by Hla Min
Updated : Sept 2025
Broadcast on November 17, 2020
Htun Aung wrote :
၁၉၇၈ခုနှစ်ဝန်းကျင်လောက်ကYMCA,Rangoonမှာထိုစဥ်ကမြန်မာပြည်Chess championများဖြစ်ကြတဲ့Saya Dawson နဲ့ ဆရာဦးကျော်သန်း(ကုန်သွယ်ရေး)တို့အကြိတ်အနယ်ယှဥ်ပြိုင်ကြတာကိုရင်ခုံစွာကြည့်ခဲ့ဘူးပါတယ်။ထိုစဥ်ကမြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌကဦးခွန်ဖြူ(ဗိုလ်ကြီး-ငြိမ်း)မှဦးကျော်သန်း(ကုန်သွယ်ရေး)သို့လွှဲပြောင်းခါစဖြစ်ပါတယ်။
မှတ်မှတ်ရရအဖြစ်ကိုတင်စွမ်း(Mec64-70)မြန်မာ့စစ်တုရင်ချန်ပီယံ၊မှော်ဘီမင်သော်စီမံကိန်းတာဝန်ခံအင်/ယာအဖြစ်တာဝန်ထမ်းဆောင်စဥ်ရန်ကုန်မှမှော်ဘီသို့ကိုတင်စွမ်းအိမ်မှာတစ်ညအိပ်သွား၍စစ်တုရင်ကစားရင်းopening,middle game,end gameတွေနည်းနာသင်ကြားမှုခံယူဘူးပါတယ်။ထိုစဥ်မိမိမှမြန်မာပြည်စစ်တုရင်အကြိုလူရွေးပွဲဝင်ရောက်ယှဥ်ပြိုင်မှာမို့သူငယ်ချင်းဆီguidelineသွားယူတာပါ။လူရွေးပွဲမှာအရွေးမခံရပါ။ရှုံးပါတယ်။သူငယ်ချင်းချံပီယံကိုတင်စွမ်းကိုအားနာရပါတယ်။

Leave a comment