Rangoon Institute of Technology

Japan (TN) *

ဂျပန် မှာ ကြုံရပုံ။

(၁၂-၁၀-၂၀၂၁)အင်္ဂါနေ့မနက် အိမ်ကအထွက် လက်ကိုင်ဖုံးလေးကိုထားနေကျနေရာမှာမရှိလို့ရှာမိသည်။ မတွေ့။ မနေ့ကစာတိုက်ကိုခဏသွားသည်။ တခြားဘယ်မှာမှမဝင်ခဲ့။ ဒါကြောင့်စာတိုက်မှာမေ့မှာပဲဆိုပြီးစာတိုက်သွားလိုက်သည်။ စာတိုက်မှာကလူအပြည့်။ ဝန်ထမ်းအားလုံးအလုပ်များနေကြသည်။ ကိုယ်ဖါသာဟိုရှာဒီရှာ ရှာနေစဉ် မန်နေဂျာကထွက်လာပြီး ” သိန်းစံရဲ့တယ်လီဖုံးလေးမနေ့ကတွေ့တယ်။ စစ်ကြည့်တော့သိန်းစံရဲ့ဖုံးမှန်းသိပါတယ်။ ပြန်လာပြီးယူမလားလို့ညနေထိစောင့်တယ်။မေ့တဲ့ပစ္စည်းကိုဒီစာတိုက်မှာသိမ်းထားခွင့်မရှိလို့ ကိုးဘန်း (ရပ်ကွက်ရဲကင်း) ကိုအပ်လိုက်ရတယ်။ ကိုဘန်းမှာသွားစုံစမ်း” ပါတဲ့။ တောင်းတောင်းပန်ပန်ပြောရှာသည်။ ဖုံးလေးမပျောက်တော့တာသိလို့ဝမ်းသာရသည်။ ဒါနဲ့လမ်းဒေါင့်ကကိုးဘန်းလေးဆီသွားလိုက်သည်။ အစောင့်ရဲလေးကိုပြောပြတော့ ပစ္စည်းစာရင်းလှန်ကြည့်ပြီး “ဟုတ်တယ်မနေ့ညနေကစာတိုက်ကလာပို့ထားတယ်။ ဒါပေမဲ့ပစ္စည်းကိုရက်ကျော်ဒီမှာထားလို့မရလို့ အုရှိဂိုမဲ့ရဲစခန်းကို အပ်လိုက်ပြီ။ အဲ့ဒီသွားယူပါ။ နေရာသိသလား။”တဲ့။”သိပါတယ်။ သွားယူလိုက်ပါမယ်” ဆိုပြီးအုရှိဂိုမဲ့ရဲစခန်းကိုသွားလိုက်သည်။ ရဲစခန်း ပစ္စည်းပျောက်ဌာနမှာသွားမေးတော့ “မင်းပစ္စည်းဒီမှာရှိတာဘယ်လိုသိသလဲ” တဲ့။ ဒီတော့ဖြစ်စဉ်ကိုပြန်ပြောပြရသည်။ ပစ္စည်းပျောက်/ရွေး ပုံစံဖြည့်ရသည်။ ကိုယ်ပိုင် ကဒ်ယူစစ်သည်။ ဖုံးကဘာရောင်။ ဘာနံပါတ်။ ဘာအမျိုးအစား။ ဘယ်မှာမေ့ခဲ့။ ဘယ်အချိန်။ အကုန်ဖြည့်ပေးရသည်။ “နောက်ဆုံးဘယ်သူ့ဆီ ဆက်ထားလဲ။”တဲ့။ မမှတ်မိဆိုတော့ ” ခေါ်နေကြနံပါတ်။ နံမယ်ပြော” တဲ့။ဇနီးသည်ရဲ့ ဖုံးနံပါတ်နဲ့ နံမည်ပြောသည်။နံမယ်မှားသတဲ့။” ငါ့ဇနီးပါ။ အပြည့်မရေးပဲအတိုရေးထားလို့ပါ ။ ငါ့ဖုံးပါ။ ဒီမှာငါ့ လိပ်စာကဒ် ကြည့်ပါ” ဆိုပြီးလိပ်စာကဒ်ပေးလိုက်မှသူ့ဆရာသွားမေးပြီး ပေးလိုက်သည်။ ဖုံးလေးပြန်ရသည်။ အိမ်ပြန်ရောက်တော့ စာတိုက်ပုံးဖွင့်ကြည့်မိသည်။ စာလေးတစ်စောင်။ စာတိုက်ကပို့လိုက်တာ။ ဖုံးတွေ့ကြောင်း။ ရဲကင်းအပ်လိုက်ရကြောင်းတောင်းတောင်းပန်ပန်ရေးထားတဲ့စာ။ဒီနေ့(၁၃-၁၀-၂၀၂၁)စာတိုက်ပုံးဖွင့်ကြည့်ပြန်တော့ AUတယ်လီဖုံး ရုံးကစာလေး။” သိန်းစံရဲ့တယ်လီဖုန်းလေး အိရှိဂိုမဲ့ရဲစခန်းမှာရောက်နေတယ်။ သွားယူလိုက်ပါ” တဲ့။ စာလေးတွေကခုမှရသည်။ ကိုယ်က ပြေးလို့ယူပြီးပြီ။ ကျနော်မေ့ခဲ့သောဖုံးလေးအတွက် အဆင့်ဆင့်တာဝန်ကြေကြပုံကိုလေးစားမိရသည်။

ကိုသိန်း (တိုကျို )

(၁၃-၁၀-၂၀၂၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s