Saya

Saya’s Early Morn

ဆရာ့မနက်ခင်း​လေး

မနက်လေးနာရီလေးဆယ့်ရှစ်မိနစ်။

ဆရာ့ထံမှအလွမ်းစကားသံလေးကိုမပီဝိုးဝါးကြားလိုက်ရသည်။

ဆရာ။

ဦးမိုးအောင်။

တက်ကသိုလ်မိုးဝါ။

ကျနော်တို့စာပေသမားတွေကိုသူမွေးဖွားပေးခဲ့သည်။

ဆရာ့အသံကအရင်လိုပီသချိုမြမှုတွေမရှိနိုင်တော့တာကိုသတိထားလိုက်မိသည်။

သို့သော်ကျနော်တို့အားလုံးအပေါ်ထားသောဆရာတစ်ယောက်၏မေတ်တာတရားကားချိုဆဲ။မြဆဲ။အေးမြဆဲ။

ဆရာ့အသံတိုးညှင်းညှင်းသည်ကျနော့်ကိုမျက်ရည်ဝဲစေသည်။

တက်ကသိုလ်ကာလများတုန်းကဆရာ့လှုပ်ရှားမှုတွေ တက်ကြွမှုတွေ။မဂ်ဂဇင်းအတွက်နှစ်ပေါင်းများစွာဘဝကိုပေးဆပ်ခဲ့ပုံတွေ။

ပုံရိပ်စစ်များစွာကိုစိတ်မျက်စေ့မှာကျနော်ပြန်မြင်နေရသည်။အတုအယောင်မဟုတ်သောဆရာ့စာပေစိတ်ကိုလေးစားမှုဝိညာဥ်ထဲမှာပြတ်သားစွာကျနော်မြင်နေမိပြန်သည်။

အနှစ်နှစ်ဆယ်ကျော်တည်မြဲခဲ့သောဆရာတပည့်သံယောဇဥ်။စာပေရဲဖော်ရဲဖက်သံယောဇဥ်။

အတိတ်၏အရိပ်ပုံများစွာကကျနော့်နှလုံးသားမှာတရိပ်ရိပ်ထင်ဟပ်လာခဲ့လိုက်ပုံများ။ရုပ်ရှင်အနှေးပြကွက်တွေလိုညင်သာစွာပေါ်လာရပြန်သည်။

သည်မနက်မှာအလွမ်းနှင့်အတူဆရာဖုန်းဆက်လာသည်။

ဆရာ့သွားကြားမှလေထွက်သံများကမပီဝိုးတဝါးပေမယ့်ဆရာ့မေတ်တာကကြည်လင်သည်။ပြတ်သားသည်။အေးမြခြင်းကိုကျနော်ခံစားလိုက်ရသည်။

ရင်သည်လှပ်ကနဲ။

အလို။ဘုရားရေ။

“အလွမ်း”

ဟုတ်သည်။အလွမ်းပါလား။

မြမြချွန်ချွန်။

ဆရာ့အသံနှင့်ထပ်တူလေဟုန်စီးလိုက်ပါလာသူများကတော့သူငယ်ချင်းတွေ။ညီအကိုတွေ။နှမငယ်တွေ။ချစ်သည်။

သြော်!•••♥ပြီးတော့လွမ်းသည်။

တွေ့ချင်လှသည်။

ဟန်မဆောင်ကြစတမ်းဖက်ရမ်းပွေ့ဖက်နှုတ်ဆက်ချင်လှသည်။

ဆရာဦးဌေးညွန့်။

အညတရကျော်။

ငကို။ကိုကိုစက်မှုတက်ကသိုလ်။ကိုမြေ။

ငထွဋ်။ညီလင်းညို။

မြင့်ဦး။စိန်သောင်း။ဝင်းမာညွန့်။ပေါက်စ။ပွင့်ဖြူ။ငလတ်

မင်းဦး။အခြားရေးဖော်တွေ။

ဆရာအိုပြီသူငယ်ချင်းတို့ရေလို့ကျနော့်စိတ်ထဲကနာကျင်စွာတိုးတိုးရေရွတ်နေမိပါသည်။

ဆရာကားဇရာနှိပ်စက်ခြင်း

းဗျာဒိ၏နှိပ်စက်ခြင်းတို့ဒဏ်ကိုအလူးအလဲခံစားနေရသည်။

သို့သော်ဆရာ့အနုပညာကားဘယ်ခါမှမအို။ဆရာ့ကဗျာတွေကပြည်သူတွေနှင့်

တလွှာတည်းတသားထဲရှိမြဲ။

ဆရာ့ကဗျာတွေမှာဇရာမရှိ။

ဆရာ့ကဗျာတွေမှာဗျာဓိမရှိ။

ဆရာ့ကဗျာတွေမှာမရဏမရှိ။

ဆရာ။

ကဗျာ။

ထာဝရရှင်သန်ခြင်း။

သက်ရှည်ကျန်းမာတော်မူပါစေသားဆရာရေဟုသာကျနော်အဝေးကနေမေတ်တာပို့နေမိပါသည်။

အလွမ်းမနက်ခင်းလေးသည်မေတ်တာဖြင့်အေးမြနေပေတော့သတည်း။

အောင်စိုးဦး(မြင်းခြံ)

5:27am

Saya is being stricken
by Jara (Old Age) and
by Byadi (Health problems), but
Saya’s poems show no signs of
Jara, Byadi and Marana (Death).

Categories: Saya

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s