Hla Min

* Choices : Mother or Doctorate

ပေးကား​ပေး၏့့့့့့့

နှစ်၃၀​ကျော်က လွမ်းစရာလား နာစရာ​တွေလားမသိ ဖြစ်​အောင်လုပ်ခဲ့တဲ့ စာရွက်တွေ ပြန်​တွေ့။

မာစတာ ​အောင်စာရင်းမထွက်ခင် ပါရဂူ စ​ကော်လားရှစ်က​ခေါ်တယ်၊ လျှောက်လိုက်တယ်၊ ပြီး​တော့ Dean of Engineering ကိုဝင်​တွေ့ ၊ အကျိုးအ​ကြောင်း​ပြော​တော့၊ မင်းခဏထိုင်၊ ငါ scholarship comittee ဖုန်းဆက်​ပေးမယ်တဲ့၊ committee ကို ဒီ​ကျောင်းသားက ငါ့ဘာသာမှာ semester တိုင်း H1A ရထားတာ၊ တစ်ခြားဘာသာအားလုံးလဲ Honor class အမှတ်တွေချည့်ဘဲ ၊ သူ့ performanceကို ငါ အာမခံ​ပေးတယ် လို့ ​ပြော​ပေးတယ်။ ​အောင်စာရင်း​စောင့်စရာမလို​လောက်ဘူးလို့​ပြော​ပေးတယ်။ တစ်ရက် နှစ်ရက်ကြာ​တော့ Phd Candidate offer ဒီစာရွက်​လေး ကိုယ့်လက်ထဲ ​ရောက်လာတယ်။ ​ခဏ​တော့ပျော်ရတာ​ပေါ့၊

ဒါ​ပေမဲ့ကိုယ့်ကိုချစ်တဲ့ မြန်မာပြည်ကြီးက ၁၉၉၀ ဇူလိုင်လဆန်းပြန်မ​ရောက်ရင် ထု​ချေလွှာတင်ရမယ်ဆိုတဲ့ စာ​လေးနဲ့ ပြန်​ခေါ်လို့

မိုက်မိုက်ကန်းကန်း ဆက်နေလဲရတယ်၊

Univ. Of Melborne က ကိုယ့်ပါ​မောက္ခတွေက အမျိုးမျိုး ဝန်းရံ​ပေးဖို့လုပ်ကြပါ​သေးတယ်

Dean of Engg က မြန်မာပြည်က ဒုဝန်ကြီးဆီ အသနားခံစာ ရေးပို့ ပေးတယ်။

ဆရာကြီးတစ်ယောက် မင်း​လေယာဥ်​ပေါ်တက်တဲ့ထိ ​စောင့်​ပေးမယ်၊

နောက်ဆုံး မင်းဒီမှာ တရားဝင်ဆက်နေရအောင် ငါ့သမီးနဲ့ false marriage လုပ်ခိုင်းပေးမယ် စသည်စသည်ပေါ့။။

အမေရိက ရောက်နေတဲ့သူငယ်ချင်းကလည်း သူတို့ဆီလာခဲ့၊ အစိုးရ အရာရှိ ဖြစ်နေတဲ့ သူ့မိန်းမက အာမခံပေးလို့ရတယ် စတာတွေပေါ့၊ အပြန်တစ်ထောက် ဘန်ကောက်ရောက်တဲ့အထိ ချီတုံ ချတုံ ကျနော်၊

နောက်ဆုံးတော့ အမေအိုကို မတွေ့လိုက်ရတော့မှာ စိုးလို့ ၁၉၉၀ ဇူလိုင်လ ၁ ရက်နေ့အမှီ ရန်ကုန် ပြန်ခဲ့ပါတယ်။။

Feedback

  • Maung Mar Ga wrote :

နောက်ဆုံးစာ​ကြောင်းက ရင်ထဲ​အရမ်းရောက်တယ်ကိုတင်မြင့်

  • U Tin Lin wrote :

၈၈ အ​ရေးအခင်းကလည်းဖြစ်ထား​တော့ ပညာဆက်သင်ဘို့ထက်၊မိသားစုအ​ရေးပိုပူပင်ရပြီး၊ မာစတာဘွဲ့နဲ့ပြန်ခဲ့ကြတာ။

  • Maung Aung wrote :

ကိုတင်မြင့်

​ဒေါက်တာ တင်မြင့် ထက် အမေ့ မျက်နှာ က တန်ဖိုးရှိတယ်ဆိုတာ …

အလုအချိန်ပိုသိလာမယ်လို့ ယုံကြည်ပါတယ်

Categories: Hla Min

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s