
- Poem in Burmese by Tekkatho Moe War
- Translation by Hla Min
၁၆ စက်တင်ဘာ ၂၀၂၂။
မနက်ခင်း ၄နာရီနှင့် ကော်ဖီပူပူခါးခါးတစ်ခွက်။
ဒေသ၊ နေရာ၊ လမ်းတို့မည်သည်
တွေ့ရာ ကြုံရာ…
လူပေါင်းစုံ လျှောက်လှမ်းရာ နေရာမဟုတ်။
တည်းခိုရာ၊ နင်းခြေရာ မဟုတ်။
ထိုနည်းတူစွာ ” ဩဘာလမ်း” သည်လည်း….
၁၉၆၄ – ၂၀၁၄ နှစ် ၅၀ မြောက် ရွှေရတုလမ်း?
(“ရွှေရတုလမ်း” ကဗျာကို ဆက်လက်တင်ပြပါမည်)။
” ပညာရှိတို့လျှောက်လှမ်းရာ ဩဘာလမ်း “
ဩဘာလမ်း…
ကြမ်းတမ်း ဖုထစ်၊ နွမ်းညစ်ခဲ့သည်
ကြာမြင့်ပြီကော။
ဩဘာလမ်း…
ဆူးပြွမ်း ဖုန်ထူ၊ လူသူ ကင်းမဲ့
ဖဲ့ခြွေခံရ၊ ပိတ်ဆို့ကြလည်း
ရုန်းကြွ ပြင်းထန်၊ တစ်ဖန် အလှည့်ပြောင်း
ငါတို့ကျောင်း…
ခရောင်းတော မမည်၊ ရင်ချီ ရင်ကော့
မော့မော့ ပျော်မဆုံး၊ စည်းလုံးခြင်းအားဖြင့်။
ဩဘာလမ်းမှာ…
ပညာမဲ့မှန်သမျှ၊ ခြေမချရ။
ဩဘာလမ်းမှာ…
ပညာမဲ့တို့ မလျှောက်ရ။
ဩဘာလမ်းတွင်၊ ရွှင်ကြည် နှလုံး
အပြုံး ကိုယ်စီ၊ ထီမထင်သည့်
အားပြည့် ကြံ့ခိုင်
သံပြိုင်သီချင်း ဟစ်ကြွေးစို့။ ။
တက္က သို လ် မိုး ဝါ
၂ – ၃ – ၂၀၁၉
( ည ၁၀ နာရီ )
Poem celebrating the Convocation held on Gyogone Campus
[reviving the tradition that began five decades ago]
Path tread by the wise : Awbar Lann
Awbar Lann …
Rough and ragged
Worn out and faded
For ages [seem like eternity]
Awbar Lann …
Thorns, weeds, dust
Void of people [walkers]
Stripped, torn down
Blocked
With violent struggle and resistance
The tables were turned [in the Pwint Linn Era]
Our beloved alma mater …
No longer a jungle
Mightily displaying valor, strength and structure
Unbounded happiness, uplifting pride
Unity and unparalleled Camaraderie
Awbar Lann
Bars the unwise [and uneducated] not to step on
Awbarr Lann
Forbids the unwise [and uneducated] to walk
On Awbar Lann
Warm, kind and wise [sayas and students]
With bubbling smiles [and high spirits]
Undeterred [of Adhamma Oppressors]
Healthy, robust and energetic
Sing loud and clear [way up to the skies]
Chorus and refrain [of the Victory Song]
Tekkatho Moe War [Saya U Moe Aung]
2nd March 2019
10 PM
Notes
- Some convocations were held at the Gyogone Campus.
- The graduates were applauded as they treaded on Aw Barr Lann.
- Someone or some group started the tradition of pseudo-applause for those walking on Aw Barr Lann during normal school term.
- The group calling was extended to the street in front of hostels A – E.
See posts by Dr. Koung Nyunt (A67, GBNF) and Dr. Myint Thein (M73).
Categories: Poems and Translations