1972 - 1979

U Tin Lin (ChE72)

Update : December 7, 2022

He taught at RIT and Singapore. He was a core organizer for the SPZPs held in Singapore.

The following is part of his memoirs.

၁၉၉၀ မှာကျနော်ကထိကဖြစ်ပါတယ်။ အလုပ်ဝင်ပြီး ၁၇နှစ်အကြာမှာပေါ့။ အဲဒီနှစ်မှာပဲမန္တလေးစက်မှုတက္ကသိုလ်ဖွင့်လှစ်နိုင်ရေးအတွက်တာဝန်ပေးလို့၊မန္တလေးကိုရောက်ရပါတယ်။

မန္တလေးစက်မှုတက္ကသိုလ်ဖွင့်နိုင်ရေးလုံးပမ်းနေစဉ်၊ကျောင်းဆေးခန်းအတွက် ဆေးထည့်ဘီဒို၊ ရန်ကင်းတောင်ခြေ ဘုန်းကြီးကျောင်းဝင်း၊အုတ်တံတိုင်း၊သီလရှင်ကျောင်း၊ပရိယတ္တိအထောက်အ ကူ၊စာရေးကရိယာ များလှုဒါန်းခြင်းစတဲ့ တပိုင်တနိုင်ဒါနပြုနိုင်ခဲ့ပါတယ်။ ခုဂဏန်း၊ဆယ်ဂဏန်းဒါနအမှုတို့ကားနေ့စဉ်မပြတ်။

ကျနော်တို့တတွေသည်၊ဘုရားပြီးလျှင်သာသနာ့ဝန်ကိုထမ်းရွက်ကြသည့်၊ရဟန်း သံဃာတို့ကိုလှုဒါန်းမှုပြုလေ့ရှိကြပါသည်။ နာမည်ကြီးဆရာတော်နှင့်ဘုန်းကြီးကျောင်းတို့တွင်လှုဒါန်းသူများပေါများကြပါသည်။ သို့ဖြစ်လင့်ကစား၊သာသနာ့ဝန်ထမ်း သီလရှင်များနှင့်သီလရှင်ကျောင်းတိုက်များသို့လှုဒါန်းကြသူနည်းပါးကြသည်။

သံဃာတော်ကို(၁၀၀)ကျပ်တန်လှုသူမရှားသော်လည်း၊သီလရှင်ကို(၁၀) ကျပ် တန်လှု သူရှားပါသည်။ကြုံတုန်းတိုက်တွန်း လိုသည်မှာသာသနာ့ဝန်ထမ်းသီလရှင်များ ကို လှုကြဖို့မမေ့ကြစေလို။

၁၉၉၃ဇန္နဝါရီမှစပြီး၊ကျနော့တွင်လစာငွေနှင့် မလောက်၍ စိုက်စားခဲ့ရသောကိုယ်ပိုင်စုဆောင်းငွေမှာ၊မရှိတော့။ စိုက်ရသည့်ငွေကလည်း ၁နှစ်ထက်၁နှစ်တက်လာသည်။ထိုနှစ်က လစဉ်စိုက်စားသုံးရန်၄ထောင်ခန့်လိုသည်။ ၁၉၉၉ခု စလုံးမထွက်ခင်စိုက်စားသုံး ရန်မှာ၊ ၂သောင်းခန့်ဖြစ်လာသည်။

မှတ်မှတ်ရရ၊ (၆၅)လအထိ၊စိုက်စားရန်လက်ထဲမရှိသောငွေတို့မှာ၊တနည်းမဟုတ်တနည်းဝင်ပါသည်။ အမြောက်အများကြီးလည်းမဟုတ်။ ၅ထောင်စိုက်ရမည့်လမှာ၅ထောင်၊ ၁သောင်းစိုက်ရမည့်လမှာ၁သောင်းခန့်သာ။

အခက်အခဲစကြုံသော 93 Jan မှာပင်၊ကျနော်မည်သု့ထံကမှ ချေးငှါးလှည့်သုံးရန်မရည်ရွယ်။ ချေးငှါးပြီးလျှင်လည်း၊ပြန်ဆပ်နိုင်မည့်လမ်းမမြင်။ ဒီတော့ စိတ်ကိုအေးအေးထားကာ၊

”ကောင်းတာလုပ်လျှင်ကောင်းကျိုးရမည်” ဟုယုံကြည်ပြီး၊ကျနော်တတ်သောပညာဖြင့်၊လုပ်ငန်းရှင်များကို Free consultant လုပ်ပေးပါသည်။

ထိုစဉ်ကကျောင်းဌာနတွင်အမျိုးသားဆရာကထိက အနေဖြင့် ကျနော်တစ်ယောက် သာကျန်သည်။အားလုံးအလုပ်မှထွက်၍ overseas သွားကုန်ကြသည်။အထွက်နှုန်းလျော့ကျသော၊ ထုတ်ကုန်အပျက်အစီးများသော၊ ထုတ်ကုန်အရည်အသွေးမြှင့်လိုသော၊ထုတ်ကုန်အသစ်လုပ်လိုသောလုပ်ငန်းရှင်များနှင့်ထို(၆၅)လမှာဆက်ဆံခဲ့ရသည်။ ကူညီဖြေရှင်းနည်းလမ်းပေးနိုင်ခဲ့သည်။

Free consultant ဆိုသည်မှာ၊ ကျနော် ဖက်ကဘယ်တော့မှ၊ ဥာဏ်ပူဇော်ခ မတောင်း။ဘယ်၍ဘယ်မျှပေးပါဟု လည်းမဆို။ လုပ်ငန်းရှင်ကိုတပည့်လို သဘောထား၍၊ ဘာကြောင့်ဖြစ်တာ၊ ဘယ်လိုလုပ်ရင်ဖြစ်မယ်၊ဘာကြောင့် လုပ်ရတယ်တိုတာတွေကို၊သိရှိအောင်လည်း ရှင်းပြပါသေးသည်။

လောဘမဖက်၊ စေတနာသက်သက်ဖြင့်ကူညီခဲ့ခြင်း အပ်ါအချို့က စာအိပ်လေး ဖြင့်၊ဆရာ့ကိုကန်တော့တာပါဟု ဆိုပြီးကန်တော့လျှင်တော့ကျနော် လက္ခံပါသည်။ ဖေါက်ကြည့်စရာမလို။ စာအိပ်ထဲမှာထိုလအတွက်စိုက်စားရန်လိုသောပမာဏလောက်ပါပါသည်။

(၆၅)လလုံး၊ဒီလတော့အဆင်ပြေသွားပြီ၊နောက်လဘယ်ကရမှာလဲ၊ဒီနှစ်တော့အဆင်ပြေသွားပြီ၊နောက်နှစ်ဘယ်လိုဖြစ်မလဲစသဖြင့်တွေးမပူခဲ့။ မိမိကိုယ်ကိုလည်းအံသြမိသည်။ မရေရာသောဝင်ငွေဖြင့်စိတ်ကိုအေးဆေးစွာထားနိုင်သည်။”ကောင်းတာသာလုပ်၊အဟုတ်အကျိုးပေးမည်”ကိုလက္ခံယုံကြည်ကာနေခဲ့နိုင်ခြင်းဖြစ်ပါသည်။

ထို(၆၅)လအတွင်းတွင်လည်း၊ဝင်သောငွေထဲမှအချို့ကိုလှုခဲ့ပါသည်။ ကျနော်က FOC ဆိုတော့အချို့လုပ်ငန်း ရှင်များကလည်းငွေဖြင့်ကန်တော့လျှင်ရိုင်းရာကျမည်စိုး၍အပြန်တွင်စားသောက်ဆိုင် ကြီးတစ်ခုခုသို့ခေါ်သွားပြီး၊နေ့လည်စာ/ညစာ ကျွေးမွေးကြပါ၏။ ကျနော့လစာဖြင့်မကပ်နိုင်သောထိုစားသောက်ဆိုင်အတော်များများကိုကျနော်ရောက်ဖူးစားခဲ့ဖူးရပါသည်။

စိတ်ပူ၊စိတ်ညစ်ရမည့်ထိုအချိန်များက၊ကျနော်ပျော်၍ပင်နေမိပါသေး၏။ ကိုယ်တတ်ထားသောပညာဖြင့်လိုအပ်သူများကိုမျှဝေကူညီနိုင်ခဲ့သည်မဟုတ်ပါလား။ ၁၉၈၉မှ ၁၉၉၉အထိ၊စလုံးသို့မထွက်ခင် (၁၀) နှစ်အတောအတွင်းကျနော် ကျပ်၃သိန်းကျော်လှုနိုင်ခဲ့ပါသည်။ တွက်၍လွယ်အောင်ကျနော့နောက်ဆုံး ထုတ်လစာ၂ထောင်ဖြင့်၁၀နှစ်ကိုတွက်သော်၊လစာဝင်ငွေစုစုပေါင်းမှာ၊၂သိန်း ၄သောင်းသာ။ ကျနော့်လစာထက်ပင် ပို၍ကျနော်လှုခဲ့နိုင်ပါသည်။

ဤအလှုဒါနတို့၏အကျိုးပေးကား၊နောက်ဆုံးမရည်ရွယ်ပါပဲလျှက်၊စလုံးသို့လွယ်ကူချောမွေ့စွာရောက်ရှိပြီး၊ကိုယ်ကျွမ်းကျင်ဝါသနာပါရာပညာရေးကဏ္ဍမှာပင်ယနေ့တိုင်လုပ်ကိုင်နေရဆဲဖြစ်ပါ၏။

အလှုပေးခြင်းနှင့်ပတ်သက်၍

“ပေး၍မကုန်၊လှု၍မခန်း”ဆိုသော စကားသည်၊ကျနော့ဘဝအတွက်တော့ ၁၉၈၉နှစ်မှသည်၊ယနေ့တိုင်အောင်မှန်ခဲ့ပါသည်…

မှန်နေဆဲပါ….

ဆက်၍လည်း မှန်နေဦးမည်သာ….။

Categories: 1972 - 1979

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s