U - Z

MARB : Zartar (3)

By Dr. Kan Nyunt (MARB)

မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာ(၃)

Zartar of Burma’s Independence

လောကီရေးရာနက္ခတ္တဗေဒပညာ (Mundane Astrology) မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာကို နက္ခတ္တဗေဒပညာရှင်များ အချိန်တိုကာလအတွင်း တတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ အရှေ့တိုင်းနက္ခတ္တဗေဒပညာရပ်တွင် စနေဂြိုဟ်ထက်ပို၍ ဝေးကွာသောဂြိုဟ်များ (ပလူတို၊ ယူရေးနတ်၊ နက်ပကျွန်း)တို့ကို ထိုအချိန်ကာလ၌ မပြောနှင့် ယနေ့ထက်တိုင် ကောင်းစွာအသုံးပြုခြင်း မရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါဂြိုဟ်များသည် သာမန်မျက်စိနှင့် မမြင်နိုင်ပါ။ ရာသီတစ်ခုအတွင်း ရပ်တည်ချိန်မှာလည်း လူ့ဘဝသက်တမ်းကာလထက် ပိုမိုကျော်လွန်နေကြသောကြောင့် ဖြစ်သည်။ ထိုစဉ်က ယခုကဲ့သို့ ခေတ်မီစက်မှုနည်းပညာ တိုးတက်မှု မရှိသေးပါ။

မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာတွင် အတိသောမဂြိုဟ်၅တေး လဂ်ဘာဝကိန်းအိမ်တွင် ရပ်တည်ထားသည်မှာ ဇာတာကိုခိုင်ခန့် ကောင်းမွန်စေလို၍ ဖြစ်ဟန်တူပါသည်။ သို့သော် လဂ်နှင့်၅တေးဂြိုဟ်တို့ ပါပကတ္တရိယောဂသင့်ခြင်း ၅တေးဂြိုဟ် နိစ်နဝင်းစီးနင်းခြင်းတို့မှာ ဇာတာ၏ခိုင်ခံ့မှုကို အားနည်းစေပါသည်။ (အကျယ်ကို ၅တေးဂြိုဟ်ထူလဒသာတွင် ဆွေးနွေးပါမည်။)

လဂ်သခင်၃ဂါဂြိုဟ်ကို ၁၀တန့်ဘာဝ အမြင့်ဆုံးကိန်းအိမ်တွင် ဝဂ္ဂုတ္တမနဝင်းစီးကာ လဂ်သခင် မိမိပိုင်ဘာဝကို ပြန်မြင်ထားခြင်းမှာ ကောင်းပင်ကောင်းသော အခြင်းအရာဖြစ်သော်လည်း အများပြည်သူတို့ မျှော်မှန်းသော ဒီမိုကရေစီပန်းတိုင်ခရီးကို ခက်ခဲပင်ပန်းကြမ်းတမ်းစေသည်။ ဆူးညှောင့် ခလုတ်ကန်သင်း ရောပွန်းသော ခရီးလမ်း ဖြစ်စေသည်။ ဤအဆိုကို ပို၍မှန်ကန်စေသည်မှာ ဒီမိုကရေစီနှင့် အမျိုးသမီးထုကို ကိုယ်စားပြုသော ၂င်္လာဂြိုဟ်သည် ကန်ရာသီ ၁၁တန့်ဘာ၀တွင် တည်ရှိသော်လည်း ပါပဂြိုဟ် ၃င်္ဂါနှင့် ကိတ်ဂြိုဟ်တို့ ညှပ်ထားခြင်း ခံရသည်။ ပါပကတ္တရိယောဂ သင့်သည်။ ဒီမိုကရေစီကိုယ်စားပြု ၂င်္လာဂြိုဟ်သည် ၁၁တန့်ဘာ၀တွင် ပါပဂြိုဟ်များ ညှပ်ထားသည့်အပြင် ပါပဂြိုဟ် စနေအထူးအမြင်ခံရပြန်သည်။ ဒီမိုကရေစီနှင့်အတူ ဆက်သွယ်ရေးလုပ်ငန်းများ၊ သတင်းစာဂျာနယ် မဂ္ဂဇင်းလုပ်ငန်းများ စသည်တို့ ဖွံ့ဖြိုးတိုးတက်မှု အနှောက်အယှက် အတားအဆီး အကန့်အသတ် အချုပ်အချယ်များရှိလိမ့်မည်။

၃င်္ဂါဂြိုဟ်သည် လဂ်သခင်ဂြိုဟ် ဖြစ်သည့်အပြင် ၆တန့်ဘာဝ(မူလတြိဂုဏ်း)ရာသီ ဖြစ်၍ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီးပါ တောက်လောင်ခဲ့သည်။ ကျွန်တော် (၉)နှစ်သားက စတင်ဖြစ်ပွားသော ပြည်တွင်းစစ်မီးသည် (၈၃)နှစ်အရွယ်ရောက်သည့်တိုင် မငြိမ်းသေးပါ။ အနှစ်(၇၀)ကျော်လာခဲ့သည့်တိုင် မငြိမ်းနိုင်သေးပါ။ ကမ္ဘာအရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် စံချိန်တင်ရမည် ဖြစ်သည်။ ။ (ရာဟုဒသာကာလအကြောင်း ဆက်လက်ဆွေးနွေးပါမည်။)

ဒေါက်တာကံညွန့်(မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

Categories: U - Z

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s