“တော်ဝင်သူ”
ဒီမနက်တော့ဟင်းချက်ရင်းနဲ့အမေ့ကိုသတိရသွားလို့ပါ။
သားသ္မီးနဲ့လင်ယောကျာ်းကိုဦီးစားပေးတတ်တာမို့အတုယူထားတာလေးထဲကတစ်ခုပေါ့။
အဖေကနိုင်ငံရေးသမားမို့ ၁၉၆၂ခုနှစ်အာဏာမသိမ်းခင်အချိန်ကစလို့ရုံးကလစာမပေးနိုင်ပါဘူး။
သိမ်းပြီးနောက်ပိုဆိုးတာပေါ့လေ။
ဒီကြားထဲမှာသ္မီးကြီးကို Convent ကျောင်းမှာထားတော့ ကျောင်းလခ(၁၅/-)ကျောင်းကားခ(၁၀/-)စရိတ်ကလစဥ်။
အမေကလေ ရှပ်အင်္ကျီကြယ်သီးပေါက်ချုပ်တာတစ်ကျပ်တစ်မတ်လောက်ရရင်၊ အမဲသားတစ်ဆယ်သားပြား၃၀၊ ဆီတစ်ဆယ်သား၃၅ပြား၊ခရမ်းချဥ်သီးလေးဆယ်ပြားဖိုးနဲ့ အသားလေးကိုနုတ်နုတ်စင်းလို့ကြက်သွန်နီ၊ခရမ်းချဥ်သီးတို့နဲ့ စင်းကောလေးချက်တာပါ။ အဲ့ဒီဟင်းတစ်ခွက်ကိုအဖေ့အတွက်ခူးခပ်ပြီး၊အိုးလူးခွက်လူး အသားဟင်းလေးစားကောင်းအောင် ထည့်ပြီး ကျမတို့ညီအစ်မနှစ်ယောက်ကိုခွံ့ကျွေးတာ။
ခုထိဒီအရသာလေးကိုမမေ့နိုင်ပါဘူး။
အဖေ အလုပ်မလုပ်ဘူးလားလို့မထင်လိုက်ကြပါနဲ့။အာဏာသိမ်းပြီးနောက်တစ်နှစ်ကျော်လောက်အထိ စောင့်ကြည့်ခံထားရတာ အဖေဘယ်သွားသွား၊ဘယ်လာလာပေါ့။
တကယ်တော့ဥပဒေနဲ့မလွတ်ကင်းတာဘာဆိုဘာမှမလုပ်ခဲ့တဲ့ အဖွားရဲ့ပိုက်ဆံနဲ့နိုင်ငံရေးလုပ်ခဲ့ကြတာပါ။
(အဖေတို့ညီအစ်ကိုလေးယောက် နိုင်ငံရေးလုပ်လိုက်ကြတာ၊ရွှေဆိုင်နဲ့ပန်းထိမ်ဖိုပါပြောင်ရော)
အမေကကုန်သည်သားသ္မီးဆိုတော့စီးပွါးရေးအမြင်ရှိတယ်လေ။
အဲ့ဒီအချိန်ကကုန်ပစ္စည်း၃၇မျိုးလားကန့်သတ်လိုက်တော့ – – – –
နောက်မှဆက်ရေးမယ်နော်။
လင်သားနဲ့သားသ္မီးဟာ သူ့ဘဝအတွက် အရေးအကြီးဆုံးလို့ခံယူထားတာကျမတို့အမေပါ။
Categories: Mi Aung