Poems and Translations

AM-HM : Packages in the Bag (Poem)

“အိတ်ထဲက အထုပ်တွေ”

သံသရာ ရေပြင်ထက်
ဟိုဘက်ကမ်း ဒီဘက်ကမ်း
ဖြတ်သန်းဆက်ထား
တံတားပေါ်က မြင်ကွင်းလေး။

ဒီဘက်ကမ်းကို ကျောပေး
တဖြည်းဖြည်း လျှောက်လှမ်းနေသူ ခရီးသွား။

အိုဘယ့် … အမောင်ခရီးသည်
သင်လွယ်ထားသည့်
သင်၏ အိတ်မှာ
ဘာများထည့်ထား ပြီးပြီနည်း။

အတ္တခြုံကာ
မဟူရာသမား
လူရမ်းကား၏
တရားမဲ့ “အကုသိုလ်ထုပ်” တစ်ခု

သီလ သမာဓိ ပညာ
သိက္ခာသုံးပါး
အားထုတ်ထားသည့်
တရားပြည့် “ကုသိုလ်ထုပ်” တစ်ခု။

အကုသိုလ်ထုပ်သေးပြီး
ကုသိုလ်ထုပ် ကြီးမှသာ
ဘဝအဆင့်တွေ တိုးတက်
သံသရာက ထွက်မြောက်
နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်မှာ။

ကုသိုလ်ထုပ်သေးပြီး
အကုသိုလ်ထုပ် ကြီးလျှင်ဖြင့်
ဘဝအဆင့်တွေ နိမ့်ကျလာ
သံသရာမှာ နစ်မွန်း
အပါယ်လေးဘုံမှာ ကျွမ်းပစ်
ဒုက္ခတွေရစ်ပတ်
အထပ်ထပ်ဆင်းရဲ
အရှုံးနဲ့ပဲ ရင်ဆိုင်ရမှာ။

အိုဘယ့်…အမောင်ခရီးသည်
သင်လွယ်ထားသည့်လွယ်အိတ်ထဲ
ကုသိုလ်ကတစ်ပဲ
ငရဲကတစ်ပိဿာ
မထည့်ပါနှင့်
ဉာဏ်ချင့်ဆုံးဖြတ် လိုက်နာပါ။

English version

“Packages in the bag”

Above the Samsara waters
Yonder bank, This bank
Connected by a bridge
The scene seen from it

Walking away from this bank
Slowly is a traveler

O … dear traveler
Hung over your shoulder
In Your bag
What have you placed?

Atta (selfish) cover
Mahuya (evil)
Thug’s
unlawful “Akutho : Akusala Package”
One item

Morality, Concentration, Wisdom
Three Practice : Theik kha
Lawful “Kutho : Kusala Package”
One item

Akutho Package small
Kutho Package big
Gradual improvement of lives
Liberation from Samsara
Attain Nibbana

Kutho Package small
Akutho Package big
Gradual decline of lives
Sink in Samsara
Struggle in the four woeful states
Tangled in Dukkha
Repeated suffering
Face losses

O … dear traveler
In your bag hung from your shoulder
one anna : iota of Kutho
one viss : large weight of Akutho
do not put that ratio
Apply critical thinking
and wisdom

Notes:
Samsara : rounds of birth
“Waters” is used as a metaphor for Samsara
Kutho : Wholesome deed
Akutho : Unwholesome deed
Four woeful states: ငရဲ (Hell), တိရစ္ဆာန် (animal), ပြိတ္တာ (Peta : Hungry ghosts), အသူရကာယ် ( Asura)

Hla Min, Kyaw Myint, Aung Myaing

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s