Month: May 2025

  • Rowing Notes 3

    Record

    U Maung Maung Than Tun
    • U Maung Maung Than Tun (GBNF) and Aung Khine are the first Father & Son to be Past Captain and Golf Past Captain of RUBC.
    U Sein Htoon & Zeyar Linn
    • U Sein Htoon & Zeyar Linn are the second Father & Son to be Past Captain and Gold of RUBC).

    Zeyar Linn

    • He received B.E. (Mech) in 2002.
    • He is Past Captain and Gold of RUBC.
    • His father U Sein Htoon (M63) is Past Captain (1962 – 63) and Gold of RUBC. He is Past President of Burma Rowing Federation. He coxed the RUBC crew — U Tin Htoon, Dr. Harry Saing (GBNF), U Victor Htun Shein (GBNF) and U Sunny Teng — which won the Willingdon Trophy for Coxed Fours at the ARAE Regatta at Colombo in 1960.
    • His father-in-law Saya U Phone Myint (M) is Retired Superintendent of Workshop at RIT.
    • He posted photos of his rowing buddies.

    U Sein Htoon

  • Book Presents

    စာအုပ် လက်ဆောင်

    I received books from selected authors, sayas, colleagues, relatives and friends.

    ဆရာကြီး ဦးဘတုတ် U Ba Toke

    • RU နဲ့ RIT မှာ သင်္ချာ ပါမောက္ခ Mathematics Professor
    • MASU မှာ ပါချုပ် Rector
    • Assumption University မှာ Dean
    • ပြုစု —တက္ကသိုလ် မောင်သင်္ချာ (Dr. ခင်မောင်ဆွေ) Dr. Khin Maung Swe

    Dr. သိန်းအုပ်ကျော်မြင့် U Thane Oke Kyaw Myint

    • ကလေး အထူးကု ဆရာဝန် Pediatrician
    • UN projects
    • ထုတ်ဝေ — ကျောင်းသားဟောင်း & Colleagues
      Published for 70th Birthday

    ကေ K (BBS ဦးခင်ဇော်) U Khin Zaw

    • RU Chief Librarian
    • Founder & Director, BBS
    • ပြန်ထုတ်ဝေ — မိသားစု
      Reprint by Family members

    စွယ်တော်ရိပ် RIT ကဗျာဆရာများ နဲ့ ပန်းချီဆရာ Poets & Illustrator

    • တက္ကသိုလ်မိုးဝါ / ဦးမိုးအောင်
      U Moe Aung
    • အုတ်ဖိုမောင်ရင်မောင် / ဦးအောင်မြိုင်
      U Aung Myaing
    • ဦးဝင်းမြင့် (စက်မှု)
      U Win Myint
    • ကိုတိုး မြစ်ခြေ / ဦးတိုးအောင်
      U Toee Aung
    • မောင်ညွန့်ဌေး အထက်မင်းလှ / ဦးညွန့်ဌေး
      U Nyunt Htay
    • ပန်းချီမြတ်မျိူမြင့် / ဦးမျိုးမြင့်
      U Myo Myint

    ဦးအောင်ဇော် (ကွန်ပျူတာ) U Aung Zaw

    • RASU Maths, UCC, CSO
    • Assumption University
    • Sydney က တက္ကသိုလ်
    • ထုတ်ဝေ — အမ
      Published by Elder sister
    • ကျွန်တော် Contributing Editor & Reviewer အဖြစ် ကူညီခဲ့
  • RU Engineering Students’ Union (RUESU)

    ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာ ကျောင်းသားများသမဂ္ဂ (အ-က-သ)

    • RUESU is independent of RUSU
    • It published six Annual Magazines
    • Saya U Moe Aung (Tekkatho Moe War) was an Editor for the 1960 – 61 Annual Magazine

    1960 – 61 နှစ်လည်မဂ္ဂဇင်း
    Annual Magazine

    မဂ္ဂဇင်း ကော်မတီ
    Magazine Committee

    * ရှေ့တန်း

    မရင်ရင်ကြည်၊ တက္ကသိုလ်မိုးဝါ၊ ဦးအောင်ခင်၊ ကိုနေဒွန်း၊ ဦးကျော်ထွန်း၊ ကိုခင်မောင်မြင့်၊ မခင်မြင့်

    * နောက်တန်း

    ကိုကျော်ဝင်း၊ ကိုမောင်မောင်အုံး၊ ကိုဝင်းအောင်၊ ကိုစံဝင်း၊ ကိုရင်မောင်၊ ကိုသိန်းတန်

    ** Credit: တက္ကသိုလ်မိုးဝါ (ဦးမိုးအောင်)

  • RU Photos

    အမှတ်တရ ပုံ (တချို့)

    တက္ကသိုလ်ဆရာ ခြောက် ယောက်
    Six University Sayas

    • ဦးသိန်းဟန် — ဇော်ဂျီ
      U Thein Han / Zawgyi
    • ဦးဝန် — မင်းသုဝဏ်
      U Wun / Minthwun
    • ဦးဇော်မြင့် — ဇော်ဇော်အောင်
      U Zaw Myint / Zaw Zaw Aung
    • ဦးဝင်းမွန် — တက္ကသိုလ် ဝင်းမွန်
      U Win Mun / Tekkatho Win Mun
    • ဦးအောင်သင်း
      U Aung Thin
    • ဦးထွန်းမြင့် — တက္ကသိုလ် မင်းမော်
      U Tun Myint / Tekkatho Min Maw

    သင်္ချာ မိသားစု
    Mathematics

    • ဦးစိန်မင်း
      U Sein Min
    • Dr. ခင်မောင်ဆွေ
      Dr. Khin Maung Swe
    • ဒေါ်ခင်မမ
      Daw Khin Ma Ma
    • Staff members
    • Students

    ** Credit: သင်္ချာ မိသားစု Mathematics Association

  • RU Sayamas

    တက္ကသိုလ် ဆရာမ များ

    ဓာတုဗေဒ
    Chemistry

    • ဒေါ်အေးအေးဌေး
      Daw Aye Aye Htay
    • ဒေါ်မေစောလွင်
      Daw May Saw Lwin
    • ဒေါ်တင်တင်မော်
      Daw Tin Tin Maw

    —-

    သင်္ချာ
    Mathematics

    • ဒေါ်ကြည်ကြည်အောင်
      Daw Kyi Kyi Aung

    အင်္ဂလိပ်စာ
    English

    • ဒေါ်စိန်စိန်မြင့်
      Daw Sein Sein Myint

    ** Credit: ဒေါ်မေစောလွင်၊ ဒေါ်ကြည်ကြည်အောင်
    Daw May Saw Lwin, Daw Kyi Kyi Aung

    Feedback

    Daw May Saw Lwin wrote:

    TQ dear Saya U Hla Min for posting the photo of the three of us. We are close friends and were colleagues at the Dept of Chemistry, RASU, Rangoon Arts and Science University, as Rangoon University was then known as.
    L to R : Daw Tin Tin Maw, Daw May Saw Lwin, Daw Aye Aye Htay. The photo was taken some years after our retirement.

    U Aung Htut wrote:

    Daw Kyi Kyi Aung (Mathematics) is my eldest sister. Proud of her.

  • Sunn Win

    Caricature

    RIT မှာကတည်းက အတော်သံယောဇဥ်ကြီးခဲ့တဲ့
    ကာတွန်းဆရာများထဲက တစ်ယောက်.. ဆန်းဝင်း။
    ကာတွန်းအုပ်စုထဲကို လိုလို မလိုလို ဝင်ဝင်ရှုပ်တတ်တာ
    ကိုယ့်ရဲ့ ​အကျင့်ဖြစ်နေပြီလေ။
    ဆန်းဝင်း ဆိုတဲ့ကောင်ဟာ အတော်တော်တာပဲ။

    ကယ်ရီကေးချား ရေးတာ လွယ်မှတ်လို့…

    caricature = လူတစ်ယောက်ရဲ့ဓာတ်ပုံ
    ထဲက သိသာထိုးထွက်နေတဲ့ သွင်ပြင်လက္ခဏာရပ်တွေကို
    အပြောင်အပြက်လုပ် ပြီး ချဲ့ကား ရေးဆွဲ ခြင်း၊
    ဒါမှမဟုတ် ထိတ်လန့်စရာဖြစ်စေဖို့ ရေးဆွဲခြင်း လက်ရာ…။

    Tekkatho Moe War

    ကောင်းကင်ပြာကိုပဲ ဝါစေချင်တာလား..
    မိုးရေစက်အဝါတွေကို တမ်းတတာလား…
    ကဗျာဆရာ တက္ကသိုလ် မိုးဝါ..

    ကျွန်တော်တို့ RIT ကာတွန်းဆရာတွေထဲ..
    ဝင်ပါနေတတ်တဲ့ဆရာဦးမိုးအောင်..
    သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ ဆရာ…

    Sun Win

    Saya With RIT Cartoonists
    Saya Advising Cartoonists
  • Proud Alumni

    Proud Great Grandparents

    • Saya U Ba Toke (GBNF)
    U Ba Toke
    • Sayama Daw Khin Saw Tint (GBNF)
    Daw Khin Saw Tint
    • Bo Lwin Swe (EE62)
    Bo Lwin Swe
    • Daw Khin Than Nwe (T62)
    Daw Khin Than Nwe
    • Zau Lai (EP69)
    Zau Lai
    • Albert Kyaw Min (ChE69)
    Albert Kyaw Min

    Proud Grandparents

    Some 69ers have six or more GK (Grand Kids).

    • Daw Lin Lin Aung : 8 GK
    • U Aung Gyi Shwe (GBNF) : 6 GK
    Aung Gyi Shwe
    • U Tun Aung Gyaw : 6 GK
    U Tun Aung Gyaw
    • Ivan Lee (U Khin Maung Oo) : 6 GK
    Ivan Lee

    Proud Lu Byo Gyee

    Some 69ers are eligible bachelors

    • U Myint Maung (Bu)
    U Myint Maung (Seated right)
    • U Nyi Hla Nge
    U Nyi Hla Nge
  • Intelligence

    Video Broadcast

    Several definitions

    Example : Ability to use tools to create better tools

    Types

    The list is not exhaustive

    • Human Intelligence
    • Animal Intelligence
    • Military Intelligence
    • Machine Intelligence
    • Artificial Intelligence

    AI / Artificial Intelligence

    Word proposed by John McCarthy and colleagues for a new discipline (different from Cybernetics) about five decades (or so)

    Early researchers include

    • John McCarthy
    • Marvin Minsky
    • Alan Newell
    • Herbert Simon
    • Arthur Samuel
    • Ed Feigenbaum
    • Raj Reddy

    Early works

    • Logic Theorist (Newell, Shaw, Simon)
    • GPS / General Problem Solver (Newell, Shaw, Simon)
    • Checkers Program (Arthur Samuel)
    • MIT AI Lab (John McCarthy, Marvin Minsky)
    • Knowledge Based System (e.g Medical) : Ed Feigenbaum

    Decline and resurgence of AI : At least twice

    • Fifth Generation Computer Systems
    • Neural Networks / Machine Learning/ Deep Learning
    • Games to best human Champions (Chess, Go, Jeopardy)
    • Turing Test / Modified Turing Test
    • Robotics
    • Natural Language Understanding / Processing
    • Smart devices and applications

    Hype / Too much commercialization/ Rewording of old ideas as AI

    Some trusted AI systems have features/ bugs (e.g facial recognition)

    IQ / Intelligence Quotient

    • Measure introduced by Terman
    • Relative measure

    Other Measures

    • Emotional Intelligence / Quotient
    • Sasana Intelligence/ Quotient
      suggested by Panditarama Sayadaw
    • Technological Savvy
    • Resilience to Adversity
  • Tekkatho Moe War

    Tekkatho Moe War’s article

    အနှစ် ၅၀၊ အလွမ်းရယ်တဲ့တိမ်တောင်၊ ကျွမ်းမြှိုက်လောင်ခဲ့

    (၁)

    ကြာမြင့်လှပြီဟုဆိုနိုင်သောအချိန်ကာလ၏ စာပေတစ်ခေတ်နှင့် ယင်းစာပေဖွံ့ ဖြိုးတိုးတက်ထွန်းကားခဲ့သည့်​​အချိန်နှင့်အတူ ပုံနှိပ်စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် အများအပြားသည်လည်း ဝေဆာဖူးပွင့်ခဲ့သည့် ဖြစ်စဥ်ကို မှတ်မိနေပါသေးသည်ဟုကနဦး လှစ်ဟပါရစေ။ မဂ္ဂဇင်းဆိုသည်မှာလည်းမိမိတစ်ကိုယ်တည်းအကြိုက်ပြောရလျှင် စာပေဟင်းလေးအိုးကြီးသဖွယ် စာမျိုးစုံ၊ ရသအဖုံဖုံပါဝင်နေသော စာအုပ်ဟု ခံယူထားသူဖြစ်သောကြောင့် ခုံခုံမင်မင် နှစ်နှစ်ခြိုက်ခြိုက် မပြတ် ဖတ်မှတ်ခြင်းပြုခဲ့သည်။ နောက်ထပ် အကြောင်းခြင်းရာတစ်ခုမှာ စာရေးဝါသနာထုံသည့်အလျောက် မိမိပေးပို့ထားသော ကဗျာပါလာ၏၊ မပါလာ၏ဆိုသည်ကို လစဥ်ဆိုသလို မဂ္ဂဇင်းထွက်ရက် စောင့်မျှော်ရခြင်းအရသာသည် မည်သည်နှင့်မျှမတူ၊ တစ်မျိုးတစ်ဘာသာ…။ ထို့ပြင်၊ စာရေးသူသည် စာလေးကဗျာလေး ရေးသားရုံသာမက ရသစုံပါဝင်သော မဂ္ဂဇင်းစာအုပ်မျိုးအား ထုတ်ဝေခြင်းကိစ္စကိုလည်းစိတ်ဝင်စားသည်။ ငယ်စဥ်အခါက စာပုံနှိပ်စက်သို့ တစ်ခါတစ်ရံရောက်ဖူးရာ ယင်းနေရာတွင် ခဲစာလုံးစာစီသည့်အခန်း၊ စက္ကူထုပ်များထားရာနေရာ နှင့် ပုံနှိပ်စက်၊ ပုံနှိပ်မင်စသည်တို့၏ အနံ့များအား ဘာကြောင့်မှန်းမသိ၊ အလွန်ကြိုက်သည်။ မိမိရေးသည့်စာကိုသာမက သူတစ်ပါးရေးသောစာတို့ကိုလည်း ဖတ်ရှု ပြင်ဆင်တည်းဖြတ်ပေးရသည်ကိုအထူးအားရကျေနပ်မှုရခဲ့သည်။ တက္ကသိုလ် စတက်စဥ် နာမည်မမှတ်မိတော့သည့် အသင်းအဖွဲ့တစ်ခုအတွက် စာတည်းအဖြစ် စာမူရွေးချယ်စိစစ်ပေးခဲ့ဖူးသည်။ ယင်းနောက် အင်ဂျင်နီယာကျောင်းသားဘဝ အစောပိုင်းတွင် “အင်ဂျင်နီယာကျောင်းသားများသမဂ္ဂ မဂ္ဂဇင်း (၁၉၆၁)” ကို အထွေထွေစာတည်းအဖြစ် ဆောင်ရွက်၍ အပြီးအစီးပုံနှိပ်ထုတ်ဝေသည့်နေရာ၌ လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသည်။ ပြန်လည်၍ အတွေးနယ်ချဲ့သည့်အခါ စာရိုက်ရန် ကွန်ပျူတာကဲ့သို့စက်လည်းမပေါ်သေး၊ ယခုလို အင်္ဂလိပ် မြန်မာစာရိုက်၍သိမ်းဆည်းထားနိုင်သော လက်ကိုင်ဖုန်းဟူသည် ပို၍ပင်ဝေလာဝေး။ထိုစဥ်က ခဲသားဖြင့်ပုံသွန်းလောင်းထားသော စာလုံးများသာရှိသဖြင့် ယင်းတို့ကို စာစီသမားများက အက္ခရာ၊ ဗျည်းစသည်ဖြင့် တစ်ခုချင်းကောက်ကာ စာကြောင်းဖြစ်ရန် စီပေးရသည်။ ယင်းကိုမှမင်အနည်းငယ်သုတ်ကာ ပုံနှိပ်စက္ကူစာရွက်အရှည်ပေါ်သို့ ဖိရိုက်ပေးရသည်၊ အမှားအမှန်အားဖတ်ရှုပြင်ဆင်ပေးရသည်။ အထပ်ထပ်ပြင်ပြီးသော် စာမျက်နှာ ၈ မျက်နှာကို လေးထောင့်သံခွေဖြင့်ညှပ်၍ ပုံနှိပ်စက်ပေါ်တင်ရသည်။ ထွက်လာသည့် စာအချောအား တစ်ဖန်ဖတ်ရှုကာ နောက်ဆုံးအကြိမ်စစ်ဆေးပြီးလျှင် စက်ဆရာကိုအပြီးသတ်အပ်ရန် အသင့် ဖြစ်နေပြီ။ အထက်ပါ လုပ်ငန်းစဥ်များအား စဥ်ဆက်မပြတ် ပြုလုပ်နိုင်ရန်ဆိုသည်မှာ တာဝန်ခံစာတည်းဖြစ်သူ၊ သို့မဟုတ်လုပ်ငန်းတာဝန်လွှဲအပ်ခြင်းခံရသူသည် ပုံနှိပ်စက်နှင့် ကင်းကွာနေ၍မရ၊ အမြဲတစေ အနီးအနား၌ရှိနေရမည်။ သို့မှသာ လုပ်ငန်းစဥ်တစ်ရပ်လုံး အရှိန်အဟုန်ဖြင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်မည်။ ဝါသနာကြီးလွန်းခြင်းကြောင့် စာရေးသူသည် ငယ်ရွယ်စဥ်ကတည်းကပင် စာပုံနှိပ်တိုက်ထဲတွင် မည်မျှပင် ပူလောင်အိုက်စပ်ပါစေ၊ ချမ်းမြေ့ပျော်ရွှင်မှုအပြည့်အဝ ရရှိခဲ့သည်ချည်းသာ။

    (၂)

    လူ့အမှတ်သညာသည် အလွန်ပင်ထူးဆန်းအံ့ဩဖွယ်ကောင်းသည်။ စာရေးသူ၏ငယ်သူငယ်ချင်းကဗျာဆရာ၊ တေးပြုစာဆိုသည်ယခုအချိန် ခံစားနေလျက်ရှိသည့် အတိတ်မေ့ရောဂါမှာ အလွန်ဆိုးဝါးသောအဆင့်သို့ ရောက်နေပြီဟု ကြားသိရသည်။ ဘာတစ်ခုကိုမျှ သူမမှတ်မိတော့သော်လည်း သူရေးစပ်ခဲ့သော နာမည်ကျော် “မြကျွန်းညိုညို တက္ကသိုလ် ” တေးကိုမူ စန္ဒရားဖြင့်တီးခတ်နိုင်သေးသည်ဆိုသည်။ သဘောမှာ ဦးနှောက်၏တစ်ထောင့်တစ်နေရာ၌ စွဲကပ်ကျန်နေခဲ့သည့် အနုပညာတစ်ခုသည် မည်သည့်ကာလသို့ရောက်သွားရောက်သွား ပျောက်ပျက်မသွားဘဲ တည်မြဲနေတတ်သောသဘောမျိုး။ ယခုလည်းကြည့်။ ရန်ကုန်စက်မှုတက္ကသိုလ် တွင်ဗွေဆော်ဦး နှစ်လည်မဂ္ဂဇင်းထုတ်ဝေရန်ထိုစဥ်ကပါမောက္ခချုပ်ဦးရုံးမိုက အစည်းအဝေးခေါ်ယူသည်။ နှစ်စဥ်ထုတ်ဝေမည်ဟုဆုံးဖြတ်သည်နှင့်ဖွဲ့စည်းပုံကို ပထမရေးဆွဲသည်။ ဥက္ကဋ္ဌသည် ပါမောက္ခချုပ်ဖြစ်ပြီး သူက တာဝန်ခံစာတည်းအားတိုက်ရိုက်ခန့်အပ်ရမည်။ အထွေထွေအတွင်းရေးမှူးနှင့် ဆပ်ကော်မတီအသီးသီး၏ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က စာတည်းအဖွဲ့ဝင်များဖြစ်ရမည်။ စာတည်းအဖွဲ့ဝင်များနှင့် ကျန်လုပ်ငန်းဆိုင်ရာအဖွဲ့ဝင်များကို အစည်းအဝေးခေါ်၍ အများဆန္ဒအရရွေးချယ်ရမည်။ အဆိုပါ အဖြစ်သနစ်ကိုယခုတိုင် မမေ့သဖြင့် ပြန်လည်သတိတရ ဖော်ထုတ်ရေးသားရခြင်းဖြစ်သည်။ မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌက ဆရာကြီးဦးရုံမို ဖြစ်သွားသည်။ ဆရာကြီးက တာဝန်ခံစာတည်းနေရာတွင်​ မြို့ပြအင်ဂျင်နီယာဌာနပါမောက္ခ ဆရာ ဒေါက်တာအောင်ကြီးကို ခန့်သည်။ မိမိမျှော်လင့်ထားသလိုဖြစ်မလာ၊ တက်တက်စင်လွဲပြီ။ မိမိသည်ကျောင်းဆရာအဖြစ်အမှုထမ်းခဲ့သည်မှာ ၅နှစ်မျှသာရှိသေးသော်လည်း အနုပညာစာပေကိစ္စနှင့်ပတ်သက်လာလျှင် အလွန်တက်ကြွကာ မိမိကိုယ်ကိုဝေဖန်သုံးသပ်ရပါက ထင်တစ်လုံးမြင်တစ်လုံးဖြစ်နေသူတစ်ယောက် ဟု မြင်သည်။ တာဝန်ခံစာတည်းနေရာသည် မိမိနှင့်အပ်စပ်သည့်နေရာဖြစ်၍ မိမိကိုသာပေးရမည်ဟု ခံယူထားသည်။ သို့နှင့် ရွေးချယ်တင်မြှောက်ပွဲအတွက်အစည်းအဝေးခေါ်ယူသောအခါ သွားတက်သည်။ဆရာက မိမိအားစာတည်းအဖွဲ့ဝင်နေရာတစ်နေရာပေးသော်လည်း မိမိက လက်မခံ၊ မအားလပ်ဟုအကြောင်းပြလျက်ငြင်းဆိုလိုက်သည်။ ထိုနေရာအား အခြားဆရာတစ်ဦးသို့ပေးသည်။ တာဝန်ခံစာတည်း ဆရာကြီးသည် မကြာမီတွင် ပါမောက္ခချုပ် ဖြစ်လာသောအခါ မိမိက ကိုယ့်မာနနှင့်ကိုယ်ရှိရင်းစွဲအတိုင်း ဆက်၍နေသည်။ မဂ္ဂဇင်းကော်မတီတွင် လုံးဝမပါဝင်တော့ဘဲ အဆက်အစပ်ကင်းကွာသွားသည်။ ကဗျာများကိုတော့ရေးပို့မြဲ…..။

    (၃)

    မိမိအလွန်မာနကြီးသည်၊ ဘဝင်မြင့်ခဲ့သည်၊ နောင်အခါတွင်တော့ မိမိကိုယ်ကိုသုံးသပ်ဆန်းစစ်ကြည့်မိသောအခါ သိရသည့်အသိမှာ ကံကောင်းထောက်မစွာ နောက်ကျမသွားသေး။မာနကြီးပုံ၊ ဘဝင်မြင့်ပုံမှာတစ်မျိုး၊ ကျွမ်းကျင်ရာလိမ္မာဆိုသလို မိမိထိတွေ့မှုများရာနယ်ပယ်၌လုပ်ငန်းကိစ္စနှင့်ပတ်သက်လာလျှင် မိမိသာ ရှေ့ဆုံးမှ လုပ်ကိုင်ရမှ၊ မိမိမကျွမ်းကျင်သော နယ်ပယ်ထဲသို့လည်း ပါဝင်ခြင်းမပြု၊ အားကစားကိုစိတ်မဝင်စား ကျွမ်းကျင်ခြင်းမရှိ၊ ယင်းတို့နှင့်ပတ်သက်သည့်အသင်းအပင်းများထဲသို့ ဝင်ရောက်ပါဝင်ခြင်းမရှိခဲ့။ ဝါသနာအလျောက် စာစောင် မဂ္ဂဇင်းထုတ်သည့်အလုပ်ကိုအမြဲတစေ လုပ်ကိုင်ဖြစ်သည်။ နေရာတိုင်းလိုလို၌ အသိအကျွမ်း မိတ်ဆွေအပေါင်းအသင်းကျယ်ပြန့်လာသည်။ တစ်နေ့တော့ သူငယ်ချင်း ကဗျာဆရာ မောင်ခိုင်မာ (ယခုကွယ်လွန်ပြီး) က မိမိအား ခင်ဝင်းသစ်၏ ဆွမ်းကျွေး အလှူနေအိမ်သို့ခေါ်သွားသည်။ ခင်ဝင်းသစ်မှာ နာမည်ရစ ကဗျာဆရာမတစ်ယောက်ဖြစ်၏။ ယခင်က တွေ့ဆုံဖူးခြင်းမရှိသေး၍ မောင်ခိုင်မာက သူမနှင့်မိတ်ဆက်ပေးပြီးသော် ခင်ဝင်းသစ်ကပြုံးကာ ” ဆရာ့ကဗျာတွေကို ဖတ်ရင်းနဲ့ ကျွန်မတို့ကြီး​​ပြင်းလာရတာပါ ဆရာ ” ဟုပြောသည်။အရိုးခံစိတ်ဖြင့်လှစ်ဟသောစကားဖြစ်ပင်ဖြစ်နေစေကာမူ ဘဝင်လေဟပ်သွားစေသည်မှာအမှန်။ စာပေအနုပညာကိစ္စနှင့်ပတ်သက်သော မိမိ၏တွေ့ထိခဲ့မှုဖြစ်စဥ်များသည် များပြားလွန်း၍ စာတစ်စောင်ပေတစ်ဖွဲ့ရေးမည်ဆိုလျှင် ကုန်နိုင်မည်မထင်။ ဆရာဒေါက်တာအောင်ကြီးနှင့် မဂ္ဂဇင်းကော်မတီကိစ္စကို ပြန်ကောက်ပါမည်။ ဆရာသည် မိမိလုပ်ကိုင်ဆောင်ရွက်ရမည့်နေရာကို ယူသွားခဲ့သည်ဟု ယူဆစွဲလမ်းခဲ့သည်။ ဤအယူကြောင့်ဆရာ့အားပြစ်မှားမိခြင်းမရှိသည့်တိုင် ဆရာ့အပေါ်တွင် စိတ်ခုမိသည်တော့အမှန်။ ဆရာသည်မိမိ၏ သင်ဆရာမဖြစ်ခဲ့ဖူးသော်လည်း ကြားဆရာ မြင်ဆရာတစ်ဆူတော့ဟုတ်သည်ကို ဝန်ခံရပေမည်။ သို့ဖြစ်ရကား ဘုရားရှင်ဟောကြားတော်မူခဲ့သော အနန္တောအနန္တငါးပါး ထဲတွင် ဆရာသည်လည်း ရှိခိုးပူဇော်ကန်တော့ရမည့် ငါးပါးအနက်တစ်ပါးအဖြစ်ပါဝင်နေသည် မဟုတ်ပါလား။စေ့စေ့တွေးကြည့်လျှင် စိတ်ခုမိသည်ဆိုခြင်းသည်ပင် အသေးစားပြစ်မှားခြင်းဟု ကတ်ပိုးကတ်ဖဲ့ပြောမိပြန်သည်။ အပြစ်သည် သေးသည် ကြီးသည်ဟူ၍ ရှိလို့လားဟုတော့ သံသယဝင်မိသေးသည်။

    (၄)

    ဆရာသည် ဤအဖြစ်ကို ရိပ်စားမိသလား၊ မရိပ်စားမိသလား၊ သိရှိသလား မသိဘူးလားကိုတော့ မိမိမသိ။ ဆရာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေဆရာ့အား ဖွင့်ဟအသိပေးပြီး တောင်းပန် ကန်တော့မှဖြစ်တော့မည်။ ယင်းသို့ မိမိအနေဖြင့် ဆုံးဖြတ်ချက်ချလိုက်ပြီးချိန်၊ ဆရာသည် ၁၉၇၇ ခုနှစ်တွင် နိုင်ငံခြားသို့ အပြီးအပိုင်ထွက်ခွာသွားလေပြီ။ ဓာတုအင်ဂျင်နီယာဌာနမှ ပါမောက္ခ ဆရာဦးခင်အောင်ကြည်က ပါမောက္ခချုပ်တာဝန်ကိုဆက်ယူသည်။ ယင်းမှ မိမိအား တာဝန်ခံစာတည်းခန့်သည်။ မော်ကွန်းထိန်း ဦးသက်လွင်က ထုတ်ဝေသူဖြစ်သည်။ ၁၉၇၈ မှ ၁၉၈၇ ခုနှစ်အတွင်း ရန်ုကုန်စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းများ နှစ်စဥ်မပျက်မကွက်ထွက်လာသည်။ မိမိ တာဝန်ခံစာတည်းနေရာ ရပြီဆိုတော့ ပျော်သလားဟု မေးလျှင် ထင်သလောက်မပျော်ဟု ဝန်ခံရမည်။ အဘယ့်ကြောင့်နည်း။ ၁၉၆၉ နှင့် ၁၉၇၉ တည်းဟူသောဆယ်နှစ်တာကာလရထားကြီးကို စီးနင်းလိုက်ပါခဲ့သော မိမိသည် လိုချင်တပ်မက်မှုတဏှာ အတန်အသင့် ပါးလျသွားပြီဖြစ်၏။ ဆယ်နှစ်အတွင်းပို၍ရင့်ကျက်သော နယ်ပယ်တစ်ခုဆီသို့ ထို ရထားကြီးက ပို့ဆောင်ပေးခဲ့ပြီ။ ကဗျာများအား မိမိ ရေးခဲ့သည့်ကာလတစ်လျှောက်လုံး ချီးကျူးထောပနာပြုခံရခြင်း၊ လှောင်ပြောင်ခံရခြင်း၊ ကဲ့ရဲ့ဝေဖန်ခံရခြင်း စသည့် ဒဏ်ကို ခံနိုင်ရည်လည်းရှိလာပြီဖြစ်သည်။ ဆယ်ကျော်သက်အရွယ်က မိမိ၏ အော်တိုစာအုပ်ထဲတွင် စာရေးဆရာကြီး လေးမြင့်က ” ကျော်ကြားလိုပါသလား။ ကျော်ကြားလို၍စာရေးလျှင် စာရေးဆရာဖြစ်မည်မဟုတ်။ စာရေးဆရာဖြစ်ချင်၍စာရေးလျှင် တစ်နေ့မကျော်​ကြားဘဲနေမည်မဟုတ်…”ဟု ရေးထားသည်။ ကဗျာဆရာကြီးဒေါင်းနွယ်ဆွေကလည်း “လောကလူ့ရွာသို့ ကဗျာဆရာသည်ဧည့်သည်အဖြစ်တစ်ယောက်တည်းရောက်လာ၏။ လောထဲမှတစ်ယောက်တည်းပင် ထွက်ခွာသွားရပေမည်”..ဟုရေးထားခဲ့သည်။ ဆရာဒေါင်းသည် မိမိ၏ စင်တင်ဆရာဟုပြောပါက မမှား၊ ကဗျာစ ရေးစဥ် အားပေးကူညီခဲ့သူဖြစ်၍ သူသည်လည်းဆရာတစ်ယောက်ဖြစ်၏။ဆရာများအား စာတစ်ပုဒ်ဖြင့် ပူဇော်ခြင်းသည်ပူဇော်ထမြောက်၏ဟု နားလည်သည်။ ယင်းမျှမက အောက်မေ့သတိရခြင်းဖြင့်လည်း ပူဇော်ကန်တော့နိုင်သည်ဟု ဆိုချင်သေး၏။ သို့ဖြစ်၍ ဆရာဒေါက်တာအောင်ကြီးနှင့်ပတ်သက်သော် မိမိ၏ ဦးနှောက်မိတ်ဆွေက “ခင်ဗျားကသာ ဆရာ့ကိုတောင်းပန်မယ် တောင်းပန်မယ်နဲ့ လုပ်လုပ်နေတာ၊ ဆရာကဖြင့် ဘာမှန်းတောင်သိမှာမဟုတ်ဘူး၊ ခင်ဗျားပဲ ဒီကိစ္စကိုသိနေတာ…ပြီးတော့လည်း ခင်ဗျားကဆရာ့ကို ပြစ်မှားတာ၊ စော်ကားတာမှ မဟုတ်ဘဲ။ ကိုယ့်ဟာကိုယ်စိတ်ကလေးနည်းနည်းခုမိတာကိုများ ရေးကြီးခွင့်ကျယ်လုပ်လို့….။ ကိုယ်နှုတ်အမူအရာနဲ့လည်းပြစ်မှားမိတာမှ မဟုတ်၊ တောင်းပန်ဖို့မလိုပါဘူးဗျာ…” ဟုတိုက်တွန်းပြောဆိုသည်။ မိမိ၏ နှလုံးသားမိတ်ဆွေကမူ ယင်းကို လုံးဝငြင်းပယ်ကန့်ကွက်သည်။ မိမိသည် မိမိ၏နှလုံးသားမိတ်ဆွေအား ပြုံးပြနှုတ်ဆက်လိုက်လေသည်။ စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ပျို့အား မှီငြမ်းခြင်းပြုရပါက မိမိသည် ဆရာ့အား ဤစာကိုးခန်း၊ပုလဲပန်းဖြင့်၊ နွမ်းဖျော့မျက်ရည်၊ ဝန်းလည် မာန်လျှော့၊ ကန်တော့ပန်း ဆင်လိုက်ပါသတည်း။

    ရေးသူ — တက္ကသိုလ် မိုးဝါ

  • GBNF (2019 & 2020)

    • Sayagyi Dr. Chit Swe
      Pioneer of Computer Systems, Application and Education in Burma
      Retired Rector of RASU
      I have written several articles about my mentor
      Passed away in Sydney Australia in 2019 at the tender age of 88
    • Daw Khin May (English)
      Her siblings/relatives include Sayama Daw Phwa Yin (Former Head of English), Saya U Tin Lwin (Pali) and Sayama Daw Sein Sein (Registrar, Director).
    • U Myat Hla Sein (Movie Technology)
    Myat Hla Sein
    • Dr. Khin Maung Swe (Tekkatho Maung Thin Char)
    • Dr. Khin Kyi Nyunt and son Dr. Khin Tun (Peter)
      Passed away at the ages of 89 and 62.

    • U Win Myint Maung (N Jar Thaing)
      Author
    N Jar Thaing