MSY : 8-8-88 (Poem)
Handwritten copy of Maung Swan Yi’s Poem Post by Maung Lu Pay (San Lin, M87) ဆရာစွမ်းရဲ့ ရှစ်လေးလုံးနှစ်သုံးဆယ်ကဗျာ။ မြန်မာ့စာပေသမိုင်းရဲ့ သက်ရှိရတနာတစ်ပါးလို့ ခေါ်ရမဲ့ စာရေးဆရာကြီးတွေထဲမှာ ဆရာမောင်စွမ်းရည်လည်း တစ်ယောက်အပါအဝင်ပါ။ ဆရာမောင်စွမ်းရည်ကို ဝေဖန်ရေးစာတွေကြောင့် လူသိများပေမဲ့ ဆရာဟာ ကဗျာဆရာ တစ်ဦးလည်း ဖြစ်တယ်။ ကဗျာဆရာကြီးတင်မိုးရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ဆရာမောင်စွမ်းရည်က ဆရာကြီးဦးတင်မိုးအကြောင်းတွေ ဆောင်းပါးအများကြီးရေးခဲ့လို့ ဆရာတင်မိုးရဲ့ ငယ်ဘဝတွေ ပိုပြီး သိခဲ့ရတယ်။ ဆရာတင်မိုးနဲ့ဆရာမောင်စွမ်းရည်တို့က မန္တလေးတက္ကသိုလ်ထွက် ကလောင်စွမ်းထက်သူတွေပေါ့။ ဆရာမောင်စွမ်းရည်က သူဟာ သူကြီးသားပါလို့ မကြာခဏရေးလေ့ရှိတော့ ဓါတ်ရှင်တွေထဲက ဆောင့်ကြွားကြွား သူကြီးသားလို့ထင်ကြလိမ့်မယ်။ […]