Author: Hla Min (Lifelong Learner)

  • Foundations of Mindfulness

    This is the only way, monks,

    • for the purification of minds of beings,
    • for overcoming sorrow and lamentation,
    • for the disappearance of pain and grief,
    • for reaching the Path,
    • for the realization of Nibbana,

    namely, the Four Foundations of Mindfulness.

    What are the four? Herein, monks,

    (1) a monk dwells practicing
    body-contemplation on the body,
    ardent, clearly comprehending and mindful,
    overcoming covetousness and grief in the world;

    (2) he dwells practicing
    feeling-contemplation on the feelings,
    ardent, clearly comprehending and mindful,
    overcoming covetousness and grief in the world;

    (3) he dwells practicing
    mind-contemplation on the mind,
    ardent, clearly comprehending and mindful,
    overcoming covetousness and grief in the world;

    (4) he dwells practicing
    dhamma-object contemplation on the dhamma-objects,
    ardent, clearly comprehending and mindful,
    overcoming covetousness and grief in the world.

  • Notes (6)

    Pear

    • Pear is a fruit.
    • Pear’s Soap was one of the soaps we had in our younger days. Others include Lux and Palmolive.
    • Pear’s Cyclopedia is not as thick as the other encyclopedias. It was published by the company that produced Pear’s soap.

    U Hla Thein’s Anecdote

    According to my late beloved father, Dhamma-ka- hti-ka U Hla Thein mentioned the following anecdote:

    “Several people looked at a symbol on the table.

    The first one said, ‘It’s Ka Gyi က”
    The second one said, “It’s Da Dwe ဒ”
    The third one said, “It’s Ya Pa Let. ယ”
    The fourth one said, “It’s Nga Thut. င်”
    Who’s right?”

    There are different point of view. Each one will feel that he/she is right.

    Dr. Nyunt Wai wrote:

    The fifth one, who was directly opposite the fourth said, it’s 3

  • 1968 Electrical Engineering

    1968 လျှပ်စစ်အင်ဂျင်နီယာ ကျောင်းသား များ

    ** EP : Electrical Power စွမ်းအား

    ** EC : Electrical Communication ဆက်သွယ်ရေး

    ** xxx : အမည်သိရင် ဖြည့်​ပေးပါ

    ရှေ့တန်း Front Row

    * ကိုအောင်ပန်: (EC)၊ ကိုစိုးမြင့်လွင် (EP, ကွယ်)၊ ဆရာဦးစိန်ဝင်း (ကွယ်)၊ မမြမြသန်း (ကွယ်)၊ ဆရာDr. စန်းတင့် (ကွယ်)၊ ကိုအောင်ခင် (EP)၊ xxx

    အလယ်တန်း Middle Row

    * ကိုမြင့်ဝင်း (EC, ကွယ်)၊ xxx၊ ကိုသန်းထွန်း (EP)၊ ကိုစောဝင်း (EP, ကွယ်)၊ ကိုတင်ထွန်း (EP)၊ Surinder Singh (EP), Bishnu Shahi (EP)၊ ကို​မောင်ထွန်း (EP)

    နောက်တန်း Back Row

    * xxx၊ ကိုခင်မောင်လတ် (EP)၊ ကိုစန်းမြင့် (EC)၊ ကိုမျို:မြင့် (EC)၊ ကိုအုန်းမြင့် (EP)၊ ကိုနေအောင် (EP)၊ ကိုကျော်စိုး (EC, ကွယ်)

    Absentee

    * ကိုမင်းမောင် (EP)၊ ကိုမြတ်မောင် (EP)၊ ကိုထွန်းအောင် (EC, ကွယ်)

  • ပဲ့တင်သံ

    ပဲ့တင်သံ

    စေတနာဟံ ဘိက္ခဝေ
    ကမ္မံ ဝဒါမိ
    ဟောရှိသည့်ဒေသနာ ။

    ကိုယ်ပြုသည့်ကံ
    ပဲ့တင်သံ
    ကိုယ့်ထံသို့သာ
    ပြန်လာမှာဖြင့် ဘယ်မလွဲ ။

    သရုပ်သကန်
    မဟုတ်မဟန်
    အရှုပ်ကြံ
    အမှန်မလုပ်လျှင်
    ပစ္စုပ္ပန် သံသရာ ဝဲမှာ
    မြုပ်တော့မှာပဲ ။

    မောင်ညွန့်ဌေး (အထက်မင်းလှ)
    ၃.၁၁.၂၀၂၀. Crd. to Photo.

    ECHO

    One’s volition (cetana)
    Bikkhus
    Effects one’s action (kamma)
    Per Buddha’s teaching

    One’s deeds (physical, verbal, mental)
    Like echo
    Back to oneself
    Returns for sure

    Insincere
    Fabricated
    Devious thoughts
    Not acting truthfully
    In this world
    and in samsara (rounds of rebirth)
    will go deep down into the whirlpool .

    Translated by
    Hla Min ( EC 69)

  • SPHS Teachers

    My Class Teachers

    My class teachers at SPHS were
    IVD : Mrs. A Benjamin
    VD: Mrs. Violet Boudville
    VID: Saya U Pe Maung Tin
    VIID: Saya Nge
    VIIIA: Brother Anthony
    IXA: Brother Xavier
    XA: Brother Austin

    Dr. Thane Oke Kyaw Myint wrote :

    I also joined at IVD, moving from St Philomena’ boy school (across the road from Convent). Like you wrote you start with D, then worked your way up to A. Our class teacher was Mrs Benjamin, who had to teach newcomers and plodders from earlier SPHS classes. Once when she was upset with us she shouted “Do you all know that IV D is the waste basket of St Paul’s?“. Nice to know that you were in IV D like me at the start.

  • IM(1) Field Trip in the 60s

    • Dr. Thane Oke Kyaw Myint (SPHS60) graduated from the Institute of Medicine 1 in 1967.
    • IM(1) medical students took a field trip.
    • They played a “friendly” football match where legs were hovering near the heads.
    Field Trip of IM(1) Students 
    • The referee could not give “red cards” to spoil the match, and had to be contented giving out “yellow cards” and also be prepared to run away from the crowd once the match ended.
    • Despite having a reasonably good goal keeper, the IM(1) team lost by 8 goals. The locals graciously hosted a sumptuous dinner to brag their victory and hospitality.
  • CTK Project

    *** CTK — မြန်မာ project

    ** Children’s Treasury of Knowledge

    ကလေး / လူငယ် / ကျောင်းသူကျောင်းသား

    သိကောင်းစရာ / ဗဟုသုတ

    ဘဏ္ဍာ တိုက် / ရတနာ (သိုက်)

    —-

    ** ကနဦး

    * Japanese Version

    ကလေးသူငယ် များ အတွက် ဘာသာရပ် ဆယ် ခု ကို ဂျပန်ဘာသာ နဲ့ စ ထုတ်။

    —-

    ** နောက်တော့

    * English Version

    Illustration & Layout မ ပြောင်း ခိုင်း။

    စာသား တွေဘဲ Translate လုပ်။

    —-

    ** မြန်မာနိင်ငံ ပညာရေး အတွက်

    * UNESCO Project

    ပညာရှင် အများစု —

    တက္ကသိုလ် ဆရာဆရာမများ

    တက္ကသိုလ်များ ပုံနှိပ်တိုက် ဝန်ထမ်း တချို့

    —-

    English Version ကို မြန်မာ ဘာသာ နဲ့ Translate လုပ်။

    Same restrictions

    ပုံ နဲ့ Layout မပြောင်းခိုင်း။

    စာမျက်နှာ ပို လို့မရ။

    စာသားတွေဘဲ Translate လုပ်။

    —-

    * အခက်အခဲ များ

    ဘောင်ဝင် အောင် ကျစ်ကျစ်လစ်လစ်ဘာသာ ပြန် ကြ။ တည်းဖြတ်ကြ။

    Project ပြီးခါနီးမှာ ပြဿနာ တက်။

    Revised မြန်မာသတ်ပုံကျမ်း အရ “တ” တွေ ကို “တစ်” ပြင်ခိုင်း။

    Layout အတွင်း စာလုံးတွေ မဆန့်တော့။

    Back to Square One

    CTK ထုတ်ဝေ ဖြန့်ချီရေး တန့် သွား။

    —-

  • တမ်းတမိ

    မနေ့က နေအတော်ပူတာဘဲ။ နေပူလိုက် မိုးစပ်စပ်လေးရွာလိုက်ဆိုရင်တော့ မင်းသားလေးတွေထွက်လာ တာတွေ့ရ တတ် တယ်။ အိမ်ရဲ့ဘေးတံခါးပေါက်ကြီးဖွင့်ထားတော့ အိမ်ကကြောင်တွေလဲအိုက်ရှာတာမို့ အပေါက်ဝမှာထိုင်နေရင်း၊ ဇတ်ခနဲ ဆိုကြောင်ကငုတ်တုတ် ထထိုင်လိုက်တာ။ ကြောင်တွေတနေရာရာကို အသေအချာစိုက်ကြည့်နေပြီဆိုရင် သတိထား ရတော့ တယ်။ တစ်ခုခုတွေ့လို့ဆိုတာ သိသာတာမို့ ကြည့်လိုက်တော့၊ ဘုရားဘုရား – – နဲတဲ့အကောင်ကြီးမဟုတ်ပါလား။

    ( တော်ရုံ အကောင်သေးသေးလေးဆိုရင်တော့ ကြောင်တွေက အလွတ်မပေးဘဲ ခုတ်တတ်ပါတယ်။ ဒါဆိုရင်လဲ အိမ်ထဲကို ချီလာမှာစိုးလို့ လိုက်ကြည့်ပြီး၊မောင်းထုတ်နေရတာ။) သရက်ကိုင်းကျိုးအောက်ကထွက်သွားတာ။ ​ တံခါးမကြီးကို ကမန်းက မ်းပိတ်ပြီး ကြောင်တွေကိုလဲ အိမ်ထဲမောင်းသွင်းရတော့တာပေါ့။ ကြောင်လေးတွေကိုလဲကျေးဇူးတင်နေရပါသေးတယ်။

    ကျမတို့တော့ အဲ့ဒီလိုသာတွေ့ပြီးရင် အိမ်ထဲမှာနေရင်းတောင် နေစရာမရှိဘူး။ခြေမချရဲဘူး။ သိပ်ကြောက်တာပါဘဲ။ (သတ္တိကောင်းတာပြောပါတယ်။) အမေသာရှိရင် ဓါးတစ်ချောင်းကိုင်ပြီး၊ ခြံရှင်းတော့မှာအသေအချာပါ။ ကျမတို့ကတော့ ခြံထဲကို လုံးဝ မဆင်းဝံ့တော့တာ။ အမေနဲ့ ရန်လဲဖြစ်ကြရဦးမှာ။ ကိုယ်တွေကတော့ အမေ့ကို နဲနဲလေးမှ အပင်ပမ်းမခံစေချင်တာ၊ အန္တရာယ်ဖြစ်မှာကိုစိုးရိမ်တာမို့ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ တားဆီးခဲ့မိတာပါနော်။ ခုတော့လဲ သတိရ လွမ်းဆွတ်နေကြယုံ မှတပါး။

    လေတွေတိုက်တဲ့နေ့က ကွမ်းသီးပင်ကြီး အလယ်ကကွဲထွက်ပြီး၊ အိမ်ဘေးအဖီလေးပေါ်ကိုကျိုးကျနေတာမို့ ရှင်းဖို့လူခေါ် ထားပါတယ်။ ခြံလဲရှင်းခိုင်းဖို့ပါ။ ဒါပေမဲ့ မိုးကမပြတ်တော့ အပင်ပေါ်တက်ခိုင်းဖို့မဖြစ်ပြန်ဘူး။ နေသာတဲ့နေ့မှဘဲ – – – –

    အလုပ်လုပ်ဖို့ လူခေါ်ရင် ချက်ချင်းလုပ်ပေးချင်ကြရှာတာပါ။ (အလုပ်တွေလဲမရှိရှာကြဘူးလေ။) ဒါပေမဲ့လို့ ကိုယ့်အိမ်အလုပ် လုပ်ရင်း အန္တရာယ်မဖြစ်စေချင်လို့ ခဏတားထားရပါတယ်။ ခုလိုကာလမှာ နေရာတကာချွေတာနေရပေမဲ့လဲ မလုပ်ရင် မဖြစ်တာလေးတွေအတွက်တော့ အကုန်အကျခံရတာပေါ့လေ။ဘာတတ်နိုင်မှာလဲ။ မျှစားကြရတာပေါ့ ။ ကိုယ်ကတော့ စားသောက်နေကြပြီး၊ ကိုယ့်ပတ်ဝန်းကျင်က မစားကြရရင်လဲ မျိုမကျပါဘူး။ အားလုံးကို ဝေမျှပေးဖို့ကလဲ မတတ်နိုင်။

    လူသားအားလုံး သတ္တဝါအားလုံး အေးအေးချမ်းချမ်းနဲ့ စားရေး နေရေး အဆင်ပြေကြပါစေ။

    ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

    အော် ၊ အဖေတို့ မောင်လေးတို့နဲ့ အမေ့ကိုသတိရရင်း – – – – –

    * သေသူကိုရှင်သူက “တ”နေရတာပါလား* လို့ – – – ။ ။

  • အားနာတတ်ရင်

    မနက်အစောစာ ချက်ပြုတ်နေရင်းအတွေးတွေက စုံစိနဖါ။ တရားသဘောနဲ့ကြည့်ရင်တော့ “သတိ” လက်လွတ်တွေးနေ လိုပါဘဲ။ တွေးနေမိပါလားဆိုတာသိနေရင် “သတိမလွတ်ပါဘူးလို့ဆိုရမှာပေါ့လေ။ ကိုယ့်ကိုကိုယ် “ဖေါ့”တွေးတာမဟုတ်ပါဘူး။ ချက်ပြုတ်နေတာကြာနေလို့ သူတို့များဆာနေကြပြီလား။ တခါတလေများ ကမန်းကတမ်းလုပ်လို့ ဆီပူတောင်လောင် တတ် သေး။ ကိုယ်က သူများကိုအားနာတတ်တာကို။ မနက်ဘုရားရှိခိုးရင်လဲ ကိုယ်ဘုရားရှိခိုးနေတာကြာသွားလို့ သူတို့ စိတ်ထဲ “မြက်” သွားရင်၊ သူတို့ ငရဲကြီးသွားမလား။ ကျမကို သူငယ်ချင်း ခင်ချောလေးက “တစ်နာရီလောက်ရအောင်တရားထိုင်ပါ “တဲ့။ အိမ်မှာတော့ အိမ်စိတ်မို့ မနက်ပိုင်းတော့ တစ်နာရီ မထိုင်ဖြစ်ပါဘူး။ အကြံပေးတာကိုတော့ တကယ်ကိုကျေးဇူးတင်ပါတယ်။

    အားနာတတ်တာ ဆိုလို့ – – – ကျမတို့ ရပ်ကွက်က ဝန်ထမ်းရပ်ကွက်လေးမို့ ဟိုးအရင်ကတော့ စည်းကမ်းတကျ လေးနေတတ် ကြပါတယ်။ တစ်နေ့တော့ ဝက်ပေါတို့နဲ့တစ်ရုံးထဲ အလုပ်လုပ်တဲ့ အမျိုးသားတစ်ယောက်က “မမိရေ ငွေ ၅၀၀/-လောက်ချေးပါ။ လကုန်ရင်ပြန်ပေးပါ့မယ်” တဲ့။ ဟုတ်တာပေါ့လေ ဝန်ထမ်းဆိုတာမျိုးက လကုန်ခါနီးရင် ပိုက်ဆံပြတ်သွားတတ်တာကို။ ကိုယ်တိုင်လဲ ဝန်ထမ်းဘဝနဲ့ နေခဲ့ရဘူးတော့ ကိုယ်ချင်းစာပါတယ်။ လခထုတ်ပြီး အလုပ်ကအပြန် သူ့အိမ်ကိုတောင်အရင် မသွားဘဲ ပိုက်ဆံငါးရာကို လာပြန်ဆပ်ရှာတာပါ။ နောက်တစ်လလဲ ဒီလိုဘဲ လာချေးတတ်တော့ ၊ ကျမမှာ ပြန်ရတဲ့ ပိုက်ဆံလေး ငါးရာကို ကျမရဲ့အနက်ရောင်ပိုက်ဆံအိတ်လေးရဲ့ အတွင်းအိတ်ကပ်လေးထဲမှာ “သုံးခွင့်မရှိသောပိုက်ဆံ” လို့သဘောထားပြီး သိမ်းထားရပါတော့တယ်။

    ကျမတွေးကြည့်မိတာကလေ၊ သူ့ခမြာ သူများဆီကပိုက်ဆံချေးကထဲက မျက်နှာချိုသွေးပြီးချေးရရှာမှာ။ မရရင်လဲ ရှက်ရှာမှာ။ အဲ့ဒါကြောင့်မို့ ကိုယ်တစ်ခုခု ဝယ်ချင်လို့ ပိုက်ဆံလိုရင်တောင် သိမ်းထားတဲ့ပိုက်ဆံလေးငါးရာကျပ်ကို မထိရဲပါဘူး။ မပေးလိုက် နိုင်မှာကို အားနာလို့ပါ။

    တနေ့ကတော့ ဝက်ပေါကို အားနာနာနဲ့ဘဲ၊ အဖေချက်တဲ့ ဝက်သားနဲ့ချဥ်ပေါင်လေးစားချင်တယ်လို့ ဝယ်ခိုင်းရပါတယ်။ ညီမက လဲ ဝက်သားသုံးထပ်သား၊ချဥ်ပေါင်နဲ့မျှစ်တို့ဝယ်လာပေးရှာပါတယ်။တကယ်ကျေးဇူးတင်တာ။ မနေ့တုန်းကတော့ သုံးထပ်သား ကို အဖေ ချက်သလိုချက်၊ ချဥ်ပေါင်လေးကိုမွှေပြီးချက်ထားတဲ့ဝက်သားဟင်းလေးနဲ့ရော၊ မျှစ်နဲ့ငရုပ်သီးစိမ်း လေးထည့်ပြီးချက် လိုက်တာ ကောင်းလိုက်တာ။ ငပိရည်ဖျော်လေးနဲ့ ကြောင်လျှာပွင့်လေးရေစင်စင်ဆေးပြီး တို့လို့ပေါ့။ ဒီတခါတော့ ကြောင်လျှာ ပွင့်ကိုမပြုတ်ဘဲအစိမ်းတို့စားတာ။ ညီမခင်စန်းနုရဲ့ နည်းပေါ့။

    ဒီတခါတော့ ကိုယ်စားချင်တာ စိတ်တိုင်းကျချက်စားပစ်လိုက်တာပါ။ ကျမရဲ့ စရိုက်က သူများက ဒီဟင်းလေးစား ကောင်းတယ် ဆိုရင် လက်ရှောင်တတ်တာ။ ကျမကို ဘယ်သူကဘဲဖြစ်ဖြစ် စားစေချင်လို့ကျမပန်းကန်ထဲထည့်ပေးလို့ကတော့ မကြိုက်လဲ မြန်မြန်ကုန်ရင်အေးရောဆိုပြီး စားပစ်တတ်တာ။အဲ့ဒီတော့ ကျမကြိုက်တယ်ထင်ပြီး ထပ်ထည့်ပေးပြန်တော့လဲ ကြိတ်မှိတ်ပြီး စားပစ်လိုက်တတ်ပြန်ပါရော။ အားနာတတ်ခြင်းရဲ့အကျိုးပေါ့လေ။

    ဒေါ်ကြွယ်ကြွယ်ကတော့ :-“အားနာတတ်ရင် ၊ အားပါလိမ့်မယ်” လို့ ဆိုထားသလားလို့ပါ။ ။

  • သတိရမိတာ

    တစ်နေ့ကမိုးတွေသိပ်ရွာလို့၊ ငယ်တုန်းက အဖေနဲ့ တံစက်မြိတ်အောက်မှာ အိုးတွေချပြီးတိုက်ကြတာလေးကို အမှတ် ရနေ မိတယ်။ မိုးရေနဲ့တိုက်ချွတ်ဆေးကြောလိုက်တဲ့ ဒန်အိုးလေးတွေများပြောင်လက်သွားတာပါဘဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျမ တို့လဲအိမ်တွေရှင်းရင်း၊ ရှိတာတွေ အကုန်ချပြီး ဝက်ပေါကဆေး၊ ကျမကသိမ်းနေရတာ။ လွှင့်ပစ်ရတာတွေကတစ်ပုံပေါ့။ မိုးရွာထဲတော့မဟုတ်တော့ပါ။ အခုအသက်အရွယ်နဲ့အခြေအနေကတော့ မိုးရွာထဲကို ဘယ်လိုများဆင်းဝံ့ပါလိမ့်မလဲ။ ခုချိန်မှာ ဖျားနာလို့ကတော့ တခါထဲ နောင်ဘဝ ရောက်သွားလေမလားဘဲ။

    ခပ်ငယ်ငယ် ပျော်ခဲ့ရတဲ့အချိန်လေးတွေကိုလဲမမေ့ပါဘူး။သူငယ်ချင်းတွေကိုလဲ သတိရနေစဲပါဘဲ။ ကျောင်းနေစဥ်ကထဲက ခင်မင်ခဲ့ကြသူတွေမဟုတ်ပေမဲ့၊ ညီရင်းအစ်ကိုမောင်ရင်းတမျှပမာချစ်ခင်ကြတာပါ။ အဲ့ဒီအချိန်က သူ့ကိုယ်မသိ၊ ကိုယ့်သူ မသိနဲ့ဘဲ တစ်ယောက်စကား တစ်ယောက်နားနဲ့ “ရုက္ခဗေဒဘွဲ့ရအသင်း” ကိုတည်ထောင်ခဲ့ကြရပါတယ်။ ဝန်ထမ်းတွေ၊ ကုန်သည်၊စျေးသည်၊ ဘွဲ့ရခါစလူငယ်လေးတွေစုံလို့ပါဘဲ။ ဘာအကျိုးအမြတ်ကိုမှမမြှော်ကိုးဘဲ၊ အသင်းအတွက် ရံပုံ ငွေရှာ ကြမယ်ဆိုလဲတပျော်တပါးပါဘဲ။

    ကျမတို့မှာ ရုပ်ရှင်လက်မှတ်တွေ လိုက်ပြီးရောင်းရသလို၊ ဘူးသီးကြော်သည်လဲလုပ်ကြရပါသေးတယ်။ နင်မှပင်ပမ်းတယ်၊ ငါမှပင်ပမ်းတယ်ဆိုတာလဲမရှိ၊ တစ်ယောက်နဲ့တစ်ယောက် “တွက်ကပ်”ခြင်းလဲမရှိကြပါဘူး။ မှတ်မှတ်ရရ တပ်မတော်ကပွဲရုံမှာ “လွမ်းရတဲ့အဖြစ်လေးတွေ” ဆိုတဲ့ရုပ်ရှင်လေးကို ပြပြီးအသင်းအတွက်ပိုက်ဆံရှာခဲ့ကြမိလို့များ၊ ခုချိန်ခါမှာ သူငယ်ချင်းတွေ တကွဲတပြားစီဖြစ်ပြီး လွမ်းနေကြရသလားလို့ပါ။ ရုပ်ရှင်လက်မှတ်တွေကို” RC” ထဲမှာလဲ ပြေးရောင်းလိုက်၊ မိတ်ဆွေ တွေကို အနိုင်ကျင့်ပြီးရောင်းလိုက်နဲ့ အားနာရမှန်းလဲမသိခဲ့ပါဘူး။

    ရွှေတိဂုံဘုရားပွဲမှာ ဘူးသီးကြော်ရောင်းခဲ့ကြတာတော့ ပျော်လဲပျော်၊ စိတ်လဲညစ်ပါဘဲ။ မိုးစုတ်စုတ်ချုပ်မှ ဘူးသီးကြော် ၊ ဘရာ ကြော် ကြော်ပေးတဲ့စျေးသည်ကိုတော့ ကျမရဲ့သူငယ်ချင်း၊ ယ္ခုကွယ်လွန်သွားပြီဖြစ်တဲ့ “တင်တင်မာ” ခမြာမှာညတိုင်းကို ပြန်လိုက်ပို့ပေးရရှာတာ။ သူကအားလုံးကိုအနွံတာခံရှာတာ။ တင်တင်မာရဲ့ဘော်ဒီဂတ်ကတော့ ကိုမင်းဇော်၊ ကိုဇော် ဝင်းနဲ့ကို တင်အောင်ပေါ့။ ကျမတို့ အမြဲတန်းရယ်ပွဲဖွဲ့ခဲ့ရတာတော့ တင်တင်မာက ” အမယ်လေး၊ ကံကောင်းလို့ ဘရာကြော် ကတော် မဖြစ်တယ်” တဲ့လေ။

    တင်တင်မာနဲ့စပြီးခင်ခဲ့ကြတာကတော့၊ ဘွဲ့ရအသင်းသူ၊ အသင်းသားတွေ မိတ်ဆက်ကြတဲ့ ဒေးစွန်ပါဘုရား ကိုသွား ဖူးကြ တဲ့နေ့ပါဘဲ။ကျမနဲ့အေးအေးချိုက လမ်းမှာစားကြဖို့ ဝက်သားပေါက်ဆီတွေ ဝယ်သွားကြတာ။ တင်တင်မာနဲ့ဝင်းဝင်းအေးက ကျမတို့နောက်ကခုံမှာထိုင်လို့ပေါ့။ ဘုမသိ၊ ဘမသိနဲ့ ကျမကဝက်သားပေါက်ဆီကို တင်တင်မာဆီ အတင်းထိုး ပေးပြီး ကျွေးနေ မိတာ။ သူကတော့လက်ကလေးကာပြီး၊ ရယ်လို့။ အားနာလို့ထင်ပြီးအတင်းကိုပေးတော့မှ၊ သူကအစ္စလမ်ဖြစ်နေမှန်းသိရတာ။ အဲ့ဒီတော့မှ အားနာလိုက်တာလေ။ ၁၉၈၅ခုနှစ်ကပါ။

    အသက်ငယ်တုန်းကတော့၊မိုးရွာမကြောက်၊ နေပူမကြောက် ဘယ်နေရာမဆို သွားကြမယ်ဆိုတာချည်းပါဘဲ။ ဆတ်ဆတ်ဆော့ ဆော့ ရွာသာကြီးကို ပျော်ပွဲစားထွက်မယ်။ ကြံကြံဖန်ဖန် ငါးမျှားပြီးချက်စားကြမယ်ဆိုလို့ မိုးရွာထဲလဲသွားကြတာပါဘဲ။ ရွှံထဲဗွက်ထဲမှာ “ယနုံး” ထိုးကြတာ၊ ဘာငါးမှလဲမရ။ ဗွက်တွေပေ၊ ရေတွေစိုလို့။ တော်သေးတာက ပဲကုလားဟင်းတစ် အိုးနဲ့ ဗလခြောင်ကြော်လေးချက်လာကြလို့သာ၊ အဲ့ဒီနေ့ကထမင်းမငတ်ကြတာ။ ရွာသာကြီးက ကိုနန္ဒတို့ ကိုတင်အောင် တို့ရဲ့ မိတ်ဆွေ”တဲ”လေးမှာထမင်းစားကြရတာ။ ငယ်တုန်းတော့ကြံဖန်ပြီးပျော်ကြတာပါဘဲ။ မရိုသေစကား မလီ (Lily Ba Thein) နဲ့ နီနီကရှူးပေါက်ချင်လှပြီဆိုလို့၊ ရထားလမ်းဘေးမှာ “တို့တွေကာထားပေးမယ်”ဆိုပြီး၊ တာလပတ်အစကြီးကို ကျမကတဖက်၊ အေးအေးချိုကတစ်ဖက်ဆွဲပြီးကာထားရတာ။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးရထားကြီးကလဲဖြတ်လာရော၊ တာလ ပတ်ကြီးက လေတိုးလို့လန်သွားပါလေရော။ လေတိုက်တိုင်းရယ်ကြရတယ်ဆိုတာ ဒါမျိုးနေမှာ။ သွားကြတာကလဲ ပတ်ပ လစ်ကာအမိုးဖွင့်၊ မိုးတွေကရွာလို့၊ ဒါပေမဲ့ ဖျားရ၊ နာရမှန်းလုံးဝမသိ။ ပျော်ဖို့သာစဥ်းစားကြတဲ့အရွယ်တွေကိုး။

    ငြိမ်ငြိမ်ကိုမနေတတ်ကြတဲ့အရွယ်တွေဆိုတော့၊ တော်ကြာ သံလျင်သွားကြဦးမယ်ဖြစ်ပြန်ရော။ ကျောက်တန်းရေလည် ဘုရား ကိုတော့ သံလျင်ကနေကျောက်တန်းကိုသွားတဲ့လိုင်းကားကိုစီး၊ ဘုရားဖူးပြီးအပြန် “ထမလုံ” မှာဆင်းလို့၊ သီဟိုခြံမှာထမင်း စားပြီး၊ ညနေစောင်းမှ သီတာသင်္ဘောကြီးစီးပြီး ပြန်ခဲ့ကြတော့၊ ခရီးစဥ်တစ်ခု အောင်မြင်စွာပြီးဆုံလေသတည်းပေါ့။

    ခုများတော့လဲ တစ်မြို့ထဲနေကြပြီး၊ လုံးဝကိုအဆက်အသွယ်ပြတ်သွားကြတာများလေ၊ ကိုယ်လိုဘဲ အမှတ်ထင်ထင် သတိရ နေ တဲ့သူရှိသလို၊ “ဟုတ်လား၊ အဲ့ဒီတုန်းက ဒီလိုမျိုးလား”ဆိုပြီး မေ့နေကြသူတွေလဲရှိကြမှာ။ နှစ်တွေလဲကြာခဲ့ပြီလေ။ ကျမတို့ အသင်းက တက္ကသိုလ်ဌာနပေါင်းစုံက ဆရာကြီး၊ ဆရာမကြီးတွေကိုလဲ တက္ကသိုလ်ဓမ္မာရုံကြီးမှာ အာစရိယပူဇော်ပွဲတွေလဲ ကျင်းပနိုင်ခဲ့ကြပါသေးတယ်။

    ခုချိန်ခါမှာပြန်တွေးကြည့်တော့လဲ အိပ်မက်လိုပါဘဲလား။

    ဆုံလိုက်ကြ၊ ခွဲခွါသွားလိုက်ကြနဲ့ပါဘဲ။

    ပျော်ခဲ့ကြဘူးတာလေးတွေကိုဘဲသတိရရင်းနဲ့၊ ဘဝရဲ့လက်ကျန်အချိန်လေးတွေကို ကုသိုလ်စိတ်လေးတွေထားပြီးနေထိုင်ကြရတော့မှာ ။

    လူငယ်လူရွယ်လေးတွေ ဥာဏ်ရည်လဲထက်မြက်တုန်း၊ ခွန်အားလဲပြည့်တုန်းအခိုက်မှာ မိမိရဲ့ဘဝကို လိုအပ်တဲ့နေရာမှာ အစွမ်းကုန်ကြိုးစားကြရမှာ။ အချိန်လွန်မှကြိုးစားဖို့ဆိုတာကတော့ ရတော့ရနိုင်ကောင်းပါရဲ့။ သို့ပေမဲ့လဲ စိတ်ထင်တိုင်းမပေါက်ရောက်နိုင်ပါဘူး။ ပျော်လဲပျော်ကြ၊ ကြိုးစားလဲကြိုးစားနိုင်ကြပါစေ။

    အခွင့်အရေးဆိုတာ၂ခါမလာပါဘူး။

    အေးချမ်းသာယာကြပါစေ။