Category: Old Burma

  • Changes in Education System

    Matriculation in 1963

    Examples of Changes

    Old Education System

    Matriculation students

    can take

    • Lower Burmese (for a restricted time)
    • Optional Burmese
    • Optional English
    • Additional Mathematics
    • One extra subject (as insurance)
    • …

    University students

    can

    • [easily] switch from one discipline to another
      e.g. Engineering back to Medicine, Pure Science, Arts …
    • take Double Maths and Triple Maths (Pure, Applied, Statistics)
    • join B.L, B.ED, … (after their Bachelors)
    • 3-year Honors (after Intermediate)
    • 2-year General Honors (after Intermediate)
    • …

    New Education System

    Matriculation students

    take six prescribed subjects based on Science or Arts option
    e.g. Burmese, English, Mathematics, Physics, Chemistry, Biology (for Science option)

    University students

    • 5-year Law degree
    • 5-year Education degree
    • can apply for SS (Science Scholarship)
    • bypass the Intermediate and are admitted directly to the Institutes
      for some time, admitted using the controversial ILA (Intelligence Level Aggregate)
    • …

    Newer Education Systems

    tried

    • Regional College
    • Moving some disciplines to the Ministry of Science and Technology
    • “Compressed” academic terms [to make up for the school closure]
    • Proliferation of Colleges and TUs
    • Hybrid nomenclature :
      Professor, Associate Professor, Lecturer (instead of Assistant Professor), …

    …

  • Geography

    Professor Laurence Dudley Stamp

    He taught Geography at Rangoon University and the University of London. He authored several books and articles (on Land Use, …). One book is a prescribed text. He lectured to the first year students at LSE (London School of Economics) instead of delegating to his assistants.

    His rationale : “A major subject can be taught any qualified teacher, but a minor subject should be introduced by a motivated, senior teacher. The class could be the sole exposure in their academic career; so it is important to give the students a good overview of the subject.”

    At SPHS

    We had to take World Geography and Burmese Geography until the Eight Standard. Contouring, Climatic Interpretation, … are some of topics that we learned.

    RU Geography Sayas and Sayamas

    Dr. Daw Thin Kyi (GBNF)

    She is the first native Professor of Geography. She is also one of the early female Professors at Rangoon University.

    U Tun Hla Aung

    I was a volunteer assistant for Saya U Tun Hla Aung, who was in charge of several committees including the “Zay Nay Yar Cha Htar Yee Committee” for the Rangoon University Golden Jubilee Celebrations in 1970. Among those who applied for permits include U Maung Maung Tar (Academy winning actor, trying to sell his line of make up) and the Playboys (Than Naing, Thein Tan, …)

    U Win

    He attended UCC before going for his Ph.D in the US. He is an expert on Water Resources and GIS (Geographical Information Systems). He was the last speaker for the conferences held by BRS (Burma Research Society). After his presentation, the then Number One announced that “BRS has been disbanded”.

  • Civil, Mechanical and Electrical

    Civil Engineering

    Civil Engineering is the first major/discipline offered in Burma.

    The early courses were taught at a building near RGH (Rangoon General Hospital).

    First native Civil professor : U Ba Hli (GBNF, also served as Dean of Engineering).

    U Mya Han (GBNF), Dr. Aung Gyi, U Min Wun (GBNF) and Dr. Win Thein (GBNF) served as Civil Professors.

    U Num Kok (GBNF) is a saya of our sayas.

    Mechanical and Electrical Engineering

    Mechanical and Electrical Engineering Departments were established later.

    At one time, the joint Mech/EE degree program was offered.

    Mechanical Engineering

    First native Mechanical professor : U Aung Khin

    U Ba Than (GBNF) and U Kyin Soe served as Mech Professors.

    First Head of Automobile Engineering sub-department : U San Tun

    First Head of Agricultural Engineering sub-department : U Tin Hlaing (GBNF)

    Electrical Engineering

    U Kyaw Tun (GBNF) is a saya of our sayas. He requested C Ping Lee (GBNF) to join the EE Faculy.

    First native Electrical professor : U Sein Hlaing (GBNF). Saya served until full retirement. He passed away a couple of years after retirement.

    EE later split into EC (aka EcE, Electronics) and EP

    First EC professor : Dr. San Tint (GBNF)

    First EP professor : U Sein Win (GBNF)

  • 1958 Civil Engineering

    1958 မြို့ပြအင်ဂျင်နီယာ များ

    ** ထိုင် — ဆရာများ Seated — Sayas

    * ဦးပု — စက်မှု U Pu

    * ဦးအောင်ကြီး — နောက် Dr., ပါချုပ် U Aung Gyi (later Dr. & Rector)

    * ဦးမင်းဝန် (ကွယ်လွန်) — နောက် ပါမောက္ခ U Min Wun (GBNF, later Professor & Head)

    အသက် 92 နှစ် မှာကွယ်လွန်

    * ဦးဘလှီ (ကွယ်လွန်) — မဟာဌာနမှူး Dean U Ba Hli (first native Dean of Engineering)

    (ယခင်) GTI ကျောင်းအုပ်၊ မြို့ပြပါမောက္ခ

    * Mr. Redpath

    * Mr. Eswara

    * ဦးနန်ကောက် (ကွယ်လွန်) — ဆရာများရဲ့ ဆရာ U Num Kok (Saya of our sayas)

    အသက် 98+ နှစ် မှာကွယ်လွန်

    ** ရှေ့တန်း / ရပ် — ကျောင်းသားများ

    * ခင်မောင် Khin Maung

    * သန်းအောင် Than Aung

    * ဌေးအောင် Htay Aung

    * ခင်မောင်လွင် Khin Maung Lwin

    * ကျော်တင် Kyaw Tin

    * ဝင်းသိန်း (ကွယ်လွန်) — နောက် Dr., ပါမောက္ခ Win Thein (GBNF, later Dr. & Professor)

    * ချစ်ဖေ Chit Pe

    * ရွှေထွန်းမောင် Shwe Tun Maung

    * ဝင်းမောင် Win Maung

    * သိန်းလွင် Thein Lwin

    * ထွန်းရီ Tun Yee

    * သန်းဖေ Than Pe

    ** အလယ်တန်း / ရပ် — ကျောင်းသားများ

    * V ကူးမား V Kumar

    * ကျော်ဟိုး Kyaw Hoe

    * အယ်လင်ဌေး (ကွယ်လွန်) — နောက် ကထိက Allen Htay (GBNF, later Lecturer)

    RIT ဓာတ်ပုံအသင်း ဥက္ကဌ

    RIT Alumni International ဥက္ကဌ

    SPZP-2000 Organizer

    * ဘနှင်းချစ် Ba Hnin Chit

    * ကျော်မြ Kyaw Mya

    * ကျော်ဒင် Kyaw Dinn

    * အာဝင် မြိုင် Irwin Myaing

    * ချစ်အေး Chit Aye

    * မောင်မောင် Maung Maung

    * နိုလန် ဝူး Nolan Wu

    * မော်ဂင် ဆင်းဂါး Morgan Singer

    ** နောက်တန်း / ရပ် — ကျောင်းသားများ

    * ပက်ထရစ်ဂျော့ Patrick George

    * အော်စကာရှီရာဇီး — SPZP-2000 တက် Oscar Sharazee

    * လှရွှေ Hla Shwe

    * အောင်ပါသိန်း (ကွယ်လွန်) Aung Par Thein (GBNF)

    * စောလွင် Saw Lwin

    * စံလှအောင် — နောက် ကထိက၊ New Orleans ပါမောက္ခ San Hla Aung (later RIT Lecturer, Dr. & Professor at Tulane University in New Orleans)

    RIT ရေကူးအသင်း ဥက္ကဌ

    RIT လှေလှော်အသင်း ဥက္ကဌ

    * ရွှေဝင်း Shwe Win

    * ဒတ်ဂလက်စ်ဟိုး Douglas Ho

    * ဆစ်ဒနီChen / ခင်မောင်ဝင်း (ကွယ်လွန်) Sid Chen (GBNF)

    Photo 1 ပေးပို့သူ

    Group Photo of Staff and Students

    Saya Allen Htay (GBNF)

    Saya Dr. San Hla Aung

    Saya Dr. Win Thein (GBNF)

  • RIT Table Tennis

    စက်မှုတက္ကသိုလ် စားပွဲတင် တင်းနစ်

    ဆရာ ဦးထွန်းရှောင် (စက်မှု 1962) Saya Mao Toon Siong (M62)

    * National Champion ချန်ပီယန် — Singles & Doubles

    * Represented Burma at SEAP, Asian Games, World Championship မြန်မာ လက်ရွေးစင်

    * National Coach နည်းပြ

    * Manager / Coach RIT အသင်း — မန်နေဂျာ / နည်းပြ

    * ဇနီး — ဆရာမဒေါ်တင်တင်မော် (ဓာတုဗေဒ) Spouse — Sayama Daw Tin Tin Maw

    တက္ကသိုလ်ပေါင်းစုံ တံခွန်စိုက် ချန်ပီယန်

    Inter-Institute Table Tennis Champion

    * ဝင်းမြင့် (လျှပ်စစ် 1967) Win Myint (EC67)

    * စတင်လျူး (စက်မှု 1967) Stan Liou (M67)

    * မောင်မောင် (မြို့ပြ 1967) Maung Maung (C67)

    စစ်တုရင် လည်း ကျွမ်းကျင်

    * မြတ်လွင် (ဓာတု 1967, ကွယ်လွန်) Myat Lwin (ChE67, GBNF)

    ** (နောက်) RIT လက်ရွေးစင် တချို့

    * တင်မြင့် (စက်မှု 1969, ကွယ်လွန်) Tin Myint (M69, GBNF)

    1967 RIT လူရည်ချွန်

    * ညွန့်တင် (စက်မှု 1970) Nyunt Tin (M70)

    * ကျော်မောင် Mining (year မသိ) Kyaw Maung (Min)

    * သိန်းဝင်း ChE 71 Thein Win (ChE71)

    * စိုးဝင်း M70 (or 71) Soe Win (M)

  • Once upon a time at RIT

    By U Ko Ko Kyi

    First Post

    * ဒုဝန်ကြီးဒေါက်တာညီညီနဲ့ရင်ဆိုင်ခြင်း

    ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် နှစ် ၅၀ မြောက် ရွှေရတုပွဲသဘင်အတွက် ရန်ကုန်မြို့ရှိ တက္ကသိုလ်ပေါင်းစုံမှ သက်ဆိုင်ရာဘာသာရပ် အသင်းအဖွဲ့များအားလုံးမှ ပါဝင်၍ ဆိုင်ခန်းများဖွင့်လှစ်ရမည်ဟု အထက်တန်းပညာဦးစီးဌာနမှ အမိန့်ညွှန်ကြားစာ ထွက်လာပါသည်။

    ရန်ကုန်စက်မှုတက္ကသိုလ်၏ နှစ်ဝက်စာမေးပွဲများနှင့် နီးကပ်တိုက်ဆိုင်နေပါဖြင့် ဘာသာရပ်အသင်းများ၏ အမှုဆောင်အဖွဲ့ဝင်များသည် အဆိုပါဆိုင်ခန်းများကို ဖွင့်လိုစိတ်မရှိကြပါ။

    ထိုအကြောင်းကို အထက်သို့တင်ပြသောအခါ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာညီညီမှ တက္ကသိုလ်အသီးသီး၏ ဘာသာရပ်အသင်းများမှ ဥက္ကဌများနှင့် အတွင်းရေးမှုးများအားလုံးကို ခေါ်ယူတွေ့ဆုံပါသည်။

    ထိုအချိန်တွင် စာရေးသူသည် SEES (Society of Electrical Engineering Students) လျှပ်စစ်အင်ဂျင်နီယာကျောင်းသူကျောင်းသားများအသင်း၏ အတွင်းရေးမှုးဖြစ်ပြီး ဆရာဦးစိန်ဝင်းသည် ဥက္ကဌဖြစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ဆရာဦးစိန်ဝင်းနဲ့အတူ စာရေးသူသည် အဆိုပါအစည်းအဝေးသို့ တက်ခဲ့ရပါသည်။

    ထိုအစည်းအဝေးတွင် ဒေါက်တာညီညီက ဘာသာရပ်အသင်းများအားလုံးကို မပျက်မကွက် ဆိုင်ခန်များဖွင့်ရန်ပြောပါသည်။

    အသင်းအမှုဆောင်များက တက္ကသိုလ်နှစ်ဝက်စာ‌မေးပွဲများကို ရက်ရွှေ့ပေးပါရန် မေတ္တာရပ်ခံသောအခါ ဒေါက်တာညီညီက ငြင်းပယ်ခဲ့ပါသည်။

    ထို့နောက် စာရေးသူတို SEES အသင်းသည် သူ့အမိန့်အတိုင်း ရန်ကုန်တက္ကသိုလ်တွင် သုံးရရက်တိုင်အောင် ဆိုင်ခန်းဖွင့်ပြီး‌ ဈေးရောင်းခဲ့ပါသည်။

    နောက်ဆုံးနေ့တွင် မော်လမြိုင်တက္ကသိုလ်၌ ကျောင်းသူကျောင်းသားများ ဆန္ဒပြကြသဖြင့် မြန်မာပြည်ရှိ တက္ကသိုလ်အားလုံးကို ပိတ်လိုက်ပါသည်။

    ထိုသို့ဆန္ဒပြခြင်း အကြောင်းရင်းမှာ နယ်အရပ်ရပ်မှ တက္ကသိုလ်ကောလိပ်များရှိ ကျောင်းသူကျောင်းသားများကို ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ပွဲကို လာရောက်တက်ခွင့် မပြုခြင်းကြောင့်ဖြစ်ပါသည်။

    ရလဒ်ကတော့ စာရေးသူတို့အားလုံး အနားရပြီး နှစ်ဝက်စာမေးပွဲများအတွက် ပြင်ဆင်ခွင့်ရသွားကြပါလေသတည်း။

    May be an image of 6 people
  • Once upon a time at RIT

    By Maung Aw

    6th Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    တက္ကသိုလ်စာမေးပွဲ

    တက္ကသိုလ်စာမေးပွဲများကို ပညာသင်ကြားရာ တက္ကသိုလ်အသီးသီး၌ သာ ကျင်းပရိုးထုံးစံရှိသည်။

    သိုသော်..

    တခုသော တက္ကသိုလ်စာမေးပွဲသည်ထူးခြား၏ ။ တက္ကသိုလ်စာမေးပွဲများအား တက္ကသိုလ်များ၌ မကျင်းပ။

    တက္ကသိုလ်ရှိရာအရပ်တို့နှင့် နီးသောဝေးသော အခြားဒေသအသီသီးတွင် ကျင်းပခဲ့၏။အချို့စာစစ် ဌာန များမှာ မိုင်ရာချီဝေးသောနယ်စွန်နယ်ဖျားဒေသများဖြစ်သည်။

    ၁၉၇၄ ခုနှစ် ဦးသန့်စျာပနအရေးအခင်းများကြောင့် တက္ကသိုလ်များအားလုံး ပိတ်ထားခဲ့ရာမှ ကျောင်းသားတို့ မနစ်နာစေလိုသောကြောင့်ဟူ သောအကြောင်းပြချက်ဖြင့်၊ မဆလ အစိုးရ၏ ပညာရေးဝန်ကြီးဌာနသည် ၁၉၇၅ခုနှစ် တွင် နယ်မြို့များ၌ တက္ကသိုလ်အတန်းတင် စာမေးပွဲများ ကျင်းပမည်ဟု ကျေညာသည်။

    တနိူင်ငံလုံး ရှိ တက္ကသိုလ်အသီးသီး ၏ စာမေးပွဲကို နယ်များတွင်တပြိုင်နက် တချိန်တည်း ကျင်းပရခြင်း သည် လွယ် လွယ် ကူ ကူ ပေါ့ သေးသေး ကိစ္စ တော့မဟုတ်ပေ။

    တက္ကသိုလ်အားလုံး၏ ပါမောက္ခချုပ်များ မှ အစ နည်းပြဆရာငယ်များ အဆုံး မအားလပ်ရ အောင် အချိန်ပေး၍၊ ညှိုနှိုင်း ပြင်ဆင်မှုများလုပ်ခဲ့ကြရသည်။

    မော်ကွန်းထိန်းတို့ မှာမူ ဖတ်ဖတ်မောလောက်အောင် အလွန်အလုပ်များကြ၏။

    ထိုကိစ္စ အရင်းခံ၍ စက်မှုတက္ကသိုလ်၊မြို့ပြဌာနမှ ဆရာမောင်ဩနှင့် မန္တလေးတက္ကသိုလ် ၊ဘူမိဗေဒဌာနမှ ဆရာဦးတင်မောင်ဦး တို့ သည် စွန့်စွန့်စားစား ၊ထိတ်ထိတ်လန့်လန့် ခရီးတခုနှင်ခဲ့ရပြီး ၊တာဝန်ထမ်းဆောင်ရန် ရွှေလီမြစ်ဆုံ သို့ ရောက်ရှိလာကြသည်။

    သူတို့ သွားရောက် ၍ စာမေးပွဲ ကြီးကြပ်ရမည့်မြို့မှာ မဘိမ်းမြို့ဖြစ်၏။

    ထို့ခရီးစဉ်အစမှာ…

    စာမေးပွဲ မေးခွန်း ထုပ်များ၊ အဖြေစာအုပ်များ ထည့်၍ချိတ်ပိတ်သော့ခတ်ထားသောသံသေတ္တာ၁လုံးကိုအဓိပတိခန်းမ ဗဟိုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ယူခဲ့ပြီးနောက် ရန်ကုန်မှ မိုးမိတ်သို့ လေယာဉ်စီးကာ ခရီးစခဲ့ကြသည်။

    မိုးမိတ်ဗိုလ်တဲ၌ တညအိပ်ကြပြီးနောက်တနေ့နံနက်စောစော ခရီး ဆက်ကြသည်။

    နံက် ၈နာရီကျော်ပြီ ဖြစ်သော် လည်းပတ်ဝန်းကျင် တောရိပ် တောင်ရိပ်ကြားမှတိုးဝင်လာ သောနေရောင်ခြည်သည် ရှေ့ လမ်းတလျောက် မြူငွေ့ ၊နှင်းငွေ့တို့ ကာဆီး နေသဖြင့် မြင်ကွင်းသည် ကောင်းစွာ မသဲကွဲချေ။

    အစိမ်းပုတ်ရောင် စစ်တရပ်ကားတစီးသည် တောင်တန်း တို့အကြား၊ တောင်ကြောလိုက်၍ ကွေ့ကောက်စွာဖေါက်ထားသည့်ကတ္တရာ လမ်းကျဉ်းပေါ်၌ အဖေါ်မပါ တစီး တည်း ဖြေးညင်းစွာမောင်းနှင်လာ၏။

    ကားပေါ်တွင် ယူနီဖေါင်းဝတ်ထား သောစစ်သား၆ဦး ၊အရပ်ဝတ်အရပ်စားနှင့် လူရွယ် ၂ဦး တို့သည် ကားနောက်ပိုင်း၌လည်ကောင်း၊

    လိုင်း ၃ ချောင်း တပ်ယူနီဖေါင်းဝတ် ဗိုလ်ကြီးတဦး၊အခြားပုဂ္ဂိုလ်တဦး (မြို့နယ်ကောင်စီဥက္ကဌ)နှင့် ကားမောင်းရဲဘော်တို့ သည် ကားရှေ့ခန်း၌လည်ကောင်း အသီးသီး စီးနင်းလိုက်ပါလာကြသည်။

    အရပ်ဝတ်အရပ်စားနှင့် လူရွယ် ၂ဦးတို့မှာ ရန်ကုန်စက်မှုတက္ကသိုလ် မှ ကျောင်းဆရာ မောင်ဩ နှင့် မန္တလေးတက္ကသိုလ် မှ ဆရာ တင်မောင်ဦး တို့ ဖြစ်ကြသည်။

    မိုးမိတ်မြို့မှ ထွက်ခွာလာပြီး ၅မိုင် ခန့် ရောက်သော အခါ ကားရပ်လိုက်၏။ ရှေ့ခန်းမှ ဗိုလ်ကြီး သည်ကားပေါ်မှ ဆင်းကာ၊ကား နောက်ဖက်ဆီသို့ လျှောက်လာ၏။

    ဗိုလ်ကြီး ” ဆရာတို့ အောက်ခဏဆင်းပါ၊ ပြီရင်း ကားဘီးနားကပ်ပြီး အကာအကွယ်ယူပါ။ “

    ညွှန်ကြား သည့်အတိုင်းမောင်ဩတို့ ကားဘီးနားကပ်၍ စစ်ရုပ်ရှင်ကားများတွင် ကြည့်ဖူး တွေ့ဖူးခဲ့သော ပုံစံမျိုးဖြင့် နေလိုက်ကြ၏။

    ဘာကြောင့်ပါလိမ့် ဟူသော စူးစမ်းလိုစိတ်သည် စိုးရိမ်စိတ်နှင့် အတူ မောင်ဩရင်တွင်းသို့ဝင်လာသည်။

    စစ်သား ၂ယောက်စီ ၊စုစုပေါင်း ၄ ယောက် လမ်းဘေး နှစ်ဘက် အုပ်မိုး နေသော တောင်ကုန်း ထိပ်များဆီသို့ လက်နက်များကိုင်ကာ ခပ်သုပ်သုပ်တက်သွားကြသည်။

    ၆ဦးအနက် ကားပေါ်ကျန်ခဲ့သော စစ်သား ၂ဦးသည် ကားဘေး တဘက်စီ၌ သေနတ်ခလုပ်ပေါ် လက်ညှိုးတင်ကာ သတိကြီးစွာ အသင့်အနေထားဖြင့် စောင့်ကြပ်နေသည်။ ကျန်လူ အားလုံး သည် မောင်ဩတို့ နည်း တူ ကား နားကပ်လျက် အကာအကွယ်ယူကြရသည်။

    တောင်ကုန်းပေါ်တွင်နေရာယူထားကြသော စစ်သားတို့ထံမှ အန္တရာယ် ကင်းရှင်းကြောင်း အချက်ပြလိုက်၏။

    ဗိုလ်ကြီး “ဆရာတို့ ကားပေါ်ပြန်တက်လို့ ရပါပြီ။ ဒီတဝိုက်မှာ ဗကပသောင်းကျန်းသူ တွေလှုပ်ရှားနေတော့ ဒီလို ပဲ သတိထားပြီး သွားနေရတယ်။ ချုံခို တိုက်ခိုက်မဲ့ အန္တရာယ်ရှိတာကိုး။”

    သတ္တိခဲ မောင်ဩတို့ ဗိုလ်ကြီးစကား ကြား လိုက်သောအခါ အနည်းငယ် ကျောစိမ့် သွားသည်။

    ကားပေါ် အားလုံးရောက်သောအခါ ရှေ့ကိုက် ၂၀၀ လောက်မောင်း သွားပြီးနောက်၊ကားရပ်လိုက်၏။

    တောင်ကုန်းမှ ဆင်းလာ သော စစ်သား တို့ကို စောင့်ခေါ်သည်။

    ထိုနောက် ခရီး ဆက်ကြပြန်သည်။

    ကျန်ရှိသော ၁၂ မိုင် ခရီးတလျောက် ကားပေါ်မှ ဆင်းလိုက်၊ ကားပေါ်သို့ တက်လိုက် နှင့် ၆ကြိမ် ခန့် အတက် အဆင်းလုပ် ကြပြီးနောက် မြစ်ဆုံ သို့ ရောက်၏။

    ၁၇မိုင်ခန့် ဝေးသော မိုးမိတ်နှင့် ရွှေလီမြစ်မြစ်ဆုံ ခရီး ကို ၄ နာကြာ သွား ရသည်။ ထို မှ ရွှေလီမြစ်

    တဘက် ကမ်း ရှိ မဘိမ်းမြို့ဆီသို့ မော်တော်စီး၍ ခရီးဆက်ရပေဦးမည်။

    မော်တော်သည် ရေစုန်ခရီး ကို ၃ နာရီကျော် ကျော် ခုတ်မောင်းပြီး နောက် မဘိမ်း သို့ ရောက်၏။

    ရောက်လျှင်ရောက်ချင်း၊ ချိတ်ပိတ် သော့ ခတ်ထားသော စာမေးပွဲမေးခွန်း နှင့် အဖြေ စာအုပ်များ ထည့် ထား သည့် သံသေတ္တာ ကို ရဲဌာနဝင်းထဲရှိ ငွေတိုက် တွင် လုံခြုံစိတ်ချစွာ သိမ်းခဲ့၏။

    ဆက်၍ အထက်တန်းကျောင်းအစည်းဝေးခန်း၌ တက္ကသိုလ် စားမေးပွဲ ကြီး ကြပ်မှု ကော်မတီ ကို ဖွဲ့ စည်း သည်။

    တက္ကသိုလ်ကျောင်းတက်ခဲ့ဖူးဟန်မတူသော စစ်ဗိုလ်ဟောင်း မဘိမ်းမြို့နယ်ကောင်စီဥက္ကဌ က ကော်မတီ ဥက္ကဌ၊ တက္ကသိုလ်ဆရာမောင်ဩ က အတွင်းရေးမှုး။နိပ်ဟ။

    ဖြေ ဆိုမည့် ကျောင်းသားဦးရေမှာ တောင်ကြီးကောလိပ် ဒုတိယနှစ် သင်္ချာအဓိက ကျောင်းသား တဦးတည်းသာဖြစ်သည်။

    တဦး တည်း သောကျောင်းသားအတွက် ဥက္ကဌ၊အတွင်းရေးမှုးအပါဝင် စုစု ပေါင်း အဖွဲ့ဝင် ၉ ဦး ပါ ဝင်သော တက္ကသိုလ် စာမေးပွဲ ကြီး ကြပ်မှု ကော်မတီ ကို ဖွဲ့ စည်းပြီး နောက် အနားယူ ရန် တည်းခို ရ မည့် အိမ် သို့ မောင်ဩတို့ သွားကြသည်။

    စာမေးပွဲစစ်ဆေးသောနေ့

    နံက် ၈နာရီ တွင် မောင်ဩတို့ ငွေတိုက်သိုရောက်ရှိသည်။ ရဲအရာရှိနှင့် စာမေးပွဲ ကြီး ကြပ်မှု ကော်မတီဝင် ၂ဦး ကို သက်သေပြုကာ ထိုပုဂ္ဂိုလ်တို့ရှေ့၌ ထိုနေ့ ဖြေဆိုရမည့်ဘာသာရပ်နှင့်ဆိုင်သည့် မေးခွန်းစာအိပ် နှင့် အဖြေစာအုပ် အလွတ် ထည့်ထား သည့်စာအိပ်တို့ ကို သံ သေတ္တာ မှ ထုတ်ယူ သည်။

    ထိုနောက် ရဲဌာနမှ စာမေးပွဲ စစ်မည့် စာသင်ခန်း ရှိရာ အထက်တန်းကျောင်းသို့ ထွက်ခွာလာကြသည်။

    မဘိမ်းမြို့ သည် မြို့ဆိုသည်ထက် ရွာကြီး တရွာနှင့်ပိုတူ၏။ မြစ်ကမ်းနှင့် အပြိုင် ကိုက်၂၅၀ ခန့် ရှည်သော အရှေ့အနောက် မြေလမ်းကျယ် နှင့် ထိုလမ်း၏တဝက်ခန့် တွင် မြစ်နှင့် ထိပ်တိုက်၊ ကန့်လန့်ဖြတ် ကိုက် ၄၀၀ ခန့် ရှည်သော တောင် မြောက် ရွာလယ် မြေလမ်းမကြီး အပြင်၊အခြားလမ်းသွယ်များရှိသည်။ ရဲဌာန သည် ပထမ လမ်းကျယ် အစ တွင်ရှိကာ၊ အထက်တန်းကျောင်းသည် ရွာလယ် လမ်းမကြီး အဆုံး လောက်တွင် ရှိ၏။

    သို့ဖြစ် သော ကြောင့် မောင်ဩတို့ လျှောက်သွားရမည့် ခရီးသည် အင်္ဂလိပ် အက္ခရာ L ပုံသဏ္ဌန် ဖြစ်

    နေသည်။ စုစုပေါင်း ကိုက် ၅၀၀ ကျော် လမ်းလျောက်ရ၏။

    ရှေ့ဆုံးမှ ဘွတ်ဖိနပ်မပါ ခြေဗလာနှင့် ယူနီဖေါင်းဝတ် ရဲသား က ရိုင်ဖယ်သေနတ်ဟောင်းတလက် ပခုံးပေါ်ထမ်းကာဦးဆောင်၍ လျှောက်သည်။ သူ့နောက်တွင်ကပ်လျက် တိုက်ပုံ နှင့် ပုဆိုးခပ်တိုတို ဝတ် ထားသော ဖိနပ်ချွတ်ထားသည့် ဆရာ မောင်ဩ။

    မောင်ဩသည် ညာလက်နှင့် မေးခွန်းစာအိပ်ကို ပိုက်ကာ ဘယ်လက်တွင် ညှပ်ဖိနပ်ကိုင်လျက် ခြေဗလာနှင့် ရဲသားနောက်မှ လိုက်ရသည်။ဆရာတင်မောင်ဦးသည် မောင်ဩနောက် မှ မောင်ဩ၏ပုံစံအတိုင်း ဖိနပ်ကိုင်၍ လိုက်လာသည်။ သူနောက်မှ ကော်မတီဝင် ၂ဦး ရှေ့ နောက် တန်းစီ လျက်။

    နောက်ဆုံး၌ ရှေ့ဆုံးရဲ ဘော် နှင့် ပုံစံတူ ရဲသား လိုက်ပါလာသည်။

    မောင်ဩတို့ လူတန်း သည် ရွှေလီမြစ်ရေတက်သော ကြောင့် မြစ် ရေ ၆လက္မ ခန့် ဖုံးလွှမ်းနေသော ရွာလလမ်းမကြီး များ တလျောက် ကျောင်း ဖက်ဆီသို့ ဦးတည်၍ လျှောက်သွားကြသည်။

    စာမေးပွဲ ပြီး၍ ကျောင်းမှ ရဲဌာနသို့ အပြန်ခရီးသည် လည်း ထို ပုံစံအတိုင်းပင်။

    ၉ရက်ကြာလျှင် မဘိမ်းမြို့၌ မောင်ဩတို့ ဆောင်ရွက်ရသည့်လုပ်ငန်းပြီးစီး၏။

    ရွှေလီမြစ်ကို ဆန်ကာ လာလမ်းအတိုင်း မိုးမိတ်သို့ပြန်ခဲ့ကြသည်။

    မဘိမ်းတွင် တိုက်ဆိုင်စွာ ဟံသာဝတီ သတင်းစာတွင်သူရဲချောက်သည်ဟု နာမည်ကြီး သည့် မိုးမိတ်ဗိုလ်တဲ အကြောင်းဆောင်းပါးဖတ်လိုက်ရ၏။ခရီးပန်းလာသော မောင်ဩ တို့ အား သူရဲ အားနာသွားသည်ဟုထင်သည်။

    ဗိုလ်တဲ၌ အနှောက်အရှက်မရှိတညလုံး နှစ်ချိုက်စွာ အိပ်စက်ရသည်။

    နောက်တနေ့ တွင် လေယာဉ်ပတ် ကြုံသောကြောင့် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

    ယာယီဌာနချုပ် လုပ်ထားသော ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းရှိ ဘွဲ့နှင်းသဘင် ခမ်းမတွင် အဖြေစာအုပ်များကို လက်ခံရေးအဖွဲ့သို့ ပေးအပ်လိုက်၏။

    ထို့နောက် စိတ် လွတ်လပ် ပေါ့ပါးစွာ အဓိပတိလမ်းပေါ်တွင် လျှောက်သွား ရင်း ဆရာမောင်ဩနှင့် ဆရာတင်မောင်ဦး ဆရာ၂ယောက်သည် တောင်ငူဆောင်အနီး ရှိနာမည်ကျော် ဦးချစ် လက်ဖက်ရည်ဆိုင်ဘက်ဆီသို့ ဦးတည်လိုက်ကြသည်။

    စာစောင်တခု တွင် သတင်းတပုဒ် မောင်ဩ ဖတ်ရသည်။ အာဖရိကတိုက် လိုက်ဘေးရီးယားနိုင်ငံ တွင် တက္ဏသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၂၅၀၀၀ လုံး အရည်အချင်းမမှီဟု ဆို ကာ၊အောင်မြင်သူမရှိ အား လုံး ကျ ရှုံး ကြသည်။ ယိုယွင်းသောပညာရေးစံနစ်အောက်၌ ကျောင်းသူ ကျောင်းသားတို့ မြေဇာပင်ဖြစ် ကြရသည့် ဤသာဓက သည် မောင်ဩ တို့အဖို့ မထူးဆန်းလှပေ။

    လွန်ခဲ့သော နှစ်ပေါင်း၅၀ က၊ မထင်မရှားတက္ကသိုလ် ဆရာ ငယ် ၂ဦးတို့၏ ဘဝပုံရိပ်တစိပ်တပိုင်း ကိုယ်တွေ့ တက္ကသိုလ်စာမေးပွဲ အတွေ့ကြုံ ကို “တခါက စက်မှုတက္ကသိုလ်မှာ” အမှတ်တရ အဖြစ် ဆရာမောင်ဩ ကြိုးစား မှတ်တမ်းတင်လိုက်သည်။ပ

  • Once upon a time at RIT

    By Maung Aw

    5th Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    အူကြောင်ကြောင် ဆရာပေါက်စ

    ၁၉၇၄ ခုနှစ်

    ကျောင်းဆရာလုပ်သက် ၃ နှစ်ခန့်ရှိသော်လည်း လူငယ်စိတ်မပျောက်သည့်အရွယ်မို့ ရှေ့နောက် မစဉ်းစား ဘဲ စိတ်ထင်ရာလုပ်တတ်သည့်အရွယ်ဖြစ်သည်။

    ဆရာပေါက်စ၏အူကြောင် ကြောင်အမှတ်ရစရာ လုပ်ရပ်တခုပါ။

    ရန်ကုန်စက်မှုတက္ကသိုလ်၊ ယခင် ပုံဆွဲသောအခန်း ဖြစ်သည့် L sheds တွင် နောက်ပိုင်း၌လူငယ်ရေးရာ လဘက်ရည်ဆိုင်ဖွင့်လှစ်သည်။

    မြို့ပြဌာနမှ လူရွယ် ဆရာငယ် သုံး ဦး သည်ထိုဆိုင်၌ လဘက်ရည်သောက်နေကြသည်။

    တစ်ဦးဖြစ်သော ဆရာ မဒန်ချန်း က “ဟေ့ .. မောင်ဩ မင်း မနေ့တုံးက ဘယ်ပျောက်နေလဲ”

    မောင်ဩ “ ဆရာ ဒေါက်တာအောင်ကြီး ခိုင်း လို့ ၊ ငါ့ကား နဲ့ ဧည်သည် ပါမောက္ခ ကို အင်ယားလိပ်ဟော်တယ်မှာ သွားကြိုပြီး ကျောင်း ခေါ်လာရတာ ”

    ဆရာ ကိုအောင်မြင့် က တစခန်းထ ကာ “ ဧည်သည် ပါမောက္ခကြို တာ အမှန်တော့ ရုံး ကိစ္စ ၊ ဆရာ့ ရဲ့ ကိုယ်ရေးကိစ္စမဟုတ်ဘူး။ မင်း ခရီးစရိပ် တရားဝင် တင်လို့ရတယ်။ အပြင်ဌာနတွေမှာ အဲဒိလိုပဲ လုပ်ကြတာ ”

    မဒန်ချန်း “အေး … အဲဒိအကြံ ကောင်းတယ်။ ပိုက်ဆံ ရရင် ငါတို့ ၃ ယောက် နွေး အေးဆိုင် မှာ အဝ စားကြမယ်”

    ယင်း စီမံကိန်းအကောင်အထည်ဖေါ်ရန် မြို့ပြအင်ယာဌာနဆီသို့ သွားကြသည်။

    ငွေတောင်းပုံစံဖြည့် ခြင်း၊ ခရီးစရိပ်တွက်ချက်ခြင်း ကိစ္စ၌ ကျွမ်းကျင်သော စာရေးကြီး ဦးသိန်းဟန် အား အကူညီတောင်းရသည်။

    ခရီးစရိပ် ဓါတ်ဆီဖိုး ၆ကျပ်၁၅ပြား တောင်းခံရန် ငွေတောင်းပုံစံ စာရွက်ကိုင်ကာ ပါမောက္ခချုပ်ရုံးခန်းတွင်းသို့ မောင်ဩ ရှေ့ဆုံးမှဝင်သွား၏။

    ဝင်လာသည်ကိုမြင်သဖြင့်

    ပါမောက္ခချုပ် ဆရာဒေါက်တာအောင်ကြီး က

    “ဟေ့ မောင်ဩ ဘာကိစ္စလဲ”

    “ဆရာ့ ခွင့်ပြု ချက် လက်မှတ်ထိုးပေးဖို့ပါ။”

    ပုံစံ စာရွက်ကို မောင်ဩ ပါမောက္ခချုပ်အားပေးလိုက်၏။

    ဆရာ ဖတ်ရှု့ ပြီးနောက်..ဆရာ့မျက်နှာတင်းသွားသည်ကိုသတိပြုမိလိုက်သည်။

    “ အေး …. မင်းဒီလောက်ငွေလို နေရင် ငါလက်မှတ်ထိုးပေးမယ်။”

    ဆရာ၏ မကျေမချမ်း စကားသံကြားလိုက်သည်နှင့် တပြိုင်နက် မောင်ဩထိတ်လန့်ကာ ပြာပြာသလဲဖြစ်သွား၏။

    “ဆရာ …. ကျွန်တော်မယူတော့ပါဘူး ခင်ဗျ” ဟု ဆိုကာ ပုံစံ စာရွက် ပြန်ယူလိုက်၏။

    ထို့နောက် ပြန်ထွက်လာသောအခါ အခါတော်ပေး သူကောင်းသား ၂ယောက် ၏ အရိပ်အယောင် အနီးအနားတွင် မတွေ့ရတော့ချေ။

    နောက်မှရပ်ကြည့်နေရင်း အခြေအနေမကောင်းကြောင်း ရိပ်စား မိသောအခါ ကိုယ်ရောင်ဖျောက်၍ နှစ်ယောက် စလုံးလစ်ထွက်သွား၏။

    ကံဆိုးသူမောင်ရှင် သာ ဆရာ့ရှေ့မှာ ကားယား ယား မှောက်ရက်လဲ၍ ဒူးပြဲသည့်ကိန်းဆိုက်ခဲ့ရသည်။

    အားကိုးရသော သူငယ်ချင်းများ။

    တနာရီခန့် ကြာသောအခါ…

    ကော်ရစ်ဒါတလျောက် လမ်းလျောက်လာသောပါမောက္ခချုပ်သည် မြို့ပြ ဌာနရှေ့ သို့ရောက်သော် ရုံးခန်းအတွင်း၌ထိုင်နေသော တပည့်ရင်း စာရေးကြီးအားလှမ်း၍..

    “ ဟေ့… သိန်းဟန် မင်းတို့ဌာနက ဘာလဲ၊

    ကျောင်းသားတွေကိုစာသင်ယုံမကဘူး၊ တက္ကစီပါထောင်ပြီး စီပွါးရှာနေကြတာလား” ဟု စကားရွဲ့သုံးကာ ဆူပူသွားလေသည်။

    မထင်မှတ်ထားသည့်ကိစ္စမို့ ဆရာသည် သူတပည့်အပေါ်ဒေါသပုန်ထခြင်းဟုနားလည်မိသည်။

    စိတ်ကူးပေါက်ကာ မဆင်မခြင်လုပ်ရပ်တခုဖြစ်သော်လည်း လုံးဝ မှားယွင်းသည့် လုပ်ရပ်တော့မဟုတ်ပေ။

    သို့သော် ထိုဖြစ်ရပ်ကို တွေးမိ တိုင်း ယခုတိုင် ရှက်ရွံ့ စိတ်ပေါ်မိ၏။

    နှစ်များစွာကြာသောအခါ ဆရာက တပည့်ဖြစ်သူ အား တောင်းပန်သည်။

    “ အေးကွာ ၊ ငါ အလုပ်ရှုပ်ပြီးစိတ်မကြည်ချိန်မို့ ပြောလိုက်တာပါ၊ “

    “ကိစ္စမရှိပါဘူး ..ဆရာ ၊ ကျွန်တော် က ကို့ယို ကားယာ လာလုပ်မိတာပါ”

    အရှိန်အဝါသုံးလျက်နည်းမှန်လမ်းမှန်မဟုတ်ဘဲငွေကြေး၊ဥစ္စာပစ္စည်း အခွင့်အာဏာ ရယူပိုင်ဆိုင်သူတို့ရှိကြသည်။

    ယခုအခါထိုလူစားမျိုး အရည်အတွက်များလှ၏။

    သူတို့ သည် မိမိတို့လုပ်ရပ်အပေါ် ရှက်ရွံ့စိတ်ဖြစ်ပေါ်ရန်ခဲယဉ်းလိမ့်မည်ဟု မျက်မှောက်အခြေအနေအရ သုံးသပ်မိ၏။

    အသေးအဖွဲကိစ္စအတွက်ရှက်ရွံ့ နေမိသူ ကျောင်းဆရာ မောင်ဩသည်သာ လက်ရှိကာလ တွင် ထူးဆန်းသည့် သတ္တဝါ ဖြစ်နေမည်လားမသိပေ။

  • Once upon a time at RIT

    By Maung Aw

    4th Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    ၁၉၆၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ၂၆နှစ်ကြာ ကိုယ့် ဘဝ အစိပ်ပိုင်းသည် စက်မှုတက္ကသိုလ်မှာကျင်လည်ခဲ့ရသည်။

    ကျောင်သားဘဝ ၆နှစ် ၊ ကျောင်းဆရာဘဝ အနှစ်၂၀ ဖြစ်၏။

    ကျောင်းဆရာတဦး၏အမှတ်တရအဖြစ်အပျက်…

    ၂၀၀၄ ခုနှစ်ဝန်းကျင်

    – စင်္ကာပူ KPE421 – မြေအောက် အမြန်လမ်းတည်ဆောက် ရေး ပရောဂျက်

    – Project Director Mr Lin Kok Hin လက်အောက်၌ Senior Engineer အဖြစ် မောင်ဩ လုပ်ကိုင်ရသည်။

    မစ္စတာ လင်း သည် လုပ်ငန်းမစမှီ နံနက် ၇ နာရီအချိန် တွင် ပရောဂျက်ရုံးခန်းအနီးရှိလက်ဖက်ရည်ဆိုင်၌ ဝန်ထမ်းတို့ နှင့် နံနက်စာ အတူ စားရင်း အလုပ်ကိစ္စနှင့်ပတ်သက်၍သော်၄င်း၊ အခြားထွေရာ လေးပါးအကြောင်းအရာများ ကို သော်၄င်း ပြောဆိုလေ့ရှိသည်။

    မစ္စတာလင်း …. “ မောင်ဩ … ဒီနေ့ မင့် အကြောင်း ပြောစရာရှိတယ် ။ တခြား ဆိုက် တွေ ရောက်လို့ မြန်မာအင်ဂျင်နီယာတွေနဲ့ တွေ့တဲ့အခါ မင်းကို သိလားလို့ ငါမေးကြည့်တယ်။

    တော်တော် များ များ သိကြတယ်။ သူတို့ကိုစာသင်ပေးခဲ့ တဲ့ဆရာလို့ ဖြေကြတယ်။

    မင်း စင်္ကာပူ မလာခင် တက္ကသိုလ်မှာ ဆရာလုပ်ခဲ့ တာ ငါသိတယ်၊

    အခုချိန်မှာ မင်း ဆရာအလုပ် မ လုပ်တော့ ဘူးလေ။ ဒါပေမဲ့ သူတို့က မင့်အပေါ် အခုထိ လေးစားကြ တုန်းဆိုတာ ငါသတိပြုမိတယ်။”

    ဆက်လက်၍… စင်္ကာပူအမျိုးသား တက္ကသိုလ်ကျောင်းထွက် (NUS)မစ္စတာ လင်း က “ ငါ ဆို တက္ကသိုလ် တုံးက စာသင်ပေးခဲ့ တဲ့ ဆရာတွေရဲ့ နာမည်ကိုတောင် ကောင်းကောင်း မမှတ်မိတော့ဘူး။ တခြားသူတွေလည်း ငါ လိုပဲ။ ကွာတော့ ကွာတယ်”

    မောင်ဩ .. “ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်း ပြောပြ ပါရစေ။ ၅မိနစ်လောက် အချိန်ပေးပါ “

    ၁၉၈၂ ခုနှစ် ကာလ….

    ဆရာ မောင်ဩ မြို့ပြအင်ဂျင်နီယာဌာနရုံးခန်းအတွင်းသို့ ဝင်လာပြီး စာရေးကြီး ဦးသိန်းဟန် အား

    “ ကိုသိန်းဟန်… မြေဖြူ ၂ဘူးလောက် ထုတ်ပေးပါဦး။ ကုန်တော့မယ်။”

    ဦးသိန်းဟန်… “ ဌာနမှာ မြေဖြူ ကုန်နေတယ် ဆရာ။ ”

    မောင်ဩ… “ ပါမောက္ခချုပ်ရုံးခန်းက စတိုမှာသွားထုတ်လေဗျာ”

    ဦးသိန်းဟန် ….. “ အဲဒိမှာလည်း ကုန်နေတယ်။ မှာထားတာ ၂ပတ်လောက်ဆို ရောက်မယ်လို့ပြောတယ် ”

    “ ခက်တာပဲ။ ဒီကြားထဲ မြေဖြူ မပါပဲ စာဘယ်လို သင်ရမှာ တုံး။ အင်ဂျင်နီယာဘာသာ ကို ပါးစပ်က ကွက်စိပ်ဆရာလို တောက်လျောက်တတွတ် တွတ်ရွတ်ပြီး သင်လို့ မရဘူး လေ။”

    ငြီးတွားရင်းမြို့ပြအင်ဂျင်နီယာ ပါမောက္ခရုံးခန်းမှ ထွက်လာခဲ့၏။

    လုပ်ဖေါ်ကိုင်ဖက်များဖြစ်သော ဌာနမှ သူငယ်ချင်း ဆရာကိုအောင်ရှိန်း နှင့် ဆရာကိုရဲမြင့် တို့လည်း မောင်ဩနည်းတူ မြေဖြူလက်ကျန်မရှိသလောက် နည်းနေကြပြီ။

    ဤအခက်အခဲကို ကိုယ်ထူ ကိုယ်ထ ၊ ကိုယ့်နည်းကိုယ့်ဟန် သုံးပြီးဖြေရှင်း ရန်သာ ရှိ တော့သည်။

    နောက်တနေ့ အတန်းအားချိန် သူငယ်ချင်း သုံး ယောက် သည် သိမ်ကြီးဈေး နှင့် မဝေး လှသော လေဟာပြင်ဈေး သို့ သွားကြသည်။

    စာရေးကိရိယာဆိုင် တစ်ဆိုင်မှ အမျိုးအစားကောင်းမွန်သော Carara တံဆိပ် မြေဖြူ ၃ဘူးစီနှင့် စစ်တောင်း စက္ကူ ၁ ထုပ်စီ ဝယ် ကာ ကျောင်းသို့ပြန်ခဲ့ကြ သည်။

    လမ်းခရီး၌ အသက် ၃၄ နှစ်ဝန်းကျင် လူပျို မဟိုင်း တဟိုင်း ဆရာ နှစ်ဦး တို့ ဘာတွေ တွေးနေကြသည်ကို မောင်ဩမသိပါ။

    သား ၂ ယောက် ဖခင်ဖြစ်သော မောင်ဩ ၏အတွေးမှာကား………

    သားငယ် နို့မှုန့်ဘူး အတွက် ဒီလ ဖဲ့ချန်ထားတဲ့ ငွေ ပဲ့သွားပြီ။ မလောက်တော့ဘူး။ နောက်တစ်ပတ်ကြာ လခထုတ်တဲ့ အခါကျမှပဲဖြည့် ဝယ်တော့မယ် ဟူ၍။

    စင်စစ် ဤကိစ္စသည် စာမဖွဲ့လောက်သောကျောင်းဆရာ ၃ ဦး တို့၏ အမှတ်မထင် သာမန် လုပ်ရပ် တစ်ခုမျှသာ ဖြစ်၏။

    သို့သော်….အမှတ်မထင်လုပ်ရပ်တို့သည် တဆင့် တဆင့် ကြားသိကြသောအခါတွင်မူ၊ တပည့်တို့ ၏ ရင်၌ ဖျောက် ဖျက်မရ သည့် ဆရာ တို့ ၏ စေတနာ မေတ္တာ အခြေခံသော ကျေးဇူးတရားဖြစ်လာသည်။

    နှစ်ပေါင်း ၄၀ ကျော်ခဲ့ပေပြီ။ သို့သော်အသက်၇၇နှစ် အရွယ်ဆရာဟောင်း၏ရင်၌ တခါက RIT ဆရာဘဝ အဖြစ်အပျက် အား သတိရနေဆဲ…

  • Once upon a time at RIT

    By Maung Aw

    2nd Post

    တခါက အာအိုင်တီ ဆိုတဲ့ စက်မှုတက္ကသိုလ်မှာ

    (Once upon a time at RIT)

    အမှတ်တရ

    အိုး .. ဟင်… ဟာ

    ၁၉၆၄ ခုနှစ် ကျောင်းဖွင့်ချိန်တွင် သမိုင်းဆောင်နေ အာအိုင်တီ ပထမနှစ်ကျောင်းသားတို့အား ဟီနိုးကားများဖြင့် ကြို့ကုန်း မှ သမိုင်းသို့ ကြို့ပို့ပေးခဲ့သည်။

    ထိုစဉ်က ယခု ပါရမီလမ်းဟုခေါ်သော လမ်းမရှိသေး၊ ဖောက်လုပ်ရန် ကျောက်တုံးများခင်းထားသည့်အဆင့်သာရှိသေး၏။

    အင်းစိန်လမ်းမ မှ အုတ်ကျဉ်းအလွန် စန္ဒာမြိုင်ရုပ်ရှင်အရောက်တွင် ချိုးဝင်ကာ ယခင်က နဂါးဖန်မြေမှန်မြေ စက်ရုံ ရှေ့ လမ်းမှ ကားများဝင်ထွက်၍ အဆောင်များဆီသို့သွားရသည်။

    ကျောင်းမှပြန်လာတိုင်း နေထိုင်ရာ အမှတ်၃ အင်းလေးဆောင် မရောက်ခင် ဦးစွာ အမှတ်၄ နတ်မောက်ဆောင် (နောက် ဟန်းလင်းဆောင် ဟု ပြောင်း)ရှေ့ ကားဖြတ်သွားရ၏။

    ဟေ့ အသင့်ပြင်၊ နတ်မောက်ဆောင် နားဖြတ်တော့မယ်။

    ၁… ၂… ၃.. ဘိုးဘွားဆောင်က အဖိုးကြီးတွေ ၊ သင်းချိုင်းကုန်း ခြေတစ်ဖက်လှမ်းကြီးတွေ၊ ကောင်းကောင်းနေကြ။ ကြားလား။

    ဟား…. ဟား

    အဆောင်ရှေ့ဖြတ်မောင်းသွားသောကျောင်းကားမှ အသံများ

    ကျောင်းကြိုဟီးနိုးကားအတွင်းစီးနှင်းလိုက်ပါကြသူများမှာ အင်းလေးဆောင် နေ အသက် ၁၆နှစ်ဝန်းကျင် RIT ပထမနှစ် အင်ဂျင်နီယာကျောင်းသားများဖြစ်၏။

    နောက်ပြောင်ခံရသူများမှာ နတ်မောက်ဆောင်နေကြ

    သည့် လုပ်ငန်းဌာနမှခွင့်ဖြင့် ပညာရေးတက္ကသိုလ်သို့ ဘီအီးဒီ ဘွဲ့အတွက် သင်တန်းတက်နေသော အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာများဖြစ်သည်။

    နေ့စဉ် ညနေပိုင်း ကျောင်းဆင်းချိန်အဆောင်ရှေ့ဖြတ်တိုင်း မပျက်မကွက် အော်ဟစ်နောက်ပြောင်ခဲ့ရာ တစ်လခန့်ကြာသော တစ်ညနေတွင်

    အားလုံး အသင့်ပြင် ၁… ၂… ၃… ဘိုးဘွား…

    အိုး .. ဟင်… ဟာ

    RIT ကျောင်းသားတို့ ဆက်မအော်နိုင်တော့ပေ။

    ဆွံ့အ သွားကြသည်။

    ခဏကြာသော်..

    ဟေး…လူကြီး တွေ ညစ်ပတ်တယ် ညစ်ပတ်တယ်

    ဟူသောအသံများကားထဲတွင် ထွက်ပေါ်လာ၏။

    ဆရာ ၆ ဦး တို့သည် နတ်မောက်ဆောင်၏မျက်နှာစာ တတိယထပ် ဝရန်တာ တွင် တန်းစီရပ်ကာကျောင်းကြိုကားအလာကိုစောင့်နေကြသည်။အဆောင်ရှေ့ ကျောင်းကြိုဟီးနိုးကားစဖြတ်သည်နှင့် အားလုံး တပြိုင်နက် ပုဆိုးများ ဆွဲလှန်ကာ “မတင်ညွန့်” လုပ်ပြကြ၏။

    သို့အတွက် အင်ဂျင်နီယာကျောင်းသားတို့ ပါးစပ်ဟကာ တခဏ ဆွံ့အ ကြပြီး ဆက်မအော်နိုင်ကြတော့ပေ။

    ဤသို့ဖြင့် လူငယ်သဘာဝ နောက်ပြောင် အော်ဟစ်ကျီစယ် ခြင်းကို ဆရာများ၏ “မတင်ညွန့်” လက်နက်ဖြင့် ချေမှုန်းခြင်း ခံလိုက်ရလေသည်။

    ( သတင်းတပုဒ် ၌ ထဘီလှန်ပြသော မတင်ညွန့် ဖြစ်ရပ် ကို မှီး)