Background
HMEE book (published in 2012) has interesting information and Appendices
One is a list of sayas assigned to RIT in 1964
Another is a list of sayas in 1988
Sayas in 1988
For those who have not seen them, Saya U Tin Myint has shared the list from 1988
နောက်ထပ်ထွက်လာတဲ့ အာအိုင်တီသမိုင်းဝင် အမိန့်စာတစ်ခု။
၁၉၈၈ ဖေဖဝါရီလ ၅ ရက် ကထွက်တဲ့ အဆည အမိန့်စာ
ရုတ်တရက်ကြည့်ရင်တော့ ရာထူးတိုး အမိန့်စာတစ်စောင်ပါဘဲ။
– ၁၉၈၈ ခုနှစ်က အာအိုတီ ဆရာအင်အား စာရင်း အပြည့်အစုံကိုတွေ့ရမယ်။ ကျနော်မှတ်မိသလောက်ဆို ဆရာအင်အားအပြည့်ဆုံး အချိန်ဆိုရမလားဘဲ။ ဒါပေမဲ့ နိုင်ငံခြားပညာသင် အခွင့်အရေး တွေ ခါတိုင်းထက် ပိုလာတဲ့ကာလ၊ ဒီတော့ ကျောင်း လက်ကျန်အင်အားကလျော့၊ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဆရာတွေက တစ်ပါတ်ကို စာသင်ချိန် ၂၀ -၂၅ လောက်ယူရတယ်။
– ရာထူးတိုးမပေးတာ ဘယ်လောက်ကြာသွားလဲဆိုတော့ စီနီယာ ကျတဲ့ ကျနော်တို့ဆရာကြီးတွေ ရာထူးတိုးဘို့ ဘယ်လောက်ကြာခဲ့လဲဆိုတာ အမိန့်စာကို သေချာကြည့် သိသာလှပါတယ်၊ ကျနော်တို့က လက်ထောက်ကထိက ရာထူးရဖို့ ၆ နှစ်လောက်ဘဲစောင့်လိုက်ရတယ်၊ ကျနော်တို့ဆရာကြီးတွေက ၁၀နှစ် ၁၅နှစ်မက စောင့်ရတယ်၊
အခုကာလကတော့ မြင်မြင်သမျှ ပါမောက္ခ ပါ။
– စက်မှုဌာနမှာ အရင်က ဆရာမ ဆိုလို့ ဒေါ်ဂျက်စီထွေးတစ်ယောက်ဘဲရှိရာကနေ၊ ၂ ယောက်ဖြစ်တဲ့ အချိန်၊ အခုကျတော့ ဆရာမ အင်အားများတဲ့ ပြောင်းပြန်ကာလ၊်





Categories: Proj 2