Update : November 14, 2022
U Moe Aung (Tekkatho Moe War)
RIT/YIT/ YTU ၏ CDM ( CDM – Civil Disobedience Movement )
အာဏာရှင်စစ်ဘီလူးကို အနုပညာ စာပေကဗျာဖြင့် ဝေဖန်တိုက်ခိုက်ခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီ။
ဤ နေရာဒေသတို့ တွင် ကျောင်းဆ ရာတစ်ယောက်အဖြစ် မယိမ်းမယိုင် ကာလရှည်ကြာစွာ စာပေရေးသား၍ သူတို့ကို တုံ့ပြန်ခဲ့သည်။
ယနေ့ ထိတိုင် ပြည်သူ့ ဘက်သားတစ်ယောက်အနေဖြင့် ရပ်တည်လျက်ပါ။( တက္က သို လ် မိုး ဝါ )
” အာဏာရှင် ”
အသွေးအသားများ
လာသွား လှုပ်ရှားလွတ်လပ်လည်း။
အတွေးဦးနှောက်
ထောင်ချောက်အတွင်း
အကျဥ်းကျနေ…။ ။
တက္က သို လ် မိုး ဝါ ၁၁ ဇူလိုင် ၂၀၁၈
Maung Sein Win (Padeegone)
တော်လှန်ညရဲ့
ပဉ္စမ..မနက်ခင်း
………
နာကျင်နာကျည်း
ရင်ထဲကမီးတောင်တွေပေါက်ကွဲ
စူးစူးရဲရဲအသံစုံ
မိုးမြေကမ္ဘာတုန်လောက်
ဒူးမထောက်အံတု
ရန်သူ့ဝိညာဉ် ခြောက်ခြားစေ…..
မောင်စိန်ဝင်း(ပုတီးကုန်း)
စာအုပ်ကြော်ငြာမဟုတ်ပါ—
……….
အင်ဂျင်နီယာ ကျောင်းသားတွေရဲဲ့
သွေးမဖြူတဲ့သမိုင်းကျောက်စာ
ဒီစာအုပ်မှာမှတ်တမ်းတင်ထားပါတယ်။
ဆရာဝန်များလိုသွေးရဲကြဖို့
RITသမိုင်းကိုထိမ်းသိမ်းဖို့ …..
……………
……….
သေနိုင်ရိုးတဲ့လား…
စိုးနိုင် ဖုန်းမော် အသစ်တွေ
ပွင့်ဖို့….
သွေးနှင့်လောင်းပြီးရှင်ကျန်
အပင်သန်ကာကျောင်းနံဘေးမှာ
(အခုထိ)
ဒေါင်းသွေးမပျောက်။
မောင်စိန်ဝင်း(ပုတီးကုန်း)
သူပုန်ကျောင်းကဗျာမှ….
Maung Nyunt Htay (Ah Htet Min Hla)
ငါတို့ကိုအမှောင်ထုထဲ
အဓမ္မဆွဲသွင်းတယ်။
ဒါပေမဲ့
သင်းတို့မသိတာက
ငါတို့တစ်ဦးချင်းမှာ
အလင်းဓာတ်တွေရှိနေတာပဲ။
ဒီအလင်းဓာတ်တွေပေါင်းလိုက်လျှင်
ကောင်းကင်တစ်ဝန်း
လမင်းလင်းသလို
နေမင်းလင်းသလို
အမှောင်ကိုခွင်း
တလောကလုံးလင်းစေရမယ်။
မောင်ညွန့်ဌေး(အထက်မင်းလှ)
၄.၂.၂၀၂၁_ ၀၀:၀၄ a.m
Categories: Uncategorized