Video Broadcast : #109
Ludu Newspaper and Publications

- Ludu (in Mandalay) is known for the publishing house and publications (e.g. newspaper)
- Its founders Ludu U Hla and Ludu Daw Ah Mar (Amar) are icons.
They nurtured journalists, writers, cartoonists, …
e.g. Ludu Sein Win, Paw Oo Thet, and Director Win Pe
- At one time, Ludu U Hla was not permitted to write / publish about politics.
He compiled and published folk tales from the indigenous people.
He would post his books to his long time friend U Tet Tut (Tibetan Scholar, Advisor to select UK museums, Cousin of Oway U Nyo Mya). - Ludu Daw Ah Mar was one of the flag bearers in the 1936 RU Students’ Strike.
- The birthday centennial of Daw Ah Mar was celebrated in November 2015.
- Bagyee Myat Myo Myint (U Myo Myint, M73, Retired Deputy DG of Railways) honored her with a Pon Tu.
- U Myo Myint posted selected writings of “Ah May” (see below)
အမေ့ရှေးစကား
လူထုဒေါ်အမာ
“သမီးမိန်းကလေး”
အမေပဲဖြစ်ဖြစ်၊ အမေ့ဒီဆောင်းပါးကို ဖတ်နေသူပဲ
ဖြစ်ဖြစ်၊ အမေတို့လူဖြစ်လာကြတာ ဝါးထဲက သန္ဓေမှီး
ခဲ့တာလည်းမဟုတ်ဘူး၊ ပဒုမ္မာကြာပွင့်ကြီးထဲကထွက်
လာတာလည်းမဟုတ်ဘူး။မိဘနှစ်ပါးကမွေးဖွားပေး
လိုက်လို့ လူရယ်လို့ဖြစ်လာပြီး လူ့လောကထဲရောက်
လာကြတာ။အဲဒီရောက်လာတဲ့အမေတို့လူ့လောကဟာ
တစ်ယောက်တည်းနေထိုင်ကြီးပြင်းရတာမဟုတ်ဘူး။
ပထမ မိဘဆွေမျိုးဆိုတဲ့အသိုက်အဝန်းထဲမှာကြီးထွား
ရတယ်။အဲဒီမိဘဆွေမျိုးဆိုတဲ့ အုံကလေး အဖွဲ့ကလေး
ကလည်း လူ့အသိုက်အမြုံကြီးတစ်ခုထဲက အစုအဖွဲ့
ကလေးတစ်ခုသာထြစ်တယ်။
ဒီလူ့အသိုက်အမြုံကြီးဟာ လူရယ်လို့ ဒီနေရာ
ဒီဒေသမှာ စုဝေးရောက်ရှိလာကတည်းက စုပေါင်း
နေထိုင်လာကြတာဖြစ်လေတော့ နှစ်တွေ ထောင်နဲ့ချီ
ပြီးကြာခဲ့ပြီ။ ဒီ တို့လူ့အသိုက်အမြုံကို တစ်နေ့တခြား
တိုးတက်ကောင်းမွန်လာအောင် Social Responsibility
ဆိုတဲ့ လူမှုရေးဝိုင်းအုံတာဝန်ယူကြမှု၊
Social Control ခေါ်တဲ့ လူနှင့်လူချင်း ဝိုင်းဝန်းထိန်း
သိမ်းစောင့်ရှောက်မှု၊ Cultural Control ခေါ်တဲ့
အစဉ်အဆက်ကရှိခဲ့ကြတဲ့ တို့ယဉ်ကျေးမှုနဲ့ ဝိုင်းဝန်း
ထိန်းသိမ်းမှုတွေ ရှိကြတယ်။ဘာမှ ပေါက်လွှတ်ပဲစား
မလုပ်ကြရဘူး။လုပ်မိရင် လုပ်တဲ့သူကို ပထမ မိဘ
မောင်ဘွား ဦးကြီး ဦးလေး မိကြီး မိထွေးတို့က ဆုံးမ
ကြတယ်။မိဘလုပ်သူက ကိုယ်မမြင်လို့ မြင်တဲ့ဆွေမျိုး
က ဆုံးမရင်ဘည်း အဲဒီဆုံးမတာကို နားထောင်ဖို့ ဝင်
ပြောတယ်။
အဲဒီလိုမှ မရပြန်ရင် ရပ်ဆွေရပ်မျိုးကလည်း
ဆုံးမတယ်။ပဲ့ပြင်တယ်။မတော်တာလုပ်နေရင်
မတော်ဘူးလို့ပြောကြတယ်။မိဘကိုလာတိုင်ကြားမယ်။
အမေတို့ကြီးပြင်းခဲ့ကြတဲ့ လူ့အဖွဲ့အစည်းက ဒီလို
အဖွဲ့အစည်းမျိုးပါ။ထိန်းထိန်းသိမ်းသိမ်း ကွပ်ကွပ်ကဲကဲ
နဲ့ကြီးပြင်းရတာလေ။
ပြီးတော့ သမီးမိန်းကလေးမွေးလာရင် အရွယ်
ရောက်ခါနီးတာနဲ့ တစ်ပြိုင်တည်း အမေလုပ်သူက
တကယ်လို့ အမေမရှိရင် မိကြီး မိထွေးက၊အဒေါ်
ကြီးတော်က သွန်သင်တယ်။ဆုံးမတယ်။မိန်းကလေး
ဆိုတာ ဘယ်လိုဝတ်စားရတယ်။ဘယ်လိုနေရထိုင်ရ
တယ်။ဘယ်လိုသွားရလာရတယ်။ဘယ်လိုထိန်းရသိမ်း
ရတယ်။သူတစ်စိမ်းနဲ့ ဘယ်လိုဆက်ဆံရတယ်၊မိဘမောင်
ဘွားစကားကို ဘယ်လိုနားထောင်ရတယ်ဆိုတာမျိုးတွေ
နေ့ တတိုးတိုး ညတတိုးတိုး သွန်သင်ဆုံးမတယ်။အရွယ်
ရောက်လာရင် အပျိုဘဝကို ဘယ်လိုထိန်းသိမ်းကာကွယ်
ရမယ်ဆိုတာကို အရေးအကြီးဆုံးထားပြီးသွန်သင်တယ်။
အင်္ဂလန်က ကျောင်းသူနှစ်ဦး မကြာလှသေးခင်က
မြန်မာပြည်ကိုလာပြီး အပျိုကြီးဆိုတဲ့ လူ့ဘဝတစ်ခုကို
သုတေသနစာတမ်းတစ်ခုနဲ့ မယ်သီလ ခေါ်တဲ့သီလရှင်
များအကြောင်းကို သုတေသနစာတမ်းတစ်ခု၊စာတမ်း
နှစ်စောင် လာပြီးပြုစုသွားကြတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် အပျိုစင် အပျိုစစ်
ဆိုတာ အမေတို့လူ့အဆောက်အအုံမှာသာရှိတာ။
သူတို့ဆီမှာမရှိဘူး။ဒါကြောင့် ဒီကိုလာပြီး သုတေသန
လုပ်ရတာ။
အမေတို့လူ့အဆောက်အအုံမှာ မိန်းကလေးဟာ
အချိန်တိုင်လို့ အရွယ်ရောက်ရင် လွတ်လပ်ပြီး ကိုယ်နှင့်
သင့်တော်သူတစ်ဦးနဲ့ အိမ်ထောင်ပြုကြတာ များပါတယ်။
အပျိုကြီးလုပ်သူကနည်းတယ်။ကိုယ့်အိမ်ထောင်ဘက်
ဟာ လူကြီးမိဘရွေးချယ်တာ၊သဘောကိုက်ညီတာ၊
ကိုယ့်ဖာသာကိုယ်ရွေးချယ်တာ တစ်ခုခုပေါ့။ဒါဓမ္မတာ
လုပ်ရိုးလုပ်စဉ်ပဲ။အဲဒီစည်းကမ်းကို မဖောက်ဖျက်ရဘူး။
ဆိုလိုတာက မလွတ်လပ်တဲ့သူနဲ့ အိမ်ထောင်မဖက်ရဘူး။
ဒါဟာ လူတိုင်း စောင့်စည်းရတဲ့ လူ့ဝတ္တရား။ပြီးတော့
အိမ်ထောင်သည်ဘဝ မရောက်မချင်း လူချင်းရင်းနှီးခွင့်
မပြုရဘူး။ဒါဟာ အမျိုးကောင်းသားသမီးတိုင်းရဲ့ ကျင့်
ဝတ်ပဲ။ဒါကိုတို့မြန်မာအမျိုးသမီးတွေက သိပ်ကိုအလေး
အနက်ထားပါတယ်။ဘယ်အထိလဲဆိုရင် မိန်းမတို့ဣနြေ္ဒ
ရွှေပေးလို့မရတဲ့။”တို့ကအရှက်နဲ့လူလုပ်တာဟေ့၊အသက်
နဲ့လူလုပ်တာမဟုတ်ဘူး”ထိအောင်ကြေညာတတ်ကြ
တယ်။ပြီးတော့ မိန်းကလေးရဲ့ ကာယိနြေ္ဒကို စောင့်စည်း
မှုဟာ တစ်ဘက်တည်း တစ်လမ်းသွားမဟုတ်ဘူး။နှစ်ဦး
နှစ်ဘက်က စောင့်ထိန်းကြရတဲ့ကိစ္စလို့လည်းသတ်မှတ်
တာပါ။ယောက်ျားလေးတွေမှာပါ တာဝန်ရှိပါတယ်။
“နှစ်မချင်းစာပါ”ဆိုတာ ယောက်ျားလေးဘက်ကို ထိန်း
ကွပ်ထားတဲ့ စကားပါ။
အမေတို့ လူ့အဖွဲ့အစည်းရဲ့ ဒီအစဉ်အလာဟာ
နှစ်တွေထောင်နဲ့ချီပြီးကြာခဲ့ပြီမို့ တော်တော်ကြီးခိုင်မြဲ
လာခဲ့ပါတယ်။အနောက်နိုင်ငံက ရုပ်ရှင်တွေ၊ဗွီဒီယိုတွေ
က ယဉ်ပါးအောင် ဘယ်လိုပြသနေပေမယ့် မြန်မာ့အမျိုး
သမီးလေးတွေဟာ မြန်မာ့စံချိန်နဲ့အညီ ဣနြေ္ဒကိုစောင့်
စည်းခဲ့ကြတယ်။နို့ပေမယ့် အခုတလောမှာတော့ မိန်းက
လေးအချို့ခါးပေါ်မှာ ထဘီကျွတ်ပြီး ဘောင်းဘီဝတ်ကြ
စကတ်ဝတ်ကြ ဖြစ်လာပြီးတော့ ကာယိနြေ္ဒ ထိန်းသိမ်း
မှုကလည်း တော်တော်လျော့နည်းလာတာကို စိတ်မချမ်း
မြေ့ဖွယ်ရာမြင်လာရတယ်။
အမေမနက်လမ်းလျှောက်တဲ့အခါ ………………..
အမေမာရဲ့ဆောင်းပါးတစ်ပိုင်းတစ်စကိုကူးယူ
တင်ပြခြင်းပါ။
ဆင်ခြင်နိုင်ကြပါစေ…
Note : Due to the variations in the Myanmar Fonts, some words may not be rendered correctly.
Ludu Cigarette
- One of the leading brands in the early days (before the Nationalization).
Gold Flake was another leading brand. - Operated by Ludu U Cho and siblings.
- A specified number of empty cigarette packs could be redeemed for a lottery ticket (Aung Bar Lay Htee).
The lottery winners were offered gifts.
e.g. the One Lakh prize winner was offered an additional One Lakh. - The Ludu Band, which comprised mainly of family members, entertained at Festivals and Gatherings.
Miscellaneous
- Ludu Aung Than
Play
Movie
- Role of Ludu in Governance