကျောင်းသားဟောင်း ဘယ်သူမဆို တက်လို့ရ ၀င်ဆွေးနွေးအကြံပေးလို့ရတယ်။ ကော်မတီတွေမှာပါတဲ့လူတွေဟာ focal အဖြစ် တာဝန်ယူထားတာသာ ဖြစ်ပြီး တကယ်ကတော့ အားလုံး ကျရာ နိုင်ရာကို ၀ိုင်းကြ ၀န်းကြခဲ့တာ ဖြစ်တယ်။ လုပ်ငန်းတိုင်းကိုတော့ စွယ်တော်ရိပ်ရဲ့ လုပ်ငန်း လမ်းစဉ်ဖြစ်တဲ့ အစည်းအဝေးခေါ်၊ အများသဘောတူ ဆုံးဖြတ်တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အကောင်အထည်ဖော်၊ အစည်းအဝေး မှတ်တမ်းနဲ့ ဘဏ္ဍာရေး ရှင်းတမ်း up to date လုပ်ပြီး ပွင့်လင်းမြင်သာမှူ ရှိအောင် ဆောင်ရွက်တာကို ဆက်ပြီး လက်ခံ ကျင့်သုံးခဲ့တယ်။
စွယ်တော်ရိပ်ဟာ ပြည်ထောင်စု မှတ်ပုံတင် အဖွဲ့မှာ မှတ်ပုံတင် ထားတဲ့ တရားဝင် အဖွဲ့အစည်းဖြစ်တယ်။ RIT ကျောင်းသားဟောင်းတိုင်း စွယ်တော်ရိပ်မှာ ပါဝင်လို့ ရတယ်။ သင်းဖွဲ့စည်းမျဉ်းအရ နှစ်စဉ် AGM လုပ်ပြီး ၂နှစ်တစ်ကြိမ် EC ရွေးကောက်ပွဲ အတွက် သတင်းစာကနေ ကြော်ငြာထည့်ပြီး ကျောင်းသားဟောင်းတိုင်းကို ဖိတ်ခေါ်တယ်။ FB Page က တဆင့်လဲ အသိပေးတယ်။ စွယ်တော်ရိပ်မှာ တက်တက်ကြွကြွ ပါဝင် လှူပ်ရှားနေသူတွေကလဲ သူတို့ရဲ့ FB wall ကနေ တဆင့် အသိပေးတယ်။ မသိသေးတဲ့လူတွေ ဒုနဲ့ ဒေး ရှိနိုင်တယ်။ ပိုများများ သိဖို့ကတော့ သိသူတွေက လက်ဆင့်ကမ်းမှ ပို ထိရောက် ပြန့်နှံမယ်။
(ဒီ status မှာ ၀ိုင်းဝန်းခဲ့တဲ့သူတွေ ပံ့ပိုးကူညီခဲ့တဲ့သူတွေကို နံမည် ဖော် ရေးမထားဘူး။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို ဂုဏ်တင်ဖို့ထက် ဘယ်လို အလုပ်လုပ်နေတယ်ဆိုတာ မီးမောင်းထိုးပြဖို့ ရည်ရွယ်ရင်း ဖြစ်တယ်)

The photo of five RIT Alumni was taken at the San Francisco Bay Area Literary Talks 2018.
Aw Pi Kyeh gave a talk titled “Made in Myanmar”. He is President of the Myanmar Cartoonists Association. During his RIT days, he served as Secretary of the RIT Cartoonists Association. He was a contributor and maintainer of the “RIT Cartoon Box” (which was an old telephone kiosk/booth with cartoons pasted from the inside).
Ko Myint Soe and Ko San Lin are among the sponsors of the Talks.
Ko Win Htut asked an attendee to take the group photo with his camera. Thanks.









