Category: Event

  • Happy Anniversary

    Happy Anniversary

    by Hla Min

    Updated : May 2025

    More than five decades

    Our wedding reception

    Enjoying Love Songs

    Music lovers

    Happy 52nd Anniversary to

    • a Caring Spouse
    My beloved spouse
    • a Dutiful Mother
    With our sons
    • a Loving Grandmother
    With our grandkids

    May you be blessed with

    • Good Health
    • Abundant Wealth
    • Unbounded Love
    • Happiness
    • Peace
    • Calm
    • Tranquility
    • … for many more years to come.

    Celebrations

    Cruise Gift by our sons in 2013

    Cruise

    June 23, 2019 Breakfast

    with our sons, daughter-in-law and Myees

    June 23, 2109 Lunch

    Ko Benny Tan (M70) and Ma Angelina hosted a lunch for our 46th Anniversary.

    With Benny & Angelina

  • ChE 72

    Chemical

  • ChE 80

    Chemical

  • ChE 74

    Chemical

  • ChE 72

    Chemical

  • Class of 71

    U Khin Maung Myint (ChE71) and Daw Mai Khin Khin Nyunt (Rosie, ChE71) were among those who graduated from RIT in 1971. They shared the results published in Working People’s Daily.

    This image has an empty alt attribute; its file name is wpd-1.jpg
    This image has an empty alt attribute; its file name is wpd-2.jpg

    Architecture

    • Saw Orson
      Volleyball

    Chemical

    • Nwe Ni Wai
    • Khin Maung Myint
    • Mae Khin Nyunt (Rosie)
      Organizer
    • Khin Mya Swe

    Civil

    • Khin Maung Chit
    • Win Myint
      High School LYC

    Electrical

    • Tin Win (Electrical Communications)
    • Tin Than (Electrical Power)
    • Htun Aung
    • Pwint Than
      High School LYC

    Mechanical

    • Ne Win (Mechanical)
    • Myint Htay (Automobile)
    • Ma Nwe (Agriculture)
    • Myint Thin (GBNF)
      Luyechun
      Rowing
    • Myint Toe
    • Aung Win (Owen Khoo)
      Hockey
    • Khin Maung Myint
      Rowing
    • Myint Than
      Rowing
    • Soe Khine
      Organizer
    • Uttam Singh
      High School LYC

    Metallurgy

    • Nyan Tun U (Metallurgy)
    • Win Kyaw
      Rowing

    Mining

    • Saw Thant (Mining)
    • Win Myint (Petroleum Production)

    Textile

    • Aye Aye Myint (Textile)
  • NorCal RITAA Meetings

    Before the pandemic, NorCal RITAA used to have quarterly Face-to-face meetings.

    The photos were taken at a meeting hosted by Saya U Myat Htoo (C68), Chair of BOD (Board of Directors).

    U Myat Htoo plays the piano and ukulele. He wrote a parody “Lost Neikban Bohn (RIT)”.

    Lost Neikban Bohn (RIT)
  • Gatherings

    Mechanical Pu Zaw Pwe in 2018

    • Some Sayas are now GBNF
      Saya S. Arya
      Saya U Soe Lwin

    December gathering at Sein Hlyan in 2018

    • Hosts : December born
      U Tha Tun
      U Ye Lwin (Percy)
      U Nyunt Shwe
      Sai Thein Maung (RIT Goalkeeper & Sprint Champion)
      U Zaw Win (Textile)
      Daw Lily Tha
    • Attendees
      include Daw Tin Tin Myint (Emma, Singapore)

    Ko Khin Maung Than wrote :

    ဒီနေ့ Sein Hlyan mini-gathering မှာပေါ့ ။

    ဒီတပါတ်လူအင်အားနည်းတယ်ကွယ်။

    ဟောမဲ့ပြောမဲ့ Khin Maung Myint ကလည်းရောက်မလာ

    ။နေပြည်တော်ဇွတ်လိုက်များကလည်းရောက်မလာတော့ ပွဲမစညမဘူးပေါ့ ။

    UCC Ah Hlu

    • Saya U Soe Paing and Daw Saw Yu Tint
    • U Thein Oo and Daw Than Than Tint
    • U Myint Swe
    • Daw Tin Moe Wai
    • Daw Myint Myint Thein

    Old Paulians’ Gathering

    • U Kyaw Wynn
    • U La Min
    • U Aung Kyaw Myint (Eddie)
    • Dr. Khin Maung Zaw (Frank)
    • Dr. Nyunt Wai (Victor, Host)
    • Dr. Nyan Taw (Dicky)
  • M70

    In the early days, Mechanical Engineering Department had two sub-departments : Automobile Engineering and Agricultural Engineering.

    • U Tha Htay (M70)
      major donor of the gatherings for the Combined 1st BE Intake of 64 and 65.
    • U Win Htay (Walter, M70)
      lives in Southern California, USA)
      He is a cousin of Saya U Tun Shwe (M60).
    • U Win Aung (M70)
      was selected High School Luyechun at TTC Practicing School in the Summer of 1964.
      He served as Secretary of RIT Swimming & Water Polo.
    • U Soe Aung (M/Auto70)
      served as Secretary of RIT Ah Nu Pyinnya Ah Thin.
      He wrote articles for the Combined 1st BE Intake of 64 and 65.

    Miscellaneous

    • Benny Tan (M70)
      Major donor of gatherings for the Combined 1st BE Intake of 64 and 65.
      He is a Multiple Golden Sponsor of SPZPs.
    • U Ohn Khine (M70)
      Admin of the Google Group for the Combined 1st BE Intake of 64 and 65.
      Volunteer for SPZPs, SDYF and HMEE Project
      He and U Hla Min (EC69) compiled the CD Supplement for HMEE Book.
    • U Cho Aye (M70, GBNF)
      Organizer for the Combined 1st BE Intake of 64 and 65.
      He and U Win Lwin (M69) represented the RIT Hiking and Mountaineering Association for the Ascent of Mount Victoria
    HMEE Project
    CD Supplement for HMEE Book
  • U Wara (ChE70)

    Sayadaw U Wara (U Win Paing, ChE70)

    U Wara 1
    • Became monk after taking the Final Year examination.
    U Wara 2
    • Succeeded Sayadaw U Vinaya as Chief Resident Monk at Kaba Aye Sun Lun Gu Kyaung
    U Wara 3
    • Was a Champion Golfer in his younger days

    ဘဝနတ်ထံပျံလွန်တော်မူခြင်း။

    ရေနံချောင်းမြို့ ကျောက်စာရုံ ဒါယိကာ -ဦးသန့်ဇင် ဒေါ်မမကြီး နှင့် ခြောက်ထပ်ကြီးဘုရားကြီး ဒါယိကာ -ဆာ ဦးဖိုးသာ လေဒီသာ (ခ) ဒေါ်ရီတို့၏မြေး စည်သူဦးပိုင် ICS(retd) ဒေါ်ဥယျာဉ် တို့၏ တတိယသား ဒေါက်တာဦးမျိုးပိုင်-(ဒေါ်ခင်မမ )၊ဦးစိုးပိုင်-ဒေါ်စောယုတင့် တို့၏ညီ၊ဦးကျော်ပိုင်-ဒေါ်အိအိမြတ် တို့၏အကို ၊တူတူမ ၁၀ ဦးတို့၏ ဦလေးတော် ဦးရီးတော် ဖြစ်သည်-(ဦးဝင်းပိုင် BE Engg Chemical 1970) “ဆရာတော်ဦးဝရ “သက်တော် ၇၅ နှစ် ဝါတော် ၅၂ ဝါ -၇မိုင်ကမ္ဘာအေးစွန်းလွန်းဂူကျောင်းဝိပသာနာ တိုက် ကမ္မာဌာနစရိယဆရာတော်”သည် ၂၆/၀၈/၂၀၂၁ နေ့ည ၁၁ နာရီအချိန်တွင် ဘဝနတ် ထံပျံလွန်တော်မူသွားပါသည်။

    ဆရာတော်မနာကျန်းဖြစ်မှုအားခွဲစိတ် ကုသပေးသော ဆရာဝန်ကြီးဦးတိုးလွင် ၊ဦးကျော်မြင့် -သမားတော်ကြီးဦးရဲမြင့် ၊ဦးသူရိန်ဝင်း နှင့် Oncology ဆရာဝန်ကြီးများအပြင် ပန်းလှိုင်ဆေးရုံကြီး၊ဂရင်းဟန် သာဆေးရုံကြီး၊ပင်လုံဆေးရုံကြီးတို့မှတာဝန်ရှိဆရာဝန်၊သူနာပြုဆရာများအားငုင်း၊ကမ္ဘာအေးစွန်းလွန်းဝိပသနာကျောင်းတိုက် ဂေါပကအဖွဲ့နှင့်ယောကီများအားငုင်းကျောက်ပန်းတောင်း ၊မိုးကုတ် ၊ပြင်ဦးလွင် တိုက်ခွဲများမှ တိုက်အုပ်ဆရာတော်နှင့်ယောဂီများအားငုင်း အထူးကျေဇူးတင်ရှိပါကြောင်းလေးစားစွာအသိ ပေးအကြောင်းကြားအပ်ပါသည်။

    ကျန်ရစ်သူညီအကိုများ

    Memories by Maung Aw (U Aung, C70)

    ၂၈ ဩဂုတ်လ ၂၀၂၁

    ၂၆ ဩဂုတ်လ ၂၀၂၁ နေ့က ပျံလွန်တော်မူသော ဆရာတော် ဦးဝရ (ဦးဝင်းပိုင်-ဓါတု အင်/ယာ ၇၀) အား ၂၀၁၇ ခုနှစ် က မောင်ဩ ရေးသားခဲ့သော ဆရာတော်အကြောင်းစာပုဒ် ဖြင့်ပူဇော်ပါသည်

    (ဆရာတော် အား ဦးခိုက်ပါသည်နှစ်၅၀ကျော် တရားဘာဝနာကျင့်ကြံသူမို့ သံသရာခရီး အတွက် စိုးရိမ်ဘွယ် မရှိပါ).

    ယုံကြည်သူ တို့၏ ခရီးလမ်း

    ၂၀၁၀ ပြည့် နှစ် စင်္ကာပူနိုင်ငံမောင်ဩ နှင့် သူငယ်ချင်း မောင်ရဲ တို့ နှစ်ဦးသည် ရန်ကုန်၊၇မိုင်ခွဲ စွန်းလွန်းဂူဓမ္မရိပ်သာ မှ တိုက်အုပ်ဆရာတော် ဦးဝရ အား ဖူးမျှော်ရန် ဆရာတော်တည်းခိုရာ၊ ဟော်တယ် ဆီသို့ သွားကြသည်။ဆရာတော် တည်းခိုရာ အခန်းတွင်းသို့ ရောက်သော်

    မောင်ရဲ : အရှင်ဘုရား…. သူ့ ကိုသိလား

    ဘုရားတနုစ်ထည်း ဓါတု အင်ဂျင်နီယာဘွဲ့ ရသော အတန်းဖော်သူငယ်ချင်းများဖြစ်ခဲ့ကြသည်အပြင် မောင်ရဲ သည် ဆရာတော်အား မကြာခဏ ဖူးမျှော် လေ့ရှိ၏။မောင်ဩ မှာ မူ မောင်ရဲ ကဲ့သို့မဟုတ်ချေ။ ယခု အကြိမ်သည် နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံး ပြန်၍ တွေ့ ဆုံ ခြင်းဖြစ်သည်။

    ဆရာတော်: သိပါတယ် မောင်ဩလေ၊ ဟုတ်တယ်မှုတ်လား

    မောင်ဩ : မှန်ပါ့ ဘုရား

    အဖြေ နှင့် အတူ မောင်ဩ ၏ အတွေး သည် ၁၉၆၅ ခုနှစ် ဒုတိယ အင်ဂျင်နီယာကျောင်းသားဘဝ ဆီသို့ ရောက်ရှိ သွားသည်။မြို့ပြအင်ဂျင်နီယာကျောင်းသားဖြစ်သော်လည်း အဆောင်အခန်းဖော်မောင်လွင်မှာ ဓါတု အင်ဂျင်နီယာ ကျောင်းသား မို့ သူ၏ အတန်းဖော်များ နှင့် မောင်ဩ ခင်မင် ရင်းနှီး ၏။ နေ့ကျောင်းသားများ ဖြစ်ကြသည့် ဆရာတော် အလောင်းအလျာ ဖြစ်သော မောင်ဝင်းပိုင် အပါအဝင်၊တင်ဝင်းမောင်နှင့် မောင်ကျော်မြင့်လေး တို့သည် အတန်းအားချိန်၌ မောင်ဩ တို့ အခန်းတွင် စတဲချလေ့ရှိသည်။ သူတို့ အတန်းဖေါ် ဓါတုအင်ဂျင်နီယာ ကျောင်းသား ဆန်နီခေါ် မောင်သန်းလွင်လည်း မောင်ဩ တို့ အခန်းသို့ တခါတရံ လာလည်သည်။ကျောင်းပြန်ဖွင့်ရက် ပခုက္ကူသား မောင်လွင် နှင့် ပျော်ဘွယ်သား မောင်ဩ တို့ ပါလာ အညာ အစား အစာများကို ရန်ကုန်သား သူငယ်ချင်းတို့ ခုံမင်နှစ်သက်ကြသဖြင့်အိမ်မှပါလာသော ရိက္ခာများသည် တစ်ပတ် ဆယ်ရက်မျှ သာခံလေ့ရှိ၏။

    ထိုခေတ် ထိုအချိန်အခါက ကိုယ်ပိုင် ကားဖြင့် ကျောင်းတက်ကြသော အာအိုင်တီ ကျောင်းသူ ကျောင်းသား ဦးရေ မှာ နည်းပါးသောကြောင့် သူတို့အား ကျန်ကျောင်းသားတို့ က ကောင်းစွာ သတိပြုမိကြသည်။တနှစ်ထည်း ကျောင်းဆင်းဖေါ် ဆောက်လုပ်ရေးဋ္ဌာန အငြိမ်းစား ပိသုကာကြီး ကိုသံမိုး က သူရေးသားသော အာအိုင်တီ ကျောင်းသား ဘဝ အမှတ်ရစရာ စာများတွင် ကိုယ်ပိုင် ကားဖြင့် ကျောင်းတက်ကြသော အာအိုင်တီ ကျောင်းသား အချို့၏ နာမည် များ ကို ဖေါ်ပြဖူးသည်။ သို့ရာတွင် မောင်ဩ သတိပြုမိသည်မှာ ကျောင်းသူတို့ကျန်ရစ်ခဲ့သည်။ သို့အတွက် အာအိုင်တီ ကျောင်းသား ဟောင်း ပီသစွာ ဝတ္တရားမပျက် မှတ်မိသမျှ ဖြည့်စွက် ရေးသားရပေတော့မည်။ယခုအခါ UPG သုတ်ဆေး လုပ်ငန်းပိုင်ရှင် ၊ ဓာတုအင်ဂျင်နီယာ ကျောင်းသူ ဒေါက်တာ တင့်တင့်ဝေ ၊မတင်မေညွန့်(ရိုစီကြီး)နှင့် လျှပ်စစ်အင်ဂျင်နီယာ ကျောင်းသူ ဒေါ်လီပြိုငြိမ်း တို့သည်လည်း ကိုယ်ပိုင် ကားဖြင့် ကျောင်းတက်ကြသော အာအိုင်တီ ကျောင်းသူများဖြစ်ကြ၏။အများအာဖြင့် ရန်ကုန်မှကျောင်းသားတို့ သည်ဘတ်စကား၊ မြို့ပတ်ရထားတို့ဖြင့် ကျောင်းတက်ကြသည်။ကွယ်လွန်သူ လူပျံတော်ပတ္တမြားဆေးတိုက်ပိုင်ရှင် (အဆိုတော်ဖြူ သီ ၏ ခင်ပွန်း) ကိုအောင်မြင့် ကိုသာ မာစီဒီကားဖြင့် ကျောင်းတက်သည် ဟု ကိုသံမိုး ရေးခဲ့သည်။ ထိုစဉ်က မာစီဒီကားဖြင့် ကျောင်းတက် သော အာအိုင်တီ ကျောင်း သား နောက်ထပ် တစ်ဦး ရှိခဲ့သည် ကို မောင်ဩ အသေအချာသိသည်။အဘယ်ကြောင့်ဆိုသော် ထိုသူမှာ မောင်ဩ တို့ သူငယ်ချင်း မောင်ဝင်းပိုင် ဖြစ်သောကြောင့် တည်း။သူ၏ ဃ နံပါတ် အနက်ရောင် မာစီဒီကား အား မောင်ဩ တို့ သူငယ်ချင်း တစ်စု ကြိမ်ဖန်များ စွာ စီး ဖူး သည်။

    ဤသို့ဆိုလျင် မောင်ဝင်းပိုင် သည်ချမ်းသာကြွယ်ဝသော မိသားစုဝင်တစ်ဦးဖြစ်ကြောင်းရိပ် စားမိပေလိမ့်မည်။မှန်၏။သူသည် ခြောက်ထပ်ကြီး ဘုရား ဒါယကာ၊ ရန်ကုန်မြို့ မျက်နှာဖုံး သူဌေးကြီး ဆာဘိုးသာ ၏ မြေး ဖြစ်သည်။ သူ့ မိခင်မှာ တစ်ဦးတည်းသောသမီးဖြစ်၏။သူ နှင့် မောင်ဩ တို့ သိကျွမ်းချိန်၌ သူ့ မိခင် ဒေါ်ဥယျာဉ်ကွယ်လွန်ပြီဖြစ်သည်။ထိုစဉ်က အဖွားမှာ သက်ရှိ ထင် ရှား ရှိနေသေး သဖြင့် မြေးသူငယ်ချင်းဖြစ်ကြသော မောင်ဩ တို့ သူငယ်ချင်း တစ်စု အား အဖွားသည် မြေးကို အကြောင်း ပြု ၍ ခင်မင်သည်။ဘခင်မှာ အိုင်စီအက် ဘွဲ့ ရ ပုဂ္ဂိုလ် ကြီး တစ်ဦးဖြစ်သည်။

    ညီအစ်ကို ၄ယောက်အနက် မောင်ဝင်းပိုင်သည် တတိယ မြောက် သားဖြစ်သည်။ အစ်ကို အကြီးဆုံးမှာ ငှက်ဖျားတိုက်ဖျက်ရေးမှ ဆရာဝန်ကြီး၊ ဒေါက်တာမျိုးပိုင် ဒုတိယ အစ်ကို မှာ ရန်ကုန်စက်မှုတက္ကသိုလ် လျှပ်စစ်အင်/ယာဌာန နှင့် တက္ကသိုလ်များ ကွန်ပြူ တာ ဋ္ဌာန တို့ ၌ အမှုထမ်းခဲ့ သော ဆရာ ဦး စိုးပိုင် ဖြစ်သည်။ ညီဖြစ်သူမှာမူ ထိုစဉ်က ဥပဒေဘွဲ့ တက်ရောက်နေသော တက္ကသိုလ်ကျော်းသား၊မြန်မာ့ လက်ရွေးစင် ဂေါက်သီးသမားဖြစ်၏။ နောင်သော် ဘဏ်တစ်ခု၏ဥက္ကဋ္ဌ ဖြစ်လာသူ ဦးကျော်ပိုင်ဖြစ်သည်။ ငါးထပ်ကြီး ဘုရား ဝန်းကျင်ရှိ သူတို့ ၏ ခြံဝင်းမှာ ဧကပေါင်းများစွာကျယ် ဝန်း လှသည်။သူငယ်ချင်း မောင်ပိုင် ၏ မိဘ ဆွေမျိုး တို့ အကြောင်း အသေးစိတ် မောင်ဩ ရေးသားဖေါ်ပြနေခြင်း အကြောင်းရင်း ကို ဤစာပိုဒ် ဖတ်ရှု့ အပြီး၌ စာဖတ်သူ နားလည်သဘောပေါက်လိမ့် မည်ဟု မောင်ဩယုံကြည်မိသည်။

    ဒုတိယနှစ်၊ တတိယနှစ် တို့ တစ်နှစ်၊တစ်နှစ်ကုန်လွန်လာခဲ့ရာ စတုတ္ထ နှစ်ဝက်ပိုင်း သို့ ရောက် ရှိကြသောအခါ ၊ သူငယ်ချင်း တစ်ချို့ နည်းတူ ၊ နှလုံးသားရေးရာ ကိစ္ဂ များ သည် အသက်၂၀ ကျော် အရွယ် မောင်ပိုင်နှင့် မောင်ဩ တို့၏ ရင်၌ တွယ် ငြိ ကြ လေပြီ။မောင်ဩ သည် သူတို့ထက် ၃တန်းငယ်သော ဓါတုအင်ဂျင်နီယာကျောင်းသူ ၊ နောင် မဟေသီ ဖြစ်လာမည့် မယ်အေး ကိုမျက်စေ့ ကျနေသည်။မောင်ပိုင် သည်လည်း ၂ တန်း ငယ်သော ချည်မျှင် အင်ဂျင်နီယာ ကျောင်းသူ တစ်ဦးအား နှစ်သက် သဘောကျ နေ၏။နှစ်ဦး စလုံး မှာ ထုံးတမ်း အစဉ်အလာ အတိုင်း ချောင်းကြည့်ပြုံး ပြန်အဆင့်၌ သာရှိကြသည်။ မူလ က မရင်း နှီးကြသည့်အပြင်၊သည်လိုကိစ္စ တွင် အတွေ့အကြုံမရှိ ၊နှစ်ဦးစလုံး ရှက်ရွံ့ တတ်သူများမို့ အချိန်အတော်ကြာ တိုးတက်မှုနှုန်း နှေးကွေးလျက်ပင်။ သဘောကျနေသော ထိုကျောင်းသူတို့အား တစ်ကြိမ်မျှ စကားပင်မပြောဘူးကြပေ။ သို့သော် သူငယ်ချင်းနှစ်ယောက်တွေ့ ကြ သော အခါ၌

    မောင်ပိုင်: ကိုဩ …. ရှမ်းမလေး နေကောင်းရဲလားမယ်အေး သည် ရှမ်းပြည်မှ ကျောင်းလာတက်သူ မို့ ရှမ်းအနွယ်ဝင် တိုင်းရင်းသူ ဟု ထင်မှတ်ခြင်းဖြစ်သည်။

    မောင်ဩ : ကောင်းပါ သဗျာ ၊ ဖက်ဖူးဆင် ခင်ခင် က မေးလိုက်တယ်၊ ကို ပိုင် ကို မတွေ့ တာကြာပြီ ၊ သူ နေမှ ကောင်းရဲ့လား တဲ့။

    မောင်ပိုင် ပြုံးနေ၏။မောင်ပိုင် သဘောကျနေသူ ကျောင်းသူ၏ နာမည်တွင် ခင်ခင် ပါ သည့်အပြင် စိမ်းဝါရောင် ဖက်ဖူးဆင် အဝတ်အစား ဝတ်ဆင်လေ့ ရှိသောကြောင့်သီချင်းတစ်ပုဒ် တွင်ပါရှိသော ” ဖက်ဖူးဆင် ခင်ခင် ကြိုက် တယ် ‘ စာသား ကို ယူကာ ၊ သူမ အား “ဖက်ဖူးဆင် ခင်ခင်” ဟု မောင်ဩ တို့ အမည်ပေး ခေါ်ဝေါ် ကြသည်။ခင်ခင် ၏ အသားအရည်သည် ဖြူ စင် ဝင်းဝါ ၍ ရှင်းသန့် သော မျက်နှာပေါက်မျိုး ပိုင်ဆိုင်သူဖြစ်သည်။ မောင်ပိုင် စိတ် တွင်မည်သို့ ရှိမည်မသိ ၊ခင်ခင် ၏ လှုပ်ရှားပုံ ကိုယ်နေ ကိုယ်ထားသည် ရုပ်သေးမင်သမီး ရုပ်နှင့် တူသည်ဟု မောင်ဩ ထင်မိသည်။ခင်ခင်ကြောင့် ထင်သည် ၊ ဘိုကေတစ်လုံး အဆုံး မခံလိုသဖြင့် အဖွား တောင်းပန် တိုက်တွန်းသော်လည်း၊ အစ်ကိုအကြီးဆုံး နှင့် ညီ တို့ ဒုလ္လဘရဟန်းခံကြရာတွင် မပါဝင်ပဲ မောင်ပိုင် ရှောင်ရှားခဲ့သည်။

    လူ့ဘဝသည် ဆန်းကျယ်လှ၏။ ဘဝ တစ်ဆစ်ချိုးတွင် မထင်မှတ်ပဲ အပြောင်းအလဲ ဖြစ်သွားတတ်သည်။တနှစ်ခန့် အကြာ၊ ၅ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲ ကျင်းပ စဉ် ဆူပူမှုဖြစ်ပွားသောကြောင့် တက္ကသိုလ်များ တွင် စာသင်ချိန်ဖျက်သိမ်းကာ ကျောင်းပိတ်လိုက်၏။ကျောင်းပြန်ဖွင့်သောအခါ ၊ မောင်ဩတို့ အခန်း ၌ ရင်းနှီးသော သူငယ်ချင်းများစုဝေး မိစဉ်

    မောင်ပိုင် ” ကိုယ်…. မင်းတို့ ကို ပြောစရာ ရှိတယ်။ ကျောင်းပြီး ရင် တစ်သက်လုံး ရဟန်းဝတ်ပြီး တရားအားထုတ်တော့မယ်၊ အဖွားကို ပေးထား ကတိ ကြောင့် ကျောင်းပြီးတဲ့အထိစောင့်တာ “

    သူငယ်ချင်းတစ်စု အံ့ဩကာ မင်သက်မိကြသည်။ မောင်ပိုင်သည် မိရိုးဖလာ ဗုဒ္ဗဘာသာဝင် တစ်ဦးသာဖြစ်၍ ၊ခင်မင်ခဲ့ကြသောနှစ်ကာလ တစ်လျောက် မောင်ဩသိသမျှ၊ ဘာသာရေး အထူးကိုင်းရှိူင်းသူမဟုတ်ချေ။အဘယ်သို့သော အကြောင်းတရားကြောင့် ဤသို့ ထူးခြားလှသော ဆုံးဖြတ်ချက် သံဓိဌာန်ကို မောင်ပိုင် ချမှတ်ရပါသနည်း။မောင်ပိုင် အကြောင်းစုံ ရှင်းပြသည်။ကျောင်းပိတ်ရက် အားလပ်နေသော မောင်ပိုင်သည် ဦးလေးတော်စပ်သူ တရား အားထုတ်ရန် ကားမောင်း၍ ၇မိုင်ခွဲ စွန်းလွန်းဂူ ကျောင်းသို့လိုက်ပို့သည်။ကျောင်းထိုင်ဆရာတော် တိုက်တွန်းသဖြင့် မောင်ပိုင်သည် သူ့ဘဝ တစ်သက်တာ တွင် ပထမ ဆုံး တရားထိုင်သည်။ ထူးခြားသော အတွေ့အကြုံ ရသည် ဟူ၍ သာ မောင်ပိုင် ပြောပြသည်။တရားထိုင်အပြီး ထိုဆုံးဖြတ်ချက်ချ ခဲ့ခြင်းဖြစ်၏။ထိုဆုံးဖြတ်ချက်ကြောင့် မောင်ပိုင် နှင့် ခင်ခင် တို့ ၏ မေတ္တာ ဇာတ်လမ်းသည် ရှေ့ မဆက်နိုင်ပဲ တစ်ခန်းရပ်လေတော့သည်။

    ၁၉၉၀ ပြည့် နှစ်မောင်ဩ နှင့် မယ်အေး တို့ သားများ ရှင်ပြု ပွဲ အတွက် သင်္ကန်းများ ဝယ်ယူခွင့် လျောက်ထားရန် စက်မှူ(၁) အထည်အလိပ်ရုံး(ယခု ဆီဒိုးနားဟော်တယ်နေရာ) သို့ သွားခဲ့သည်။ ရုံးအတွင်း ၌ အလုပ် လုပ် နေသော ဖက်ဖူးဆင် ခင်ခင် ကို မောင်ဩ လှမ်းတွေ့လိုက်ရာ သူငယ်ချင်း မောင်ပိုင် အားသတိရ မိသည်။ခင်ခင်သည် အိမ်ထောင် မပြု ၊ အပျိုကြီး ဘဝ ဖြင့် သက္ကရာဇ် ၂၀၀၀ ဝန်းကျင်၌ ကွယ်လွန်သွားရှာ သည်ဟုသိရသည်။

    ၁၉၇၀ ပြည့် နှစ် နောက်ဆုံးနှစ် ၊ နောက်ဆုံးစာမေးပွဲကို နေ့လည် ၁၂ နာရီခွဲ တွင်ဖြေဆိုပြီးကြရာ၊ မောင်ပိုင် အပါအဝင်မောင်ဩ တို့ သူငယ်ချင်း တစ်စု နေ့လည်စာစုစားကြသည်။ ထို့နောက် ပပဝင်းရုပ်ရှင်ရုံ (ယခု ရှန်ဂရီလာ ဟော်တယ် နေရာ) တွင် ပြသသော ၃န ာရီခွဲပွဲ အင်္ဂလိပ် ရုပ်ရှင်ကားကိုကြည့်ကြသည်။ မောင်ပိုင်၏ သူ့ဘဝ တွင် နောက်ဆုံးကြည့်ခဲ့ သော ရုပ်ရှင်ကား ပင်ဖြစ်၏။ရုပ်ရှင်အပြီး ၇မိုင်ခွဲ စွန်းလွန်းဂူ ကျောင်းသို့ တိုက်ရိုက်သွားကြကာ ၊ ညနေ ၆နာရီခွဲ အချိန်တွင်၊ ဆံချ ပြီးနောက် မောင်ဩ တို့ သူငယ်ချင်း သည် အရှင်ဝရ အဖြစ် ရဟန်းဘောင် သို့ ကူး ပြောင်းသွားလေပြီ။

    အနားတွင် ရပ် ကြည့် နေသော ၊ မောင်ပိုင် နှင့် အလွန်ရင်းနှီးသော သူငယ်ချင်း အောင်မင်း သည်စိတ်ပြောင်းကား သူ ပါ ရဟန်းခံ လေသည်။ ကျောင်းပြီးစ လူငယ်ဘာဝ၊ သူငယ်ချင်းသံယောဇဉ် မကုန်နိုင်သောကြောင့် မောင်ဩ ကျောင်းသို့ မကြာခဏ သွားရောက်ရာ၊ တရားနားချိန်၌ ဦးပ ဉ္ဇင်း နှစ်ပါး ဘွဲ့ယူစာတမ်းရေးနေသည်ကိုတွေ့ရ၏။စာတမ်းခေါင်းစဉ် ဖတ်ကြည့်ရင်း မောင်ဩ ပြုံးမိသည်။စာတမ်းခေါင်းစဉ် မှာ “ထန်းရည်မှ ဝိုင်အရက်ချက်နည်း စာတမ်း ‘ဟူ၍။သူငယ်ချင်းစိတ် မကုန်သော မောင်ဩ သည် နောက်ပြောင် လိုသဖြင့်

    မောင်ဩ ” ကိုယ်တော် ၂ပါး က တယ်ဟန် ကျတယ်၊ ဝိုင်အရက်ချက်နည်း စာတမ်း ရေးနေကြတာ၊ ကျောင်း ဓါတ်ခွဲခန်း မှာ လက်တွေ့ စမ်းသပ်ဖို့ လှည်းကူး ဘက် ကို အရှင်ဘုရား ကား နဲ့ ထန်းရည် သွားဝယ်ကြတာ သတိရမိတယ်၊သောက်ရင် မူး တဲ့ ထန်းရည် ကို ပိုပြီး မူး အောင်လို့ များ ဝိုင် အဖြစ်ပြောင်းတာ လား၊ တပည့်တော် ပေါက်ကရ စဉ်းစားမိတဲ့ ” ကိုယ်တော်တို့ ဝိုင်” လို့ တံဆိပ်ကပ်ရင် ဧကန် ငရဲကြီး မှာ “

    ဦးဝရ ” အမှန်ပြောရ ရင်၊ ဟို ဦးပဉ္ဇင်း ကိုငဲ့ ပြီး၊ စာတမ်း ကို အားထုတ် ရေးနေတာပါ၊ စာတမ်းတင်ပြီးမှ ဘွဲ့ရ မှာကိုး၊ အကယ်၍ ဟိုကိုယ်တော်လူထွက် ခဲ့ ရင် လုပ်ကိုင် စားသောက်ဖို့ ဘွဲ့လက်မှတ်လိုတယ်လေ၊ ဦးပဉ္ဇင်း ကတော့ ရဟန်းဘောင် က စွန့်ခွာ မှာ မဟုတ်ဘူး “

    ဆရာတော် ဆိုခဲ့သည့် အတိုင်း ၃ လအကြာတွင်၊ ဦးပဉ္ဇင်း အောင်မင်း လူထွက်၏။ အင်ဂျင်နီယာဘွဲ့လက်မှတ် ဖြင့် အလုပ်လျှောက်ရာ၊ သူငယ်ချင်း အောင်မင်း သည် အကြီးစား စက်မှု လက်မှု ကော်ပိုရေးရှင် ၌ အင်ဂျင်နီယာ အလုပ်ရရှိ ခဲ့သည်။

    လ အတန်ကြာသော် သူငယ်ချင်း များ ဝမ်းရေးအတွက် လုပ်ငန်းအသီးသီး၌ ဝင်ရောက်လုပ်ကိုင်ကြရာဓမ္မလမ်းကြောင်းပေါ် လျောက်လှမ်းရင်း သံသရာမှ လွတ်မြောက်ရာအားထုတ်နေသော ဆရာတော်ဦးဝရ နှင့် သမုဒယနယ်တွင်ပျော်မွေ့နေကြသော မောင်ဩတို့လူတစ်စု လျောက်သောခရီးလမ်းသည်တဖြေးဖြေး ကွာလှမ်း လာတော့သည်။သို့နှင့် နှစ် ၄၀ ကျော်ကြာ မတွေ့ဖြစ်ကြချေ။ဖော်ပြသကဲ့ သို့ ဘဝတွင် ပြည့်စုံ ကြွယ်ဝသော လောကီ စည်းစိမ်ကို စွန့်လွှတ်ကာ ယုံကြည်သူ တို့၏ ခရီးလမ်း ကို ရွေးချယ်ခြင်းအတွက် ဆရာတော် ၏ အားထုတ်မှု အပေါ် သတိရတိုင်း မောင်ဩ သာဓု ခေါ်မိသည်။

    မောင်ဩ၂၀ နိုဝင်ဘာလ ၂၀၁၇