
Poem by
U Aung Myaing
“အလှ”
မပြီးသေးတဲ့ ပန်းချီဆက်
မသီသေးတဲ့ သီချင်း
ရင်တွင်းပျောက်နေဆဲ
ကဗျာနာကျင်နေဆဲဝေဝါးဆဲမှာ
“ငယ်ရွာ” ကိုပြန်ပြေး
“ငယ်သွေး” ကိုပြန်တွေ့
“ငယ်ငွေ့” ကို ရှိုက်ရှူ
“ငယ်မူ” ပြန်တခဏ
ခေတ္တ အလှ မိန်းမောမိ။
ထာဝရ အလှ ဘယ်မှာရှိ။

Translation
by Hla Min
“BEAUTY “
Unfinished painting
Suspended song writing
Poem, briefly disappeared from my heart
Still anguished
Still fuzzy
(Mind) wanders back to “childhood home”
Rediscover “old flame”
Breathe again “Childhood feeling”
“Act like young self” for a while
Immersed in transient beauty
Where does permanent beauty exist?
Categories: Poems and Translations