Month: August 2022

Japan (TN) *

ဂျပန် မှာ ကြုံရပုံ။ (၁၂-၁၀-၂၀၂၁)အင်္ဂါနေ့မနက် အိမ်ကအထွက် လက်ကိုင်ဖုံးလေးကိုထားနေကျနေရာမှာမရှိလို့ရှာမိသည်။ မတွေ့။ မနေ့ကစာတိုက်ကိုခဏသွားသည်။ တခြားဘယ်မှာမှမဝင်ခဲ့။ ဒါကြောင့်စာတိုက်မှာမေ့မှာပဲဆိုပြီးစာတိုက်သွားလိုက်သည်။ စာတိုက်မှာကလူအပြည့်။ ဝန်ထမ်းအားလုံးအလုပ်များနေကြသည်။ ကိုယ်ဖါသာဟိုရှာဒီရှာ ရှာနေစဉ် မန်နေဂျာကထွက်လာပြီး ” သိန်းစံရဲ့တယ်လီဖုံးလေးမနေ့ကတွေ့တယ်။ စစ်ကြည့်တော့သိန်းစံရဲ့ဖုံးမှန်းသိပါတယ်။ ပြန်လာပြီးယူမလားလို့ညနေထိစောင့်တယ်။မေ့တဲ့ပစ္စည်းကိုဒီစာတိုက်မှာသိမ်းထားခွင့်မရှိလို့ ကိုးဘန်း (ရပ်ကွက်ရဲကင်း) ကိုအပ်လိုက်ရတယ်။ ကိုဘန်းမှာသွားစုံစမ်း” ပါတဲ့။ တောင်းတောင်းပန်ပန်ပြောရှာသည်။ ဖုံးလေးမပျောက်တော့တာသိလို့ဝမ်းသာရသည်။ ဒါနဲ့လမ်းဒေါင့်ကကိုးဘန်းလေးဆီသွားလိုက်သည်။ အစောင့်ရဲလေးကိုပြောပြတော့ ပစ္စည်းစာရင်းလှန်ကြည့်ပြီး “ဟုတ်တယ်မနေ့ညနေကစာတိုက်ကလာပို့ထားတယ်။ ဒါပေမဲ့ပစ္စည်းကိုရက်ကျော်ဒီမှာထားလို့မရလို့ အုရှိဂိုမဲ့ရဲစခန်းကို အပ်လိုက်ပြီ။ အဲ့ဒီသွားယူပါ။ နေရာသိသလား။”တဲ့။”သိပါတယ်။ သွားယူလိုက်ပါမယ်” ဆိုပြီးအုရှိဂိုမဲ့ရဲစခန်းကိုသွားလိုက်သည်။ ရဲစခန်း ပစ္စည်းပျောက်ဌာနမှာသွားမေးတော့ “မင်းပစ္စည်းဒီမှာရှိတာဘယ်လိုသိသလဲ” တဲ့။ ဒီတော့ဖြစ်စဉ်ကိုပြန်ပြောပြရသည်။ ပစ္စည်းပျောက်/ရွေး ပုံစံဖြည့်ရသည်။ ကိုယ်ပိုင် ကဒ်ယူစစ်သည်။ ဖုံးကဘာရောင်။ ဘာနံပါတ်။ […]

* SPZPs

SPZP–2000 Formal and Informal Gatherings Donors SPZP-2000 Organizers U Khin Maung Zaw (KMZ, EC76, web master) copied the names/tags from the very first posting from his album. Sitting L-R: Saya U Mya Htoo (Civil 68), U Benny Tan (Yu Beng, Mech 70), Saya KC Chiu (Dr. Tin Aung, […]