ဆရာကြီး ဒေါက်တာစံလှအောင်၏ ထပ်ဆင့် အလှုဒါန
ဆရာ ခရီးထွက်နေရာမှ ပြန်ရောက်ရှိသဖြင့် ဆရာ သည် email ဖြင့် ကျွန်တော်ထံ ယနေ့ ပြန်ကြားသည်။
မြို့ပြ ၈၁ များ၏ ဆရာပူဇော် ကန်တော့ ငွေ ကျပ် ၁၀ သိန်း အား .. အမေရိကား ၊နယူးယောက်မြို့နေ ဆရာကြီး ဒေါက်တာစံလှအောင် သည်.. အောက်ပါအတိုင်း ထပ်ဆင့်လှုဒါန်းပါသည်။
1. မြို့ပြ အင်ဂျင်နီယာဌာန အမှုထမ်းများ ထောက်ပံ့ ကြေး ရံပုံငွေ သို့ ကျပ် ၅ သိန်း
2. စွယ်တော်ရိပ်ဖောင်ဒေးရှင်း ၏.. အသက်အရွယ်ကြီးမြင့်ကြသော စက်မှုတက္ကသိုလ် ဆရာဆရာမ ကြီးများ ကျန်းမာရေးစောင့်ရှောက်မှု ရံပုံငွေ အတွက် ကျပ် ၅ သိန်း
ဆရာ့ အလှုအတွက် သာဓုခေါ်ပါသည်။
ဆရာ၏ email:
Dear Ko Aung,
Thank you for your email and sorry about this late reply to you. Hope you are well. We had been out of the country last week, being in Cayman Islands in the Caribbean.
As for the Kyat 1 million Pu Zaw money from the 1981 batch Civil students, can you please ask them to donate
Kyat 500,000 to each of the Civil Ah Hmu Dan Myar Welfare Fund and RIT Saya Myar Health Fund. Hope it won’t be too much time and effort for the students to make the donations. Also, can you give me the name and email address of the student who contacted you about the Pu Zaw money so that I can write to him and thank all the ‘81 batch students.
Best regards,
San Hla Aung
(ဆရာကြီး ဦးမင်းဝန် နှင့်လည်း messenger မှတဆင့် စကားပြောရသည်။
ဆရာကြီးမှ ငွေ ကျပ် ၁၀ သိန်း ကို ရန်ကုန်မြို့ နေ နှမ ဖြစ်သူထံပေးရန် ပြောကြားပါသည်။
နှမ ဖြစ်သူ မှ တဆင့်… ရန်ကုန်ရှိလူအိုရုံ တစ်ခုသို့ ကိုယ်စားလှုဒါန်းပေးမည် ဆိုသည့် အကြောင်း .. စကားပြောစဉ် က မှတ်သားမိသည်။ အမှတ်တမဲ့မို့ အသေးစိပ်မမေးမိခဲ့၊ သေချာရန်ဆရာထံ message ပို့၍ မေးထားပါသည်)
၄ စက်တင်ဘာ ၂၀၂၂




Categories: Saya