Category: Saya

Saya’s Early Morn

ဆရာ့မနက်ခင်း​လေး မနက်လေးနာရီလေးဆယ့်ရှစ်မိနစ်။ ဆရာ့ထံမှအလွမ်းစကားသံလေးကိုမပီဝိုးဝါးကြားလိုက်ရသည်။ ဆရာ။ ဦးမိုးအောင်။ တက်ကသိုလ်မိုးဝါ။ ကျနော်တို့စာပေသမားတွေကိုသူမွေးဖွားပေးခဲ့သည်။ ဆရာ့အသံကအရင်လိုပီသချိုမြမှုတွေမရှိနိုင်တော့တာကိုသတိထားလိုက်မိသည်။ သို့သော်ကျနော်တို့အားလုံးအပေါ်ထားသောဆရာတစ်ယောက်၏မေတ်တာတရားကားချိုဆဲ။မြဆဲ။အေးမြဆဲ။ ဆရာ့အသံတိုးညှင်းညှင်းသည်ကျနော့်ကိုမျက်ရည်ဝဲစေသည်။ တက်ကသိုလ်ကာလများတုန်းကဆရာ့လှုပ်ရှားမှုတွေ တက်ကြွမှုတွေ။မဂ်ဂဇင်းအတွက်နှစ်ပေါင်းများစွာဘဝကိုပေးဆပ်ခဲ့ပုံတွေ။ ပုံရိပ်စစ်များစွာကိုစိတ်မျက်စေ့မှာကျနော်ပြန်မြင်နေရသည်။အတုအယောင်မဟုတ်သောဆရာ့စာပေစိတ်ကိုလေးစားမှုဝိညာဥ်ထဲမှာပြတ်သားစွာကျနော်မြင်နေမိပြန်သည်။ အနှစ်နှစ်ဆယ်ကျော်တည်မြဲခဲ့သောဆရာတပည့်သံယောဇဥ်။စာပေရဲဖော်ရဲဖက်သံယောဇဥ်။ အတိတ်၏အရိပ်ပုံများစွာကကျနော့်နှလုံးသားမှာတရိပ်ရိပ်ထင်ဟပ်လာခဲ့လိုက်ပုံများ။ရုပ်ရှင်အနှေးပြကွက်တွေလိုညင်သာစွာပေါ်လာရပြန်သည်။ သည်မနက်မှာအလွမ်းနှင့်အတူဆရာဖုန်းဆက်လာသည်။ ဆရာ့သွားကြားမှလေထွက်သံများကမပီဝိုးတဝါးပေမယ့်ဆရာ့မေတ်တာကကြည်လင်သည်။ပြတ်သားသည်။အေးမြခြင်းကိုကျနော်ခံစားလိုက်ရသည်။ ရင်သည်လှပ်ကနဲ။ အလို။ဘုရားရေ။ “အလွမ်း” ဟုတ်သည်။အလွမ်းပါလား။ မြမြချွန်ချွန်။ ဆရာ့အသံနှင့်ထပ်တူလေဟုန်စီးလိုက်ပါလာသူများကတော့သူငယ်ချင်းတွေ။ညီအကိုတွေ။နှမငယ်တွေ။ချစ်သည်။ သြော်!•••ပြီးတော့လွမ်းသည်။ တွေ့ချင်လှသည်။ ဟန်မဆောင်ကြစတမ်းဖက်ရမ်းပွေ့ဖက်နှုတ်ဆက်ချင်လှသည်။ ဆရာဦးဌေးညွန့်။ အညတရကျော်။ ငကို။ကိုကိုစက်မှုတက်ကသိုလ်။ကိုမြေ။ ငထွဋ်။ညီလင်းညို။ မြင့်ဦး။စိန်သောင်း။ဝင်းမာညွန့်။ပေါက်စ။ပွင့်ဖြူ။ငလတ် မင်းဦး။အခြားရေးဖော်တွေ။ ဆရာအိုပြီသူငယ်ချင်းတို့ရေလို့ကျနော့်စိတ်ထဲကနာကျင်စွာတိုးတိုးရေရွတ်နေမိပါသည်။ ဆရာကားဇရာနှိပ်စက်ခြင်း းဗျာဒိ၏နှိပ်စက်ခြင်းတို့ဒဏ်ကိုအလူးအလဲခံစားနေရသည်။ သို့သော်ဆရာ့အနုပညာကားဘယ်ခါမှမအို။ဆရာ့ကဗျာတွေကပြည်သူတွေနှင့် တလွှာတည်းတသားထဲရှိမြဲ။ ဆရာ့ကဗျာတွေမှာဇရာမရှိ။ ဆရာ့ကဗျာတွေမှာဗျာဓိမရှိ။ ဆရာ့ကဗျာတွေမှာမရဏမရှိ။ ဆရာ။ ကဗျာ။ ထာဝရရှင်သန်ခြင်း။ သက်ရှည်ကျန်းမာတော်မူပါစေသားဆရာရေဟုသာကျနော်အဝေးကနေမေတ်တာပို့နေမိပါသည်။ အလွမ်းမနက်ခင်းလေးသည်မေတ်တာဖြင့်အေးမြနေပေတော့သတည်း။ အောင်စိုးဦး(မြင်းခြံ) 5:27am Saya […]

RU [67]

Rectors Dr. Maung Maung Kha U Ba Toke Registrars U Thet Lwin Early Sayas Censorship Nomination Philosophy Scholarship / Stipend Early Mathematicians RU Main Campus RIT Grand Reunion and Saya Pu Zaw Pwes Rangoon University Boat Club Dr. Harry Saing Tun Naung SEAP Games Football / Soccer Tennis […]